ရှင်စောပု ပြီးနောက် နန်းတက်သည့် ဓမ္မစေတီမင်းသည် ၁၆ ဆက်မြောက် မဂဒူး မင်းဆက် မင်း ဖြစ်သည်။ သာသနာတော် သန့်ရှင်းတည်တံ့ရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကြောင့် ကျော်ကြားသည်။
နန်းတက်ပြီးမကြာမှီ မယားညီအစ်ကိုဖြစ်သည့် ပုသိမ်စား ဗညားအိမ်၏ ပုန်ကန်မှုကိုနှိမ်နှင်းရသေးသည်။ ထို့နောက် မိမိနိုင်ငံအတွင်း သာသနာစစ်မှန်စွာတည်တံ့ရေးကို လုံ့လပြုလေသည်။
သိမ်ဝင်ရဟန်းဖြစ်သော်လည်း သိမ်မစင်ကျယ်လျှင်၊သိက္ခာပေးသူ သံဃာများ မစင်ကျယ်လျှင် ရဟန်းအဖြစ်ကိုမရနိုင်ဟု သတ်မှတ်သည်ကြောင့် လည်းကောင်း၊ မိမိနိုင်ငံတွင်းတွင် ရဟန်းစစ်များမရှိတော့ဟု ယူဆသည့်အတွက်လည်းကောင်း သီရိလင်္ကာသို့ ရဟန်းများကို သင်္ဘောဖြင့်စေလွှတ်ပြီး သိက္ခာထပ်ခြင်းကို ပြုစေသည်။
ရာမည သို့ ထိုရဟန်းများ ပြန်ရောက်လျှင် အကြီးအမှုး အဖြစ်ခန့်ကာ အခြားရဟန်းများကို သိက္ခာထပ်စေသည်။ ထိုသို့ သိက္ခာထပ်ပွဲကျင်းပနိုင်ရန် သိမ်အသစ်ကို တည်ဆောက်ပေးသည်။ ကလျာဏီသိမ် ဟုသမုတ်သည်။ ကမ္ဘာ အကြီးဆုံး ဓမ္မစေတီ ခေါင်းလောင်းကြီး ကို သွန်းလုပ်လှူဒါန်းခဲ့သည်။ နတ်ရွာစံလျှင် သားဖြစ်သူ ဗညားရံ နန်းတက်သည်။
ထင်ရှားသော သာသနာပြုလုပ်ငန်းများ
၁။ရွှေတိဂုံစေတီ ဝတ္တကမြေသည် ကျယ်လွန်းလှသဖြင့် ပြန်လည်ချုံ့လိုက် သည်။ ထိုသို့ချုပ်လိုက်သည့်အတွက် ရွှေအချိန် (၂၅)ပိဿာကို ရွှေတိဂုံစေတီသို့ လှူဒါန်းသည်။ အချိန်ပိဿာ (၅၀၀)ရှိကြေးခေါင်းလောင်း (၁)လုံးနှင့် သီဟိုရ်ကျောက်ပြား (၅၀၀၀၀)ခင်းပြီး လှူဒါန်းသည်။
၂။ရွှေမော်ဓောစေတီတော်ကို ဉာဏ်တော်အမြင့်(၁၈၅)တောင်ရှိလာစေရန်(၃)တောင်မြှင့်ပြီး တည်ဆောက်သည်။ မင်းနှင့် မိဖုရားတို့၏ ကိုယ်အချိန်နှင့်ညီမျှသော ရွှေ(၆၇)ပိဿာကို စေတီတော်သို့ လှူဒါန်းပြီး ရင်ပြင်တော်ကိုလည်း သီဟိုရ်ကျောက်ပြား(၅၀၀၀၀)ခင်းပြီး လှူဒါန်းသည်။
၃။မထေရ်ကြီး(၂၂)ပါး၊ တပည့်ရဟန်း(၂၂)ပါးတို့ကို အစုအဖွဲ့(၂)ခု ဖွဲ့ကာ သီဟိုဠ်သို့စေလွှတ်ပြီး သီဟိုဠ်မဟာ ထေရ်ရဟန်းတော်တို့ ဥပ္ပဇ္ဈယ်ပြုပြီး ကလျာဏီမြစ်ဖောင်သိမ်ပေါ်တွင် စင်ကြယ်သောရဟန်းတော်များအဖြစ် ပြန်လည်ခံယူစေသည်။
အဆိုပါရဟန်းများ ဟံသာဝတီသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ဂိုဏ်းရဟန်း(၈၀၀)ပါး၊ ရဟန်းငယ်အပါး(၁၄၂၆၅)၊ သာမဏေအသစ်(၆၀၁)ပါး၊ စုစုပေါင်း(၁၅၆၆၆)ပါးတို့ကို သန့်ရှင်းသော သာသနာ တွင်တည်စေပြီး သာသနာတော်ကိုလည်းသန့်ရှင်းစင်ကြယ်စေသည်။
သောဏထေရ်နှင့် ဥတ္တရထေရ်တို့မှ အစပြုခဲ့ သည့် အကွဲကွဲအပြားပြားဖြစ်လျက်ရှိသော ရာမညနိကာယ သံဃာ့ဂိုဏ်းကိုလည်း ဟံသာဝတီတွင် တစ်ခုတည်း သော သံဃာဂိုဏ်းအဖြစ် ပြန်လည်စုစည်းခဲ့သည်။
၄။ ဝိပဿနာဓရတို့နှင့် ပြည့်စုံသောရဟန်းတော်များ၊ ကျွမ်းကျင်သော ပန်းရံ၊ ပန်းချီ၊ ဗိသုကာပညာရှင်များ ကို မာရ်နတ်ကို အောင်မြင်သည့် ဘုရားပွင့်တော်မူရာဒေသသို့ စေလွှတ်ကာ မဇ္ဈိမဒေသပုံတော်များအားလုံးကို ရေးဆွဲကူးယူပြန်လည်ယူဆောင်စေခဲ့ပြီး ဟံသာဝတီတွင် တည်ဆောက်ကုသိုလ်ပြုတော်မူသည်။
၅။ ကျိုက်ပွန်၊ ကျိုက်ဨနန်၊ ကျိုက်ကလွန်ပွန်၊ ကျိုက်မော့ပွန်၊ ကျိုက်တလဲ၊ ကျိုက်ဒေးဗဇေး၊ ကျိုက်မာရ်အောင်၊ ကျိုက်မိုးညက်တို့ကို တည်ထားသာသနာပြုတော်မူသည်။
၆။ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ရေတွင်းပေါင်း(၃၅၀)၊ ရေကန်ပေါင်း(၁၅)ကန် တူးဖော်ပြီးကောင်းမှု ပြုသည်။
၇။ ကျောင်ကြီး(၄)ကျောင်း၊ ကျောင်းရံ(၄၀၀)ဆောက်လုပ် လှူဒါန်းသည်။
၈။သက္ကရာဇ်(၈၃၈)ခုနှစ်တွင် ဟံသာဝတီအနောက်ဘက်၌ ကလျာဏီသိမ်တော်ကိုလည်းကောင်း၊ မွန်ဒေသအနှံ့ သိမ်ပေါင်း(၃၉၇)လုံးကိုလည်းကောင်း၊ သာသနာတော်သန့်ရှင်းစင်ကြယ်ရေးအတွက် ဆောက်လုပ်လှူဒါန်းသည်။
၉။ “အဝိန္ဒဆောက်” အမည်ရ ကြေးပိဿာချိန်(၁၈၀၀၀၀)ရှိ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး သက္ကရာဇ်(၈၃၈) ခုနှစ်တွင် ရွှေတိဂုံစေတီတော်သို့ တင်လှူတော်မူသည်။
” ကလျာဏီ သိမ်တော်ကြီး”
ကလျာဏီ သိမ်တော်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သိမ်တော်ကြီးဖြစ်ပြီး ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ကလျာဏီသိမ်သည် ဘုရားဖူးများ သွားလာမှုများရာ နေရာတစ်ခုဖြစ်ပြီး ပါဠိ၊ မွန်ဘာသာတို့ဖြင့် ၁၄၈၀ ခုနှစ်လောက်တွင် ရေးထိုးခဲ့သော ကလျာဏီကျောက်စာများ တည်ရှိရာနေရာဒေသလည်း ဖြစ်ပါသည်။
ယင်းကျောက်စာများတွင် မဇ္ဈိမဒေသ သာသနာဝင်၊ ပုဂံ သာသနာဝင်၊ ဟံသာဝတီ သာသနာဝင်၊ ကလျာဏီသိမ် သမုတ်ခြင်း အကြောင်း၊ ရာမညတိုင်း စေတီသမိုင်း၊ ရွှေမော်ဓောစေတီသမိုင်း စသည်တို့ကို အကျယ်တဝင့် အသေးစိတ် ရေးထိုးဖော်ပြထားသဖြင့် သာသနာဝင်နှင့် သမိုင်းအဖို့ များစွာ အထောက်အပံ့ရသော ကျောက်စာများဖြစ်သည်။
သမိုင်းကြောင်း
ကလျာဏီသိမ်တော်ကို ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းက ၁၄၇၆ ခုနှစ်တွင် သိက္ခာသစ်တင်နိုင်ရန် ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး များလှစွာသော ဂိုဏ်းဂဏများကွဲပြားနေသော သံဃာထုအား သန့်စင်စေရန်အလိုငှာ ဖြစ်သည်။ ဓမ္မစေတီမင်းသည် ဟံသာဝတီသား မထေရ်ကြီးများကို တောင်းပန်၍ သက္ကရာဇ် ၈၃၇ ခုနှစ် တပို့တွဲလတွင် ၂၂ ပါးသော မထေရ်ကြီးများကို သီဟိုဠ်ကျွန်းသို့ စေလွှတ်ကာ သိက္ခာသစ် တင်စေသည်။
သံဃာတော် ၂၂ ပါးတွင် အမတ် ရာဇတမန် ဦးစီးလျက် ၂၁ ဇန်နဝါရီ ၁၄၇၆ တွင် ၁၁ ပါး၊ နောက်တနေ့တွင် အမတ် စိတြတမန် ဦးစီးလျက် ၁၁ ပါး၊ နှစ်စုခွဲ၍ သီဟိုဠ်သို့ ကြွရောက်သည်။ စိတြတမန်တို့ ရွက်သင်္ဘောက တလနီးပါအကြာ ၁၆ ဖေဖော်ဝါရီ ၁၄၇၆ တွင် သီဟိုဠ် ရောက်ပြီး၊ ရာဇတမန်တို့ကမူ မုန်တိုင်းမိပြီး၊ ၃ မတ် ၁၄၇၆ တွင် အစွန်အဖျား ဝလ္လီရွာသို့ ရောက်သည်။
မထေရ်ကြီးများသည် သက္ကရာဇ် ၈၃၈ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြတ်စွာဘုရား ရေသုံးသပ်တော်မူခဲ့သော ကလျာဏီမြစ်၌ မဟာဝိဟာရဝါသီဂိုဏ်းမြတ်၏ အဆက်အနွယ်ဖြစ်သော ရဟန်းသံဃာတော်များထံမှ ရဟန်းအဖြစ် သိမ်ဝင် ထပ်မံခံယူလျက် နတ်တော်လဆန်း ၈ ရက် တနင်္ဂနွနေ့တွင် ဟံသာဝတီသို့ ပြန်ကြွရာ သုံးပါးမှာ လမ်းတွင် ပျံလွန်တော်မူသည်။ ဓမ္မစေတီမင်းက နှစ်ထောင်းအားရ ဖြစ်ကာ ဆောက်လုပ်လှူဒါန်းသော ကလျာဏီသိမ်ကို သမုတ်ကြသည်။
သိမ်အနီး၌ မှတ်တမ်းကျောက်စာကိုလည်း ရေးထိုးသည်။ သိမ်တော်သည် အကြိမ်များစွာ ပျက်စီးခြင်းသို့ ရောက်ခဲ့ရသည်။ ပေါ်တူဂီနယ်မြေရှာဖွေသူများ၏ မီးရှို့ဖျက်ဆီးခြင်းကို ၁၅၉၉ ခုနှစ်က ခံခဲ့ရပြီး အလောင်းဘုရား ပဲခူးအား တိုက်ခိုက်သိမ်းပိုက်စဉ် ၁၇၅၇ ခုနှစ်ကလည်း သိမ်တော်ပျက်စီးခဲ့သည်။
ထိုမျှမကသေး ၁၉၃၀ ခုနှစ် ပဲခူးငလျင်ကြောင့်လည်း သိမ်တော်ပြိုကျခဲ့ရသေးသည်။ ထိုကြောင့် ၁၉၅၄ ခုနှစ်တွင် မပျက်စီးပဲ ကျန်ခဲ့သည်တို့ဖြင့် သိမ်တော်အား ပြန်လည်တည်ဆောက်ခဲ့သည်။
crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi
ရွင္ေစာပု ၿပီးေနာက္ နန္းတက္သည့္ ဓမၼေစတီမင္းသည္ ၁၆ ဆက္ေျမာက္ မဂဒူး မင္းဆက္ မင္း ျဖစ္သည္။ သာသနာေတာ္ သန႔္ရွင္းတည္တံ့ေရးအတြက္ ၎၏ႀကိဳးပမ္းမႈမ်ားေၾကာင့္ ေက်ာ္ၾကားသည္။
နန္းတက္ၿပီးမၾကာမွီ မယားညီအစ္ကိုျဖစ္သည့္ ပုသိမ္စား ဗညားအိမ္၏ ပုန္ကန္မႈကိုႏွိမ္ႏွင္းရေသးသည္။ ထို႔ေနာက္ မိမိနိုင္ငံအတြင္း သာသနာစစ္မွန္စြာတည္တံ့ေရးကို လုံ႕လျပဳေလသည္။
သိမ္ဝင္ရဟန္းျဖစ္ေသာ္လည္း သိမ္မစင္က်ယ္လွ်င္၊သိကၡာေပးသူ သံဃာမ်ား မစင္က်ယ္လွ်င္ ရဟန္းအျဖစ္ကိုမရနိုင္ဟု သတ္မွတ္သည္ေၾကာင့္ လည္းေကာင္း၊ မိမိနိုင္ငံတြင္းတြင္ ရဟန္းစစ္မ်ားမရွိေတာ့ဟု ယူဆသည့္အတြက္လည္းေကာင္း သီရိလကၤာသို႔ ရဟန္းမ်ားကို သေဘၤာျဖင့္ေစလႊတ္ၿပီး သိကၡာထပ္ျခင္းကို ျပဳေစသည္။
ရာမည သို႔ ထိုရဟန္းမ်ား ျပန္ေရာက္လွ်င္ အႀကီးအမႈး အျဖစ္ခန႔္ကာ အျခားရဟန္းမ်ားကို သိကၡာထပ္ေစသည္။ ထိုသို႔ သိကၡာထပ္ပြဲက်င္းပနိုင္ရန္ သိမ္အသစ္ကို တည္ေဆာက္ေပးသည္။ ကလ်ာဏီသိမ္ ဟုသမုတ္သည္။ ကမၻာ အႀကီးဆုံး ဓမၼေစတီ ေခါင္းေလာင္းႀကီး ကို သြန္းလုပ္လႉဒါန္းခဲ့သည္။ နတ္႐ြာစံလွ်င္ သားျဖစ္သူ ဗညားရံ နန္းတက္သည္။
ထင္ရွားေသာ သာသနာျပဳလုပ္ငန္းမ်ား
၁။ေ႐ႊတိဂုံေစတီ ဝတၱကေျမသည္ က်ယ္လြန္းလွသျဖင့္ ျပန္လည္ခ်ဳံ႕လိုက္ သည္။ ထိုသို႔ခ်ဳပ္လိုက္သည့္အတြက္ ေ႐ႊအခ်ိန္ (၂၅)ပိႆာကို ေ႐ႊတိဂုံေစတီသို႔ လႉဒါန္းသည္။ အခ်ိန္ပိႆာ (၅၀၀)ရွိေၾကးေခါင္းေလာင္း (၁)လုံးႏွင့္ သီဟိုရ္ေက်ာက္ျပား (၅၀၀၀၀)ခင္းၿပီး လႉဒါန္းသည္။
၂။ေ႐ႊေမာ္ေဓာေစတီေတာ္ကို ဉာဏ္ေတာ္အျမင့္(၁၈၅)ေတာင္ရွိလာေစရန္(၃)ေတာင္ျမႇင့္ၿပီး တည္ေဆာက္သည္။ မင္းႏွင့္ မိဖုရားတို႔၏ ကိုယ္အခ်ိန္ႏွင့္ညီမွ်ေသာ ေ႐ႊ(၆၇)ပိႆာကို ေစတီေတာ္သို႔ လႉဒါန္းၿပီး ရင္ျပင္ေတာ္ကိုလည္း သီဟိုရ္ေက်ာက္ျပား(၅၀၀၀၀)ခင္းၿပီး လႉဒါန္းသည္။
၃။မေထရ္ႀကီး(၂၂)ပါး၊ တပည့္ရဟန္း(၂၂)ပါးတို႔ကို အစုအဖြဲ႕(၂)ခု ဖြဲ႕ကာ သီဟိုဠ္သို႔ေစလႊတ္ၿပီး သီဟိုဠ္မဟာ ေထရ္ရဟန္းေတာ္တို႔ ဥပၸဇၩယ္ျပဳၿပီး ကလ်ာဏီျမစ္ေဖာင္သိမ္ေပၚတြင္ စင္ၾကယ္ေသာရဟန္းေတာ္မ်ားအျဖစ္ ျပန္လည္ခံယူေစသည္။
အဆိုပါရဟန္းမ်ား ဟံသာဝတီသို႔ ျပန္လည္ေရာက္ရွိလာသည့္အခါ ဂိုဏ္းရဟန္း(၈၀၀)ပါး၊ ရဟန္းငယ္အပါး(၁၄၂၆၅)၊ သာမေဏအသစ္(၆၀၁)ပါး၊ စုစုေပါင္း(၁၅၆၆၆)ပါးတို႔ကို သန႔္ရွင္းေသာ သာသနာ တြင္တည္ေစၿပီး သာသနာေတာ္ကိုလည္းသန႔္ရွင္းစင္ၾကယ္ေစသည္။
ေသာဏေထရ္ႏွင့္ ဥတၱရေထရ္တို႔မွ အစျပဳခဲ့ သည့္ အကြဲကြဲအျပားျပားျဖစ္လ်က္ရွိေသာ ရာမညနိကာယ သံဃာ့ဂိုဏ္းကိုလည္း ဟံသာဝတီတြင္ တစ္ခုတည္း ေသာ သံဃာဂိုဏ္းအျဖစ္ ျပန္လည္စုစည္းခဲ့သည္။
၄။ ဝိပႆနာဓရတို႔ႏွင့္ ျပည့္စုံေသာရဟန္းေတာ္မ်ား၊ ကြၽမ္းက်င္ေသာ ပန္းရံ၊ ပန္းခ်ီ၊ ဗိသုကာပညာရွင္မ်ား ကို မာရ္နတ္ကို ေအာင္ျမင္သည့္ ဘုရားပြင့္ေတာ္မူရာေဒသသို႔ ေစလႊတ္ကာ မဇၩိမေဒသပုံေတာ္မ်ားအားလုံးကို ေရးဆြဲကူးယူျပန္လည္ယူေဆာင္ေစခဲ့ၿပီး ဟံသာဝတီတြင္ တည္ေဆာက္ကုသိုလ္ျပဳေတာ္မူသည္။
၅။ က်ိဳက္ပြန္၊ က်ိဳက္ဨနန္၊ က်ိဳက္ကလြန္ပြန္၊ က်ိဳက္ေမာ့ပြန္၊ က်ိဳက္တလဲ၊ က်ိဳက္ေဒးဗေဇး၊ က်ိဳက္မာရ္ေအာင္၊ က်ိဳက္မိုးညက္တို႔ကို တည္ထားသာသနာျပဳေတာ္မူသည္။
၆။ ပတ္ဝန္းက်င္တစ္ဝိုက္တြင္ ေရတြင္းေပါင္း(၃၅၀)၊ ေရကန္ေပါင္း(၁၅)ကန္ တူးေဖာ္ၿပီးေကာင္းမႈ ျပဳသည္။
၇။ ေက်ာင္ႀကီး(၄)ေက်ာင္း၊ ေက်ာင္းရံ(၄၀၀)ေဆာက္လုပ္ လႉဒါန္းသည္။
၈။သကၠရာဇ္(၈၃၈)ခုႏွစ္တြင္ ဟံသာဝတီအေနာက္ဘက္၌ ကလ်ာဏီသိမ္ေတာ္ကိုလည္းေကာင္း၊ မြန္ေဒသအႏွံ႕ သိမ္ေပါင္း(၃၉၇)လုံးကိုလည္းေကာင္း၊ သာသနာေတာ္သန႔္ရွင္းစင္ၾကယ္ေရးအတြက္ ေဆာက္လုပ္လႉဒါန္းသည္။
၉။ အဝိႏၵေဆာက္ အမည္ရ ေၾကးပိႆာခ်ိန္(၁၈၀၀၀၀)ရွိ ေခါင္းေလာင္းႀကီးကို သြန္းလုပ္ၿပီး သကၠရာဇ္(၈၃၈) ခုႏွစ္တြင္ ေ႐ႊတိဂုံေစတီေတာ္သို႔ တင္လႉေတာ္မူသည္။
” ကလ်ာဏီ သိမ္ေတာ္ႀကီး”
ကလ်ာဏီ သိမ္ေတာ္ႀကီးသည္ ဗုဒၶဘာသာဝင္တို႔ အထြဋ္အျမတ္ထားရာ သိမ္ေတာ္ႀကီးျဖစ္ၿပီး ပဲခူးၿမိဳ႕၊ ပဲခူးတိုင္းေဒသႀကီးတြင္ တည္ရွိသည္။ ကလ်ာဏီသိမ္သည္ ဘုရားဖူးမ်ား သြားလာမႈမ်ားရာ ေနရာတစ္ခုျဖစ္ၿပီး ပါဠိ၊ မြန္ဘာသာတို႔ျဖင့္ ၁၄၈၀ ခုႏွစ္ေလာက္တြင္ ေရးထိုးခဲ့ေသာ ကလ်ာဏီေက်ာက္စာမ်ား တည္ရွိရာေနရာေဒသလည္း ျဖစ္ပါသည္။
ယင္းေက်ာက္စာမ်ားတြင္ မဇၩိမေဒသ သာသနာဝင္၊ ပုဂံ သာသနာဝင္၊ ဟံသာဝတီ သာသနာဝင္၊ ကလ်ာဏီသိမ္ သမုတ္ျခင္း အေၾကာင္း၊ ရာမညတိုင္း ေစတီသမိုင္း၊ ေ႐ႊေမာ္ေဓာေစတီသမိုင္း စသည္တို႔ကို အက်ယ္တဝင့္ အေသးစိတ္ ေရးထိုးေဖာ္ျပထားသျဖင့္ သာသနာဝင္ႏွင့္ သမိုင္းအဖို႔ မ်ားစြာ အေထာက္အပံ့ရေသာ ေက်ာက္စာမ်ားျဖစ္သည္။
သမိုင္းေၾကာင္း
ကလ်ာဏီသိမ္ေတာ္ကို ဟံသာဝတီျပည့္ရွင္ ဓမၼေစတီမင္းက ၁၄၇၆ ခုႏွစ္တြင္ သိကၡာသစ္တင္နိုင္ရန္ ေဆာက္လုပ္လႉဒါန္းျခင္းျဖစ္ၿပီး မ်ားလွစြာေသာ ဂိုဏ္းဂဏမ်ားကြဲျပားေနေသာ သံဃာထုအား သန႔္စင္ေစရန္အလိုငွာ ျဖစ္သည္။ ဓမၼေစတီမင္းသည္ ဟံသာဝတီသား မေထရ္ႀကီးမ်ားကို ေတာင္းပန္၍ သကၠရာဇ္ ၈၃၇ ခုႏွစ္ တပို႔တြဲလတြင္ ၂၂ ပါးေသာ မေထရ္ႀကီးမ်ားကို သီဟိုဠ္ကြၽန္းသို႔ ေစလႊတ္ကာ သိကၡာသစ္ တင္ေစသည္။
သံဃာေတာ္ ၂၂ ပါးတြင္ အမတ္ ရာဇတမန္ ဦးစီးလ်က္ ၂၁ ဇန္နဝါရီ ၁၄၇၆ တြင္ ၁၁ ပါး၊ ေနာက္တေန႕တြင္ အမတ္ စိၾတတမန္ ဦးစီးလ်က္ ၁၁ ပါး၊ ႏွစ္စုခြဲ၍ သီဟိုဠ္သို႔ ႂကြေရာက္သည္။ စိၾတတမန္တို႔ ႐ြက္သေဘၤာက တလနီးပါအၾကာ ၁၆ ေဖေဖာ္ဝါရီ ၁၄၇၆ တြင္ သီဟိုဠ္ ေရာက္ၿပီး၊ ရာဇတမန္တို႔ကမူ မုန္တိုင္းမိၿပီး၊ ၃ မတ္ ၁၄၇၆ တြင္ အစြန္အဖ်ား ဝလႅီ႐ြာသို႔ ေရာက္သည္။
မေထရ္ႀကီးမ်ားသည္ သကၠရာဇ္ ၈၃၈ ခုႏွစ္ ဒုတိယ ဝါဆိုလတြင္ ျမတ္စြာဘုရား ေရသုံးသပ္ေတာ္မူခဲ့ေသာ ကလ်ာဏီျမစ္၌ မဟာဝိဟာရဝါသီဂိုဏ္းျမတ္၏ အဆက္အႏြယ္ျဖစ္ေသာ ရဟန္းသံဃာေတာ္မ်ားထံမွ ရဟန္းအျဖစ္ သိမ္ဝင္ ထပ္မံခံယူလ်က္ နတ္ေတာ္လဆန္း ၈ ရက္ တနဂၤႏြေန႕တြင္ ဟံသာဝတီသို႔ ျပန္ႂကြရာ သုံးပါးမွာ လမ္းတြင္ ပ်ံလြန္ေတာ္မူသည္။ ဓမၼေစတီမင္းက ႏွစ္ေထာင္းအားရ ျဖစ္ကာ ေဆာက္လုပ္လႉဒါန္းေသာ ကလ်ာဏီသိမ္ကို သမုတ္ၾကသည္။
သိမ္အနီး၌ မွတ္တမ္းေက်ာက္စာကိုလည္း ေရးထိုးသည္။ သိမ္ေတာ္သည္ အႀကိမ္မ်ားစြာ ပ်က္စီးျခင္းသို႔ ေရာက္ခဲ့ရသည္။ ေပၚတူဂီနယ္ေျမရွာေဖြသူမ်ား၏ မီးရွို႔ဖ်က္ဆီးျခင္းကို ၁၅၉၉ ခုႏွစ္က ခံခဲ့ရၿပီး အေလာင္းဘုရား ပဲခူးအား တိုက္ခိုက္သိမ္းပိုက္စဥ္ ၁၇၅၇ ခုႏွစ္ကလည္း သိမ္ေတာ္ပ်က္စီးခဲ့သည္။
ထိုမွ်မကေသး ၁၉၃၀ ခုႏွစ္ ပဲခူးငလ်င္ေၾကာင့္လည္း သိမ္ေတာ္ၿပိဳက်ခဲ့ရေသးသည္။ ထိုေၾကာင့္ ၁၉၅၄ ခုႏွစ္တြင္ မပ်က္စီးပဲ က်န္ခဲ့သည္တို႔ျဖင့္ သိမ္ေတာ္အား ျပန္လည္တည္ေဆာက္ခဲ့သည္။
crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္