အမွှေးမရိတ်ချင်တာကြောင့် ခြံထဲကနေ ထွက်ပြေးပြီး ဂူထဲမှာ ၆နှစ်အကြာနေထိုင်ခဲ့သော သိုးကြီးတစ်ကောင်

သိုးများသည် အမွှေးထူသည့် တိရစ္ဆာန်လေးတွေဖြစ်ကြရာ လူသားတို့သည် စီးပွားရေးပြုလုပ်ရန်နှင့် သူတို့ကျန်းမာရေးအတွက် အမွှေးတွေကို တစ်နှစ်တစ်ခါ ရိတ်ပေးကြရသည်။

သို့ဖြစ်၍ နယူးဇီလန်နိုင်ငံ South Islandမှ မွေးမြူရေးခြံတစ်ခုရှိ သိုးလေးတစ်ကောင်သည် အခြားသော သိုးတွေလို အမွှေးမရိတ်လိုခြင်းကြောင့် အမွှေးရိတ်ချိန်တွင် ကြောက်ပြီး ခြံထဲကနေ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

သိုးလေးသည် ၆နှစ်ကြာသည်ထိကို အမွှေးမရိတ်ရတော့ပဲ ဂူကြီးတစ်ခုမှာ နေထိုင်ကျက်စားခဲ့ရာ မထင်မှတ်ပဲ ပိုင်ရှင်ဖြစ်သူမှ ပြန်ရှာတွေ့ခဲ့၍ ခြံထဲသို့ ခေါ်ပြန်သွားခဲ့သည်။

သိုးကြီးသည် အမွှေးကိုတစ်နှစ်တစ်ခါ ရိတ်မည့်အစား ၆နှစ်ကြာအောင်ဖြစ်သွားသည့်အတွက် သားမွှေးအလေးချိန်မှာ၂၅ကီလိုဂရမ်ကျော်ရှိခဲ့ရာ

သွားလာလှုပ်ရှားမှုနှင့်အတူ အမြင်အာရုံကို ဝေဝါးစေပြီး ကျန်းမာရေးအတွက် စိုးရိမ်ရတာကြောင့် ပိုင်ရှင်ဖြစ်သူမှ အမွှေးအားလုံးကို ရိတ်ပစ်ဖို့ စီစဉ်ခဲ့သည်။

သို့သော်လည်း ပိုင်ရှင်ဖြစ်သူသည် သားမွှေးအတွက်ကို မိဘမဲ့ကလေးတွေအတွက် လှူဒါန်းရန် Tvအစီအစဉ်တစ်ခုကနေ တိုက်ရိုက်လွှင့် ရိတ်ပြကာ လေလံတင်ရောင်းချခဲ့သည်။

Crd

Zawgyi

သိုးမ်ားသည္ အေမႊးထူသည့္ တိရစ္ဆာန္ေလးေတြျဖစ္ၾကရာ လူသားတို႔သည္ စီးပြားေရးျပဳလုပ္ရန္ႏွင့္ သူတို႔က်န္းမာေရးအတြက္ အေမႊးေတြကို တစ္ႏွစ္တစ္ခါ ရိတ္ေပးၾကရသည္။

သို႔ျဖစ္၍ နယူးဇီလန္နိုင္ငံ South Islandမွ ေမြးျမဴေရးၿခံတစ္ခုရွိ သိုးေလးတစ္ေကာင္သည္ အျခားေသာ သိုးေတြလို အေမႊးမရိတ္လိုျခင္းေၾကာင့္ အေမႊးရိတ္ခ်ိန္တြင္ ေၾကာက္ၿပီး ၿခံထဲကေန ထြက္ေျပးတိမ္းေရွာင္ခဲ့သည္။

သိုးေလးသည္ ၆ႏွစ္ၾကာသည္ထိကို အေမႊးမရိတ္ရေတာ့ပဲ ဂူႀကီးတစ္ခုမွာ ေနထိုင္က်က္စားခဲ့ရာ မထင္မွတ္ပဲ ပိုင္ရွင္ျဖစ္သူမွ ျပန္ရွာေတြ႕ခဲ့၍ ၿခံထဲသို႔ ေခၚျပန္သြားခဲ့သည္။

သိုးႀကီးသည္ အေမႊးကိုတစ္ႏွစ္တစ္ခါ ရိတ္မည့္အစား ၆ႏွစ္ၾကာေအာင္ျဖစ္သြားသည့္အတြက္ သားေမႊးအေလးခ်ိန္မွာ၂၅ကီလိုဂရမ္ေက်ာ္ရွိခဲ့ရာ

သြားလာလႈပ္ရွားမႈႏွင့္အတူ အျမင္အာ႐ုံကို ေဝဝါးေစၿပီး က်န္းမာေရးအတြက္ စိုးရိမ္ရတာေၾကာင့္ ပိုင္ရွင္ျဖစ္သူမွ အေမႊးအားလုံးကို ရိတ္ပစ္ဖို႔ စီစဥ္ခဲ့သည္။

သို႔ေသာ္လည္း ပိုင္ရွင္ျဖစ္သူသည္ သားေမႊးအတြက္ကို မိဘမဲ့ကေလးေတြအတြက္ လႉဒါန္းရန္ Tvအစီအစဥ္တစ္ခုကေန တိုက္ရိုက္လႊင့္ ရိတ္ျပကာ ေလလံတင္ေရာင္းခ်ခဲ့သည္။

Crd