မြန်မာ့သမိုင်းဝင်မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ပင်းယမြို့ဟောင်းကို တည်ထောင်ခဲ့သူ တစ်စီးရှင် သီဟသူ အကြောင်း

တရုတ်သို့ပြန်လေသော် ရှမ်းညီနောင်သုံးပါးအနက် နောင်တော် ရာဇသင်္ကြသည် သက္ကရာဇ် ၆၆၆ တွင် မြင်စိုင်းတွင် ရွှေနန်းတည်လေသည်။

ညီတော်အလတ် အသင်္ခယာကား မက္ခရာမြို့တွင် နန်းတည်လေသည်။ ညီတော်အငယ် သီဟသူကား ပင်လယ်မြို့တွင် နန်းတည်လေသည်။

ပြည်ထောင် ၃ ပြည်ထောင်တွင် အသင်္ခယာမူကား နန်းတည်ပြီး ၅ နှစ်ကြာသော် အနိစ္စရောက်လေသည်။ မြင်စိုင်းရွှေနန်းရှင်သည်လည်း မင်းဖြစ်ပြီး ၁၂ ကြာသော် ညီတော်သီဟသူ ဆေးခတ်သဖြင့် အနိစ္စရောက်ပြန်လေသည်။ သီဟသူသည် မြင်စိုင်းရွှေနန်းရှင် မလွန်မီကပင် ပင်းယမြို့ကို တည်လေသည်။

ပင်းယမြို့ကိုတည်ပြီး ၂ နှစ်ကြာသော် စမုန်မြစ်တွင် ဆင်ဖြူတစီးမျောလာသည်ကို ပညာရှိအမတ်တို့က ညုပ်ဖြင့် ထူပြီး စီးစေသဖြင့် တစီးရှင်သီဟသူဟူ၍ နောင်ပိုင်းတွင် အမည်တွင်လေသည်။ သီဟသူတွင် သားတော် ၃ ပါးရှိလေသည်။

သားတော် ၃ ပါးတို့တွင် ရှိသော အင်အားကို စုံစမ်းလေရာ သားတော်ကြီး၊ သားတော်လတ် တို့တွင် နောက်လိုက်အင်အား သောင်းကျော်ရှိကြလေသည်။ သားတော်အငယ် အသင်္ခယာ စောယွမ်းတွင်ကား ကျွန် ၅ ဦးသာရှိသဖြင့် ခေါ်စေလေသည်။

သီဟသူမှ“ ငါမရှိလျှင် နင်အစ်ကိုတို့ သင်းကို နှိပ်စက်လိမ့်မည်၊ မကြောက်သလော” ဟုမေးလေသည်။အင်္သယာစောယွမ်းမှလည်း “ ခမည်းတော်မှ မချီးမြင့်ဘဲ” ဟု ပြန်လည်လျှောက်လေသည်။ မင်းကြီးလည်း နင်အစ်ကိုတို့ ရှိ၍သာ ငါမပေးခြင်းဖြစ်သည်၊ လိုချင်လျှင် နင့်အစ်ကိုတို့ကို သွားပြောချေ၊ သူတို့ သဘောတူ လျှင် နင်စားရမည်ဟု ဆိုလေသည်။

အင်္သယာစောယွမ်းလည် နောင်တော်တို့ထံ မိမိတွင် အင်အားအလုံးအရင်းလည်း မရှိ စားစရာ မြို့နယ် လည်း မရှိဟု လျှောက်လေသော် နောင်တော်တို့မှ သနားသဖြင့် ခမည်းတော်ထံ စစ်ကိုင်းကို အပိုင်ပေးစားရန် လျှောက်တင်ကြလေသည်။ သီဟသူလည်း သဘောတူပြီး အပိုင်ပေးစားလေသည်။

တနေ့တွင် သီဟသူသည် သားတော်အငယ် အသင်္ခယစောယွမ်း အရည်အသွေးကို စုံစမ်းလိုသဖြင့် စစ်ကိုင်းတွင် အပိုင်စားနေသော အသင်္ခယစောယွမ်းကို မြို့ကို သွားတိုက်ခိုက်ရန် သားတော်အကြီးကို အမိန့် ပေးလေသည်။ သားတော်လည်း ဘုရင်အမိန့်ကြောင့် ဆင်မြင်းအလုံးအရင်းဖြင့် စစ်ကိုင်းကို လာလေသည်။

စောယွမ်းလည်း ခမည်းတော်မှ ပညာစမ်းနေမှန်းသိသဖြင့် နောင်တော်ကို ဆီးကြိုတိုက်ခိုက်သော် နောင်တော် တပ်ပျက်လေသည်။ ပျက်ပြီး နေပြည်တော်သို့ပြန်လေရာ သီဟသူမှ “ထွီ“ ဟုလုပ်ပြီး ကဲ့ရဲ့ လေသည်။

နောက်တဖန် သားတော်လတ်ကိုလည်း ထိုနည်းလည်းကောင်း တိုက်ခိုက်စေရာ တပ်ပျက်ပြီး ပြန်လာရာပြန်သည်။ မင်းကြီးမှ သားတော်အငယ်ကား လုပ်ရည်ကြံရည်ရှိသည်ဟု သဘောကျလေသည်။

တစ်စီးရှင်သီဟသူသည် သာသနာကိုလည်း ထောက်ပံ့သောမင်းဖြစ်လေသည်။ သရီရဓာတ်တော် များကိုလည်း ရွှေစည်းခုံတွင် ဌာပနာတော်မူလေသည်။ တစ်စီးရှင်သီဟသူ သက်တော် ၅၅ တွင် အနိစ္စ ရောက်တော်မူလေသည်။

အနိစ္စရောက်သော် သားတော် အကြီးမှ သက္ကရာဇ်(၆၈၄) တွင် နန်းတက်တော်မူလေသည်။ ထိုအချိန်တွင် ညီလတ် ကျော်စွာမှာ ပင်လယ်တွင် နန်းပြုနေပြီး၊ ညီငယ် အသင်္ခယာစောယွမ်းမှာ စစ်ကိုင်းတွင် နန်းပြု နေလေသည်။

crd,မူရင်းရေးသားသူအားလေးစားစံာဖြင့်

Zawgyi
တ႐ုတ္သို႔ျပန္ေလေသာ္ ရွမ္းညီေနာင္သုံးပါးအနက္ ေနာင္ေတာ္ ရာဇသၾကၤသည္ သကၠရာဇ္ ၆၆၆ တြင္ ျမင္စိုင္းတြင္ ေ႐ႊနန္းတည္ေလသည္။

ညီေတာ္အလတ္ အသခၤယာကား မကၡရာၿမိဳ႕တြင္ နန္းတည္ေလသည္။ ညီေတာ္အငယ္ သီဟသူကား ပင္လယ္ၿမိဳ႕တြင္ နန္းတည္ေလသည္။

ျပည္ေထာင္ ၃ ျပည္ေထာင္တြင္ အသခၤယာမူကား နန္းတည္ၿပီး ၅ ႏွစ္ၾကာေသာ္ အနိစၥေရာက္ေလသည္။ ျမင္စိုင္းေ႐ႊနန္းရွင္သည္လည္း မင္းျဖစ္ၿပီး ၁၂ ၾကာေသာ္ ညီေတာ္သီဟသူ ေဆးခတ္သျဖင့္ အနိစၥေရာက္ျပန္ေလသည္။ သီဟသူသည္ ျမင္စိုင္းေ႐ႊနန္းရွင္ မလြန္မီကပင္ ပင္းယၿမိဳ႕ကို တည္ေလသည္။

ပင္းယၿမိဳ႕ကိုတည္ၿပီး ၂ ႏွစ္ၾကာေသာ္ စမုန္ျမစ္တြင္ ဆင္ျဖဴတစီးေမ်ာလာသည္ကို ပညာရွိအမတ္တို႔က ၫုပ္ျဖင့္ ထူၿပီး စီးေစသျဖင့္ တစီးရွင္သီဟသူဟူ၍ ေနာင္ပိုင္းတြင္ အမည္တြင္ေလသည္။ သီဟသူတြင္ သားေတာ္ ၃ ပါးရွိေလသည္။

သားေတာ္ ၃ ပါးတို႔တြင္ ရွိေသာ အင္အားကို စုံစမ္းေလရာ သားေတာ္ႀကီး၊ သားေတာ္လတ္ တို႔တြင္ ေနာက္လိုက္အင္အား ေသာင္းေက်ာ္ရွိၾကေလသည္။ သားေတာ္အငယ္ အသခၤယာ ေစာယြမ္းတြင္ကား ကြၽန္ ၅ ဦးသာရွိသျဖင့္ ေခၚေစေလသည္။

သီဟသူမွ ငါမရွိလွ်င္ နင္အစ္ကိုတို႔ သင္းကို ႏွိပ္စက္လိမ့္မည္၊ မေၾကာက္သေလာ ဟုေမးေလသည္။အသၤယာေစာယြမ္းမွလည္း ခမည္းေတာ္မွ မခ်ီးျမင့္ဘဲ ဟု ျပန္လည္ေလွ်ာက္ေလသည္။ မင္းႀကီးလည္း နင္အစ္ကိုတို႔ ရွိ၍သာ ငါမေပးျခင္းျဖစ္သည္၊ လိုခ်င္လွ်င္ နင့္အစ္ကိုတို႔ကို သြားေျပာေခ်၊ သူတို႔ သေဘာတူ လွ်င္ နင္စားရမည္ဟု ဆိုေလသည္။

အသၤယာေစာယြမ္းလည္ ေနာင္ေတာ္တို႔ထံ မိမိတြင္ အင္အားအလုံးအရင္းလည္း မရွိ စားစရာ ၿမိဳ႕နယ္ လည္း မရွိဟု ေလွ်ာက္ေလေသာ္ ေနာင္ေတာ္တို႔မွ သနားသျဖင့္ ခမည္းေတာ္ထံ စစ္ကိုင္းကို အပိုင္ေပးစားရန္ ေလွ်ာက္တင္ၾကေလသည္။ သီဟသူလည္း သေဘာတူၿပီး အပိုင္ေပးစားေလသည္။

တေန႕တြင္ သီဟသူသည္ သားေတာ္အငယ္ အသခၤယေစာယြမ္း အရည္အေသြးကို စုံစမ္းလိုသျဖင့္ စစ္ကိုင္းတြင္ အပိုင္စားေနေသာ အသခၤယေစာယြမ္းကို ၿမိဳ႕ကို သြားတိုက္ခိုက္ရန္ သားေတာ္အႀကီးကို အမိန့္ ေပးေလသည္။ သားေတာ္လည္း ဘုရင္အမိန့္ေၾကာင့္ ဆင္ျမင္းအလုံးအရင္းျဖင့္ စစ္ကိုင္းကို လာေလသည္။

ေစာယြမ္းလည္း ခမည္းေတာ္မွ ပညာစမ္းေနမွန္းသိသျဖင့္ ေနာင္ေတာ္ကို ဆီးႀကိဳတိုက္ခိုက္ေသာ္ ေနာင္ေတာ္ တပ္ပ်က္ေလသည္။ ပ်က္ၿပီး ေနျပည္ေတာ္သို႔ျပန္ေလရာ သီဟသူမွ ထြီ ဟုလုပ္ၿပီး ကဲ့ရဲ႕ ေလသည္။

ေနာက္တဖန္ သားေတာ္လတ္ကိုလည္း ထိုနည္းလည္းေကာင္း တိုက္ခိုက္ေစရာ တပ္ပ်က္ၿပီး ျပန္လာရာျပန္သည္။ မင္းႀကီးမွ သားေတာ္အငယ္ကား လုပ္ရည္ႀကံရည္ရွိသည္ဟု သေဘာက်ေလသည္။

တစ္စီးရွင္သီဟသူသည္ သာသနာကိုလည္း ေထာက္ပံ့ေသာမင္းျဖစ္ေလသည္။ သရီရဓာတ္ေတာ္ မ်ားကိုလည္း ေ႐ႊစည္းခုံတြင္ ဌာပနာေတာ္မူေလသည္။ တစ္စီးရွင္သီဟသူ သက္ေတာ္ ၅၅ တြင္ အနိစၥ ေရာက္ေတာ္မူေလသည္။

အနိစၥေရာက္ေသာ္ သားေတာ္ အႀကီးမွ သကၠရာဇ္(၆၈၄) တြင္ နန္းတက္ေတာ္မူေလသည္။ ထိုအခ်ိန္တြင္ ညီလတ္ ေက်ာ္စြာမွာ ပင္လယ္တြင္ နန္းျပဳေနၿပီး၊ ညီငယ္ အသခၤယာေစာယြမ္းမွာ စစ္ကိုင္းတြင္ နန္းျပဳ ေနေလသည္။

crd,မူရင္းေရးသားသူအားေလးစားစံာျဖင့္