တြိဂံနယ်၏ မြောက်ဘက်စွန်းတွင်နေထိုင်တဲ့ ဒူးလင်းလူမျိုးတို့အကြောင်း

ဒူလင်းလူမျိုးတို့သည် ဂျိန်ဖော့လူမျိုးတို့နှင့် အမျိုးတူအနွယ်တူပင် ဖြစ်သည်။ တိဗက်-မြန်မာအစုဝင် ကချင်အစုခွဲတွင် ပါဝင်သည်။ ယင်းတို့နေထိုင်ရာဒေသမှာ မေခနှင့် မေလိခမြစ်နှစ်သွယ်ဆုံရာ တြိဂံနယ်၏ မြောက်ဘက်စွန်းတွင် ဖြစ်သည်။

မေလိခမြစ်လက်တက်ဖြစ်သော ရှမ်းခ (ခေါ်) နမ့်တဆန်မြစ်ဝှမ်း တစ်လျှောက်၎င်း၊ မလိခမြစ်ဝဲဘက်ကမ်းမှ ကုန်းထူစခန်းသို့ တိုင်အောင်၎င်း ဒူးလင်းရွာကလေးများ အနှံ့အပြား တည်ရှိလေသည်။

ရွာဟုဆိုရသော်ငြားလည်း တစ်ချို့ရွာကလေးများ၌ အိမ်ခြေပေါင်း သုံးအိမ်၊ လေးအိမ်မျှသာ ရှိသည်။ များသောအားဖြင့် ၁၀ အိမ်ခန့်မျှသာရှိသော ရွာကလေးများဖြစ်သည်။

ဒူးလင်းလူမျိုးတို့၏ အသွင်အပြင်၊ ဝတ်စားပုံ၊ အိမ်ဆောက်ပုံ၊ ဓလေ့ထုံးစံ စသည်တို့သည် ကချင်လူမျိုးတို့ကဲ့သို့ပင် ဖြစ်သည်။ ယင်းတို့ကို ခခူးဂျိန်ဖော့၊ သို့မဟုတ် မြစ်ဖျားဒေသနေ ဂျိန်ဖော့၊ အညာသားကချင်များဟု ခေါ်တွင်ကြသည်။ ဂျိန်ဖော့စကားကိုသာ ပြောဆိုကြသည်။

သို့သော် အောက်ပိုင်းရှိ မြစ်ကြီးနား ဂျိန်ဖော့တို့နှင့် လေယူလေသိမ်း မတူ။ စကားဝဲသည်။ ဒူးလင်းလူမျိုးတို့၏ ဝတ်ပုံ၊ ဆင်ယင်ပုံသည်လည်း ကချင်လူမျိုးတို့၏ ဝတ်စားဆင်ယင်ပုံနှင့် အတန်ငယ်တူသည်။

ရှေးအခါက ဒူးလင်းတို့သည် ပန်းပဲလုပ်ငန်းနှင့် နာမည်ကျော်သည်။ ရှမ်းခမြစ်ဖျား၏ တောင်ခြေတွင် သံရိုင်းထွက်သည်။ ဒူးလင်းတို့သည် ထိုသံရိုင်းကို ကျို၍ ကျောက်တူနှင့် ထုကာ ဓားလုပ်လေ့ရှိသည်။ ထိုဓားများသည် ရှေးအခါက အတော်နာမည်ကြီးခဲ့သည်။

ဒူးလင်းလူမျိုးတစ်ချို့မှာ ခရစ်ယာန် အယူဝါဒ သက်ဝင်သူများ ဖြစ်ကြသည်။ နတ်ကိုးကွယ်မှုလည်း ရှိသည်။ ဒူးလင်းလူမျိုးတို့သည် အသုဘကို အခမ်းအနားပွဲပေး၍ သင်္ဂြိုဟ်လေ့ရှိသည်။

တစ်ခါတစ်ရံ ရပ်ဝေးမှ ဆွေးမျိုးမိတ်သင်္ဂဟများကို စောင့်၍ လူစုံမှ ပွဲပေးကြလေရာ အသုဘကို နှစ်လ၊ သုံးလကြာထားပြီးမှ သင်္ဂြိုဟ်ခြင်း ပြုကြလေသည်။ 

ကိုးကားပြင်ဆင်

↑ မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသား လူမျိုးများ အဘိဓာန်စာအုပ်မှ

crd,ဝီကီပီးဒီးယား

Zawgyi
ဒူလင္းလူမ်ိဳးတို႔သည္ဂ်ိန္ေဖာ့လူမ်ိဳးတို႔ႏွင့္ အမ်ိဳးတူအႏြယ္တူပင္ ျဖစ္သည္။ တိဗက္-ျမန္မာအစုဝင္ ကခ်င္အစုခြဲတြင္ ပါဝင္သည္။ ယင္းတို႔ေနထိုင္ရာေဒသမွာေမခႏွင့္ေမလိချမစ္ႏွစ္သြယ္ဆုံရာ ႀတိဂံနယ္၏ ေျမာက္ဘက္စြန္းတြင္ ျဖစ္သည္။

ေမလိချမစ္လက္တက္ျဖစ္ေသာ ရွမ္းခ (ေခၚ) နမ့္တဆန္ျမစ္ဝွမ္း တစ္ေလွ်ာက္၎၊ မလိချမစ္ဝဲဘက္ကမ္းမွ ကုန္းထူစခန္းသို႔ တိုင္ေအာင္၎ ဒူးလင္း႐ြာကေလးမ်ား အႏွံ႕အျပား တည္ရွိေလသည္။

႐ြာဟုဆိုရေသာ္ျငားလည္း တစ္ခ်ိဳ႕႐ြာကေလးမ်ား၌ အိမ္ေျခေပါင္း သုံးအိမ္၊ ေလးအိမ္မွ်သာ ရွိသည္။ မ်ားေသာအားျဖင့္ ၁၀ အိမ္ခန႔္မွ်သာရွိေသာ ႐ြာကေလးမ်ားျဖစ္သည္။

ဒူးလင္းလူမ်ိဳးတို႔၏ အသြင္အျပင္၊ ဝတ္စားပုံ၊ အိမ္ေဆာက္ပုံ၊ ဓေလ့ထုံးစံ စသည္တို႔သည္ကခ်င္လူမ်ိဳးတို႔ကဲ့သို႔ပင္ ျဖစ္သည္။ ယင္းတို႔ကို ခခူးဂ်ိန္ေဖာ့၊ သို႔မဟုတ္ ျမစ္ဖ်ားေဒသေန ဂ်ိန္ေဖာ့၊ အညာသားကခ်င္မ်ားဟု ေခၚတြင္ၾကသည္။ ဂ်ိန္ေဖာ့စကားကိုသာ ေျပာဆိုၾကသည္။

သို႔ေသာ္ ေအာက္ပိုင္းရွိ ျမစ္ႀကီးနား ဂ်ိန္ေဖာ့တို႔ႏွင့္ ေလယူေလသိမ္း မတူ။ စကားဝဲသည္။ ဒူးလင္းလူမ်ိဳးတို႔၏ ဝတ္ပုံ၊ ဆင္ယင္ပုံသည္လည္း ကခ်င္လူမ်ိဳးတို႔၏ ဝတ္စားဆင္ယင္ပုံႏွင့္ အတန္ငယ္တူသည္။

ေရွးအခါက ဒူးလင္းတို႔သည္ပန္းပဲလုပ္ငန္းႏွင့္ နာမည္ေက်ာ္သည္။ ရွမ္းချမစ္ဖ်ား၏ ေတာင္ေျခတြင္ သံရိုင္းထြက္သည္။ ဒူးလင္းတို႔သည္ ထိုသံရိုင္းကို က်ိဳ၍ ေက်ာက္တူႏွင့္ ထုကာဓားလုပ္ေလ့ရွိသည္။ ထိုဓားမ်ားသည္ ေရွးအခါက အေတာ္နာမည္ႀကီးခဲ့သည္။

ဒူးလင္းလူမ်ိဳးတစ္ခ်ိဳ႕မွာခရစ္ယာန္အယူဝါဒ သက္ဝင္သူမ်ား ျဖစ္ၾကသည္။ နတ္ကိုးကြယ္မႈလည္း ရွိသည္။ ဒူးလင္းလူမ်ိဳးတို႔သည္အသုဘကို အခမ္းအနားပြဲေပး၍ သျဂၤိုဟ္ေလ့ရွိသည္။

တစ္ခါတစ္ရံ ရပ္ေဝးမွ ေဆြးမ်ိဳးမိတ္သဂၤဟမ်ားကို ေစာင့္၍ လူစုံမွ ပြဲေပးၾကေလရာ အသုဘကို ႏွစ္လ၊ သုံးလၾကာထားၿပီးမွ သျဂၤိုဟ္ျခင္း ျပဳၾကေလသည္။

ကိုးကားျပင္ဆင္

ေမာင္ပုဆိုးၾကမ္း ေရး တိုင္းရင္းသား လူမ်ိဳးမ်ား အဘိဓာန္စာအုပ္မွ

crd,ဝီကီပီးဒီးယား