ယောက်ျားတိုင်းကလေးအဖေဖြစ်နိုင်တယ်ဒါပေမယ့်ဖခင်ကောင်းတစ်ယောက်တော့မဖြစ်နိုင်ဘူး

သားသမီး မွေးနေ့ကို မသိတဲ့သူသားသမီးတက်နေတဲ့အတန်းကိုမသိတဲ့သူသားသမီးကဘာကြိုက်တတ်လဲမသိတဲ့သူသားသမီးကိုနားဝင်အောင်ဘယ်လိုဆုံးမရမလဲမသိတဲ့သူသားသမီးအနာဂတ်အတွက်ဘာအစီအစဉ်မှမရှိတဲ့သူဘယ်သူလို့ထင်ပါသလဲ

ကလေးတွေအတွက်အဖေလို့နေရာယူထားတဲ့တစ်ချို့သောသူတွေပေါ့ရှင်အိမ်ထောင်မကျသေးတဲ့မိန်းကလေးတွေကအိမ်ထောင်ဖက်ကကိုယ့်ကိုချစ်နေရင်ပြီးရောထင်တတ်ကြတယ်အိမ်ထောင်ကျနေတဲ့မိန်းမတွေကတောအိမ်ထောင်ဖက်က စီးပွားရေး အဆင်ပြေရင် ပြီးရောထင်တတ်ကြတယ်

သားသမီးတွေရှိနေတဲ့ မိသားစုတွေမှာတောအဖေ နေရာ ရှိနေရင်ပြီးရော လက်ခံထားကြပြန်ပါတယ်အဖေတော့ အဖေပါပဲရှိလည်းမထူးမရှိလည်းမထူးတဲ့အဖေမျိုးလည်းရှိပါတယ်ဆိုတာကိုတော့မေ့နေတတ်ကြတယ်။

အဲဒီလိုဘာမှမသိတဲ့သူတွေဆီကသားသမီးနဲ့ ပတ်သက်လာရင်မင်းက အသုံးမကျတဲ့မိန်းမမင်းအသုံးမကျလို့ ဒီလို ဖြစ်တာလို့ပြောထွက်ရဲတဲ့ပါးစပ်ကြီးပါရှိနေရင်တော့ဒီမိန်းမဘဝမှာဒေါသနဲ့ပဲနေ့စဉ်ဖြတ်သန်းနေရတော့မယ်ပေါ့ရှင်ကလေးတယောက်ကို ဗိုက်ထဲမှာ ထည့်မွေးလိုက်လို့ဒီကလေးနဲ့ပတ်သက်လာရင်မိခင်ဖြစ်သူမှာသာ၁၀၀ရာခိုင်နှုန်း တာဝန်ရှိတယ်လို့

အတ္တကြီးတဲ့ပတ်ဝန်းကျင်မျိုးကလက်ခံထားတတ်ကြပါတယ်ငွေရှာပေးနေတာပဲမျက်နှာထားနဲ့သားသမီးနဲ့ ပတ်သက်လို့ဘာဆိုဘာမှမသိတဲ့ဖခင်မျိုးဟာဒီမိသားစုထဲမှာအသုံးမဝင်ပါဘူးလို့အမျိုးသမီးထု ကိုယ်စားပြောပြချင်မိပါတယ်ဘာဖြစ်လို့လဲသိလားသားသမီးဆိုတာဂရုစိုက်မှု နဲ့ချစ်ခြင်းမေတ္တာ ရေလောင်းပေါင်းသင်မှပျိုးပင်မှန်ပြီးရှင်သန်ကြီးထွားခွင့်ရတဲ့

လူသားတွေမို့လို့ပါသူတို့ဘဝမှာငါ့အဖေလို့တွေးလိုက်တာနဲ့အိမ်မှာထိုင်ပြီးသူကြိုက်တာလုပ်နေတဲ့သူတချိန်လုံးမျက်နှာသုန်မှုန်ပြီးအော်ဟစ်ငေါက်ငမ်းနေတဲ့သူအမေကိုတချိန်လုံးဆူပူအပြစ်တင်နေတဲ့ ယောကျားကြီး လို့ယူဆမိမယ့်အစားငါ့ဘဝကိုလုံခြုံမှုပေးမယ့်သူငါ့ကိုအချစ်ဆုံးယောကျားငါ့အတွက်အရှေ့ကရပ်တည် ကာကွယ်ပေးမယ့်သူငါ့ရဲ့စံပြဆိုတာမျိုးပဲဖြစ်နေသင့်ပါတယ်

သားတို့သမီးတို့ ဖေဖေကြောင့် မေမေတို့ဒီလိုနေနိုင်စားနိုင်တာဆိုတာအပြင်သူငွေရှာနေတော့သူ့ကို ကြောက်ရမယ်ဆိုတာကိုတော့ နုနယ်တဲ့သားသမီးတွေလက်ခံနိုင်ဖို့ခဲယဉ်းလှပါတယ်အချိန်မရှိလို့ပါဆိုတဲ့ဆင်ခြေနောက်မှာသားသမီးလေးလူ့လောကကို ရောက်လာတဲ့ နေ့ကို မေ့ပစ်ရမယ်လို့မပါပါဘူး

အလုပ်တွေများလို့ပါဆိုတဲ့ဆင်ခြေနောက်မှာငါ့သားသမီးလေးတွေကြိုက်တတ်တဲ့အရာကိုမလေ့လာလည်းရတယ်ဆိုတာမဖြစ်နိုင်ပါဘူးစိတ်ရှုတ်နေလို့ပါဆိုတဲ့ဆင်ခြေနောက်မှာအိမ်ကမိသားစုအပေါ်အပြစ်ရှာဆူပူနေဖို့မလိုအပ်ပါဘူးတကယ်လို့ပေါ့လေမိန်းမတယောက်ဘဝမှာဒီလိုယောကျားတယောက်ကိုသားသမီးတို့ရဲ့ဖခင်နေရာမှာ ထားထားမိတယ်ဆိုရင်တော့သူ့အပေါ်၁၀၀ရာခိုင်နှုန်းမှီခိုနေမယ့်အစားကိုယ့်ရဲ့

စားဝတ်နေရေးကိုဖန်တီးနိုင်မယ့်လမ်းစတစ်ခုစစဉ်းစားထားလိုက်ပါတော့လို့ ကျွန်မတိုက်တွန်းမယ်ပတ်ဝန်းကျင်ကတော့ဒီလိုလူကိုမိသားစုဘဝမပြိုကွဲရေးအတွက်အိမ်မှာရှိနေဖို့လိုအပ်တယ်လို့လက်ခံထားကြတယ်

အိမ်ရှင်မအတွက်ကတော့ဒီလိုလူကြောင့်ကိုယ့်အနာဂတ်မပြိုလဲဖို့ကိုယ့်လမ်းကိုယ်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ကျွန်မအကြံပေးလိုက်ပါ့မယ်

crd,

Zawgyi
သားသမီး ေမြးေန႕ကို မသိတဲ့သူသားသမီးတက္ေနတဲ့အတန္းကိုမသိတဲ့သူသားသမီးကဘာႀကိဳက္တတ္လဲမသိတဲ့သူသားသမီးကိုနားဝင္ေအာင္ဘယ္လိုဆုံးမရမလဲမသိတဲ့သူသားသမီးအနာဂတ္အတြက္ဘာအစီအစဥ္မွမရွိတဲ့သူဘယ္သူလို႔ထင္ပါသလဲ

ကေလးေတြအတြက္အေဖလို႔ေနရာယူထားတဲ့တစ္ခ်ိဳ႕ေသာသူေတြေပါ့ရွင္အိမ္ေထာင္မက်ေသးတဲ့မိန္းကေလးေတြကအိမ္ေထာင္ဖက္ကကိုယ့္ကိုခ်စ္ေနရင္ၿပီးေရာထင္တတ္ၾကတယ္အိမ္ေထာင္က်ေနတဲ့မိန္းမေတြကေတာအိမ္ေထာင္ဖက္က စီးပြားေရး အဆင္ေျပရင္ ၿပီးေရာထင္တတ္ၾကတယ္

သားသမီးေတြရွိေနတဲ့ မိသားစုေတြမွာေတာအေဖ ေနရာ ရွိေနရင္ၿပီးေရာ လက္ခံထားၾကျပန္ပါတယ္အေဖေတာ့ အေဖပါပဲရွိလည္းမထူးမရွိလည္းမထူးတဲ့အေဖမ်ိဳးလည္းရွိပါတယ္ဆိုတာကိုေတာ့ေမ့ေနတတ္ၾကတယ္။

အဲဒီလိုဘာမွမသိတဲ့သူေတြဆီကသားသမီးနဲ႕ ပတ္သက္လာရင္မင္းက အသုံးမက်တဲ့မိန္းမမင္းအသုံးမက်လိဳ႕ ဒီလို ျဖစ္တာလို႔ေျပာထြက္ရဲတဲ့ပါးစပ္ႀကီးပါရွိေနရင္ေတာ့ဒီမိန္းမဘဝမွာေဒါသနဲ႕ပဲေန႕စဥ္ျဖတ္သန္းေနရေတာ့မယ္ေပါ့ရွင္ကေလးတေယာက္ကို ဗိုက္ထဲမွာ ထည့္ေမြးလိုက္လို႔ဒီကေလးနဲ႕ပတ္သက္လာရင္မိခင္ျဖစ္သူမွာသာ၁၀၀ရာခိုင္ႏႈန္း တာဝန္ရွိတယ္လို႔

အတၱႀကီးတဲ့ပတ္ဝန္းက်င္မ်ိဳးကလက္ခံထားတတ္ၾကပါတယ္ေငြရွာေပးေနတာပဲမ်က္ႏွာထားနဲ႕သားသမီးနဲ႕ ပတ္သက္လို႔ဘာဆိုဘာမွမသိတဲ့ဖခင္မ်ိဳးဟာဒီမိသားစုထဲမွာအသုံးမဝင္ပါဘူးလို႔အမ်ိဳးသမီးထု ကိုယ္စားေျပာျပခ်င္မိပါတယ္ဘာျဖစ္လို႔လဲသိလားသားသမီးဆိုတာဂ႐ုစိုက္မႈ နဲ႕ခ်စ္ျခင္းေမတၱာ ေရေလာင္းေပါင္းသင္မွပ်ိဳးပင္မွန္ၿပီးရွင္သန္ႀကီးထြားခြင့္ရတဲ့

လူသားေတြမို႔လို႔ပါသူတို႔ဘဝမွာငါ့အေဖလို႔ေတြးလိုက္တာနဲ႕အိမ္မွာထိုင္ၿပီးသူႀကိဳက္တာလုပ္ေနတဲ့သူတခ်ိန္လုံးမ်က္ႏွာသုန္မႈန္ၿပီးေအာ္ဟစ္ေငါက္ငမ္းေနတဲ့သူအေမကိုတခ်ိန္လုံးဆူပူအျပစ္တင္ေနတဲ့ ေယာက်ားႀကီး လို႔ယူဆမိမယ့္အစားငါ့ဘဝကိုလုံၿခဳံမႈေပးမယ့္သူငါ့ကိုအခ်စ္ဆုံးေယာက်ားငါ့အတြက္အေရွ႕ကရပ္တည္ ကာကြယ္ေပးမယ့္သူငါ့ရဲ႕စံျပဆိုတာမ်ိဳးပဲျဖစ္ေနသင့္ပါတယ္

သားတို႔သမီးတို႔ ေဖေဖေၾကာင့္ ေမေမတို႔ဒီလိုေနနိုင္စားနိုင္တာဆိုတာအျပင္သူေငြရွာေနေတာ့သူ႕ကို ေၾကာက္ရမယ္ဆိုတာကိုေတာ့ ႏုနယ္တဲ့သားသမီးေတြလက္ခံနိုင္ဖို႔ခဲယဥ္းလွပါတယ္အခ်ိန္မရွိလို႔ပါဆိုတဲ့ဆင္ေျခေနာက္မွာသားသမီးေလးလူ႕ေလာကကို ေရာက္လာတဲ့ ေန႕ကို ေမ့ပစ္ရမယ္လို႔မပါပါဘူး

အလုပ္ေတြမ်ားလို႔ပါဆိုတဲ့ဆင္ေျခေနာက္မွာငါ့သားသမီးေလးေတြႀကိဳက္တတ္တဲ့အရာကိုမေလ့လာလည္းရတယ္ဆိုတာမျဖစ္နိုင္ပါဘူးစိတ္ရႈတ္ေနလို႔ပါဆိုတဲ့ဆင္ေျခေနာက္မွာအိမ္ကမိသားစုအေပၚအျပစ္ရွာဆူပူေနဖို႔မလိုအပ္ပါဘူးတကယ္လို႔ေပါ့ေလမိန္းမတေယာက္ဘဝမွာဒီလိုေယာက်ားတေယာက္ကိုသားသမီးတို႔ရဲ႕ဖခင္ေနရာမွာ ထားထားမိတယ္ဆိုရင္ေတာ့သူ႕အေပၚ၁၀၀ရာခိုင္ႏႈန္းမွီခိုေနမယ့္အစားကိုယ့္ရဲ႕

စားဝတ္ေနေရးကိုဖန္တီးနိုင္မယ့္လမ္းစတစ္ခုစစဥ္းစားထားလိုက္ပါေတာ့လို႔ ကြၽန္မတိုက္တြန္းမယ္ပတ္ဝန္းက်င္ကေတာ့ဒီလိုလူကိုမိသားစုဘဝမၿပိဳကြဲေရးအတြက္အိမ္မွာရွိေနဖို႔လိုအပ္တယ္လို႔လက္ခံထားၾကတယ္

အိမ္ရွင္မအတြက္ကေတာ့ဒီလိုလူေၾကာင့္ကိုယ့္အနာဂတ္မၿပိဳလဲဖို႔ကိုယ့္လမ္းကိုယ္ျပင္ဆင္ထားဖို႔လိုအပ္တယ္လို႔ကြၽန္မအႀကံေပးလိုက္ပါ့မယ္

crd,