အသက်အပြင်းဆုံး သက်ရှိဖြစ်တဲ့ ရေဝက်ဝံ လို့ခေါ်တဲ့ Tardigrades အကြောင်း

ကမ္ဘာ့ အသန်မာဆုံး ၊အသက်ပြင်းဆုံး တိရစ္ဆာန် ကတော့ ရေဝက်ဝံ (Water Bear) အမည်ရ ပိုးကောင် ဖြစ်ပါတယ်။ သူ့ကို Tardigrade လို့လည်း ခေါ်ပါတယ်။

အရွယ် အစား ကတော့ မီလီမီတာ အတိုင်း အတာ သာရှိပြီး အလွန်သေး ငယ်ပါတယ်။အရွယ်‌ရောက်ပြီး အကြီးဆုံးအကောင်က ၁.၅ မီလီမတာ(၀.၀၅၉လက်မ) ရှိပြီး အသေးဆုံးကတော့ ၀.၁ မီလီမီတာ‌အောက်မှာပဲ ရှိပါတယ်။

သူရဲ့ ထူးခြားချက်ကတော့ သေပြီးရင် ပြန်ရှင်နိုင် ပါတယ်။ အသက်ရှင်ရန် ခက်ခဲ ကြမ်းတမ်းပါတယ်ဆိုတဲ့ နေရာ ဒေသတွေ မှာတောင် အသက်ရှင် နေထိုင်နိုင် ပါတယ်။

ရေဝက်ဝံဟာ အပူချိန် သုည ဒီဂရီမှာလည်း နေထိုင်နိုင်သလို ရေနွေးပွက်ပွက်ဆူ ထဲမှာလည်း အသက်ရှင်နိုင်ပါတယ်။ လူသားတွေထက်လည်း ဓာတ်ရောင်ခြည် အဆ တစ်ထောင်မက ခံနိုင်ရည်ရှိ ပါတယ်။

ရေမသောက် ပဲနဲ့လည်း ဆယ်စုနှစ် တစ်ခုမက နေနိုင်ပါတယ်။ အနက်ဆုံး သမုဒ္ဒရာ ကြမ်းပြင်အောက်က ဖိအား ထက် ၆ ဆ များနဲ့ ဖိအားကို တောင် ခံနိုင်ရည် ရှိပါတယ်။

အာကာသမှာလည်း အသက်ရှင်နိုင်ပါတယ်။၂၀၁၇ ခုနှစ်က သိပ္ပံပညာရှင်တွေဟာ ရေဝက်ဝံတွေကို အာကာသထဲသို့ ၁၂ ရက်ကြာ စေလွတ်ပြီး စမ်းသပ်ခဲ့ပါတယ်။

ရေဝက်ဝံဟာ အာကာသထဲမှာ ဘာမှမဖြစ်ပဲ အသက်ရှင်‌နေနိုင်ရုံမက အဥပါဥချခဲ့ပြီး ကမ္ဘာမြေပေါ်ကို မွေးကင်းစ အကောင်ပေါက်လေးနဲ့အတူ ပြန်လာနိုင်ခဲ့ပါတယ်။

ပတ်ဝန်းကျင်အခြေအနေဆိုးတစ်ခုကြောင့် သေသွားတယ်ဆိုရင်တောင် တကယ်သေတာမဟုတ်ပါဘူး။ ကိုယ်တွင်းက လုပ်ဆောင်ချက်များ ယာယီ ရပ်တန့်သွားခြင်း မျှသာ ဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကြာတဲ့အခါ ပြန်လည် ရှင်သန် ပြီး ယခင် အတိုင်း နေထိုင်နိုင်ပါတယ်။

ရေဝက်ဝံဟာ အသေးစား သတ္တဝါမျှ ဖြစ်ပြီး ခြေထောက်၊ ခြေသည်း၊ မျက်လုံး၊ ပါးစပ်၊ အစာအိမ်၊ သွေးကြော အစရှိသဖြင့်တို့ဟာ တကယ်ပဲ သေးငယ်ပါတယ်။

ရေဝက်ဝံကို နေရာတိုင်းမှာ ရှာတွေ့နိုင်ပါတယ်။ ပင်လယ်၊ ရေခဲပြင်အောက်၊ ကန္တာရ၊ ဟိမဝန္တာ- ရာသီစုံ၊ အပူချိန်စုံ ခံနိုင်ရည်ရှိပြီး နေရာအနှံ့မှာ နေထိုင်ပါတယ်။ ရေညှိမှာလည်း စုဖွဲ့ပြီး နေတတ်ပါတယ်။

ဒါတောင် ပုံမှန်အတိုင်းဆိုရင် သေစရာ အကြောင်းမရှိပဲ အမြဲ စွမ်းအင် ပြန်လည်ပြည့်ဖြိုးနေတဲ့အတွက် ကမ္ဘာ့ အသန်မာဆုံး ၊ အသက်အပြင်းဆုံး တိရစ္ဆာန်လို့ ကမ္ဘာက အသိမှတ်ပြုထားကြပါတယ်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
ကမၻာ့ အသန္မာဆုံး ၊အသက္ျပင္းဆုံး တိရစ္ဆာန္ ကေတာ့ ေရဝက္ဝံ (Water Bear) အမည္ရ ပိုးေကာင္ ျဖစ္ပါတယ္။ သူ႕ကို Tardigrade လို႔လည္း ေခၚပါတယ္။

အ႐ြယ္ အစား ကေတာ့ မီလီမီတာ အတိုင္း အတာ သာရွိၿပီး အလြန္ေသး ငယ္ပါတယ္။အ႐ြယ္ေရာက္ၿပီး အႀကီးဆုံးအေကာင္က ၁.၅ မီလီမတာ(၀.၀၅၉လက္မ) ရွိၿပီး အေသးဆုံးကေတာ့ ၀.၁ မီလီမီတာေအာက္မွာပဲ ရွိပါတယ္။

သူရဲ႕ ထူးျခားခ်က္ကေတာ့ ေသၿပီးရင္ ျပန္ရွင္နိုင္ ပါတယ္။ အသက္ရွင္ရန္ ခက္ခဲ ၾကမ္းတမ္းပါတယ္ဆိုတဲ့ ေနရာ ေဒသေတြ မွာေတာင္ အသက္ရွင္ ေနထိုင္နိုင္ ပါတယ္။

ေရဝက္ဝံဟာ အပူခ်ိန္ သုည ဒီဂရီမွာလည္း ေနထိုင္နိုင္သလို ေရႏြေးပြက္ပြက္ဆူ ထဲမွာလည္း အသက္ရွင္နိုင္ပါတယ္။ လူသားေတြထက္လည္း ဓာတ္ေရာင္ျခည္ အဆ တစ္ေထာင္မက ခံနိုင္ရည္ရွိ ပါတယ္။

ေရမေသာက္ ပဲနဲ႕လည္း ဆယ္စုႏွစ္ တစ္ခုမက ေနနိုင္ပါတယ္။ အနက္ဆုံး သမုဒၵရာ ၾကမ္းျပင္ေအာက္က ဖိအား ထက္ ၆ ဆ မ်ားနဲ႕ ဖိအားကို ေတာင္ ခံနိုင္ရည္ ရွိပါတယ္။

အာကာသမွာလည္း အသက္ရွင္နိုင္ပါတယ္။၂၀၁၇ ခုႏွစ္က သိပၸံပညာရွင္ေတြဟာ ေရဝက္ဝံေတြကို အာကာသထဲသို႔ ၁၂ ရက္ၾကာ ေစလြတ္ၿပီး စမ္းသပ္ခဲ့ပါတယ္။

ေရဝက္ဝံဟာ အာကာသထဲမွာ ဘာမွမျဖစ္ပဲ အသက္ရွင္ေနနိုင္႐ုံမက အဥပါဥခ်ခဲ့ၿပီး ကမၻာေျမေပၚကို ေမြးကင္းစ အေကာင္ေပါက္ေလးနဲ႕အတူ ျပန္လာနိုင္ခဲ့ပါတယ္။

ပတ္ဝန္းက်င္အေျခအေနဆိုးတစ္ခုေၾကာင့္ ေသသြားတယ္ဆိုရင္ေတာင္ တကယ္ေသတာမဟုတ္ပါဘူး။ ကိုယ္တြင္းက လုပ္ေဆာင္ခ်က္မ်ား ယာယီ ရပ္တန႔္သြားျခင္း မွ်သာ ျဖစ္ၿပီး ႏွစ္ေပါင္း ၁၂၀ ၾကာတဲ့အခါ ျပန္လည္ ရွင္သန္ ၿပီး ယခင္ အတိုင္း ေနထိုင္နိုင္ပါတယ္။

ေရဝက္ဝံဟာ အေသးစား သတၱဝါမွ် ျဖစ္ၿပီး ေျခေထာက္၊ ေျခသည္း၊ မ်က္လုံး၊ ပါးစပ္၊ အစာအိမ္၊ ေသြးေၾကာ အစရွိသျဖင့္တို႔ဟာ တကယ္ပဲ ေသးငယ္ပါတယ္။

ေရဝက္ဝံကို ေနရာတိုင္းမွာ ရွာေတြ႕နိုင္ပါတယ္။ ပင္လယ္၊ ေရခဲျပင္ေအာက္၊ ကႏၱာရ၊ ဟိမဝႏၱာ- ရာသီစုံ၊ အပူခ်ိန္စုံ ခံနိုင္ရည္ရွိၿပီး ေနရာအႏွံ႕မွာ ေနထိုင္ပါတယ္။ ေရညွိမွာလည္း စုဖြဲ႕ၿပီး ေနတတ္ပါတယ္။

ဒါေတာင္ ပုံမွန္အတိုင္းဆိုရင္ ေသစရာ အေၾကာင္းမရွိပဲ အၿမဲ စြမ္းအင္ ျပန္လည္ျပည့္ၿဖိဳးေနတဲ့အတြက္ ကမၻာ့ အသန္မာဆုံး ၊ အသက္အျပင္းဆုံး တိရစ္ဆာန္လို႔ ကမၻာက အသိမွတ္ျပဳထားၾကပါတယ္။

Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္