အင်းဝမြို့ဟောင်းသို့ သွားရောက်လည်ပတ်သူတိုင်း ဒေါ်ဂျမ်းဘုရားစုဆီ အရောက်သွားရသည်အထိ ထင်ရှားကျော်ကြားပေမယ့် ဒေါ်ဂျမ်းဘုရားစုနဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာတွေကတော့ ယနေ့တိုင် မသေချာ မရေရာ ရှိနေစဲပါပဲ။
လက်ဆင့်ကမ်းလာသော စကားတွေထဲမှာတောင် သူခိုးကြီး ငတက်ပြားဟာ သေဆုံးသွားသော ဇနီးသည် ဒေါ်ဂျမ်းအတွက် ကုသိုလ်ရစေရန် အလို့ငှာ တည်ခဲ့တာလိုလို၊ ဒေါ်ဂျမ်းကိုယ်တိုင်ပဲ အသက်ထင်ရှား ရှိစဉ်က တည်ခဲ့တာလိုလို ကွဲလွဲလို့ နေပါတယ်။
ပြီးတော့ ဒေါ်ဂျမ်းဘုရာစုထဲမှာ စေတီတွေက တစ်ဆူမက အများကြီး ဖြစ်နေတဲ့အတွက် ဒေါ်ဂျမ်းနဲ့ ဆက်စပ်နေတာ ဘယ်စေတီမှန်းလည်း မသိရပါဘူး။ ဒါ့ကြောင့်မို့လို့ သည်ဆောင်းပါးကို သမိုင်းမှတ်တမ်းမျိုး မဟုတ်ဘဲ ပါးစပ်ပြော ရာဇဝင် အဖြစ်သာ ဖတ်ပေးစေချင်ပါတယ်။
ခရစ်နှစ် ၁၃၆၄ခုမှာ ပထမအင်းဝကို တည်ထောင်ခဲ့တဲ့ တကောင်းမင်းဆက်ဖြစ်သည့် သတိုင်းမင်းဖျား လက်ထက်မှာ မချမ်းသာဆိုတဲ့ အမျိုးသမီးငယ် တစ်ဦး ရှိခဲ့ဖူးပါတယ်။ သူမဟာ ရွှေတောင်ဆယ်ရွာသူကြီး ဦးကောင်းစံရဲ့ သမီးသုံးဦး ဖြစ်တဲ့ မလုံးပြည့်၊ မချမ်းသာနှင့် မပြည့်သာ အမည်ရ ညီအမကသုံးဦးထဲမှ သမီးလတ် ဖြစ်သူပါ။
အရွယ်ရောက်လာတော့ မချမ်းသာဟာ ကိုတက်ခါးနှင့် ချစ်ကျွမ်းဝင်ခဲ့ပေမယ့် ဖခင်ဖြစ်သူက သဘောမတူသဖြင့် ခိုးရာလိုက်ပြေးခဲ့ပါတယ်။ တကယ်တော့ ကိုတက်ခါးဆိုတာ ငခိုးကြီးငတက်ပြားပါပဲ။
အိမ်ထောင်ကျပြီးနောက်မှာ မချမ်းသာဟာ ကိုတက်ခါးအတွက် မကြာခဏ ဆိုသလို ထန်းရည်ဝယ်ပေးရပါတယ်။ နောက်ပိုင်းမှာ မချမ်းသာ ကိုယ်တိုင်လည်း ထန်းရည် စွဲလန်းလာပါတော့တယ်။ မချမ်းသာဟာ ထန်းရည်မူးလာတိုင်း ကိုယ်အမူအရာ နှုတ်အမူအရာ ကြမ်းတမ်းလာလေ့ ရှိပါတယ်။
တစ်နေ့တော့ မချမ်းသာဟာ အင်းဝမြို့တံခါးကို ဖြတ်စဉ်မှာ တံခါးမှူးမှ စစ်ဆေးတာကို ထန်းရည်မူးပြီး ဆဲရေးတိုင်ထွှာမိသဖြင့် ရိုက်နှက်ခံရပြီး သေဆုံးသွားပါတယ်။
အခြားဇာတ်လမ်း တစ်ခုမှာတော့ စစ်ချီထွက်လာတဲ့ ဘုရင့်တပ်ဦးရှေ့မှ ဖြတ်သန်းမိသဖြင့် ဘုရင်က ခေါ်ယူစစ်မေးတဲ့အခါမှာ ကောင်းမွန်စွာ မဖြေဘဲ ဆဲဆိုပြီး မလျော်မကန် လုပ်ပြသဖြင့် ရိုက်သတ်ခံရတာလို့ ဆိုထားပါတယ်။
ဇာတ်လမ်းနှစ်ခုက မတူညီပေမယ့် တူညီတဲ့အချက်က နှုတ်ကြမ်းလို့ ရိုက်သတ်ခံရပြီး သေရတာပါပဲ။
credit
Zawgyi
အင္းဝၿမိဳ႕ေဟာင္းသို႔ သြားေရာက္လည္ပတ္သူတိုင္း ေဒၚဂ်မ္းဘုရားစုဆီ အေရာက္သြားရသည္အထိ ထင္ရွားေက်ာ္ၾကားေပမယ့္ ေဒၚဂ်မ္းဘုရားစုနဲ႕ ပတ္သတ္တဲ့ မွတ္တမ္းမွတ္ရာေတြကေတာ့ ယေန႕တိုင္ မေသခ်ာ မေရရာ ရွိေနစဲပါပဲ။
လက္ဆင့္ကမ္းလာေသာ စကားေတြထဲမွာေတာင္ သူခိုးႀကီး ငတက္ျပားဟာ ေသဆုံးသြားေသာ ဇနီးသည္ ေဒၚဂ်မ္းအတြက္ ကုသိုလ္ရေစရန္ အလို႔ငွာ တည္ခဲ့တာလိုလို၊ ေဒၚဂ်မ္းကိုယ္တိုင္ပဲ အသက္ထင္ရွား ရွိစဥ္က တည္ခဲ့တာလိုလို ကြဲလြဲလို႔ ေနပါတယ္။
ၿပီးေတာ့ ေဒၚဂ်မ္းဘုရာစုထဲမွာ ေစတီေတြက တစ္ဆူမက အမ်ားႀကီး ျဖစ္ေနတဲ့အတြက္ ေဒၚဂ်မ္းနဲ႕ ဆက္စပ္ေနတာ ဘယ္ေစတီမွန္းလည္း မသိရပါဘူး။ ဒါ့ေၾကာင့္မို႔လို႔ သည္ေဆာင္းပါးကို သမိုင္းမွတ္တမ္းမ်ိဳး မဟုတ္ဘဲ ပါးစပ္ေျပာ ရာဇဝင္ အျဖစ္သာ ဖတ္ေပးေစခ်င္ပါတယ္။
ခရစ္ႏွစ္ ၁၃၆၄ခုမွာ ပထမအင္းဝကို တည္ေထာင္ခဲ့တဲ့ တေကာင္းမင္းဆက္ျဖစ္သည့္ သတိုင္းမင္းဖ်ား လက္ထက္မွာ မခ်မ္းသာဆိုတဲ့ အမ်ိဳးသမီးငယ္ တစ္ဦး ရွိခဲ့ဖူးပါတယ္။ သူမဟာ ေ႐ႊေတာင္ဆယ္႐ြာသူႀကီး ဦးေကာင္းစံရဲ႕ သမီးသုံးဦး ျဖစ္တဲ့ မလုံးျပည့္၊ မခ်မ္းသာႏွင့္ မျပည့္သာ အမည္ရ ညီအမကသုံးဦးထဲမွ သမီးလတ္ ျဖစ္သူပါ။
အ႐ြယ္ေရာက္လာေတာ့ မခ်မ္းသာဟာ ကိုတက္ခါးႏွင့္ ခ်စ္ကြၽမ္းဝင္ခဲ့ေပမယ့္ ဖခင္ျဖစ္သူက သေဘာမတူသျဖင့္ ခိုးရာလိုက္ေျပးခဲ့ပါတယ္။ တကယ္ေတာ့ ကိုတက္ခါးဆိုတာ ငခိုးႀကီးငတက္ျပားပါပဲ။
အိမ္ေထာင္က်ၿပီးေနာက္မွာ မခ်မ္းသာဟာ ကိုတက္ခါးအတြက္ မၾကာခဏ ဆိုသလို ထန္းရည္ဝယ္ေပးရပါတယ္။ ေနာက္ပိုင္းမွာ မခ်မ္းသာ ကိုယ္တိုင္လည္း ထန္းရည္ စြဲလန္းလာပါေတာ့တယ္။ မခ်မ္းသာဟာ ထန္းရည္မူးလာတိုင္း ကိုယ္အမူအရာ ႏႈတ္အမူအရာ ၾကမ္းတမ္းလာေလ့ ရွိပါတယ္။
တစ္ေန႕ေတာ့ မခ်မ္းသာဟာ အင္းဝၿမိဳ႕တံခါးကို ျဖတ္စဥ္မွာ တံခါးမႉးမွ စစ္ေဆးတာကို ထန္းရည္မူးၿပီး ဆဲေရးတိုင္ထႊာမိသျဖင့္ ရိုက္ႏွက္ခံရၿပီး ေသဆုံးသြားပါတယ္။
အျခားဇာတ္လမ္း တစ္ခုမွာေတာ့ စစ္ခ်ီထြက္လာတဲ့ ဘုရင့္တပ္ဦးေရွ႕မွ ျဖတ္သန္းမိသျဖင့္ ဘုရင္က ေခၚယူစစ္ေမးတဲ့အခါမွာ ေကာင္းမြန္စြာ မေျဖဘဲ ဆဲဆိုၿပီး မေလ်ာ္မကန္ လုပ္ျပသျဖင့္ ရိုက္သတ္ခံရတာလို႔ ဆိုထားပါတယ္။
ဇာတ္လမ္းႏွစ္ခုက မတူညီေပမယ့္ တူညီတဲ့အခ်က္က ႏႈတ္ၾကမ္းလို႔ ရိုက္သတ္ခံရၿပီး ေသရတာပါပဲ။
credit