သမိန်ထောရာမ(၁၅၅၁-၁၅၅၃)သည် မွန်မင်းဒုတိယဗညားရံ အိမ်နိမ့်တွင် ဖွားမြင်သည့် သားဖြစ်သည်ဟုဆိုသည်။
တပင်ရွှေထီး ဟံသာဝတီကိုသိမ်းပိုက်ပြီး ရာမညမွန်သုံးရပ်ကို အုပ်ချုပ်ရာတွင် မကျေနပ်ကြသည့် မွန်များက ရဟန်းဝတ်ဖြင့်နေသည့် သမိန်ထောရာမအား လူဝတ်လဲစေပြီး အကြီးအမှူးတင်ကာ ပုန်ကန်ကြသည်။
သို့ဖြင့် ရဟန်းလူထွက် သမိန်ထောရာမမှာ တပင်ရွှေထီးအား ပုန်ကန်သူဖြစ်လာသည်။အလွန်ဇွဲသတ္တိကောင်းလှသူအဖြစ် ကြော်ကြားသည်။ မကော်တွင် တပ်ချကာနေကြောင်းကြားလျှင် ဘုရင့်နောင်က ညီတော် နန္ဒယောဓာနှင့် မှူးမတ်များကို ချီတက်တိုက်ခိုက်စေသည်။
မကော်တွင် တိုက်ခိုက်ကြရာ သမိန်ထောရာမ တပ်ပျက်ကနောက်လိုက်များဖြင့်ပြေးလေသည်။နောက် သန်လျှင်စား နန္ဒကျော်ထင်(ဘုရင့်နောင်၏ညီ) ဟံသာဝတီတွင် ရောက်နေပြီး သန်လျှင်တွင်မရှိကြောင်းသိလျှင် သန်လျှင်ကိုဝင်တိုက်ကာ အခိုင်အလုံနေသည်။
ထိုသို့ သမိန်ထောရာမ၏ ပုန်ကန်မှုတစစ ကြီးထွားလာသည်ကို တပင်ရွှေထီးသိလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်မှသာ ပြီးလွယ်မည်ဟုဆိုကာ တပ်ကြီးဖွဲ့ပြီး စေလွတ်လေသည်။
သို့ဖြင့် သမိန်ထောရာမမှာ ဘုရင့်နောင်၏တိုက်စစ်ကြောင့် ဒလ(ယနေ့တွံတေး)သို့ပြေးရပြန်သည်။ထိုအချိန်တွင် ဟံသာဝတီနန်းတော်မှ အရက်စွဲကာ အမှားအမှန်မခွဲခြားနိုင်တော့သည့် တပင်ရွှေထီးအား မွန်အမတ်ဖြစ်သူ သမိန်စောထွတ်က ပရိယာရ်ပြုပြီးသတ်ဖြတ်ကာ သမိန်စက္ကာဝေါ ဘွဲ့ဖြင့် စစ်တောင်းတွင် တစ်ထီးတစ်နန်းထောင်ကာ မင်းပြုသည်။
ဟံသာဝတီနန်းစောင့်ဖြစ်သည့် တောင်ငူမင်းခေါင် ဟံသာဝတီမှခွာပြီး တောင်ငူသို့ပြန်လျှင် ကျန်ရစ်နေသည့် မွန်မှူးမတ်များက သမိန်စက္ကဝေါဘွဲ့ခံ သမိန်စောထွတ်ကို ပင့်ဖိတ်ကာ နန်းအပ်သည်။ထိုအချိန်တွင် သမိန်ထောရာမမှာ ဒလမှ မုတ္တမသို့ပြောင်းရွေ့ပြီး အခြေအနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာနေသည်။
သမိန်စောထွတ်အား မင်းကျင့်တရားနှင့် မညီသဖြင့်မှူးမတ်တို့က လုပ်ကြံနန်းချပြီး သမိန်ထောရာမကို နန်းအပ်ကြပြန်သဖြင့် သမိန်ထောရာမမှာ ဟံသာဝတီနန်းကို လွယ်ကာကူကာဖြင့် ရလေတော့သည်။ သို့သော် နန်းသက် တစ်နှစ်ကျော်၊နှစ်နှစ်မရှိသေးချိန်တွင် ပင်တောင်ငူမှ တဖန်အင်အားကြီးလာပြန်သည့် ဘုရင့်နောင် ၏စစ်ပြုလာခြင်းကိုခံရသည်။
ဆင်စီးချင်းထိုးပြီးတိုက်ရာ သမိန်ထောရာမ ဓနုဖြူ၊ပုသိမ် စသည့်အနောက်ဖက်သို့ ပြေးလေသည်။ဘုရင့်နောင် လိုက်တိုက်သဖြင့် ဒလသို့ပြေးရပြန်သည်။ ဥဇနာလာရောက်တိုက်ခိုက်သော်လည်း သမိန်ထောရာမ စစ်ရေးသာကာ ဥဇနာကျသည်။
ထိုသတင်းကို ကြားလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်လာသဖြင့် ဒလတွင် တိုက်ပွဲကြီးဖြစ်သည်။ ရှုံးသဖြင့် သမိန်ထောရာမ စစ်သည်ဗိုလ်ပါ၊သားသမီး၊မိဖုရား နှင့်ယောက္ခမ ပါပစ်ကာကိုယ်လွတ်ရုန်းပြေးရပြန်သည်။
ထို့နောက် ရဟန်းဝတ်ဖြင့် နောက်လိုက် တစ်ကျိပ်ကျော်ကိုခေါ်ကာ မုတ္တမ သို့လှေဖြင့်ပြေးလေသည်။ မုတ္တမရောက်သော် ကဝေါဖက်သို့ပြေးသည်။ ကဝေါစားနှင့် ဘွယ်တိုင်စားတို့က လိုက်လံဖမ်းဆီးသဖြင့် ဓါးဒဏ်ရာရကာပြေးရပြန်သည်။ နောက်ဒဏ်ရာသက်သာလျှင် တိုက်ကုလားတွင် လူသူစုရုံးပြီး စစ်တောင်းကိုတိုက်ရန် ချီတက်လာသည်။
ဘုရင့်နောင်လည်း နန္ဒသင်္ကြန်ကိုစေလွတ် တိုက်ခိုက်စေရာ သမိန်ထောရာမ တပ်ပျက်ပြေးရသည်။ တောတွင်းတွင်ခိုလုံနေစဉ် စတုရင်္ဂသူက စစ်သည် ၃၀ဝ နှင့်ဖမ်းရာ အဝတ်ချွတ်ဖြင့် ပြေးရပြန်သည်။ နောက်ဆုံး သက္ကရာဇ် ၉၁၄၊တန်ခူးလဆန်း ၁၃ ရက်တွင် ဇရွဲဘုံနယ်မှ ကရင်သူကြီးက ဖမ်းမိကာ ဟံသာဝတီသို့ဆက်သလာသည်။
အချို့ရာဇဝင်များတွင် သမိန်ထောရာမ တွင်နတ်တို့ပေးသည့် အစွမ်းထက်သော ဂါထာရှိသည်။ ထိုဂါထာကို ရေတွင်မန်းပြီးသုံးလျှင် သီးနှံတို့ ဆယ်ဆပိုသီးသည်၊ အနာမှန်သမျှ ချက်ချင်းပျောက်သည်ဟု ဆိုသည်။
ထိုကြောင့် သမိန်ထောရာမသည် မိမိဒူးကို ချိုးကာ ကရင်သူကြီးထံ အဖမ်းခံခြင်းဖြစ်သည်။နောက် ဘုရင့်နောင်ရှေ့ရောက်လျှင် ပရိယာရ်ဖြင့် ရေသောက်ရန် ရေတောင်းပြီးမန်းကာ ဒူးကိုလောင်းသည်။ သို့သော် ဒူးပြန်မဆက်သဖြင့် ငိုယိုကြောင်းဆိုကြသည်။
ဘုရင့်နောင်လည်း သမိန်ထောရာမ ကို ကွပ်မျက်အပြစ်ပေးသည်။ဤသို့ဖြင့်သမိန်ထောရာမမှာ ဘုရင့်နောင်လက်တွင် အရှုံးပေး အသက်ပါရလေသည်။
crd,
Zawgyi
သမိန္ေထာရာမ(၁၅၅၁-၁၅၅၃)သည္ မြန္မင္းဒုတိယဗညားရံ အိမ္နိမ့္တြင္ ဖြားျမင္သည့္ သားျဖစ္သည္ဟုဆိုသည္။
တပင္ေ႐ႊထီး ဟံသာဝတီကိုသိမ္းပိုက္ၿပီး ရာမညမြန္သုံးရပ္ကို အုပ္ခ်ဳပ္ရာတြင္ မေက်နပ္ၾကသည့္ မြန္မ်ားက ရဟန္းဝတ္ျဖင့္ေနသည့္ သမိန္ေထာရာမအား လူဝတ္လဲေစၿပီး အႀကီးအမႉးတင္ကာ ပုန္ကန္ၾကသည္။
သို႔ျဖင့္ ရဟန္းလူထြက္ သမိန္ေထာရာမမွာ တပင္ေ႐ႊထီးအား ပုန္ကန္သူျဖစ္လာသည္။အလြန္ဇြဲသတၱိေကာင္းလွသူအျဖစ္ ေၾကာ္ၾကားသည္။ မေကာ္တြင္ တပ္ခ်ကာေနေၾကာင္းၾကားလွ်င္ ဘုရင့္ေနာင္က ညီေတာ္ နႏၵေယာဓာႏွင့္ မႉးမတ္မ်ားကို ခ်ီတက္တိုက္ခိုက္ေစသည္။
မေကာ္တြင္ တိုက္ခိုက္ၾကရာ သမိန္ေထာရာမ တပ္ပ်က္ကေနာက္လိုက္မ်ားျဖင့္ေျပးေလသည္။ေနာက္ သန္လွ်င္စား နႏၵေက်ာ္ထင္(ဘုရင့္ေနာင္၏ညီ) ဟံသာဝတီတြင္ ေရာက္ေနၿပီး သန္လွ်င္တြင္မရွိေၾကာင္းသိလွ်င္ သန္လွ်င္ကိုဝင္တိုက္ကာ အခိုင္အလုံေနသည္။
ထိုသို႔ သမိန္ေထာရာမ၏ ပုန္ကန္မႈတစစ ႀကီးထြားလာသည္ကို တပင္ေ႐ႊထီးသိလွ်င္ ဘုရင့္ေနာင္ ကိုယ္တိုင္ခ်ီတက္မွသာ ၿပီးလြယ္မည္ဟုဆိုကာ တပ္ႀကီးဖြဲ႕ၿပီး ေစလြတ္ေလသည္။
သို႔ျဖင့္ သမိန္ေထာရာမမွာ ဘုရင့္ေနာင္၏တိုက္စစ္ေၾကာင့္ ဒလ(ယေန႕တြံေတး)သို႔ေျပးရျပန္သည္။ထိုအခ်ိန္တြင္ ဟံသာဝတီနန္းေတာ္မွ အရက္စြဲကာ အမွားအမွန္မခြဲျခားနိုင္ေတာ့သည့္ တပင္ေ႐ႊထီးအား မြန္အမတ္ျဖစ္သူ သမိန္ေစာထြတ္က ပရိယာရ္ျပဳၿပီးသတ္ျဖတ္ကာ သမိန္စကၠာေဝါ ဘြဲ႕ျဖင့္ စစ္ေတာင္းတြင္ တစ္ထီးတစ္နန္းေထာင္ကာ မင္းျပဳသည္။
ဟံသာဝတီနန္းေစာင့္ျဖစ္သည့္ ေတာင္ငူမင္းေခါင္ ဟံသာဝတီမွခြာၿပီး ေတာင္ငူသို႔ျပန္လွ်င္ က်န္ရစ္ေနသည့္ မြန္မႉးမတ္မ်ားက သမိန္စကၠေဝါဘြဲ႕ခံ သမိန္ေစာထြတ္ကို ပင့္ဖိတ္ကာ နန္းအပ္သည္။ထိုအခ်ိန္တြင္ သမိန္ေထာရာမမွာ ဒလမွ မုတၱမသို႔ေျပာင္းေ႐ြ႕ၿပီး အေျခအေနအရပ္ရပ္ကို ေစာင့္ၾကည့္ေလ့လာေနသည္။
သမိန္ေစာထြတ္အား မင္းက်င့္တရားႏွင့္ မညီသျဖင့္မႉးမတ္တို႔က လုပ္ႀကံနန္းခ်ၿပီး သမိန္ေထာရာမကို နန္းအပ္ၾကျပန္သျဖင့္ သမိန္ေထာရာမမွာ ဟံသာဝတီနန္းကို လြယ္ကာကူကာျဖင့္ ရေလေတာ့သည္။ သို႔ေသာ္ နန္းသက္ တစ္ႏွစ္ေက်ာ္၊ႏွစ္ႏွစ္မရွိေသးခ်ိန္တြင္ ပင္ေတာင္ငူမွ တဖန္အင္အားႀကီးလာျပန္သည့္ ဘုရင့္ေနာင္ ၏စစ္ျပဳလာျခင္းကိုခံရသည္။
ဆင္စီးခ်င္းထိုးၿပီးတိုက္ရာ သမိန္ေထာရာမ ဓႏုျဖဴ၊ပုသိမ္ စသည့္အေနာက္ဖက္သို႔ ေျပးေလသည္။ဘုရင့္ေနာင္ လိုက္တိုက္သျဖင့္ ဒလသို႔ေျပးရျပန္သည္။ ဥဇနာလာေရာက္တိုက္ခိုက္ေသာ္လည္း သမိန္ေထာရာမ စစ္ေရးသာကာ ဥဇနာက်သည္။
ထိုသတင္းကို ၾကားလွ်င္ ဘုရင့္ေနာင္ ကိုယ္တိုင္ခ်ီတက္လာသျဖင့္ ဒလတြင္ တိုက္ပြဲႀကီးျဖစ္သည္။ ရႈံးသျဖင့္ သမိန္ေထာရာမ စစ္သည္ဗိုလ္ပါ၊သားသမီး၊မိဖုရား ႏွင့္ေယာကၡမ ပါပစ္ကာကိုယ္လြတ္႐ုန္းေျပးရျပန္သည္။
ထို႔ေနာက္ ရဟန္းဝတ္ျဖင့္ ေနာက္လိုက္ တစ္က်ိပ္ေက်ာ္ကိုေခၚကာ မုတၱမ သို႔ေလွျဖင့္ေျပးေလသည္။ မုတၱမေရာက္ေသာ္ ကေဝါဖက္သို႔ေျပးသည္။ ကေဝါစားႏွင့္ ဘြယ္တိုင္စားတို႔က လိုက္လံဖမ္းဆီးသျဖင့္ ဓါးဒဏ္ရာရကာေျပးရျပန္သည္။ ေနာက္ဒဏ္ရာသက္သာလွ်င္ တိုက္ကုလားတြင္ လူသူစု႐ုံးၿပီး စစ္ေတာင္းကိုတိုက္ရန္ ခ်ီတက္လာသည္။
ဘုရင့္ေနာင္လည္း နႏၵသၾကၤန္ကိုေစလြတ္ တိုက္ခိုက္ေစရာ သမိန္ေထာရာမ တပ္ပ်က္ေျပးရသည္။ ေတာတြင္းတြင္ခိုလုံေနစဥ္ စတုရဂၤသူက စစ္သည္ ၃၀ဝ ႏွင့္ဖမ္းရာ အဝတ္ခြၽတ္ျဖင့္ ေျပးရျပန္သည္။ ေနာက္ဆုံး သကၠရာဇ္ ၉၁၄၊တန္ခူးလဆန္း ၁၃ ရက္တြင္ ဇ႐ြဲဘုံနယ္မွ ကရင္သူႀကီးက ဖမ္းမိကာ ဟံသာဝတီသို႔ဆက္သလာသည္။
အခ်ိဳ႕ရာဇဝင္မ်ားတြင္ သမိန္ေထာရာမ တြင္နတ္တို႔ေပးသည့္ အစြမ္းထက္ေသာ ဂါထာရွိသည္။ ထိုဂါထာကို ေရတြင္မန္းၿပီးသုံးလွ်င္ သီးႏွံတို႔ ဆယ္ဆပိုသီးသည္၊ အနာမွန္သမွ် ခ်က္ခ်င္းေပ်ာက္သည္ဟု ဆိုသည္။
ထိုေၾကာင့္ သမိန္ေထာရာမသည္ မိမိဒူးကို ခ်ိဳးကာ ကရင္သူႀကီးထံ အဖမ္းခံျခင္းျဖစ္သည္။ေနာက္ ဘုရင့္ေနာင္ေရွ႕ေရာက္လွ်င္ ပရိယာရ္ျဖင့္ ေရေသာက္ရန္ ေရေတာင္းၿပီးမန္းကာ ဒူးကိုေလာင္းသည္။ သို႔ေသာ္ ဒူးျပန္မဆက္သျဖင့္ ငိုယိုေၾကာင္းဆိုၾကသည္။
ဘုရင့္ေနာင္လည္း သမိန္ေထာရာမ ကို ကြပ္မ်က္အျပစ္ေပးသည္။ဤသို႔ျဖင့္သမိန္ေထာရာမမွာ ဘုရင့္ေနာင္လက္တြင္ အရႈံးေပး အသက္ပါရေလသည္။
crd,