လိမ္မာအားကိုးရတဲ့ကလေးများဖြစ်စေရန်သားယောက်ျားလေးများကိုပြုစုပျိုးထောင်နည်း

သားယောက်ျားလေးများကိုပြုစုပျိုးထောင်ခြင်းကထင်သလောက်မလွယ်ပါ

သုတေသနများအရသားလေးများကသမီးလေးများထက် ကျောင်းပြေးဖို့စာမေးပွဲကျဖို့ဆေးလိပ်အရက်နှင့်မူးယစ်ဆေးဝါးစမ်းသုံးကြည့်ဖို့မတော်တဆထိခိုက်ဒဏ်ရာရဖို့စိတ်ဓာတ်ကျ ရောဂါရဖို့ဖြစ်နိုင်ချေပိုများသည်ဟုဆိုသည်သားယောက်ျားလေးများ၏စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုစိတ်ပညာရှင်အချို့ကအဆင့်၃ဆင့်ခွဲကြသည်

(၁) မွေးကင်းစမှ၆ နှစ်သားကိုဘယ်သူလွှမ်းမိုးသလဲ

သားသည်မိခင်ကိုအဓိကတွယ်တာသည်ဤအဆင့်တွင်မိခင်ဆီမှအရေးကြီးဆုံးအလိုအပ်ဆုံးအရာသည်ချစ်ခြင်းမေတ္တာနှင့် နွေးထွေးလုံခြုံမှုဖြစ်သည်မိခင်၏ဂရုစိုက်မှု ပြုစုစောင့်ရှောက်မှုများကသားငယ်လေးတစ်ယောက်ကိုစိတ်ကျန်းမာ ပျော်ရွှင်သည့် ကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲစေနိုင်သည်

မိခင်၏အပြောအဆိုအပြုအမူများကသားလေး၏အပြောအဆိုအပြုအမူများကိုလွှမ်းမိုးနိုင်စွမ်းရှိသည်မိခင်ဆီမှဆက်ခံနိုင်သောအရည်အသွေးကယဉ်ကျေးပျူငှာ ဖော်ရွေခြင်း ဖြစ်သည်

(၂)၆ နှစ်မှ၁၄ နှစ်သားကိုဘယ်သူ လွှမ်းမိုးသလဲသားငယ်လေးက ကောင်လေးတစ်ယောက်ဖြစ်လာဖို့စတင် သင်ယူချင်သည်မိခင်ကိုတွယ်တာဆဲဖြစ်သော်လည်းဖခင်ကိုပို၍စိတ်ဝင်စားလာသည်

ဖခင်၏စကားလုံးကိုယ်နေဟန်ထားဝတ်စားဆင်ယင်မှုတို့ကိုမသိမသာ လေ့လာသည်ဤအဆင့်တွင် ကောင်လေး၏အရည်အချင်းတစ်မျိုးမျိုးကို မြေတောင်စမြှောက်ပေးနိုင်ဖို့အရေုးကြီးဆုံးကဖခင်ဖြစ်သလိုကိုယ်ချင်းစာကြင်နာတတ်ပြီး

အကြမ်းဖက်မှုမလိုလားတတ်စေရန်လည်းဖခင်ကစံနမူနာ ပြနိုင်သည်ထိုအချိန်ကို နောက်ကျမှ ပြန်မရနိုင်၍စီးပွားအတွက်အလုပ်များလွန်းသူ ဖေဖေများပိုဂရုစိုက်ပါ

(၃)၁၄ နှစ်မှ၁၈ နှစ်သားကိုဘယ်သူလွှမ်းမိုးသလဲဖခင်၏
အပြောအဆို၊အပြုအမူတို့ထက်ပတ်ဝန်းကျင်မှအမျိုးသားတို့၏အပြုအမူနှင့်လုပ်ဆောင်ချက်များကို ကောင်လေးကစတင်သင်ယူချင်သည်ဥပမာအတန်းကြီးမှကစားဖော်များစကားပြောဖော်များတစ်လမ်းတည်းသားဂစ်တာတီးဖော်အစ်ကိုကြီးများ၊

ကျောင်းဆရာကျူရှင်ဆရာများကိုအထင်ကြီးလွယ်သည်မိသားစုထက် ပိုယုံစားလွယ်သည်ဤအဆင့်တွင်မိခင်ရောဖခင်ပါလိမ္မာပါးနပ်ဖို့လိုသည်အမြင်မတူလျှင်မဆန့်ကျင်ပါနှင့်တူလာအောင်စည်းရုံးပါ

မတင်းကြပ်ပါနှင့်ပြေလည်ဖို့ညှိနှိုင်းပါမိမိသားနှင့် ပေါင်းသင်းဆက်ဆံနိုင်ချေရှိသူများကိုကြိုတင်လေ့လာစူးစမ်းပါတားမြစ်ဖို့လိုလျှင်အချိန်မီပါစေမိမိသားကိုလမ်းမှန်သို့လက်တွဲခေါ်မည့်သူကိုအသိအမှတ်ပြုပါလိုအပ်လျှင်သားလေးစားသောသား၏ဦးလေးဘကြီးအဖိုးတို့၏အကူအညီကိုရယူပါ။

သားပိုင်ရှင်များကကလေး၏အသက်အပိုင်းအခြားအရသတိမူစရာများသတိမူနိုင်ရန်၊ကျန်းမာပျော်ရွှင် ထူးချွန်ထက်မြက်သောသားယောက်ျားလေးများပျိုးထောင်နိုင်ရန်ရည်ရွယ်ရေးပါသည်

Crd,

Zawgyi
သားေယာက္်ားေလးမ်ားကိုျပဳစုပ်ိဳးေထာင္ျခင္းကထင္သေလာက္မလြယ္ပါ

သုေတသနမ်ားအရသားေလးမ်ားကသမီးေလးမ်ားထက္ ေက်ာင္းေျပးဖို႔စာေမးပြဲက်ဖိဳ႕ေဆးလိပ္အရက္ႏွင့္မူးယစ္ေဆးဝါးစမ္းသုံးၾကည့္ဖို႔မေတာ္တဆထိခိုက္ဒဏ္ရာရဖို႔စိတ္ဓာတ္က် ေရာဂါရဖို႔ျဖစ္နိုင္ေခ်ပိဳမ်ားသည္ဟုဆိုသည္သားေယာက္်ားေလးမ်ား၏စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈကိုစိတ္ပညာရွင္အခ်ိဳ႕ကအဆင့္၃ဆင့္ခြဲၾကသည္

(၁) ေမြးကင္းစမွ၆ ႏွစ္သားကိုဘယ္သူလႊမ္းမိုးသလဲ

သားသည္မိခင္ကိုအဓိကတြယ္တာသည္ဤအဆင့္တြင္မိခင္ဆီမွအေရးႀကီးဆုံးအလိုအပ္ဆုံးအရာသည္ခ်စ္ျခင္းေမတၱာႏွင့္ ႏြေးေထြးလုံၿခဳံမႈျဖစ္သည္မိခင္၏ဂ႐ုစိုက္မႈ ျပဳစုေစာင့္ေရွာက္မႈမ်ားကသားငယ္ေလးတစ္ေယာက္ကိုစိတ္က်န္းမာ ေပ်ာ္႐ႊင္သည့္ ေကာင္ေလးတစ္ေယာက္အျဖစ္ ေျပာင္းလဲေစနိုင္သည္

မိခင္၏အေျပာအဆိုအျပဳအမူမ်ားကသားေလး၏အေျပာအဆိုအျပဳအမူမ်ားကိုလႊမ္းမိုးနိုင္စြမ္းရွိသည္မိခင္ဆီမွဆက္ခံနိုင္ေသာအရည္အေသြးကယဥ္ေက်းပ်ဴငွာ ေဖာ္ေ႐ြျခင္း ျဖစ္သည္

(၂)၆ ႏွစ္မွ၁၄ ႏွစ္သားကိုဘယ္သူ လႊမ္းမိုးသလဲသားငယ္ေလးက ေကာင္ေလးတစ္ေယာက္ျဖစ္လာဖို႔စတင္ သင္ယူခ်င္သည္မိခင္ကိုတြယ္တာဆဲျဖစ္ေသာ္လည္းဖခင္ကိုပို၍စိတ္ဝင္စားလာသည္

ဖခင္၏စကားလုံးကိုယ္ေနဟန္ထားဝတ္စားဆင္ယင္မႈတို႔ကိုမသိမသာ ေလ့လာသည္ဤအဆင့္တြင္ ေကာင္ေလး၏အရည္အခ်င္းတစ္မ်ိဳးမ်ိဳးကို ေျမေတာင္စျမႇောက္ေပးနိုင္ဖို႔အေရုးႀကီးဆုံးကဖခင္ျဖစ္သလိုကိုယ္ခ်င္းစာၾကင္နာတတ္ၿပီး

အၾကမ္းဖက္မႈမလိုလားတတ္ေစရန္လည္းဖခင္ကစံနမူနာ ျပနိုင္သည္ထိုအခ်ိန္ကို ေနာက္က်မွ ျပန္မရနိုင္၍စီးပြားအတြက္အလုပ္မ်ားလြန္းသူ ေဖေဖမ်ားပိုဂ႐ုစိုက္ပါ

(၃)၁၄ ႏွစ္မွ၁၈ ႏွစ္သားကိုဘယ္သူလႊမ္းမိုးသလဲဖခင္၏
အေျပာအဆို၊အျပဳအမူတို႔ထက္ပတ္ဝန္းက်င္မွအမ်ိဳးသားတို႔၏အျပဳအမူႏွင့္လုပ္ေဆာင္ခ်က္မ်ားကို ေကာင္ေလးကစတင္သင္ယူခ်င္သည္ဥပမာအတန္းႀကီးမွကစားေဖာ္မ်ားစကားေျပာေဖာ္မ်ားတစ္လမ္းတည္းသားဂစ္တာတီးေဖာ္အစ္ကိုႀကီးမ်ား၊

ေက်ာင္းဆရာက်ဴရွင္ဆရာမ်ားကိုအထင္ႀကီးလြယ္သည္မိသားစုထက္ ပိုယုံစားလြယ္သည္ဤအဆင့္တြင္မိခင္ေရာဖခင္ပါလိမၼာပါးနပ္ဖို႔လိုသည္အျမင္မတူလွ်င္မဆန႔္က်င္ပါႏွင့္တူလာေအာင္စည္း႐ုံးပါ

မတင္းၾကပ္ပါႏွင့္ေျပလည္ဖို႔ညွိႏွိုင္းပါမိမိသားႏွင့္ ေပါင္းသင္းဆက္ဆံနိုင္ေခ်ရွိသူမ်ားကိုႀကိဳတင္ေလ့လာစူးစမ္းပါတားျမစ္ဖို႔လိုလွ်င္အခ်ိန္မီပါေစမိမိသားကိုလမ္းမွန္သို႔လက္တြဲေခၚမည့္သူကိုအသိအမွတ္ျပဳပါလိုအပ္လွ်င္သားေလးစားေသာသား၏ဦးေလးဘႀကီးအဖိုးတို႔၏အကူအညီကိုရယူပါ။

သားပိုင္ရွင္မ်ားကကေလး၏အသက္အပိုင္းအျခားအရသတိမူစရာမ်ားသတိမူနိုင္ရန္၊က်န္းမာေပ်ာ္႐ႊင္ ထူးခြၽန္ထက္ျမက္ေသာသားေယာက္်ားေလးမ်ားပ်ိဳးေထာင္နိုင္ရန္ရည္႐ြယ္ေရးပါသည္

Crd,