ဦးသုမောင် (၁၉၅၁ – ၂၀၁၀) သည် စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ သရုပ်ဆောင်နှင့် အဆိုတော် အဖြစ်ပါ အောင်မြင် ကျော်ကြားသည့် စွယ်စုံရ မြန်မာ့ အနုပညာရှင် တစ်ဦးဖြစ်သည်။
ကိုယ်ရေးဖြစ်စဉ်
သုမောင်ကို ၁၉၅၁ ခုနှစ် မတ်လ (၁၃) ရက်နေ့၊ အင်္ဂါနေ့တွင် ဖခင်ဖြစ်သူ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု နဲ့ မိခင်ဒေါ်ခင်ညိုတို့မှ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့ခြင်း ဖြစ်ပြီး အမည်အရင်းမှာ မောင်ဗလ ဖြစ်သည်။
မွေးချင်း (၄) ယောက် ရှိတဲ့အနက် ဒုတိယမြောက်သား ဖြစ်သည်။ သုမောင်သည် ငယ်စဉ်က အင်ဂျင်နီယာ တစ်ဦး ဖြစ်လိုသဖြင့် ၁၉၆၆ ခုနှစ်တွင် စိန်ပေါလ် (ယခုအ.ထ.က(၆)ဗိုလ်တထောင်) မှ အစိုးရ စက်မှု လက်မှု အထက်တန်းကျောင်း GTI သို့ ပြောင်းရွှေ့ပညာ သင်ကြားခဲ့ရာ ဒီဇယ်အင်ဂျင်နီယာ သင်တန်းကို ၁၉၆၉−ခုနှစ်တွင် အောင်မြင်ခဲ့သည်။
ထိုအချိန်က စ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီဂျာနယ်တွင် စာပြင်အဖြစ် လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများ ရေးသားခဲ့သည်။ ပထမဦးဆုံး ဝတ္ထုတိုအဖြစ် ၁၉၇ဝ−ပြည့်နှစ်တွင် ဝတ်မှုံ ဂျာနယ်၌ “သနပ်ခါးရေကျဲကျဲ” ကို ကလောင်အမည် “အုပ်စိုး” ဖြင့် စတင် ရေးခဲ့သည်။
၁၉၇၃ ခုနှစ်၊ စက်တင်ဘာလထုတ် ရှုမဝမဂ္ဂဇင်းတွင် `ငယ်အိပ်မက်´ ဝတ္ထုကို `သုမောင်´ အမည်ခံ၍ ရေးသား ဖော်ပြခဲ့ရာမှ ယနေ့တိုင် `သုမောင်´ အမည် ထင်ရှားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် `အချစ်´ အမည်ရှိ လုံးချင်း ဝတ္ထုကို စတင် ရေးသားရာမှ လုံးချင်းဝတ္ထု အများဆုံး ရေးသားသူ ဖြစ်လာသည်။
သိပ်ချစ်တယ်မဟုတ်လား (၁၉၇၆)၊ ရှင်နေမင်းမှ ပေးသောစာ (ဘာသာပြန်၊ ၁၉၇၆)၊ ချစ်ချစ်ချစ် ၁-၂-၃ (၁၉၈၀)၊ ဍ နှင့် အခြားဝတ္ထုတိုများ (၁၉၈၃)၊ ကွမ်းစကား (၁၉၉၉)၊ စာမျိုးစုံလင်စာသဘင် (၂၀၀၉) အပါအဝင် လုံးချင်းဝတ္ထု၊ ဘာသာပြန်ဝတ္ထု၊ ဘဝအတွေ့အကြုံ စာပေပေါင်းချုပ် စာစုပေါင်း ၆၀ ကျော်ကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။
၁၉၉၈ ခုနှစ် စာဖတ်သူ အကြိုက် မန္တလေး စာပေဆုကို အဖေ၏ အမေ ကိုယ်တွေ့ စာတမ်းငယ်ဖြင့် ရရှိခဲ့ပြီး ၂ဝဝ၁ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်နိုင်ငံ အိုင်အိုဝါး တက္ကသိုလ်၌ ကျင်းပခဲ့သော နိုင်ငံတကာ စာရေးဆရာများ စာပေရေးရာ လုပ်ငန်း (International Writing paragraph) အစီအစဉ်သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရသဖြင့် သွားရောက်၍ စာတမ်းတင်ခဲ့သည်။
သုမောင်သည် စာပေဆိုင်ရာ လုပ်ငန်းတာဝန်များသာမက ရုပ်ရှင်သရုပ်ဆောင်မှု အပိုင်းတွင်လည်း ထူးချွန်မှုရှိသူ တစ်ဦး ဖြစ်သည်။ ၁၉၇၄ တွင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား စသော ရုပ်ရှင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူ ဖြစ်သဖြင့် စာပေကဲ့သို့ပင် ရုပ်ရှင်တွင်လည်း သုမောင် အမည်သည် ထင်ရှားခဲ့သည်။
သုမောင်သည် ဇာတ်ကားကြီးပေါင်း ၄ဝကျော် ရိုက်ကူးခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ရိုက်လက်စ ဇာတ်ကားမှာ မင်းနဲ့ မှချစ်တတ်ပြီ ဇာတ်ကား ဖြစ်သည်။
သုမောင်သည် ၁၉၉ဝ ပြည့်နှစ်အတွက် အကောင်းဆုံး အဓိက အမျိုးသားသရုပ်ဆောင် အကယ်ဒမီ ဆုကို `ခုနှစ်စဉ်အလွမ်း´ဇာတ်ကားတွင် ရရှိခဲ့သည်။ အနုပညာကို သဘာဝအတိုင်း သရုပ်ဆောင်သည့် သဘာဝမင်းသားအဖြစ် အောင်မြင်ခဲ့သည်။
စာရေးဆရာ ရုပ်ရှင်သရုပ်ဆောင် သာမက တေးဂီတတွင်လည်း ထင်ရှားခဲ့သူ တစ်ဦး ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် နှောင်းတမြေ့မြေ့ ဇာတ်ကား၌ ဇာတ်ဝင် နောက်ခံ တေးတစ်ပုဒ် ဖြစ်သော ပန်းဦးပန်မယ့်သူ သီချင်းကို စတင် သီဆို ခဲ့ရာမှ စ၍ တေးဂီတလောကသို့ ရောက်ရှိခဲ့သည်။ ရုပ်ရှင် နောက်ခံတေးများ၊ တိပ်ခွေ စီးရီးများ၊ ရေဒီယို တေးများ စသည်ဖြင့် သီဆိုခဲ့ရာ တေးသီချင်း ပုဒ်ရေပေါင်း ၂ဝဝဝ ကျော် သီဆိုပြီး ဖြစ်သည်။
၁၉၉၅−ခုနှစ်၊ နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအို နိုင်ငံများရှိ ဆရာဝန်များ ငွေရတု သဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့ တေးသီချင်းများ သွားရောက် ဖျော်ဖြေခွင့် ရခဲ့သည်။
ရုပ်ရှင် ဂီတထက် စာပေကို အလေးထား ဆောင်ရွက်ရင်း ဇနီးသည် ဒေါ်အေးအေးမေ (အေးဘုံ)၊ သားသမီးများ ဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထား ဟူသော သားသမီး လေးယောက်နှင့်အတူ သင်္ကန်းကျွန်းမြို့နယ် သာဓုရုပ်ရှင်ခြံတွင် နေထိုင်သည်။
ဘဝနိဂုံး
၂၀၁၀-ခုနှစ်၊ မေလ (၁၆) ရက် တနင်္ဂနွေနေ့ ည (၉) နာရီအချိန် ရန်ကုန်မြို့ သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်မှာ အသက် (၆၀) နှစ်ရှိပြီး ဇနီးသည် ဒေါ်အေးအေးမေ (ခေါ်) အေးဘုံနှင့်အတူ သမီးကြီး စိုးအိမ်သူ၊ သားလတ် ဖိုးသောကြာ၊ သားငယ် ထိန်ထိန်သာ၊ သမီးထွေး ထိပ်ထားတို့ ကျန်ရစ်ခဲ့သည်။
ကလောင် အမည်ကွဲများ
မဟူရာ (ကော်လံဖြည့် ကဗျာများ)
ကိုရင် ဉေယျ (ဘာသာရေး ဆောင်းပါးများ)
မောင် ဗလ (ကလေးကဗျာများ)
စိန်ခြယ် (ရုပ်ရှင်ပညာပေး ဆောင်းပါးများ)
ကိုးကား
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) စာတည်းအဖွဲ့မှ စုဆောင်း ပြုစုသော ‘နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း’ စာအုပ် (ပညာရွှေတောင် စာအုပ်တိုက် ၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ပထမ အကြိမ်)
စွယ်စုံရ အနုပညာရှင် သုမောင် ကွယ်လွန် (ဗွီအိုအေ)။ 18 May 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 May 2010 တွင် ပြန်စစ်ပြီး။
ကွမ်းစကား(၂)၊ သုမောင် (ဒုတိယအကြိမ်)
သုမောင်၊ “မျိုးရိုးထဲမှ ဆိုးပေကြီːများ”၊ ဆွေမင်းစာပေ။ ရန်ကုန်။
Crd,ဝီကီပီးဒီးယား
Zawgyi
ဦးသုေမာင္ (၁၉၅၁ – ၂၀၁၀) သည္ စာေရးဆရာ၊ ႐ုပ္ရွင္ ဒါရိုက္တာ သ႐ုပ္ေဆာင္ႏွင့္ အဆိုေတာ္ အျဖစ္ပါ ေအာင္ျမင္ ေက်ာ္ၾကားသည့္ စြယ္စုံရ ျမန္မာ့ အႏုပညာရွင္ တစ္ဦးျဖစ္သည္။
ကိုယ္ေရးျဖစ္စဥ္
သုေမာင္ကို ၁၉၅၁ ခုႏွစ္ မတ္လ (၁၃) ရက္ေန႕၊ အဂၤါေန႕တြင္ ဖခင္ျဖစ္သူ စာေရးဆရာ ႐ုပ္ရွင္ဒါရိုက္တာ ဦးသာဓု နဲ႕ မိခင္ေဒၚခင္ညိုတို႔မွ ရန္ကုန္ၿမိဳ႕တြင္ ဖြားျမင္ခဲ့ျခင္း ျဖစ္ၿပီး အမည္အရင္းမွာ ေမာင္ဗလ ျဖစ္သည္။
ေမြးခ်င္း (၄) ေယာက္ ရွိတဲ့အနက္ ဒုတိယေျမာက္သား ျဖစ္သည္။ သုေမာင္သည္ ငယ္စဥ္က အင္ဂ်င္နီယာ တစ္ဦး ျဖစ္လိုသျဖင့္ ၁၉၆၆ ခုႏွစ္တြင္ စိန္ေပါလ္ (ယခုအ.ထ.က(၆)ဗိုလ္တေထာင္) မွ အစိုးရ စက္မႈ လက္မႈ အထက္တန္းေက်ာင္း GTI သို႔ ေျပာင္းေ႐ႊ႕ပညာ သင္ၾကားခဲ့ရာ ဒီဇယ္အင္ဂ်င္နီယာ သင္တန္းကို ၁၉၆၉ခုႏွစ္တြင္ ေအာင္ျမင္ခဲ့သည္။
ထိုအခ်ိန္က စ၍ စာေပနယ္သို႔ ေရာက္ရွိခဲ့ၿပီး ယုဝတီဂ်ာနယ္တြင္ စာျပင္အျဖစ္ လုပ္ကိုင္ရင္း ကဗ်ာတို၊ စာတိုမ်ား ေရးသားခဲ့သည္။ ပထမဦးဆုံး ဝတၳဳတိုအျဖစ္ ၁၉၇ဝျပည့္ႏွစ္တြင္ ဝတ္မႈံ ဂ်ာနယ္၌ သနပ္ခါးေရက်ဲက်ဲ ကို ကေလာင္အမည္ အုပ္စိုး ျဖင့္ စတင္ ေရးခဲ့သည္။
၁၉၇၃ ခုႏွစ္၊ စက္တင္ဘာလထုတ္ ရႈမဝမဂၢဇင္းတြင္ `ငယ္အိပ္မက္ ဝတၳဳကို `သုေမာင္ အမည္ခံ၍ ေရးသား ေဖာ္ျပခဲ့ရာမွ ယေန႕တိုင္ `သုေမာင္ အမည္ ထင္ရွားခဲ့သည္။ ၁၉၇၄ ခုႏွစ္တြင္ `အခ်စ္ အမည္ရွိ လုံးခ်င္း ဝတၳဳကို စတင္ ေရးသားရာမွ လုံးခ်င္းဝတၳဳ အမ်ားဆုံး ေရးသားသူ ျဖစ္လာသည္။
သိပ္ခ်စ္တယ္မဟုတ္လား (၁၉၇၆)၊ ရွင္ေနမင္းမွ ေပးေသာစာ (ဘာသာျပန္၊ ၁၉၇၆)၊ ခ်စ္ခ်စ္ခ်စ္ ၁-၂-၃ (၁၉၈၀)၊ ဍ ႏွင့္ အျခားဝတၳဳတိုမ်ား (၁၉၈၃)၊ ကြမ္းစကား (၁၉၉၉)၊ စာမ်ိဳးစုံလင္စာသဘင္ (၂၀၀၉) အပါအဝင္ လုံးခ်င္းဝတၳဳ၊ ဘာသာျပန္ဝတၳဳ၊ ဘဝအေတြ႕အႀကဳံ စာေပေပါင္းခ်ဳပ္ စာစုေပါင္း ၆၀ ေက်ာ္ကို ေရးသားထုတ္ေဝခဲ့ၿပီး ျဖစ္သည္။
၁၉၉၈ ခုႏွစ္ စာဖတ္သူ အႀကိဳက္ မႏၱေလး စာေပဆုကို အေဖ၏ အေမ ကိုယ္ေတြ႕ စာတမ္းငယ္ျဖင့္ ရရွိခဲ့ၿပီး ၂ဝဝ၁ ခုႏွစ္၊ ဩဂုတ္လတြင္ အေမရိကန္နိုင္ငံ အိုင္အိုဝါး တကၠသိုလ္၌ က်င္းပခဲ့ေသာ နိုင္ငံတကာ စာေရးဆရာမ်ား စာေပေရးရာ လုပ္ငန္း (International Writing paragraph) အစီအစဥ္သို႔ တက္ေရာက္ရန္ ဖိတ္ၾကားျခင္း ခံရသျဖင့္ သြားေရာက္၍ စာတမ္းတင္ခဲ့သည္။
သုေမာင္သည္ စာေပဆိုင္ရာ လုပ္ငန္းတာဝန္မ်ားသာမက ႐ုပ္ရွင္သ႐ုပ္ေဆာင္မႈ အပိုင္းတြင္လည္း ထူးခြၽန္မႈရွိသူ တစ္ဦး ျဖစ္သည္။ ၁၉၇၄ တြင္ ခ်စ္စံနမူ၊ ႏွောင္းတေျမ့ေျမ့၊ အၾကင္တို႔လင္မယား စေသာ ႐ုပ္ရွင္ ဇာတ္ကားမ်ားတြင္ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္သျဖင့္ စာေပကဲ့သို႔ပင္ ႐ုပ္ရွင္တြင္လည္း သုေမာင္ အမည္သည္ ထင္ရွားခဲ့သည္။
သုေမာင္သည္ ဇာတ္ကားႀကီးေပါင္း ၄ဝေက်ာ္ ရိုက္ကူးခဲ့ၿပီး ၂ဝဝ၁ ခုႏွစ္တြင္ ရိုက္လက္စ ဇာတ္ကားမွာ မင္းနဲ႕ မွခ်စ္တတ္ၿပီ ဇာတ္ကား ျဖစ္သည္။
သုေမာင္သည္ ၁၉၉ဝ ျပည့္ႏွစ္အတြက္ အေကာင္းဆုံး အဓိက အမ်ိဳးသားသ႐ုပ္ေဆာင္ အကယ္ဒမီ ဆုကို `ခုႏွစ္စဥ္အလြမ္းဇာတ္ကားတြင္ ရရွိခဲ့သည္။ အႏုပညာကို သဘာဝအတိုင္း သ႐ုပ္ေဆာင္သည့္ သဘာဝမင္းသားအျဖစ္ ေအာင္ျမင္ခဲ့သည္။
စာေရးဆရာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ သာမက ေတးဂီတတြင္လည္း ထင္ရွားခဲ့သူ တစ္ဦး ျဖစ္သည္။ ၁၉၇၄ ခုႏွစ္တြင္ ႏွောင္းတေျမ့ေျမ့ ဇာတ္ကား၌ ဇာတ္ဝင္ ေနာက္ခံ ေတးတစ္ပုဒ္ ျဖစ္ေသာ ပန္းဦးပန္မယ့္သူ သီခ်င္းကို စတင္ သီဆို ခဲ့ရာမွ စ၍ ေတးဂီတေလာကသို႔ ေရာက္ရွိခဲ့သည္။ ႐ုပ္ရွင္ ေနာက္ခံေတးမ်ား၊ တိပ္ေခြ စီးရီးမ်ား၊ ေရဒီယို ေတးမ်ား စသည္ျဖင့္ သီဆိုခဲ့ရာ ေတးသီခ်င္း ပုဒ္ေရေပါင္း ၂ဝဝဝ ေက်ာ္ သီဆိုၿပီး ျဖစ္သည္။
၁၉၉၅ခုႏွစ္၊ နိုဝင္ဘာလတြင္ ေဟာင္ေကာင္၊ မကာအို နိုင္ငံမ်ားရွိ ဆရာဝန္မ်ား ေငြရတု သဘင္မွ ဖိတ္ၾကားသျဖင့္ ျမန္မာ့ ေတးသီခ်င္းမ်ား သြားေရာက္ ေဖ်ာ္ေျဖခြင့္ ရခဲ့သည္။
႐ုပ္ရွင္ ဂီတထက္ စာေပကို အေလးထား ေဆာင္႐ြက္ရင္း ဇနီးသည္ ေဒၚေအးေအးေမ (ေအးဘုံ)၊ သားသမီးမ်ား ျဖစ္ေသာ စိုးအိမ္သူ၊ ဖိုးေသာၾကာ၊ ထိန္ထိန္သာ၊ ထိပ္ထား ဟူေသာ သားသမီး ေလးေယာက္ႏွင့္အတူ သကၤန္းကြၽန္းၿမိဳ႕နယ္ သာဓု႐ုပ္ရွင္ၿခံတြင္ ေနထိုင္သည္။
ဘဝနိဂုံး
၂၀၁၀-ခုႏွစ္၊ ေမလ (၁၆) ရက္ တနဂၤႏြေေန႕ ည (၉) နာရီအခ်ိန္ ရန္ကုန္ၿမိဳ႕ သုခကမၻာေဆးခန္းတြင္ ကြယ္လြန္သြားသည္။ ကြယ္လြန္ခ်ိန္မွာ အသက္ (၆၀) ႏွစ္ရွိၿပီး ဇနီးသည္ ေဒၚေအးေအးေမ (ေခၚ) ေအးဘုံႏွင့္အတူ သမီးႀကီး စိုးအိမ္သူ၊ သားလတ္ ဖိုးေသာၾကာ၊ သားငယ္ ထိန္ထိန္သာ၊ သမီးေထြး ထိပ္ထားတို႔ က်န္ရစ္ခဲ့သည္။
ကေလာင္ အမည္ကြဲမ်ား
မဟူရာ (ေကာ္လံျဖည့္ ကဗ်ာမ်ား)
ကိုရင္ ေဉယ် (ဘာသာေရး ေဆာင္းပါးမ်ား)
ေမာင္ ဗလ (ကေလးကဗ်ာမ်ား)
စိန္ျခယ္ (႐ုပ္ရွင္ပညာေပး ေဆာင္းပါးမ်ား)
ကိုးကား
ျပန္ၾကားေရးႏွင့္ ျပည္သူ႕ ဆက္ဆံေရး ဦးစီးဌာန (႐ုံးခ်ဳပ္) စာတည္းအဖြဲ႕မွ စုေဆာင္း ျပဳစုေသာ ႏွစ္ဆယ္ရာစု ျမန္မာစာေရးဆရာမ်ားႏွင့္ စာစုစာရင္း စာအုပ္ (ပညာေ႐ႊေတာင္ စာအုပ္တိုက္ ၂ဝဝ၃ ခုႏွစ္၊ ဧၿပီလ၊ပထမ အႀကိမ္)
စြယ္စုံရ အႏုပညာရွင္ သုေမာင္ ကြယ္လြန္ (ဗြီအိုေအ)။ 18 May 2010 တြင္ မူရင္းအား ေမာ္ကြန္းတင္ၿပီး။ 17 May 2010 တြင္ ျပန္စစ္ၿပီး။
ကြမ္းစကား(၂)၊ သုေမာင္ (ဒုတိယအႀကိမ္)
သုေမာင္၊ “မ်ိဳးရိုးထဲမွ ဆိုးေပႀကီမ်ား”၊ ေဆြမင္းစာေပ။ ရန္ကုန္။
Crd,ဝီကီပီးဒီးယား