တံငါသည်နှင့် ငါးရှဉ့်

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဉ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဉ့်တွေဟာကမ်းမကပ်ခင် သေကုန်ကြတယ်။

ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဉ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဉ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။

နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဉ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူးတစ်ချို့ ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဉ့်ကို ငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။

ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဉ့်ကမဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဉ့်ရဲ့”အသက်ရှင်ရေး”ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန်တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။

ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။ ကမ်းမကပ်ခင်သေရတဲ့ငါးရှဉ့်တွေက သူတို့ကိုဖမ်းမိသွားပြီ..ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်က အလွယ်တကူ ပျက်စီးသွားခဲ့တယ်။

ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲအချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့်ဘဝရဲ့အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီးကြီးပြင်းလို့ နားလည်မှု အတင့်သင့်ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့်ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။

Credit – နိုင်းနိုင်းစနေ

Zawgyi
ေရွးေရွးတုန္းက ဂ်ပန္တံငါေတြ ငါးရွဉ့္ဖမ္းထြက္ၾကေတာ့ သူတို႔ရဲ႕ေလွကေသးတာေၾကာင့္ ေလွဝမ္းထဲ ဖမ္းရထားတဲ့ ငါးရွဉ့္ေတြဟာကမ္းမကပ္ခင္ ေသကုန္ၾကတယ္။

ဒါေပမယ့္ တံငါတစ္ဦးရဲ႕ ေလွအျပင္အဆင္ေတြက တစ္ျခား တံငါသည္ေတြရဲ႕ေလွနဲ႕ တူတယ္ဆိုေပမယ့္ သူဖမ္းရတဲ့ ငါးရွဉ့္ေတြက ကမ္းကပ္တဲ့အထိ မေသဘဲ ရွိေနေသးတာကိုေတြ႕ရတယ္။ ဒါေၾကာင့္ သူ႕ငါးရွဉ့္အရွင္ေတြက တစ္ျခားသူေတြထက္ အၿမဲေဈးေကာင္း ပိုရခဲ့တယ္။

ႏွစ္ၾကာလာေတာ့ အဲဒီတံငါသည္ဟာ စုမိေဆာင္းမိလာသလို အ႐ြယ္ေထာက္လာတာေၾကာင့္ ငါးဖမ္းမထြက္ခဲ့ေတာ့ဘူး။ ဒါေပမယ့္ သားကို ငါးရွဉ့္ဖမ္းတဲ့လွ်ို႔ဝွက္ခ်က္ သင္ေပးလိုက္တယ္။အဲဒီလွ်ို႔ဝွက္ခ်က္က တံငါသည္ဟာ ေလွဝမ္းထဲမွာ ငါးခူးတစ္ခ်ိဳ႕ ထည့္ထားၿပီး ဖမ္းရတဲ့ငါးရွဉ့္ကို ငါးခူနဲ႕အတူ ေရာထည့္ထားလိုက္တယ္။

ေရာထည့္ခံရတဲ့ ငါးႏွစ္မ်ိဳးဟာ အခ်င္းခ်င္း ကိုက္ျဖတ္ၾကေတာ့တယ္။ ငါးခူရဲ႕ တိုက္ခိုက္မႈကို ငါးရွဉ့္ကမျဖစ္မေနျပန္ခုခံရတယ္။ ငါးရွဉ့္ရဲ႕အသက္ရွင္ေရးဆိုတဲ့ သဘာဝစိတ္က အျပန္အလွန္တိုက္ခိုက္မႈေအာက္မွာ အလိုအေလွ်ာက္ ထႂကြလာခဲ့တယ္။

ဒါေၾကာင့္ သူတို႔ဟာ ကမ္းကပ္တဲ့အထိ မေသဘဲ ရွိေနခဲ့တာျဖစ္တယ္။တံငါသည္ကဆက္ၿပီး သားကို ေျပာျပခဲ့တယ္။ ကမ္းမကပ္ခင္ေသရတဲ့ငါးရွဉ့္ေတြက သူတို႔ကိုဖမ္းမိသြားၿပီ..ဘယ္လိုပဲ႐ုန္း႐ုန္း လြတ္ေတာ့မွာ မဟုတ္ဘူးဆိုၿပီး ေသဖို႔ကိုပဲ ေစာင့္ေနခဲ့ၾကလို႔ သူတို႔ရဲ႕အသက္ရွင္ဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္က အလြယ္တကူ ပ်က္စီးသြားခဲ့တယ္။

ဒါေၾကာင့္ ေလွဝမ္းထဲမွာ ၾကာၾကာမေနရဘဲအခ်ိန္တိုအတြင္း ေသသြားၾကတာျဖစ္တယ္။တံငါသည္က စိန္ေခၚမႈေတြကို သတၱိရွိရွိရင္ဆိုင္ဖို႔၊ စိန္ေခၚမႈေၾကာင့္ဘဝရဲ႕အသက္ရွင္နိုင္စြမ္းနဲ႕ ေမွ်ာ္လင့္ခ်က္က ပိုၿပီးျပည့္စုံလာမယ့္အေၾကာင္း သားကို သင္ျပေပးခဲ့တယ္။

ဂ်ပန္မိဘေတြက ကိုယ့္သားသမီးႀကီးျပင္းလို႔ နားလည္မႈ အတင့္သင့္ရွိလာတဲ့အခါ ဒီပုံျပင္ကို ေျပာျပေလ့ရွိၾကတယ္။ ဒါေၾကာင့္ဂ်ပန္လူမ်ိဳးေတြရဲ႕ ဘဝစိန္ေခၚမႈေတြကို ရင္ဆိုင္ရဲတဲ့သတၱိ၊ စြမ္းရည္ေတြေၾကာင့္ ဂ်ပန္နိုင္ငံက ယေန႕အာရွမွာ အတိုးတက္ဆုံးနိုင္ငံေတြထဲက တစ္နိုင္ငံျဖစ္ခဲ့တယ္။

Credit နိုင္းနိုင္းစေန