အင်္ဂလိပ်ခေတ်က ဖြစ်၏။ မြန်မာနိုင်ငံတွင် lCS ဟုခေါ်သော အိန္ဒိယမှ ပဋိညာဥ်ခံဝန်ထမ်းနှင့် BCS ခေါ် ဗမာပြည် ပဋိညာဥ်ခံ ဝန်ထမ်းတွေရှိရာ အရေးပိုင်မင်းနှင့် ဝန်ထောက်မင်းတွေ တန်ခိုးထွားခဲ့၏။
ထိုစဥ်က ဦးစိန်တင် (သိပ္ပံမောင်ဝ) (၁၈၉၉-၁၉၄၂) သည်လည်း နယ်ပိုင်ဝန်ထောက်ဖြစ်ရာ ညောင်တုန်းမြို့၌ တာဝန်ကျခဲ့သည်။
ထိုစဥ်က သိပ္ပံမောင်ဝသည် ညောင်တုန်းမြို့ အမှတ် (၃) ရပ်ကွက် (၂၁) လမ်း၊ ချစ်တီးတိုက် အနီးရှိ နယ်ပိုင်ဝန်ထောက်မင်း အဆက်ဆက်တို့နေခဲ့သော အိမ်ကြီး၌နေခဲ့၏။ ထိုနှစ်ထပ်အိမ်ကြီးမှာ ကြီးကျယ်ခမ်း နား၍မြင့်လည်းမြင့်၏။
နှစ်ဧကကျယ်ဝန်းသည့် မြေကွက်ပေါ်၌ ကျွန်းသစ်၊ ပျဥ်းကတိုးသားများနှင့် အခိုင်အမာ ဆောက်ထားသော ပျဥ်ထောင်၊ သွပ်မိုး၊ အုတ်ခင်း အိမ်ကြီးဖြစ်သည်။ ထိုအိမ်ကြီး ဆောက်ထားသော ခြံဝင်းကျယ်ကြီး၏ သစ်လုံးတံခါးမှ ရှေ့တည့်တည့်သို့သွားလျှင် ပေ (၁၀၀) ခန့်လောက် အရောက်၌ ဆင်ဝင်သို့ရောက်၏။
ခြံတံခါးဝမှ အိမ်ကြီးရှိရာသို့လာရာလမ်းတစ်လျှောက် ဘေးတစ်ဖက်တစ်ချက်တို့တွင် စိမ်းစို၍ နီတျာတျာပွင့်နေသော ဗုဒ္ဓံသရဏံ ပန်းရုံကြီးရှိ၏။
ထိုခြံဝိုင်းကျယ်ကြီး တစ်ခုလုံးလည်း တရုတ်စကားပင်၊ အကျော်ပင်၊ မာလကာပင်၊ ပိန္နဲပင်၊ ကသစ်ပင်၊ သင်းဘောမဲဇလီပင်၊ သရက်ပင်၊ အုန်းပင်၊ ကြီးမားသောကုက္ကိုပင်ကြီးများဖြင့် အေးမြနေ၏။
နှစ်ထပ်အိမ်ကြီး၏အပေါ်ထပ်၌သေသပ်သော ဘုရာခန်း၊ ကျယ်ဝန်းသောဧည့်ခန်း၊ သန့်ရှင်းသော ထမင်းစားခန်း၊ ရေချိုးခန်းကျယ်ကြီး နှစ်ခန်းတို့လည်းပါရှိရာ ဖွဲ့စည်းပုံကောင်းကာ စနစ်ကျ၏။ ခေတ်မီ၏။
မီးဖိုချောင်ကိုမူ အိမ်ကြီး၏ လက်ယာဘက် ကိုက် (၂၀) ခန့် အကွာ၌ သီးသန့်ဆောက်ထား၏။ အိမ်ကြီးနှင့် မီးဖိုသွားရာလမ်းကိုလည်း မိုးလုံ လေလုံ သွားနိုင်ရန်အတွက် သွပ်မိုးတန်းရှည်ကြီး တွဲလျက်ပါရှိ၏။
မီးဖိုချောင်နှင့် မလှမ်းမကမ်း သစ်သားတိုင်မြင့်နှင့် သွပ်မိုးအောက်၌ ကျောက်ရေတွင်းကျယ်ကြီးရှိ၏။ ထိုရေတွင်းမှရေကို ချက်ပြုတ် လျှော်ဖွပ်ရန်သာသုံးပြီး ရေချိုးရေကူးသည့်အခါ ထိုအိမ်ကြီးမှ တစ်ခေါ်လောက် ဝေးသော ပန်းလှိုင်မြစ်သို့ ဆင်းရသည်။
သိပ္ပံမောင်ဝသည် ညောင်တုန်း၌နယ်ပိုင် ဝန်ထောက်ဘဝဖြင့်နေစဥ် ထိုရှေးဟောင်း အိမ်ကြီးပေါ်မှနေ၍ ဆောင်းပါးပုံပြင်၊ ဝတ္ထုများ ရေးခဲ့သည်။ မျိုးချစ်စိတ်ဓာတ် ထက်သန်သော သိပ္ပံမောင်ဝသည် “မြန်မာစာပေ တိုးတက်ရေးသည် ကျွန်ုတို့၏ တာဝန်ဖြစ်ပါသည်။
ကျွန်ုပ်တို့ ပြုမှ နုရမည့် မြန်မာစာပေဖြစ်ပါသည်။ ကြိုးစားကြပါစို့” ဟုကြွေးကြော်ကာ မြန်မာစာပေလောက၌ခေတ်စမ်းစာပေ တစ်ခေတ်ဆန်းခဲ့သူလည်း ဖြစ်သည်။
သိပ္ပံမောင်ဝသည် ညောင်တုန်းမြို့၌ တာဝန်ကျစဥ် စာပေရေးသား ပြုစုသည်သာမက မြို့သူမြို့သားများ အသိအမြင်ကျယ်ရေးနှင့် ဗဟုသုတ ပြန့်ပွားရေးတို့ကို ရည်ရွယ်၍လည်း စာကြည့်တိုက်နှင့် စာဖတ်သင်းတို့ ထူထောင်ပေးခဲ့သည်။
ယခုအခါ သိပ္ပံမောင်ဝ နေထိုင်ခဲ့သော ရှေးဟောင်းအိမ်ကြီးမှာ ချုံနွယ်များ အကြား၌ ဆွေးမြေ့ပျက်စီး၍ ပြင်သူမဲ့ဖြစ်နေလေပြီ။
အကိုး။ မြတ်နိုးတန်ဖိုးထားအပ်သော ရှေးဟောင်းအိမ်ကြီး။ နီမော်၊ ကြေးမုံသတင်းစာ (၁၇၊၅၊၂၀၁၆)
crd_to_owner Saydanar Hlaing
နော်ဂဲလယ်ထူး (စာပေပရဟိတ)
Zawgyi
အဂၤလိပ္ေခတ္က ျဖစ္၏။ ျမန္မာနိုင္ငံတြင္ lCS ဟုေခၚေသာ အိႏၵိယမွ ပဋိညာဥ္ခံဝန္ထမ္းႏွင့္ BCS ေခၚ ဗမာျပည္ ပဋိညာဥ္ခံ ဝန္ထမ္းေတြရွိရာ အေရးပိုင္မင္းႏွင့္ ဝန္ေထာက္မင္းေတြ တန္ခိုးထြားခဲ့၏။
ထိုစဥ္က ဦးစိန္တင္ (သိပၸံေမာင္ဝ) (၁၈၉၉-၁၉၄၂) သည္လည္း နယ္ပိုင္ဝန္ေထာက္ျဖစ္ရာ ေညာင္တုန္းၿမိဳ႕၌ တာဝန္က်ခဲ့သည္။
ထိုစဥ္က သိပၸံေမာင္ဝသည္ ေညာင္တုန္းၿမိဳ႕ အမွတ္ (၃) ရပ္ကြက္ (၂၁) လမ္း၊ ခ်စ္တီးတိုက္ အနီးရွိ နယ္ပိုင္ဝန္ေထာက္မင္း အဆက္ဆက္တို႔ေနခဲ့ေသာ အိမ္ႀကီး၌ေနခဲ့၏။ ထိုႏွစ္ထပ္အိမ္ႀကီးမွာ ႀကီးက်ယ္ခမ္း နား၍ျမင့္လည္းျမင့္၏။
ႏွစ္ဧကက်ယ္ဝန္းသည့္ ေျမကြက္ေပၚ၌ ကြၽန္းသစ္၊ ပ်ဥ္းကတိုးသားမ်ားႏွင့္ အခိုင္အမာ ေဆာက္ထားေသာ ပ်ဥ္ေထာင္၊ သြပ္မိုး၊ အုတ္ခင္း အိမ္ႀကီးျဖစ္သည္။ ထိုအိမ္ႀကီး ေဆာက္ထားေသာ ၿခံဝင္းက်ယ္ႀကီး၏ သစ္လုံးတံခါးမွ ေရွ႕တည့္တည့္သို႔သြားလွ်င္ ေပ (၁၀၀) ခန့္ေလာက္ အေရာက္၌ ဆင္ဝင္သို႔ေရာက္၏။
ၿခံတံခါးဝမွ အိမ္ႀကီးရွိရာသို႔လာရာလမ္းတစ္ေလွ်ာက္ ေဘးတစ္ဖက္တစ္ခ်က္တို႔တြင္ စိမ္းစို၍ နီတ်ာတ်ာပြင့္ေနေသာ ဗုဒၶံသရဏံ ပန္း႐ုံႀကီးရွိ၏။
ထိုၿခံဝိုင္းက်ယ္ႀကီး တစ္ခုလုံးလည္း တ႐ုတ္စကားပင္၊ အေက်ာ္ပင္၊ မာလကာပင္၊ ပိန္နဲပင်၊ ကသစ္ပင္၊ သင္းေဘာမဲဇလီပင္၊ သရက္ပင္၊ အုန္းပင္၊ ႀကီးမားေသာကုကၠိုပင္ႀကီးမ်ားျဖင့္ ေအးျမေန၏။
ႏွစ္ထပ္အိမ္ႀကီး၏အေပၚထပ္၌ေသသပ္ေသာ ဘုရာခန္း၊ က်ယ္ဝန္းေသာဧည့္ခန္း၊ သန့္ရွင္းေသာ ထမင္းစားခန္း၊ ေရခ်ိဳးခန္းက်ယ္ႀကီး ႏွစ္ခန္းတို႔လည္းပါရွိရာ ဖြဲ႕စည္းပုံေကာင္းကာ စနစ္က်၏။ ေခတ္မီ၏။
မီးဖိုေခ်ာင္ကိုမူ အိမ္ႀကီး၏ လက္ယာဘက္ ကိုက္ (၂၀) ခန့္ အကြာ၌ သီးသန့္ေဆာက္ထား၏။ အိမ္ႀကီးႏွင့္ မီးဖိုသြားရာလမ္းကိုလည္း မိုးလုံ ေလလုံ သြားနိုင္ရန္အတြက္ သြပ္မိုးတန္းရွည္ႀကီး တြဲလ်က္ပါရွိ၏။
မီးဖိုေခ်ာင္ႏွင့္ မလွမ္းမကမ္း သစ္သားတိုင္ျမင့္ႏွင့္ သြပ္မိုးေအာက္၌ ေက်ာက္ေရတြင္းက်ယ္ႀကီးရွိ၏။ ထိုေရတြင္းမွေရကို ခ်က္ျပဳတ္ ေလွ်ာ္ဖြပ္ရန္သာသုံးၿပီး ေရခ်ိဳးေရကူးသည့္အခါ ထိုအိမ္ႀကီးမွ တစ္ေခၚေလာက္ ေဝးေသာ ပန္းလွိုင္ျမစ္သို႔ ဆင္းရသည္။
သိပၸံေမာင္ဝသည္ ေညာင္တုန္း၌နယ္ပိုင္ ဝန္ေထာက္ဘဝျဖင့္ေနစဥ္ ထိုေရွးေဟာင္း အိမ္ႀကီးေပၚမွေန၍ ေဆာင္းပါးပုံျပင္၊ ဝတၳဳမ်ား ေရးခဲ့သည္။ မ်ိဳးခ်စ္စိတ္ဓာတ္ ထက္သန္ေသာ သိပၸံေမာင္ဝသည္ “ျမန္မာစာေပ တိုးတက္ေရးသည္ ကျွန်ုတို့၏ တာဝန္ျဖစ္ပါသည္။
ကျွန်ုပ်တို့ ျပဳမွ ႏုရမည့္ ျမန္မာစာေပျဖစ္ပါသည္။ ႀကိဳးစားၾကပါစို႔” ဟုေႂကြးေၾကာ္ကာ ျမန္မာစာေပေလာက၌ေခတ္စမ္းစာေပ တစ္ေခတ္ဆန္းခဲ့သူလည္း ျဖစ္သည္။
သိပၸံေမာင္ဝသည္ ေညာင္တုန္းၿမိဳ႕၌ တာဝန္က်စဥ္ စာေပေရးသား ျပဳစုသည္သာမက ၿမိဳ႕သူၿမိဳ႕သားမ်ား အသိအျမင္က်ယ္ေရးႏွင့္ ဗဟုသုတ ျပန့္ပြားေရးတို႔ကို ရည္႐ြယ္၍လည္း စာၾကည့္တိုက္ႏွင့္ စာဖတ္သင္းတို႔ ထူေထာင္ေပးခဲ့သည္။
ယခုအခါ သိပၸံေမာင္ဝ ေနထိုင္ခဲ့ေသာ ေရွးေဟာင္းအိမ္ႀကီးမွာ ခ်ဳံႏြယ္မ်ား အၾကား၌ ေဆြးေျမ့ပ်က္စီး၍ ျပင္သူမဲ့ျဖစ္ေနေလၿပီ။
အကိုး။ ျမတ္နိုးတန္ဖိုးထားအပ္ေသာ ေရွးေဟာင္းအိမ္ႀကီး။ နီေမာ္၊ ေၾကးမုံသတင္းစာ (၁၇၊၅၊၂၀၁၆)
crd_to_owner Saydanar Hlaing
ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)