သားဖြစ်သူ၏မျက်နှာမှ မွေးရာပါအမှတ်အသားကြောင့် အားငယ်နေမည်ကို စိုးရိမ်သဖြင့် မိခင်ဖြစ်သူဟာ သူမ၏မျက်နှာတွင် သား၏မျက်နှာနှင့်တူအောင် တက်တူးထိုးခဲ့သည့် မိဘ၏မေတ္တာ

မိဘတို့အတွက် သားသမီးတို့ဟာ ဘဝ၏တန်ဖိုးအရှိဆုံးသော အရာပင်ဖြစ်ပေသည်။

သားသမီးတို့၏ ပျော်ရွင်မှုအတွက် မိဘတို့ဟာ သူတို့၏ အလှအပမပြောနှင့် အသက်ကိုပင် ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

ယခုတွင်လည်း Carolina Giralddelliဆိုသည် အမျိုးသမီးဟာ သူမမွေးဖွားခဲ့သော သားငယ်ဖြစ်သူ Enzo Cstari ၏ မျက်နှာတွင် ကြီးမားလှသော အမှတ်အသားတစ်ခု ပါရှိလာခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် မိခင်ဟာ သားငယ်လေးသည် အခြားအပေါင်း အသင်းများကြားတွင် အားငယ်နေမည်ကို အထူးစိုးရိမ်မိခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် သူမဟာ သားဖြစ်သူ၏မျက်နှာပေါ်မှ အမှတ်အသားမျိုးနှင့် တစ်ပုံစံတည်းဖြစ်အောင် တက်တူးထိုးခဲ့ပြီး သားဖြစ်သူကို စိတ်ဓာတ်မကျစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မိခင်၏သားသမီးတို့အပေါ်တွင် ထားရှသောမေတ္တာတရားဟာ ဘယ်အရာမှ နှိုင်းယှဥ်၍ရနိုင်မည်မဟုတ်ပေ။

crd,

Zawgyi






crd,