ကိုရီးယားမှာ အလုပ်လုပ်ပြီး မိဘကို လစဉ်ထောက်ပံ့ပေးနေတဲ့ မြန်မာလုပ်သားတဦးရဲ့ နောင်တ.. ( သားရေ သိန်းတရာနား ကပ်သွားတယ်။ အဖေ့ရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့ အသံက ကျနော့်ရင်ကို အေးမြစေပေမဲ့ သက်ပြင်းလေး တစ်ချက် ခိုးပြီး ချမိတာကိုတော့ အဖေ သိမှာ စိုးရိမ်မိတာအမှန်ပင်။)
ကျနော် ရဲမင်းသူဆိုတဲ့ အညာသားလေး တစ်ယောက် ကိုရီးယားမှာ ၃ နှစ် အလုပ်လုပ်ခဲ့တယ်။ ကိုရီးယားမှာနေတုန်းက ရခဲ့တဲ့ ပိုက်ဆံတွေကို လကုန်ပြီဆိုလျှင် မိဘဆီ ပို့လိုက်တယ်။ အဖေနဲ့ အမေ စိတ်ချမ်းသာတယ်။
မိသားစု စားဝတ်နေရေး ပြေလည် လာတယ်။ ညီမလေးနဲ့ ညီငယ် တစ်ယောက်ကိုလည်း ကျောင်း ကောင်းကောင်းမှာ ထားနိုင်တယ်။ ကျနော်ကလည်း အသုံးစားရိတ်လောက် ချန်ထားတက်တာ အပို မသုံးဖြစ်အောင်နေတယ်။
အဓိက ကတော့ အဖေ၊ အမေနဲ့ ညီငယ်၊ညီမငယ်လေးတွေဆီ ဖုန်ဆက်တဲ့အချိန် လွင့်ပျံလာတဲ့ ရယ်ရွှင်မြူးသံတွေက ကျနော့် အတွက် ပရိုဘီမင် ပါပဲ။ ကျနော် အဖေ့ဆီ ဖုန်းဆက်တယ်။ အဖေရေ အကြွေးတွေကြေပြီ လား။ လူ့လောကမှာ သူများဆီက အကြွေး ရှိနေလျှင် စိတ်ချမ်းသာမှုတွေ ပျောက်ပျက်လွန်းလို့ ကြွေးကင်းရှင်းခြင်းချမ်းသာကိုတော့ ကျနော် ခံစားချင်တယ်။
ကျနော် အဖေနဲ့ အမေကို အမြဲပြောတယ် အဖေရေ သူများက ကိုယ့်ကို ယုံကြည်လို့ ချေးတဲ့ ငွေတွေကို အရင်ပြန်ဆပ်ပါ။ ပြီးလျှင် ကျန်တာလုပ်ပေါ့။ အဖေကလည်း ကျနော့်ကိုပြန်ပြောတယ်။ ငါ့သားကြီးရ မင်းနိုင်ငံခြားသွားဖို့ ချေးတဲ့ ငွေတွေကို အလွယ်တစ်ကူချေးလို့ ရတာက အဖေတို့ မျိုးရိုးမှာ သူများကြွေးမြေကိုသံသရာထိ မယူဘူးဆိုတဲ့ ရိုးသားမှု ဂုဏ်နဲ့ အမြဲနေတယ်။
လက်ထဲ ရှိရင်ပြန်ဆပ်ခဲ့တဲ့ အတွက်ကြောင့် အဖေတို့မှာ ငွေအခက်အခဲ မရှိပါဘူးကွာ။ အဲ့ဒီလိုနဲ့ အကြွေးတွေကြေအောင် ဆပ်ပြီးတော့ အဖေနဲ့ အမေက သားရေ အကြွေးကျေပြီကွာ။ အဖေ့ သားတွေ သမီးငယ်တွေနဲ့ တူ၊ တူမတွေကို အလှူ လှူပေးချင်တယ်ကွာ။ အဖေ ကတော့ မီးခိုးတိတ်။
ဗျိုးထိုး အကူမခံဘူး။ ထမင်းရည်ချောင်းစီး မောင်းတီး လှူချင်တာကွ။ ပြီးတော့ ငါ့သားလည်း ကိုရီးယား ရှိနေတာဆိုတော့ အကြီးအကျယ် လှူချင်တယ် သား။ အဖေ ဘယ်လောက်လောက်ဆိုရင်ရလည်းမေးတော့ သိပ်မကုန် ပါဘူးကွာတဲ့။ အလှူကိစ္စ ဆိုတော့ ကျနော်ကလည်း မပိတ်ပင်ပါဘူး။ နောက်တစ်ခုက မိဘကို စိတ်ချမ်းသာစေချင်တယ်လေ။
အဲ့ဒီလိုနဲ့ အလှူကြီးကို ခြိမ့်ခြိမ့်သဲ လှူလိုက်တယ်။ အလှူပြီးတော့ ဖုန်းဆက်လာတယ်။ သားရေ သိန်းတရာနား ကပ်သွားတယ်။ အဖေ့ရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့ အသံက ကျနော့်ရင်ကို အေးမြစေပေမဲ့ သက်ပြင်းလေး တစ်ချက် ခိုးပြီး ချမိတာကိုတော့ အဖေ သိမှာ စိုးရိမ်မိတာအမှန်ပင်။ အကြွေးတွေတော့ ကျတယ်။ ငါ့သား ဒီတစ်ခါ လစာ ဘယ်နေ့ရမှာလဲ။
အဖေရေ လစဉ် ပုံမှန် ၂၅ ရက်နေ့ပေါ့အဖေရယ် ပြောလိုက်တယ်။ အေးကွာ အကြွေးရှင်တွေကို ဖြေးဖြေးချင်းဆပ်သွားမယ်ကွာ။ ဟုတ်ကဲ့ပါ အဖေ။ အဖေ၊ အမေနဲ့ မိသားစု အားလုံး အဆင်ပြေနေတယ် ဆိုရင် သား ပျော်ပါတယ် အဖေ။
အဲ့ဒီလိုနဲ့ အလှူကြွေးကို ၅ လခန့်ကိုရီးယား လာတုန်းက ချေးတဲ့ ငွေက အတိုးနဲ့ ဆိုတော့ ၇ လ ခန့်။ တနှစ်ရှိ သွားပြီ။ လက်ထဲတော့ မပိုသေးဘူးပေါ့။ အဖေနဲ့ အမေ ဘာလုပ်ငန်းတွေ လုပ်ဖို့ စိတ်ကူးထားလည်း သားတို့ စီးပွားရေး တစ်ခုတော့ လုပ်မလားလို့ဗျာ။ အဖေက ပြောတယ် ငါ့သားရာ လုပ်မှာပေါ့ကွ။
အဖေနဲ့ အမေကအသက်ကြီးပြီဆိုတော့ အိမ်ကောင်းကောင်းဆောက်ချင်တယ်။ သားအနေနဲ့ ဘယ်လို သဘောရလဲ။ ကျနော် စဉ်းစားလိုက်တယ်။ အဖေနဲ့ အမေလည်း အိမ်ကောင်းကောင်းနဲ့ နေချင်မှာပဲလေ။ ငါ့သားရေ သစ်သားအိမ်နှစ်ထပ် ပျဉ်ထောင်၊ ပျဉ်ခင်း၊ အုပ်ခုံခံ၊ သွပ်မိုး ဆို ၁၅၀ သိန်း ဝန်းကျင်လောက်ကျမှာ။ နံကပ်ဆိုရင်လည်း ၂၀၀ သိန်းကျော်ပဲ မထူးတော့ဘူး။
နံရံကပ် လုပ်လိုက်ရအောင် ဟုတ်ကဲ့ အဖေ။ သား အလုပ် လုပ်နေတယ် ဆိုတာကလည်း အဖေ၊ အမေနဲ့ မိသားစု အတွက်ပါ။ အဖေ အမေ စိတ်ချမ်းသာတယ် ဆိုရင် သား ပျော်တယ် အဖေနဲ့ အမေ။ ညီလေး ညီမလေးတွေ ကိုလည်း လိုအပ်တာလေးတွေ လုပ်ပေးလိုက်ပါ။
အဖေရေ သားကလည်း လခစားအလုပ်သမား ဆိုတော့ လကုန်မှသာ ငွေက ရနိုင်တာဆိုတော့ အဖေအဆင်ပြေသလို ဆောက်သွားပါ။ ငါ့သား လစဉ်ပုံမှန် လွှဲပေးနေရင် အကြွေး အကုန်ယူလို့ရတယ်ကွ။ အဲ့ဒီလိုနဲ့ ကျနော်လည်း လစဉ် ပုံမှန်ငွေလွှဲ အဖေကလည်း နှစ်ထပ်တိုက်ကို အကျအန ဆာက်လိုက်တော့ သိန်း ၃၀၀ နားကပ်သွားတယ်။
အချိန်ကလည်း နှစ်နှစ်ခန့်ကြာ သွားတယ်။ ကျနော့် စက်ရုံကလည်း ၃ နှစ်ပြည့်တော့ နောက်တနှစ် အတွက်က အလုပ်မကောင်း စက်ရုံကလည်း ဒေဝါလီခံမယ့် အဆင့်နီးပါးဆိုတော့ တိုးဖို့ အဆင်မပြေတော့ဘူး။ ကျနော် အိမ်ကို ဖုန်းဆက်လိုက်တယ်။
အဖေ သားသက်တမ်း တိုးမရဘူး။ အခြားလည်းထွက်ပြီး အလုပ်မရှာတော့ဘူး။ ပြန်လာခဲ့မယ် ဆို အဆင်ပြေလား ဆိုတော့။ အိမ်လည်းပြီးပြီကွာ ပြန်လာပေါ့ကွာ ဒိုးတူဘောင်ဘက် လုပ်စားတာပေါ့။ အဲ့ဒီလိုနဲ့ သုံးနှစ်ပြည့်တော့ပြန်လာခဲ့တယ်။ လက်ထဲမှာ ထွဲဂျီးဂွန်း လေးတော့ အနည်းငယ် ပါသေးတယ်။
အဲ့ဒီလိုနဲ့ နေလာလိုက်တာ ၆ လခန့်ကြာသော်ပေါ့ဗျာ။ လုပ်ငန်းကလည်း မယ်မယ်ရရမရှိ လက်ထဲက ငွေကလည်း ကုန်သွားပြီ။ အဖေ့ ငွေ ၂ သောင်းလောက် ပေးပါဦး။
သား သူငယ်ချင်းတွေနဲ့ အပြင် ခဏသွားမလို့။ ငါ့သားရ ရော့ ၅၀၀၀ ကျပ် ၅၀၀၀ ဆိုတာ တစ်ရက် လုပ်အားခ ရှိတယ်။ ချွေချွေတာတာ သုံးကွ။ ဟုတ်ကဲ့ပါ အဖေ။ ကျနော် ခေါင်းကလေး ငိုက်စိုက်ကျ ဆိုင်ကယ်လေးနဲ့ အသာကလေး ထွက်လာတယ်။
ငါကိုရီးယားမှာနေတုန်းက ငွေတွေ အများကြီး ဝင်ခဲ့ပေမဲ့ လုပ်ငန်းတစ်ခု စီးပွားရေးတစ်ခုကိုမထူထောင်နိုင်ခဲ့ဘူးကွာ။ ကျနော်လေ ရေကန်ပဲ တူးခဲ့မိတာ။ ရေတွင်း မတူးခဲ့ရဘူး။ ရေကန် ဆိုတဲ့ စီးပွားရေးက ခပ်လို့ကုန်ရင် ထပ်မဖြည့်တဲ့ တစ်နေ့ ခုဆို ရေ မရှိတော့ဘူး။
ရေတွင်း ဆိုတဲ့ စီးပွားရေး အမာခံတစ်ခုကို လုပ်ခဲ့ရမှာ။ ကျနော်လေ နောင်တတွေနဲ့အတူ သူငယ်ချင်းတွေကို ရင်ဖွင့်မိတယ်။ သူငယ်ချင်းတွေကလည်း ငါတို့ C BT ပြန်ဖြေပြီး လစ်ရအောင်ကွာတဲ့။ ကျနော့် သူငယ်ချင်း ဘဝတူတွေကလည်း ငါတို့ တစ်ခေါက် ထပ်ထွက်ကျရအောင်ကွာ။ မင်းလည်း ဆေးခင်းကို တစ်ရက် ၅၀၀၀ ကျပ်နဲ့ ပေါက်တူး မပေါက်နိုင်ဘူး။
ပဲရိတ်လည်း မလိုက်နိုင်မယ့် အတူတူ ငါတို့ တစ်တွေ ပြန်ကြိုးစားမယ်ကွာ။ ဒါတွေက ဘဝသင်ခန်းစာတွေပဲလေ။ ငါတို့ ဟိုရောက်ရင် မိဘကို လုပ်ကျွေးရင်း ဘဝ အနာဂါတ်အတွက် စီပွားရေး အလုပ်တစ်ခုကို လုပ်ဖို့ ငါတော့ စဉ်းစားထားပြီးပြီ။ ကျားကြီးခြေရာကြီး သုံးစွဲနေရင် ပြန်လာလည်း ငါတို့ ရပ်တည်လို့မှ မရတာ။
ငါတို့ ဆုံးဖြတ်ချက် ချလိုက်ရအောင်ကွဒုကကြီး တစ်ယောက်အနေနဲ့ ကိုရီးယားကို ပြန်ရောက်ခဲ့ရင် စီးပွားရေးတစ်ခု အချေကျအောင် လုပ်သင့်တယ်လို့ အတွေးတွေကို ရင်မှာပိုက်ပြီး ဒုကကြီး ဘဝနဲ့ နောင်တမဲ့ နေ့ရက်တွေကို ဖြတ်သန်းဖို့ ကျနော်ဆုံးဖြတ်ချက် ချမိပါတော့သည်။
Credit-ကာရန်မင်း (ခေတ္တကိုရီးယား)
Zawgyi
ကိုရီးယားမွာ အလုပ္လုပ္ၿပီး မိဘကို လစဥ္ေထာက္ပံ့ေပးေနတဲ့ ျမန္မာလုပ္သားတဦးရဲ႕ ေနာင္တ.. ( သားေရ သိန္းတရာနား ကပ္သြားတယ္။ အေဖ့ရဲ႕ ဂုဏ္ယူဝံ့ႂကြားတဲ့ အသံက က်ေနာ့္ရင္ကို ေအးျမေစေပမဲ့ သက္ျပင္းေလး တစ္ခ်က္ ခိုးၿပီး ခ်မိတာကိုေတာ့ အေဖ သိမွာ စိုးရိမ္မိတာအမွန္ပင္။)
က်ေနာ္ ရဲမင္းသူဆိုတဲ့ အညာသားေလး တစ္ေယာက္ ကိုရီးယားမွာ ၃ ႏွစ္ အလုပ္လုပ္ခဲ့တယ္။ ကိုရီးယားမွာေနတုန္းက ရခဲ့တဲ့ ပိုက္ဆံေတြကို လကုန္ၿပီဆိုလွ်င္ မိဘဆီ ပို႔လိုက္တယ္။ အေဖနဲ႕ အေမ စိတ္ခ်မ္းသာတယ္။
မိသားစု စားဝတ္ေနေရး ေျပလည္ လာတယ္။ ညီမေလးနဲ႕ ညီငယ္ တစ္ေယာက္ကိုလည္း ေက်ာင္း ေကာင္းေကာင္းမွာ ထားနိုင္တယ္။ က်ေနာ္ကလည္း အသုံးစားရိတ္ေလာက္ ခ်န္ထားတက္တာ အပို မသုံးျဖစ္ေအာင္ေနတယ္။
အဓိက ကေတာ့ အေဖ၊ အေမနဲ႕ ညီငယ္၊ညီမငယ္ေလးေတြဆီ ဖုန္ဆက္တဲ့အခ်ိန္ လြင့္ပ်ံလာတဲ့ ရယ္႐ႊင္ျမဴးသံေတြက က်ေနာ့္ အတြက္ ပရိုဘီမင္ ပါပဲ။ က်ေနာ္ အေဖ့ဆီ ဖုန္းဆက္တယ္။ အေဖေရ အေႂကြးေတြေၾကၿပီ လား။ လူ႕ေလာကမွာ သူမ်ားဆီက အေႂကြး ရွိေနလွ်င္ စိတ္ခ်မ္းသာမႈေတြ ေပ်ာက္ပ်က္လြန္းလို႔ ေႂကြးကင္းရွင္းျခင္းခ်မ္းသာကိုေတာ့ က်ေနာ္ ခံစားခ်င္တယ္။
က်ေနာ္ အေဖနဲ႕ အေမကို အၿမဲေျပာတယ္ အေဖေရ သူမ်ားက ကိုယ့္ကို ယုံၾကည္လို႔ ေခ်းတဲ့ ေငြေတြကို အရင္ျပန္ဆပ္ပါ။ ၿပီးလွ်င္ က်န္တာလုပ္ေပါ့။ အေဖကလည္း က်ေနာ့္ကိုျပန္ေျပာတယ္။ ငါ့သားႀကီးရ မင္းနိုင္ငံျခားသြားဖို႔ ေခ်းတဲ့ ေငြေတြကို အလြယ္တစ္ကူေခ်းလို႔ ရတာက အေဖတို႔ မ်ိဳးရိုးမွာ သူမ်ားေႂကြးေျမကိုသံသရာထိ မယူဘူးဆိုတဲ့ ရိုးသားမႈ ဂုဏ္နဲ႕ အၿမဲေနတယ္။
လက္ထဲ ရွိရင္ျပန္ဆပ္ခဲ့တဲ့ အတြက္ေၾကာင့္ အေဖတို႔မွာ ေငြအခက္အခဲ မရွိပါဘူးကြာ။ အဲ့ဒီလိုနဲ႕ အေႂကြးေတြေၾကေအာင္ ဆပ္ၿပီးေတာ့ အေဖနဲ႕ အေမက သားေရ အေႂကြးေက်ၿပီကြာ။ အေဖ့ သားေတြ သမီးငယ္ေတြနဲ႕ တူ၊ တူမေတြကို အလႉ လႉေပးခ်င္တယ္ကြာ။ အေဖ ကေတာ့ မီးခိုးတိတ္။
ဗ်ိဳးထိုး အကူမခံဘူး။ ထမင္းရည္ေခ်ာင္းစီး ေမာင္းတီး လႉခ်င္တာကြ။ ၿပီးေတာ့ ငါ့သားလည္း ကိုရီးယား ရွိေနတာဆိုေတာ့ အႀကီးအက်ယ္ လႉခ်င္တယ္ သား။ အေဖ ဘယ္ေလာက္ေလာက္ဆိုရင္ရလည္းေမးေတာ့ သိပ္မကုန္ ပါဘူးကြာတဲ့။ အလႉကိစၥ ဆိုေတာ့ က်ေနာ္ကလည္း မပိတ္ပင္ပါဘူး။ ေနာက္တစ္ခုက မိဘကို စိတ္ခ်မ္းသာေစခ်င္တယ္ေလ။
အဲ့ဒီလိုနဲ႕ အလႉႀကီးကို ၿခိမ့္ၿခိမ့္သဲ လႉလိုက္တယ္။ အလႉၿပီးေတာ့ ဖုန္းဆက္လာတယ္။ သားေရ သိန္းတရာနား ကပ္သြားတယ္။ အေဖ့ရဲ႕ ဂုဏ္ယူဝံ့ႂကြားတဲ့ အသံက က်ေနာ့္ရင္ကို ေအးျမေစေပမဲ့ သက္ျပင္းေလး တစ္ခ်က္ ခိုးၿပီး ခ်မိတာကိုေတာ့ အေဖ သိမွာ စိုးရိမ္မိတာအမွန္ပင္။ အေႂကြးေတြေတာ့ က်တယ္။ ငါ့သား ဒီတစ္ခါ လစာ ဘယ္ေန႕ရမွာလဲ။
အေဖေရ လစဥ္ ပုံမွန္ ၂၅ ရက္ေန႕ေပါ့အေဖရယ္ ေျပာလိုက္တယ္။ ေအးကြာ အေႂကြးရွင္ေတြကို ေျဖးေျဖးခ်င္းဆပ္သြားမယ္ကြာ။ ဟုတ္ကဲ့ပါ အေဖ။ အေဖ၊ အေမနဲ႕ မိသားစု အားလုံး အဆင္ေျပေနတယ္ ဆိုရင္ သား ေပ်ာ္ပါတယ္ အေဖ။
အဲ့ဒီလိုနဲ႕ အလႉေႂကြးကို ၅ လခန႔္ကိုရီးယား လာတုန္းက ေခ်းတဲ့ ေငြက အတိုးနဲ႕ ဆိုေတာ့ ၇ လ ခန႔္။ တႏွစ္ရွိ သြားၿပီ။ လက္ထဲေတာ့ မပိုေသးဘူးေပါ့။ အေဖနဲ႕ အေမ ဘာလုပ္ငန္းေတြ လုပ္ဖို႔ စိတ္ကူးထားလည္း သားတို႔ စီးပြားေရး တစ္ခုေတာ့ လုပ္မလားလို႔ဗ်ာ။ အေဖက ေျပာတယ္ ငါ့သားရာ လုပ္မွာေပါ့ကြ။
အေဖနဲ႕ အေမကအသက္ႀကီးၿပီဆိုေတာ့ အိမ္ေကာင္းေကာင္းေဆာက္ခ်င္တယ္။ သားအေနနဲ႕ ဘယ္လို သေဘာရလဲ။ က်ေနာ္ စဥ္းစားလိုက္တယ္။ အေဖနဲ႕ အေမလည္း အိမ္ေကာင္းေကာင္းနဲ႕ ေနခ်င္မွာပဲေလ။ ငါ့သားေရ သစ္သားအိမ္ႏွစ္ထပ္ ပ်ဥ္ေထာင္၊ ပ်ဥ္ခင္း၊ အုပ္ခုံခံ၊ သြပ္မိုး ဆို ၁၅၀ သိန္း ဝန္းက်င္ေလာက္က်မွာ။ နံကပ္ဆိုရင္လည္း ၂၀၀ သိန္းေက်ာ္ပဲ မထူးေတာ့ဘူး။
နံရံကပ္ လုပ္လိုက္ရေအာင္ ဟုတ္ကဲ့ အေဖ။ သား အလုပ္ လုပ္ေနတယ္ ဆိုတာကလည္း အေဖ၊ အေမနဲ႕ မိသားစု အတြက္ပါ။ အေဖ အေမ စိတ္ခ်မ္းသာတယ္ ဆိုရင္ သား ေပ်ာ္တယ္ အေဖနဲ႕ အေမ။ ညီေလး ညီမေလးေတြ ကိုလည္း လိုအပ္တာေလးေတြ လုပ္ေပးလိုက္ပါ။
အေဖေရ သားကလည္း လခစားအလုပ္သမား ဆိုေတာ့ လကုန္မွသာ ေငြက ရနိုင္တာဆိုေတာ့ အေဖအဆင္ေျပသလို ေဆာက္သြားပါ။ ငါ့သား လစဥ္ပုံမွန္ လႊဲေပးေနရင္ အေႂကြး အကုန္ယူလို႔ရတယ္ကြ။ အဲ့ဒီလိုနဲ႕ က်ေနာ္လည္း လစဥ္ ပုံမွန္ေငြလႊဲ အေဖကလည္း ႏွစ္ထပ္တိုက္ကို အက်အန ဆာက္လိုက္ေတာ့ သိန္း ၃၀၀ နားကပ္သြားတယ္။
အခ်ိန္ကလည္း ႏွစ္ႏွစ္ခန႔္ၾကာ သြားတယ္။ က်ေနာ့္ စက္႐ုံကလည္း ၃ ႏွစ္ျပည့္ေတာ့ ေနာက္တႏွစ္ အတြက္က အလုပ္မေကာင္း စက္႐ုံကလည္း ေဒဝါလီခံမယ့္ အဆင့္နီးပါးဆိုေတာ့ တိုးဖို႔ အဆင္မေျပေတာ့ဘူး။ က်ေနာ္ အိမ္ကို ဖုန္းဆက္လိုက္တယ္။
အေဖ သားသက္တမ္း တိုးမရဘူး။ အျခားလည္းထြက္ၿပီး အလုပ္မရွာေတာ့ဘူး။ ျပန္လာခဲ့မယ္ ဆို အဆင္ေျပလား ဆိုေတာ့။ အိမ္လည္းၿပီးၿပီကြာ ျပန္လာေပါ့ကြာ ဒိုးတူေဘာင္ဘက္ လုပ္စားတာေပါ့။ အဲ့ဒီလိုနဲ႕ သုံးႏွစ္ျပည့္ေတာ့ျပန္လာခဲ့တယ္။ လက္ထဲမွာ ထြဲဂ်ီးဂြန္း ေလးေတာ့ အနည္းငယ္ ပါေသးတယ္။
အဲ့ဒီလိုနဲ႕ ေနလာလိုက္တာ ၆ လခန႔္ၾကာေသာ္ေပါ့ဗ်ာ။ လုပ္ငန္းကလည္း မယ္မယ္ရရမရွိ လက္ထဲက ေငြကလည္း ကုန္သြားၿပီ။ အေဖ့ ေငြ ၂ ေသာင္းေလာက္ ေပးပါဦး။
သား သူငယ္ခ်င္းေတြနဲ႕ အျပင္ ခဏသြားမလို႔။ ငါ့သားရ ေရာ့ ၅၀၀၀ က်ပ္ ၅၀၀၀ ဆိုတာ တစ္ရက္ လုပ္အားခ ရွိတယ္။ ေခြၽေခြၽတာတာ သုံးကြ။ ဟုတ္ကဲ့ပါ အေဖ။ က်ေနာ္ ေခါင္းကေလး ငိုက္စိုက္က် ဆိုင္ကယ္ေလးနဲ႕ အသာကေလး ထြက္လာတယ္။
ငါကိုရီးယားမွာေနတုန္းက ေငြေတြ အမ်ားႀကီး ဝင္ခဲ့ေပမဲ့ လုပ္ငန္းတစ္ခု စီးပြားေရးတစ္ခုကိုမထူေထာင္နိုင္ခဲ့ဘူးကြာ။ က်ေနာ္ေလ ေရကန္ပဲ တူးခဲ့မိတာ။ ေရတြင္း မတူးခဲ့ရဘူး။ ေရကန္ ဆိုတဲ့ စီးပြားေရးက ခပ္လို႔ကုန္ရင္ ထပ္မျဖည့္တဲ့ တစ္ေန႕ ခုဆို ေရ မရွိေတာ့ဘူး။
ေရတြင္း ဆိုတဲ့ စီးပြားေရး အမာခံတစ္ခုကို လုပ္ခဲ့ရမွာ။ က်ေနာ္ေလ ေနာင္တေတြနဲ႕အတူ သူငယ္ခ်င္းေတြကို ရင္ဖြင့္မိတယ္။ သူငယ္ခ်င္းေတြကလည္း ငါတို႔ C BT ျပန္ေျဖၿပီး လစ္ရေအာင္ကြာတဲ့။ က်ေနာ့္ သူငယ္ခ်င္း ဘဝတူေတြကလည္း ငါတို႔ တစ္ေခါက္ ထပ္ထြက္က်ရေအာင္ကြာ။ မင္းလည္း ေဆးခင္းကို တစ္ရက္ ၅၀၀၀ က်ပ္နဲ႕ ေပါက္တူး မေပါက္နိုင္ဘူး။
ပဲရိတ္လည္း မလိုက္နိုင္မယ့္ အတူတူ ငါတို႔ တစ္ေတြ ျပန္ႀကိဳးစားမယ္ကြာ။ ဒါေတြက ဘဝသင္ခန္းစာေတြပဲေလ။ ငါတို႔ ဟိုေရာက္ရင္ မိဘကို လုပ္ေကြၽးရင္း ဘဝ အနာဂါတ္အတြက္ စီပြားေရး အလုပ္တစ္ခုကို လုပ္ဖို႔ ငါေတာ့ စဥ္းစားထားၿပီးၿပီ။ က်ားႀကီးေျခရာႀကီး သုံးစြဲေနရင္ ျပန္လာလည္း ငါတို႔ ရပ္တည္လို႔မွ မရတာ။
ငါတို႔ ဆုံးျဖတ္ခ်က္ ခ်လိဳက္ရေအာင္ကြဒုကႀကီး တစ္ေယာက္အေနနဲ႕ ကိုရီးယားကို ျပန္ေရာက္ခဲ့ရင္ စီးပြားေရးတစ္ခု အေခ်က်ေအာင္ လုပ္သင့္တယ္လို႔ အေတြးေတြကို ရင္မွာပိုက္ၿပီး ဒုကႀကီး ဘဝနဲ႕ ေနာင္တမဲ့ ေန႕ရက္ေတြကို ျဖတ္သန္းဖို႔ က်ေနာ္ဆုံးျဖတ္ခ်က္ ခ်မိပါေတာ့သည္။
Credit-ကာရန္မင္း (ေခတၱကိုရီးယား)