မဂဒူး မင်းဆက် အကြောင်းသိကောင်းစရာများ

အေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် သထုံမြို့ကို ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။

ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။

ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။

မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟု၎င်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟု၎င်း ခေါ်ဝေါ်ကြသည်။

မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။

ပထမ မင်း (၇) ဆက်တိုင်မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာ ထီးနန်းစိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမမှ ဒုန်ဝန်း(ယခု ဝန်မြို့)သို့ ပြောင်းရွှေ့စိုးစံရသည်။

သို့သော် ဝန်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှုံးပြန်သဖြင့် ဟံသာဝတီ(ပဲခူးမြို့)သို့ ပြောင်းရွှေ့ရပြန်သည်။

ထို ဆင်ဖြူရှင် ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။

ရာဇာဓိရာဇ်သည် ထိုစဉ်က အင်းဝတွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာ၊ ၎င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်(ငယ်အမည် မင်းဆွေ)တို့နှင့် စစ်ပြိုင်ပြုကာ ရာဇဝင်တွင် ထင်ရှားလှသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကြီးကို တိုက်ခိုက်ခဲ့ကြသည်။

၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏အင်အားကိုမခံနိုင်ပဲ ကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။

မဂဒူးမင်းဆက် ၁၈ ဆက်

ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)
ဗညားဝါရူး ၁၂၈၇-၁၂၉၆)
ခွန်လော(ခေါ်)မဂဒါ(ခေါ်)
စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀)
စောသင်မောင်(ခေါ်)
စောအော(၁၃၁၀-၁၃၂၄)

စောဇိတ်(ခေါ်)
ဗညားရံဒယ်(၁၃၂၄-၁၃၃၁)
ဇိတ်ပွန်(၇ ရက်)
စောအဲကံကောင်း(၄၉ ရက်)
ဗညားအဲလော(၁၃၃၁-၁၃၄၈)
ဗညားဦး(ခေါ်)
ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃)

ရာဇာဓိရာဇ်(ခေါ်)
ဗညားနွဲ့(၁၃၈၃-၁၄၂၁)
ဗညားဓမ္မရာဇာ(ခေါ်)
ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆)
ပထမဗညားရံ(၁၄၂၆-၁၄၄၆)
ဗညားဗရူး(၁၄၄၆-၁၄၅၀)

ဗညားကျန်းထော(၁၄၅၀-၁၄၅၃)
လိပ်မွတ်ထော(၇ လ)
ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)ဝိဟာရဒေဝီ(၁၄၅၃-၁၄၇၂)
ဓမ္မစေတီ(၁၄၇၂-၁၄၉၂)
ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)
သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉)

ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။ ၎င်းတို့မှာ ဟံသာဝတီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘဝမှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။သမိန်ထောရာမ မှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။

credit,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
ေအဒီ (၁၁) ရာစုတြင္ သုဝဏၰဘူမိ ေခၚ သထုံၿမိဳ႕ကို ပုဂံျပည့္ရွင္ အေနာ္ရထာမင္းႀကီးက တိုက္ခိုက္ၿပီးသည့္ေနာက္တြင္ ေအာက္ျမန္မာနိုင္ငံရွိ မြန္တို႔မွာ တစ္ထီးတစ္နန္း ေနထိုင္နိုင္သည့္ အဆင့္မွ ေလ်ာက်ခဲ့ရသည္။

ထို႔အတူျပင္ ယေန႕ ထိုင္းနိုင္ငံအတြင္းရွိ မြန္တို႔မွာလည္း ေျမာက္ဖက္မွ အလုံးအရင္း ဆင္းသက္လာၾကသည့္ ရွမ္း-ထိုင္း(တိုင္)အႏြယ္တို႔၏ နယ္ခ်ဲ့မႈကို ခံရၿပီး ေအဒီ (၁၂) ရာစုအတြင္းတြင္ အၿပီးတိုင္ ၿပိဳလဲရျပန္သည္။

ထို႔ေနာက္ ျမန္မာနိုင္ငံအတြင္းရွိ မြန္တို႔မွာ ပုဂံလက္ေအာက္ခံ ဘဝေရာက္ေနရာမွ ပုဂံအင္အားက်ဆင္းခ်ိန္၊ မြန္ဂိုတာတာ တို႔၏ ရန္ေၾကာင့္ ပုဂံ ပ်က္ခ်ိန္မ်ားတြင္ ကိုယ္ပိုင္ထီးနန္းကို ျပန္လည္ ထူေထာင္ရန္ ႀကိဳးပမ္းရာမွ မဂဒူး မင္းဆက္ ေပၚထြန္းလာသည္။

မဂဒူး မင္းဆက္ကို ဗညားဝါ႐ူး (ေခၚ) ဝါရီ႐ူးမင္းက မုတၱမၿမိဳ႕မွ စတင္တည္ေထာင္သည္။ ထိုမင္း၏ ငယ္အမည္ မဂဒူးကိုအစြဲျပဳကာ ၎တည္ေထာင္သည့္ မင္းဆက္ကို မဂဒူးမင္းဆက္ဟု၎၊ ဘြဲ႕နာမည္ကို အစြဲျပဳကာ ဝါရီ႐ူးမင္းဆက္ ဟု၎ ေခၚေဝၚၾကသည္။

မဂဒူးမင္းဆက္တြင္ မင္းေပါင္း ၁၈ ဆက္တိတိ မင္းျပဳၾကသည္။

ပထမ မင္း (၇) ဆက္တိုင္မူလျဖစ္သည့္ မုတၱမၿမိဳ႕တြင္သာ အစဥ္အဆက္ မင္းျပဳကာ ထီးနန္းစိုးစံခဲ့ေသာ္လည္း (၈) ဆက္ျမႇောက္ျဖစ္သည့္ ဆင္ျဖဴရွင္ဗညားဦး(သုရွင္ဗညားဦး)လက္ထက္အေရာက္တြင္ လက္ေအာက္ခံၿမိဳ႕စားမ်ားျဖစ္သည့္ လောက်ဖျား၊ဥလို၊အဲဗြပန်ု ႏွင့္ ျဗတ္ထဗ ညီေနာင္မ်ားကပုန္ကန္သည့္အတြက္ မုတၱမမွ ဒုန္ဝန္း(ယခု ဝန္ၿမိဳ႕)သို႔ ေျပာင္းေ႐ႊ႕စိုးစံရသည္။

သို႔ေသာ္ ဝန္ၿမိဳ႕တြင္လည္း အခ်ိန္မ်ားစြာမၾကာလိုက္ပဲ စစ္ရႈံးျပန္သျဖင့္ ဟံသာဝတီ(ပဲခူးၿမိဳ႕)သို႔ ေျပာင္းေ႐ႊ႕ရျပန္သည္။

ထို ဆင္ျဖဴရွင္ ဗညားဦးေနာက္ နန္းတက္သည့္ ဗညားႏြဲ႕ (ေခၚ) ရာဇာဓိရာဇ္ လက္ထက္တြင္ မဂဒူးမင္းဆက္၏ အထြန္းေတာက္ဆုံး အခ်ိန္ျဖစ္သကဲ့သို႔ မြန္တို႔အင္အား ႀကီးမားလာခဲ့သည္။

ရာဇာဓိရာဇ္သည္ ထိုစဥ္က အင္းဝတြင္ ထီးနန္းစိုးစံၾကသည့္ မင္းႀကီးစြာ၊ ၎၏သားေတာ္မ်ား ျဖစ္သည့္ ဆင္ျဖဴရွင္ ႏွင့္ မင္းေခါင္(ငယ္အမည္ မင္းေဆြ)တို႔ႏွင့္ စစ္ၿပိဳင္ျပဳကာ ရာဇဝင္တြင္ ထင္ရွားလွသည့္ အင္းဝ-ဟံသာဝတီ အႏွစ္ေလးဆယ္စစ္ႀကီးကို တိုက္ခိုက္ခဲ့ၾကသည္။

၁၈ ဆက္ျမႇောက္ျဖစ္သည့္ သုရွင္တကာ႐ြတ္ပိမင္း လက္ထက္အေရာက္တြင္မူ ေတာင္ငူမွ အင္အားႀကီးမားလာသည့္ တပင္ေ႐ႊထီး၏အင္အားကိုမခံနိုင္ပဲ က်ဆဳံးကာ မြန္တို႔၏ မဂဒူးမင္းဆက္လည္း ပ်က္သုဥ္းသြားခဲ့ရသည္။

မဂဒူးမင္းဆက္ ၁၈ ဆက္

ဝါရီ႐ူး(ေခၚ)မဂဒူး(ေခၚ)
ဗညားဝါ႐ူး ၁၂၈၇-၁၂၉၆)
ခြန္ေလာ(ေခၚ)မဂဒါ(ေခၚ)
ေစာရမ္းပရကြတ္(၁၂၉၆-၁၃၁၀)
ေစာသင္ေမာင္(ေခၚ)
ေစာေအာ(၁၃၁၀-၁၃၂၄)

ေစာဇိတ္(ေခၚ)
ဗညားရံဒယ္(၁၃၂၄-၁၃၃၁)
ဇိတ္ပြန္(၇ ရက္)
ေစာအဲကံေကာင္း(၄၉ ရက္)
ဗညားအဲေလာ(၁၃၃၁-၁၃၄၈)
ဗညားဦး(ေခၚ)
ဆင္ျဖဴရွင္ဗညားဦး(၁၃၄၈-၁၃၈၃)

ရာဇာဓိရာဇ္(ေခၚ)
ဗညားႏြဲ႕(၁၃၈၃-၁၄၂၁)
ဗညားဓမၼရာဇာ(ေခၚ)
ဗညားက်န္းမင္း(၁၄၂၃-၁၄၂၆)
ပထမဗညားရံ(၁၄၂၆-၁၄၄၆)
ဗညားဗ႐ူး(၁၄၄၆-၁၄၅၀)

ဗညားက်န္းေထာ(၁၄၅၀-၁၄၅၃)
လိပ္မြတ္ေထာ(၇ လ)
ရွင္ေစာပု(ေခၚ)ဗညားေထာဝ္(ေခၚ)ဝိဟာရေဒဝီ(၁၄၅၃-၁၄၇၂)
ဓမၼေစတီ(၁၄၇၂-၁၄၉၂)
ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)
သုရွင္တကာ႐ြတ္ပိ(၁၅၂၆-၁၅၃၉)

ထို႔ျပင္ မဂဒူးမင္းဆက္ဟု ဟူဆလွ်င္လည္းရနိုင္သည့္ မင္းႏွစ္ပါးရွိေသးသည္။ ၎တို႔မွာ ဟံသာဝတီကို သိမ္းပိုက္ထားသည့္ ေတာင္ငူဘုရင္ တပင္ေ႐ႊထီး အားလုပ္ႀကံၿပီး နန္းတက္သည့္ သမိန္စကၠေဝါ ဘြဲ႕ခံ သမိန္ေစာထြတ္ ႏွင့္ ဒုတိယဗညားရံ မင္း၏သား အိမ္ႏွိမ့္စံဘဝမွ တပင္ေ႐ႊထီးအားပုန္ကန္ၿပီး သမိန္ေစာထြတ္ ကိုပါ လုပ္ႀကံ နန္းတက္သည့္ သမိန္ေထာရာမ တို႔ျဖစ္သည္။သမိန္ေထာရာမ မွာ ဘုရင့္ေနာင္ တိုက္သျဖင့္ ရႈံးကာေျပးရၿပီး ေနာင္တြင္ အရွင္မိသျဖင့္ ကြပ္မ်က္ခံရသည္။

credit,မူရင္းေရးသားသူအားေလးစားစြာျဖင့္