မြတ်စွာဘုရားဟောထားတာကတော့ လောကမှာစီးပွားရေးပျက်ရာ၊ပစ္စည်းဥစ္စာတွေရဲ့ယိုပေါက်ကြီး၆ခုဆိုတာပစ္စည်းဥစ္စာဟာဘယ်တော့မှမတည်ဘူးတဲ့မြန်မာတွေကတော့ပြောကြတယ်လူမိုက်နဲ့ငွေအတူမနေဘူးတဲ့ပစ္စည်းဥစ္စာဟာပျောက်သွားတယ်။
မြတ်စွာဘုရားကဘာကိုဟောသလဲဆိုရင်
နံပါတ်(၁)ကအာလသျလူပျင်းနဲ့ဆိုရင်ငွေဟာအတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင်ပျင်းတယ်ဆိုတာပူလွန်းတယ်၊အေးလွန်းတယ်၊မိုးချုပ်လွန်းတယ်၊ဆာနေသေးတယ်၊မစားရသေးဘူး၊စားပြီးပြီ၊ဗိုက်လေးတယ်ဆိုတဲ့အချက်တွေကိုအကြောင်းပြပြီးအလုပ်မလုပ်ဘဲနဲ့နေတာကိုပျင်းတယ်လို့ပြောတာနော်။အဲဒီလိုပျင်းရိမှုဟာလည်းပစ္စည်းဥစ္စာရဲ့ယိုကျဖို့ရာအပေါက်တစ်ခုပဲတဲ့။
နောက်နံပါတ်(၂)ကတော့ပမာဒတဲ့အ ပျော်အပါးတွေဘက်ပဲစိတ်ဝင်စားတယ်။ကောင်းကျိုးချမ်းသာဖြစ်ဖို့စိတ်မဝင်စားဘူး။လုပ်ငန်းကိုလည်းစိတ်မဝင်စားဘူး။အပျော်အပါးတွေကိုအမြဲတမ်းစိတ်ဝင်စားနေရင်လည်းပျက်စီးနိုင်တယ်။
နံပါတ်(၃)ကအနုဋ္ဌာနလုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါမှာတက်တက်ကြွကြွမရှိဘူးဝတ်ကျေတမ်းကျေပဲလုပ်တယ်၊ဖြေးဖြေးဆေးဆေးပဲ။slowပေ့ါသွက်သွက်လက်လက်လုပ်ရမယ့်ဟာကိုသွက်သွက်လက်လက်မလုပ်ဘူး။ပျင်းပျင်းရိရိလုပ်တယ်၊အဲဒီလိုဟာမျိုးမဖြစ်ရဘူးတဲ့ကြိုးကြို းစားစားလုပ်ရမယ်။အဲဒီတော့ပျင်းရိခြင်းဟာလည်းဥစ္စာရဲ့ ယိုပေါက်တစ်ခု။
နံပါတ်(၄)ကကာမဂုဏ်အာရုံတွေထဲမှာစိတ်ကိုလွှတ်ထားပြီးတော့ပျော်ပါးခြင်းဟာလည်းပစ္စည်းဥစ္စာရဲ့ယိုကျတဲ့အပေါက်တစ်ခုတဲ့။
နံပါတ်(၅)ကမစောင့်စည်းခြင်းကိုယ့်စိတ်ကိုလည်းမစောင့်စည်းဘူး။ကာယကံဝစီကံကိုလည်းမထိန်းသိမ်းမစောင့်ရှောက်ဘူး။ကိုယ်ကျင့်တရားကိုလည်းမထိန်းသိမ်းမစောင့်ရှောက်ဘူး။အဲဒါဟာစီးပွားရေးယိုပေါက်တစ်ခုပဲ။
နံပါတ်(၆)ကအအိပ်ကြူးခြင်း၊ဘယ်တော့ဖြစ်ဖြစ်အိပ်တာပဲ။အအိပ်များနေတယ်၊အဲဒီဟာလည်းပဲပျက်စီးခြင်းအကြောင်းတစ်ခုပဲ။ခုနကပြောခဲ့တဲ့အာလသျနဲ့တန္ဒီမှာအာလသျပျင်းရိတယ်ဆိုတဲ့နေရာမှာဘာအလုပ်မှမလုပ်ဘဲနေတာမျိုး၊တန္ဒီကျတော့ဖြစ်ပေါ်လာတဲ့အချိန်ကိုရွှေ့တာအမြဲတမ်းအချိန်ကိုရွှေ့ချင်တယ်။
စောသေးတယ်၊အချိန်ရွှေလိုက်တယ်။၈နာရီလောက်အလုပ်လုပ်ရမှာကိုမလုပ်သေးပါဘူး။၉နာရီမှလုပ်မယ်။၉နာရီကျတော့လည်း၁၀-နာရီကျမှာသွားတော့မယ်။ဒီလိုအချိန်တွေကိုရွှေ့ရွှေ့သွားတာမျိုးကိုဆိုလိုတယ်။အဲဒီအပေါက်၆ပေါက်ကိုပိတ်နိုင်မှတဲ့။မပိတ်နိုင်လို့ရှိရင်ဥစ္စာဟာလူတွေနဲ့အတူမရှိနိုင်ဘူးလို့ဒီလိုမြတ်စွာဘုရားကဟောတယ်။
အဲဒီလိုဟောတာတွေဟာကိုယ့်အတွက်ပစ္စုပ္ပန်ဘဝမှာကောင်းကျိုးရနိုင်သလိုသံသရာအတွက်လည်းကောင်းကျိုးရနိုင်တယ်။မကောင်းတဲ့အချက်အလက်တွေကိုရှောင်ပြီးတော့ကောင်းတဲ့အချက်အလက်တွေကိုကိုယ့်သန္တာန်မှာကျင့်ဆောင်ဖို့အရေးကြီးတယ်။
ယိုပေါက်ကြီးတွေပိတ်ပြီးစီးပွားလာဘ်လာဘတိုးတက်ကြပါစေ။ပါချုပ်ဆရာတော်ဘုရားကြီး)(အခွင့်ကောင်းကိုယူဓမ္မစာအုပ်မှ)ကိုသန့်ကြီးထံမှကူးယူမျှဝေပါသည်
crd,
Zawgyi
ျမတ္စြာဘုရားေဟာထားတာကေတာ့ ေလာကမွာစီးပြားေရးပ်က္ရာ၊ပစၥည္းဥစၥာေတြရဲ႕ယိုေပါက္ႀကီး၆ခုဆိုတာပစၥည္းဥစၥာဟာဘယ္ေတာ့မွမတည္ဘူးတဲ့ျမန္မာေတြကေတာ့ေျပာၾကတယ္လူမိုက္နဲ႕ေငြအတူမေနဘူးတဲ့ပစၥည္းဥစၥာဟာေပ်ာက္သြားတယ္။
ျမတ္စြာဘုရားကဘာကိုေဟာသလဲဆိုရင္
နံပါတ္(၁)ကအာလသ်လဴပ်င္းနဲ႕ဆိုရင္ေငြဟာအတူမေနဘူးတဲ့။ပ်င္းရိလို႔ရွိရင္ပ်င္းတယ္ဆိုတာပူလြန္းတယ္၊ေအးလြန္းတယ္၊မိုးခ်ဳပ္လြန္းတယ္၊ဆာေနေသးတယ္၊မစားရေသးဘူး၊စားၿပီးၿပီ၊ဗိုက္ေလးတယ္ဆိုတဲ့အခ်က္ေတြကိုအေၾကာင္းျပၿပီးအလုပ္မလုပ္ဘဲနဲ႕ေနတာကိုပ်င္းတယ္လို႔ေျပာတာေနာ္။အဲဒီလိုပ်င္းရိမႈဟာလည္းပစၥည္းဥစၥာရဲ႕ယိုက်ဖိဳ႕ရာအေပါက္တစ္ခုပဲတဲ့။
ေနာက္နံပါတ္(၂)ကေတာ့ပမာဒတဲ့အ ေပ်ာ္အပါးေတြဘက္ပဲစိတ္ဝင္စားတယ္။ေကာင္းက်ိဳးခ်မ္းသာျဖစ္ဖို႔စိတ္မဝင္စားဘူး။လုပ္ငန္းကိုလည္းစိတ္မဝင္စားဘူး။အေပ်ာ္အပါးေတြကိုအၿမဲတမ္းစိတ္ဝင္စားေနရင္လည္းပ်က္စီးနိုင္တယ္။
နံပါတ္(၃)ကအႏု႒ာနလုပ္ငန္းတစ္ခုကိုလုပ္တဲ့အခါမွာတက္တက္ႂကြႂကြမရွိဘူးဝတ္ေက်တမ္းေက်ပဲလုပ္တယ္၊ေျဖးေျဖးေဆးေဆးပဲ။slowေပ့ါသြက္သြက္လက္လက္လုပ္ရမယ့္ဟာကိုသြက္သြက္လက္လက္မလုပ္ဘူး။ပ်င္းပ်င္းရိရိလုပ္တယ္၊အဲဒီလိုဟာမ်ိဳးမျဖစ္ရဘူးတဲ့ႀကိဳးႀကိဳ းစားစားလုပ္ရမယ္။အဲဒီေတာ့ပ်င္းရိျခင္းဟာလည္းဥစၥာရဲ႕ ယိုေပါက္တစ္ခု။
နံပါတ္(၄)ကကာမဂုဏ္အာ႐ုံေတြထဲမွာစိတ္ကိုလႊတ္ထားၿပီးေတာ့ေပ်ာ္ပါးျခင္းဟာလည္းပစၥည္းဥစၥာရဲ႕ယိုက်တဲ့အေပါက္တစ္ခုတဲ့။
နံပါတ္(၅)ကမေစာင့္စည္းျခင္းကိုယ့္စိတ္ကိုလည္းမေစာင့္စည္းဘူး။ကာယကံဝစီကံကိုလည္းမထိန္းသိမ္းမေစာင့္ေရွာက္ဘူး။ကိုယ္က်င့္တရားကိုလည္းမထိန္းသိမ္းမေစာင့္ေရွာက္ဘူး။အဲဒါဟာစီးပြားေရးယိုေပါက္တစ္ခုပဲ။
နံပါတ္(၆)ကအအိပ္ၾကဴးျခင္း၊ဘယ္ေတာ့ျဖစ္ျဖစ္အိပ္တာပဲ။အအိပ္မ်ားေနတယ္၊အဲဒီဟာလည္းပဲပ်က္စီးျခင္းအေၾကာင္းတစ္ခုပဲ။ခုနကေျပာခဲ့တဲ့အာလသ်နဲ႕တႏၵီမွာအာလသ်ပ်င္းရိတယ္ဆိုတဲ့ေနရာမွာဘာအလုပ္မွမလုပ္ဘဲေနတာမ်ိဳး၊တႏၵီက်ေတာ့ျဖစ္ေပၚလာတဲ့အခ်ိန္ကိုေ႐ႊ႕တာအၿမဲတမ္းအခ်ိန္ကိုေ႐ႊ႕ခ်င္တယ္။
ေစာေသးတယ္၊အခ်ိန္ေ႐ႊလိုက္တယ္။၈နာရီေလာက္အလုပ္လုပ္ရမွာကိုမလုပ္ေသးပါဘူး။၉နာရီမွလုပ္မယ္။၉နာရီက်ေတာ့လည္း၁၀-နာရီက်မွာသြားေတာ့မယ္။ဒီလိုအခ်ိန္ေတြကိုေ႐ႊ႕ေ႐ႊ႕သြားတာမ်ိဳးကိုဆိုလိုတယ္။အဲဒီအေပါက္၆ေပါက္ကိုပိတ္နိုင္မွတဲ့။မပိတ္နိုင္လို႔ရွိရင္ဥစၥာဟာလူေတြနဲ႕အတူမရွိနိုင္ဘူးလို႔ဒီလိုျမတ္စြာဘုရားကေဟာတယ္။
အဲဒီလိုေဟာတာေတြဟာကိုယ့္အတြက္ပစၥဳပၸန္ဘဝမွာေကာင္းက်ိဳးရနိုင္သလိုသံသရာအတြက္လည္းေကာင္းက်ိဳးရနိုင္တယ္။မေကာင္းတဲ့အခ်က္အလက္ေတြကိုေရွာင္ၿပီးေတာ့ေကာင္းတဲ့အခ်က္အလက္ေတြကိုကိုယ့္သႏၱာန္မွာက်င့္ေဆာင္ဖို႔အေရးႀကီးတယ္။
ယိုေပါက္ႀကီးေတြပိတ္ၿပီးစီးပြားလာဘ္လာဘတိုးတက္ၾကပါေစ။ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး)(အခြင့္ေကာင္းကိုယူဓမၼစာအုပ္မွ)ကိုသန႔္ႀကီးထံမွကူးယူမွ်ေဝပါသည္
crd,