“တောင်ကြီးမြို့ကို ဘယ်သူတည်ထောင်ခဲ့သလဲ”

(၁၈၉၄)ခုစက်တင်ဘာလမှာတောင်ကြီးမြို့ကိုအင်္ဂလိပ်တွေ စတင်တည်ထောင်ခဲ့တယ်။ အရင်ကကုန်သည်တွေ၊စျေးသည်တွေစျေးရောင်းစျေးဝယ်ကုန်ဖလှယ်တဲ့ နေရာဖြစ်တယ်။

အဲဒီနေရာကအချက်အချာကျလို့အင်္ဂလိပ်အစိုးရက အုပ်ချုပ်ရေးမြို့အဖြစ်ပြောင်းလဲခဲ့တာဖြစ်တယ်။ မြို့သက်တမ်းကနှစ်ပေါင်း ၁၃၀နီးပါးရှိပါပြီ။ ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့တည်တဲ့ ရက်က (၁၅-၉-၁၈၉၄) ဖြစ်တယ်။

ညောင်ရွှေနယ် မိုင်းသောက်က စတက်မင်းခံတပ်ကနေ ရွှေ့လာတဲ့ရက်ကို ယူထားတာဖြစ်တယ်။အဲဒီအကြောင်းလေးကို ကိုလိုနီခေတ်လို့ခေါ်တဲ့ အင်္ဂလိပ်ခေတ် မှာ အင်္ဂလိပ်တွေ မှတ်တမ်းရေးခဲ့ပါတယ်။ တောင်ကြီးမြို့ဖြစ်ပေါ်လာပုံတောင်ကြီးမှတ်တမ်းကိုဗဟုသုတအဖြစ် အောက်က အတိုင်း အကျဉ်းသဘော ဘာသာပြန် တင်ပြပေးထားပါတယ်။

အင်္ဂလိပ်တို့ ၁၈၈၅ ခုနှစ်မှာ အထက်မြန်မာနိုင်ငံကို သိမ်းပြီးလို့ ကိုလိုနီအုပ်ချုပ်ရေးကို ထူထောင်တဲ့ အခါ ရှမ်းပြည် ရှမ်းဒေသကိုလည်း ရုံးစိုက်ဖို့ ရောက်လာခဲ့ပါတယ်။ ပထမတော့ ယောင်းဟွေ ခေါ် ညောင်ရွှေနယ်ထဲက စတက်မင်း (Fort Stedman ) ခံတပ်မှာဘဲ အင်္ဂလိပ်တွေရုံးစိုက်တာပါ။

အင်္ဂလန်နိုင်ငံနဲ့ ရာသီဥတုနီးစပ်တဲ့ တောင်ပေါ် တွန်တီး လို့ခေါ်တဲ့ ရှမ်းရွာလေးနေရာမှာ ရုံးစိုက်ဖို့ အကြိမ်ကြိမ် အခါခါလေ့လာပြီးမှ သူတို့အုပ်ချုပ်ရေးရုံစိုက်ဖို့ ဆုံးဖြတ်တာပါ။

၁၅ စက်တင်ဘာ ၁၈၉၄ ရက်နေ့မှာ တောင်စခန်းမြို့လေးအဖြစ်စတင်ဆောက်ခဲ့တာဖြစ်တယ်။ သူတို့ရဲ့ အရပ်ဖက်အုပ်ချုပ်ရေး ဌာနတွေကိုလည်း မူလ ညောင်ရွှေနယ်ထဲက စတက်မင်းခံတပ်ကနေ အကုန်လုံးပြောင်းရွှေ့ လာခဲ့ပါတယ်။ ရွှေ့ပြောင်းလာတဲ့ ဌာနပေါင်း (၁၇) ခုရှိပါတယ်။ မြို့ဆောက်ခါစက ၂၀၀၀ ဧကလောက်ကိုဘဲ ယူပါတယ်။

တောင်နဲ့မြောက်မင်းလမ်းကို ဖောက်ပြီးတဲ့အခါ မင်းလမ်းရဲ့အရှေ့ဖက်မှာ စာရေးရပ်ကွက် ၊ အရပ်ရဲစခန်း ၊ ကုန်သွယ်ရေးရုံး ၊ လက်မှုလုပ်ငန်းရုံးစတာတွေထားပါတယ်။ မြို့စောင့်တပ်အနေနဲ့က စတက်မင်းခံတပ်က ခေါ်လာတဲ့ စစ်သား စုစုပေါင်း (၅၀) ဦးဘဲရှိပါတယ်။အရပ်ဖက်အရာရှိ အုပ်ချုပ်မှုအောက်မှာ ထားပါတယ်။

အရာရှိရုံးတွေကို ကျောက်နဲ့ဆောက်ပြီး ရေပေးဝေရေးစနစ်က အရှေ့ဖက်ဆင်းလာတဲ့ စမ်းချောင်းကနေ ရေဖြန့်ပေးပါတယ်။ မြို့ရဲ့မြောက်ဖက်ပိုင်းမှာ ရှမ်းရပ်ကွက် နဲ့ စျေး ၊ စော်ဘွားရပ်ကွက်တွေလုပ်ပေးထားပါတယ်။ စျေးကတော့ ယာယီစျေးသာလုပ်ထားတဲ့အတွက် (၅) ရက် တစ်စျေးဖြစ်ပါတယ်။ အကျယ်က ကိုက် (၅၀) ပတ်လည် လောက်ဘဲရှိတာ။

ပတ်ပတ်လည်မှာ ရှမ်းရပ်ကွက်ရှိတယ်။ ဇွန်လ ၁၈၉၇ ခုနှစ်မှာ အင်္ဂလိပ် တို့ကောက်ခဲ့တဲ့ မှတ်တမ်းအရ တောင်ကြီးမြို့သစ်ရဲ့ လူဦးရေက (၁၂၄၇) ဦး၊ အိမ်ခြေက (၃၃၆) အိမ်၊ လူမျိုးအနေနဲ့ပြောရင်တော့ – ရှမ်း (၈၅၁) ဦး ၊ ဗမာ (၁၇၅) ဦး ၊ ကုလား (၁၈၉) ဦး ၊ တရုတ် (၃၂) ဦး ပေါင်း (၁၂၄၇) ဦးရှိပါတယ်။

(မှတ်ချက်- ၁၈၉၇ ခုနှစ် ဇွန်လမှာ ကောက်ခဲ့တဲ့ အင်္ဂလိပ်မှတ် တမ်းအရ ၁၈၉၇ ခုနှစ် အထိ အများစိတ်ဝင်စားနေတဲ့ ပအိုဝ်းလူမျိုး တစ်ယောက်မှ မရှိသေးပါ။)

မူရင်းရေးသားသူအား လေးစားစွာဖြင့် credit

Zawgyi
(၁၈၉၄)ခုစက္တင္ဘာလမွာေတာင္ႀကီးၿမိဳ႕ကိုအဂၤလိပ္ေတြ စတင္တည္ေထာင္ခဲ့တယ္။ အရင္ကကုန္သည္ေတြ၊ေစ်းသည္ေတြေစ်းေရာင္းေစ်းဝယ္ကုန္ဖလွယ္တဲ့ ေနရာျဖစ္တယ္။

အဲဒီေနရာကအခ်က္အခ်ာက်လိဳ႕အဂၤလိပ္အစိုးရက အုပ္ခ်ဳပ္ေရးၿမိဳ႕အျဖစ္ေျပာင္းလဲခဲ့တာျဖစ္တယ္။ ၿမိဳ႕သက္တမ္းကႏွစ္ေပါင္း ၁၃၀နီးပါးရွိပါၿပီ။ ရွမ္းျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕တည္တဲ့ ရက္က (၁၅-၉-၁၈၉၄) ျဖစ္တယ္။

ေညာင္ေ႐ႊနယ္ မိုင္းေသာက္က စတက္မင္းခံတပ္ကေန ေ႐ႊ႕လာတဲ့ရက္ကို ယူထားတာျဖစ္တယ္။အဲဒီအေၾကာင္းေလးကို ကိုလိုနီေခတ္လို႔ေခၚတဲ့ အဂၤလိပ္ေခတ္ မွာ အဂၤလိပ္ေတြ မွတ္တမ္းေရးခဲ့ပါတယ္။ ေတာင္ႀကီးၿမိဳ႕ျဖစ္ေပၚလာပုံေတာင္ႀကီးမွတ္တမ္းကိုဗဟုသုတအျဖစ္ ေအာက္က အတိုင္း အက်ဥ္းသေဘာ ဘာသာျပန္ တင္ျပေပးထားပါတယ္။

အဂၤလိပ္တို႔ ၁၈၈၅ ခုႏွစ္မွာ အထက္ျမန္မာနိုင္ငံကို သိမ္းၿပီးလို႔ ကိုလိုနီအုပ္ခ်ဳပ္ေရးကို ထူေထာင္တဲ့ အခါ ရွမ္းျပည္ ရွမ္းေဒသကိုလည္း ႐ုံးစိုက္ဖို႔ ေရာက္လာခဲ့ပါတယ္။ ပထမေတာ့ ေယာင္းေဟြ ေခၚ ေညာင္ေ႐ႊနယ္ထဲက စတက္မင္း (Fort Stedman ) ခံတပ္မွာဘဲ အဂၤလိပ္ေတြ႐ုံးစိုက္တာပါ။

အဂၤလန္နိုင္ငံနဲ႕ ရာသီဥတုနီးစပ္တဲ့ ေတာင္ေပၚ တြန္တီး လို႔ေခၚတဲ့ ရွမ္း႐ြာေလးေနရာမွာ ႐ုံးစိုက္ဖို႔ အႀကိမ္ႀကိမ္ အခါခါေလ့လာၿပီးမွ သူတို႔အုပ္ခ်ဳပ္ေရး႐ုံစိုက္ဖို႔ ဆုံးျဖတ္တာပါ။

၁၅ စက္တင္ဘာ ၁၈၉၄ ရက္ေန႕မွာ ေတာင္စခန္းၿမိဳ႕ေလးအျဖစ္စတင္ေဆာက္ခဲ့တာျဖစ္တယ္။ သူတို႔ရဲ႕ အရပ္ဖက္အုပ္ခ်ဳပ္ေရး ဌာနေတြကိုလည္း မူလ ေညာင္ေ႐ႊနယ္ထဲက စတက္မင္းခံတပ္ကေန အကုန္လုံးေျပာင္းေ႐ႊ႕ လာခဲ့ပါတယ္။ ေ႐ႊ႕ေျပာင္းလာတဲ့ ဌာနေပါင္း (၁၇) ခုရွိပါတယ္။ ၿမိဳ႕ေဆာက္ခါစက ၂၀၀၀ ဧကေလာက္ကိုဘဲ ယူပါတယ္။

ေတာင္နဲ႕ေျမာက္မင္းလမ္းကို ေဖာက္ၿပီးတဲ့အခါ မင္းလမ္းရဲ႕အေရွ႕ဖက္မွာ စာေရးရပ္ကြက္ ၊ အရပ္ရဲစခန္း ၊ ကုန္သြယ္ေရး႐ုံး ၊ လက္မႈလုပ္ငန္း႐ုံးစတာေတြထားပါတယ္။ ၿမိဳ႕ေစာင့္တပ္အေနနဲ႕က စတက္မင္းခံတပ္က ေခၚလာတဲ့ စစ္သား စုစုေပါင္း (၅၀) ဦးဘဲရွိပါတယ္။အရပ္ဖက္အရာရွိ အုပ္ခ်ဳပ္မႈေအာက္မွာ ထားပါတယ္။

အရာရွိ႐ုံးေတြကို ေက်ာက္နဲ႕ေဆာက္ၿပီး ေရေပးေဝေရးစနစ္က အေရွ႕ဖက္ဆင္းလာတဲ့ စမ္းေခ်ာင္းကေန ေရျဖန႔္ေပးပါတယ္။ ၿမိဳ႕ရဲ႕ေျမာက္ဖက္ပိုင္းမွာ ရွမ္းရပ္ကြက္ နဲ႕ ေစ်း ၊ ေစာ္ဘြားရပ္ကြက္ေတြလုပ္ေပးထားပါတယ္။ ေစ်းကေတာ့ ယာယီေစ်းသာလုပ္ထားတဲ့အတြက္ (၅) ရက္ တစ္ေစ်းျဖစ္ပါတယ္။ အက်ယ္က ကိုက္ (၅၀) ပတ္လည္ ေလာက္ဘဲရွိတာ။

ပတ္ပတ္လည္မွာ ရွမ္းရပ္ကြက္ရွိတယ္။ ဇြန္လ ၁၈၉၇ ခုႏွစ္မွာ အဂၤလိပ္ တို႔ေကာက္ခဲ့တဲ့ မွတ္တမ္းအရ ေတာင္ႀကီးၿမိဳ႕သစ္ရဲ႕ လူဦးေရက (၁၂၄၇) ဦး၊ အိမ္ေျခက (၃၃၆) အိမ္၊ လူမ်ိဳးအေနနဲ႕ေျပာရင္ေတာ့ ရွမ္း (၈၅၁) ဦး ၊ ဗမာ (၁၇၅) ဦး ၊ ကုလား (၁၈၉) ဦး ၊ တ႐ုတ္ (၃၂) ဦး ေပါင္း (၁၂၄၇) ဦးရွိပါတယ္။

(မွတ္ခ်က္- ၁၈၉၇ ခုႏွစ္ ဇြန္လမွာ ေကာက္ခဲ့တဲ့ အဂၤလိပ္မွတ္ တမ္းအရ ၁၈၉၇ ခုႏွစ္ အထိ အမ်ားစိတ္ဝင္စားေနတဲ့ ပအိုဝ္းလူမ်ိဳး တစ္ေယာက္မွ မရွိေသးပါ။)

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ credit