ခေါင်း ပေါင်း ဆင် မြန်း မှု သည် မြန် မာ့ အ မျိုး သား အ ခမ်း အ နား ဝတ် စုံ တွင် ပါ ဝင် သည့် ဝတ် စား ဆင် ယင် ထုံး ဖွဲ့ မှု ဖြစ် ပြီး ဦး ခေါင်း တန် ဆာ ဆင် သော မြန် မာ့ ယဉ် ကျေး မှု တစ် ရပ် ဖြစ် ပါ သည် ။ ခေါင်း ပေါင်း ပေါင်း သည့် အ ခါ , သျှောင် ကို အုပ် ၍ ဖြစ် စေ ဖော် ၍ ဖြစ် စေ ပေါင်း ကြ ပါ သည် ။
ဦး သျှောင် ထုံး သော ဓ လေ့ နည်း ပါး လာ သော အ ခါ သျှောင် အ စား ကြိမ် ခြင်း ကို အောက် ခံ ပြု ၍ ခေါင်း ပေါင်း , ပေါင်း ကြ ပါ သည် ။ ပု ခုံး တင် အ ထည် များ ကိုယ် ဝတ် ထည် များ ခါး ဝတ် ထည် များ ဆင် မြန်း ဝတ် ဆင် ကြ ခြင်း အ ပြင် , ခေါင်း ပေါင်း , ပေါင်း ခြင်း သည် ထူး ခြား ထင် ရှား ၍ မြန် မာ့ ကျက် သ ရေ ဆောင် ဆင် ယင် မှု တစ် ရပ် ဖြစ် ကြောင်း မြန် မာ့ စွယ် စုံ ကျမ်း အ တွဲ [ ၂ ] စာ မျက် နှာ [ ၃၁၅ ] တွင် ရေး သား ဖော် ပြ ထား ပါ သည် ။
[ က ] ခေါင်း ပေါင်း သည် မြန် မာ လူ မျိုး ယောက်ျား များ ဦး ခေါင်း တွင် ဆင် မြန်း သော အ ဝတ် တန် ဆာ တစ် မျိုး ဖြစ် သည် ။ ခေါင်း ပေါင်း ကို ဆင်း ရဲ သား များ မှ ဘု ရင် မင်း မြတ် အ ထိ အ မြတ် တ နိုး ဆင် မြန်း ကြ သည် ။ ဦး ခေါင်း ကို ရစ် ၍ ပေါင်း သ ဖြင့် ဦး ရစ် ဟု လည်း ခေါ် သည် ။ မြန် မာ နိုင် ငံ တွင် ပု ဂံ ခေတ် က ပင် မြန် မာ များ ခေါင်း ပေါင်း ဆင် မြန်း နေ ကြ ပြီ ဖြစ် ကြောင်း ကို သိ ရှိ ရ သည် ။ [ ပု ဂံ ခေတ် တွင် ဆင် မြန်း ကြ သည် မှာ ဗောင်း ထုတ် သာ လျှင် ဖြစ် ပါ ပေ သည် ]
[ ခ ] ခေါင်း ပေါင်း , ပေါင်း သည့် အ ခါ သျှောင် ကို အုပ် ၍ ဖြစ် စေ ဖော် ၍ ဖြစ် စေ ပေါင်း ကြ သည် ။ အ ထူး သ ဖြင့် ဘု ရင် မင်း ညီ မင်း သား များ မှုး မတ် တို့ သည် သျှောင် ကို မ အုပ် ဘဲ ဦး ခေါင်း ရစ် ပတ် ကာ ခေါင်း ပေါင်း ကို ခွေ ရစ် ၍ ပေါင်း ကြ သည် ။ အ ရပ် သား များ က မူ သျှောင် ကို အုပ် ၍ ပေါင်း လေ့ ရှိ ကြ သည် ။
[ ဂ ] ကုန်း ဘောင် ခေတ် နောက် ပိုင်း တွင် ပြည် တွင်း ဖြစ် အ ထည် များ သာ မ က နိုင် ငံ ခြား ဖြစ် ပု ဝါ များ ကို လည်း ခေါင်း ပေါင်း ဆင် မြန်း လေ့ ရှိ ကြ သည် ။ ထို ခေတ် လောက် မှာ ပင် ကျေး တစ် ရာ ခေါင်း ပေါင်း များ ခေတ် စား ခဲ့ လေ သည် ။ ကျေး တစ် ရာ ခေါင်း ပေါင်း ဟူ သည် ကျေး ငှက် ရုပ် [ ၁၀၀ ] ရေး ခြယ် ထား သော ပိုး ခေါင်း ပေါင်း ဖြစ် လေ သည် ။
[ ဃ ] ဦး သျှောင် ထုံး သော ဓ လေ့ နည်း ပါး လာ သော အ ခါ သျှောင် အ စား ပိတ် စ ချည်း သက် သက် မျှ သာ လျှင် မ ဟုတ် တော့ ဘဲ [ ၁၉၃၉ / ၄၀ ] တွင် ကြိမ် ခြင်း ကို အောက် က ခံ ၍ ခေါင်း ပေါင်း , ပေါင်း သည် ။ ထို ပေါင်း နည်း ကို အုပ် ပေါင်း , ပေါင်း သည် ဟု ခေါ် ကြ ၏ ။ [ ၁၉၂၂ ] ခု နှစ် လောက် က စ ၍ တက္ကသိုလ် ဘွဲ့ ယူ သူ များ သည် ခေါင်း ပေါင်း နှင့် ဝတ် ရုံ ကို ဆင် မြန်း လျှက် ဘွဲ့ ယူ ကြ ၏ ။
ထို ခေတ် ကျောင်း သား များ သည် ခေါင်း ပေါင်း , ပေါင်း ၍ ကျောင်း တက် ကြ ၏ ။ ထို ကျောင်း သား များ ထွင် လိုက် သော ခေါင်း ပေါင်း မှာ ခေါင်း ပေါင်း စ , ရှည် ရှည် ချ ထား သော အုပ် ပေါင်း ဆန် ဆန် ပေါင်း နည်း မျိုး ဖြစ် ၍ “ ဘီ အေ ´´ ပေါင်း ဟု ခေါ် ဆို ကြ ၏ ။ သို့ သော် အုပ် ပေါင်း ကဲ့ သို့ ခြင်း ခံ ၍ ခေါင်း တစ် ခု လုံး အုပ် မ ထား ချေ ။
[ င ] တိုင်း ရင်း သား များ သည် အ မျိုး အ နွယ် အ လိုက် ဦး ခေါင်း ကို အ ဝတ် တန် ဆာ ဖြင့် ရစ် ပတ် ဆင် မြန်း ကြ သည် ။ ခေါင်း ပေါင်း ဆင် မြန်း ခြင်း သည် မြန် မာ့ ယဉ် ကျေး မှု့ ၏ အ ဓိ က အ ချက် ကြီး တစ် ခု ဖြစ် သည့် အား လျော် စွာ ပွဲ နေ ပွဲ ထိုင် အ ခမ်း အ နား များ တွင် တိုင်း ရင်း သား များ သည် ခေါင်း ပေါင်း ကို ဆင် မြန်း လေ့ ရှိ ကြ သည် ။
ပု ဝါ စ သတ် သတ် မျှ သာ မ ဟုတ် သော စက္ကူ ခေါင်း စွပ် ခေါင်း ပေါင်း များ ၏ တီ ထွင် ရှင် ဆ ရာ ဦး မြ ဒင်
ဦး မြ ဒင် သည် ငယ် စဉ် အ ချိန် က တို့ ဗ မာ အ စည်း အ ရုံး ဝင် သ ခင် တစ် ဦး ဖြစ် ပါ သည် ။ ခေါင်း ပေါင်း လုပ် ငန်း နှင့် စပ် လျဉ်း ၍ ရေ နံ မြေ သ ပိတ် မ စ မီ [ ၁၉၃၅ ] ခု နှစ် ခန့် က အ သုံး ပြု ခဲ့ သည့် ခေါင်း ပေါင်း ဦး ထုပ် ကို န မူ နာ ယူ ၍ ဖျာ ပုံ မြို့ တွင် တို့ ဗ မာ သ ခင် များ က ပင် နီ ဖျင် သ ဘက် ကို ယုန် နား ရွက် ကဲ့ သို့ ခေါင်း ပေါင်း စ တစ် စ ထုတ် ၍ ပေါင်း ခဲ့ ကြ သည်။
အ ထက် ပါ ကဲ့ သို့ သော ခေါင်း ပေါင်း ပုံ စံ မျိုး ကို အ လွယ် တ ကူ ဆင် မြန်း နိုင် ရန် အ တွင်း မှ စက္ကူ ခေါင်း စွပ် ခံ ၍ ပင် နီ တ ဘက် ဖျင် စ ဖြင့် ပေါင်း သည့် ခေါင်း ပေါင်း န မူ နာ ကို ဦး မြ ဒင် ကို တိုင် [ ၁၉၃၆ / ၁၉၃၇ ] ခု နှစ် က ဖျာ ပုံ မြို့ တွင် ကျင်း ပ သော သ ခင် များ အ စည်း အ ဝေး တွင် ပြ သ ခဲ့ ရာ သ ခင် အ များ စု က ကြိုက် နှစ် သက် ကြ ၍ ထို ပုံ စံ အ တိုင်း သ ခင် များ က အ သုံး ပြု ခဲ့ ကြ ပါ သည် ။
[ ၁၉၃၇ ] ခု နှစ် အ တွင်း မှာ ပင် အ ဆို ပါ ပုံ စံ အ တိုင်း အ များ သုံး နိုင် ရန် အ တွက် ချည် ထည် ပင် နီ ဖျင် တ ဘက် နေ ရာ တွင် ပိုး ပု ဝါ ဖြင့် န မူ နာ ပေါင်း ပြီး ဖျာ ပုံ တွင် လာ ရောက် က ပြ သော လေ ဘာ တီ မ မြ ရင် ၏ အ ငြိမ့် အ ဖွဲ့ မှ လူ ရွှင် တော် ဦး ဒံ ပေါက် နှင့် ဦး ညှပ် ကြီး တို့ အား ကြော် ငြာ ခိုင်း ခဲ့ သည် ။
ကြော် ငြာ ပြီး ရက် ပိုင်း အ တွင်း ခေါင်း ပေါင်း မှာ ယူ မှု [ အော် ဒါ ] များ စွာ ရ ရှိ ခဲ့ ပါ သည် ။ အ ဆို ပါ ခေါင်း ပေါင်း များ ပြု လုပ် ရာ တွင် အ သုံး ပြု မည့် လူ ပု ဂ္ဂိုလ် ၏ ဦး ခေါင်း အ ရွယ် အ စား အ တိုင်း အ တာ ကို ယူ ၍ ရွံ့ ဖြင့် ဦး ခေါင်း ပုံ ပြု လုပ် ကာ စက္ကူ ခေါင်း စွပ် ကို ပုံ ဖော် ပြီး ခေါင်း ပေါင်း လုပ် ယူ ရ ပါ သည် ။ တိ ကျ သော အ တိုင်း အ တာ မ ရှိ သည့် အ ပြင် စက္ကူ ခေါင်း စွပ် ပုံ စံ ဖြစ် ၍ လုပ် ငန်း အ ခက် အ ခဲ များ စွာ ရှိ ခဲ့ ကြောင်း သိ ရှိ ရ ပါ သည် ။
ကြိမ် ခြင်း ဖြင့် ပြု လုပ် သည့် ခေါင်း ပေါင်း များ စ တင် ၍ တီ ထွင် ပေါ် ပေါက် လာ ခြင်း
စက္ကူ ခေါင်း စွပ် နှင့် ပေါင်း ရ သည် မှာ လေ လုံ နေ သ ဖြင့် ခေါင်း ပူ အိုက် ကြောင်း ကြိမ် ခြင်း ဖြင့် ပေါင်း သည့် ခေါင်း ပေါင်း မျိုး ထုတ် လုပ် သင့် ကြောင်း အ သုံး ပြု သူ များ ၏ အ ကြံ ပြု ချက် အ ရ [ ၁၉၃၉ / ၁၉၄၀ ] ခု နှစ် နောက် ပိုင်း မှ စ ပြီး ကြိမ် ခြင်း ခံ ၍ ပေါင်း သည့် လုပ် ငန်း စ တင် ခဲ့ ပါ သည် ။
ထို ခေတ် ကာ လ က ခေါင်း ပေါင်း ထုတ် လုပ် မှု စ ရိတ် မှာ အ နံ တစ် တောင့် တစ် ထွာ [ ၂၇ လက် မ ] အ လျား သုံး တောင့် တစ် ထွာ [ ၆၃ လက် မ ] ရှိ ပု ဝါ တစ် ပိုင် လျှင် ခေါင်း ပေါင်း [ ၂ ] လုံး စာ ရ ရှိ သ ဖြင့် တစ် လုံး စာ ဆို ပါ က ၄ ပဲ ၂ ပြား ဖြစ် ပြီး စက္ကူ ဘူး တစ် လုံး လျှင် ၄ ပဲ စု စု ပေါင်း ၁၂ ပဲ ၂ ပြား ခေါင်း ပေါင်း လက် ခ မှာ ၈ ပဲ ဖြစ် ၍ ခေါင်း ပေါင်း တစ် လုံး လျှင် ၁ ကျပ် ၄ ပဲ ၂ ပြား ခန့် တန် ဘိုး ရှိ ပါ သည် ။
ခေါင်း ပေါင်း ရောင်း စျေး မှာ တစ် လုံး လျှင် ၃ ကျပ် ၁၀ ပဲ ဖြစ် ပါ သည် ။ ခေါင်း ပေါင်း များ စ တင် ထုတ် လုပ် ရောင်း ချ သည့် အ ချိန် က ထုတ် လုပ် မှု နှုန်း ထား မှာ တစ် နေ့ လျှင် ၁၀ လုံး ခန့် ရှိ ပါ သည် ။ ထို့ နောက် ခေါင်း ပေါင်း ခွင် ချ သည့် ကြေး ခွေ များ ကို ဦး ခေါင်း အ ရွယ် အ စား အ လိုက် တီ ထွင် ထုတ် လုပ် လာ နိုင် သ ဖြင့် တစ် နေ့ လျှင် ခေါင်း ပေါင်း ၅၀ ခန့် အ ထိ တိုး တက် ထုတ် လုပ် နိုင် ခဲ့ သည် ဟု ဆို ပါ သည် ။
ခေါင်း ပေါင်း ခြင်း ရက် လုပ် သည့် ခန္တီး ကြိမ် သို့ မ ဟုတ် ကြက် ဥ ကြိမ်
မြန် မာ နိုင် ငံ မှ ထွက် သော ကြိမ် အ မျိုး မျိုး အ နက် ကြက် ဥ ကြိမ် သည် နှုး ညံ့ ပျော့ ပြောင်း ခြင်း ကြွပ် ဆတ် မှု နည်း ခြင်း၊ အ ဆစ် ကျဲ ခြင်း၊ အ ရောင် အ သွေး လှ ပ ခြင်း တို့ ကြောင့် အ ကောင်း ဆုံး အ မျိုး အ စား ဖြစ် ပြီး တန် ဘိုး အ များ ဆုံး ဖြစ် ပါ သည် ။ စစ် ကိုင်း တိုင်း ခန္တီး မြို့ နယ် မှ ထွက် သော ကြက် ဥ ကြိမ် ကို ခန္တီး ကြိမ် ဟု ခေါ် ကြ ပါ သည် ။
ကြက် ဥ ကြိမ် ကို စစ် ကိုင်း တိုင်း ခန္တီး မြို့ နယ် ဟုမ္မလင်း မြို့ နယ် ဖောင်း ပြင် မြို့ နယ် များ တွင် သာ မ က , က ချင် ပြည် နယ် မြစ် ကြီး နား မြို့ နယ် ဗန်း မော် မြို့ နယ် မန် စီ မြို့ နယ် နှင့် ရွှေ ကူ မြို့ နယ် တို့ တွင် လည်း ထွက် ရှိ ပြီး ရှမ်း ပြည် နယ် ရှိ မ ဘိမ်း မြို့ နယ် တွင် မူ အ နည်း ငယ် ထွက် ရှိ ပါ သည် ။ ခေါင်း ပေါင်း အောက် ခံ ကြိမ် ခြင်း ကို ရွှေ တောင် မြို့ နယ် ယော ဒေါင့် ကျေး ရွာ မှ ယက် လုပ် ပါ သည် ။
ခေါင်း ပေါင်း ၏ သိ ကောင်း စ ရာ အ ခြား သော အ ချက် အ လက် များ
ခေါင်း ပေါင်း စ ချိုး ရာ တွင် တြိ ဂံ ချိုး နည်း , မာန် ပေါင်း ချိုး နည်း , ယုန် နား ရွက် ချိုး နည်း ဟူ ၍ ရှိ ပါ သည် ။ ယ ခု အ များ သုံး စွဲ လျက် ရှိ သော ခေါင်း ပေါင်း စ မှာ တြိ ဂံ ချိုး နည်း နှင့် နီး စပ် ပါ သည် ။ ခေါင်း ပေါင်း ပု ဝါ အား ဦး ခေါင်း တွင် ရစ် ပတ် ဆင် မြန်း ကြ ရာ တွင် လည်း ` လက် ယာ ရစ် သ ဘော အ တိုင်း သာ ´ ရစ် ပတ် ၍ ဆင် မြန်း လေ့ ရှိ ကြ ပါ ပေ သည် ။
ပိုး ပု ဝါ အ ရောင် အ သွေး များ မှာ ပန်း နု ရောင်၊ ဖက် ဖူး ရောင်၊ ရွှေ ဖ လား ရောင် နှင့် ထုံး ခြောက် ရောင် များ ကို ထုတ် လုပ် ရောင်း ချ လျက် ရှိ ပါ သည် ။ ခေါင်း ပေါင်း ပု ဝါ ကို ဗြောင် အ ရောင် များ ဖြင့် သာ ထုတ် လုပ် ရောင်း ချ ပါ သည် ။ အ ချို့ မှာ နား ရွက် စ ကြီး ကြီး ကို သ ဘော ကျ ၍ အ ချို့မှာ နား ရွက် စ သေး သေး ကို ကြိုက် နှစ် သက် ကြ ပါ သည် ။
ခေါင်း ပေါင်း နား ရွက် စ အား ရပ် သူ ရွာ သား များ အ နေ ဖြင့် ဘယ် ညာ မ ဟူ ကြိုက် နှစ် သက် သည့် ဘက် ခြမ်း တွင် မိ မိ တို့ သန် ရာ သန် ရာ အ စ ထုတ် ၍ အ လှ ထား ရစ် ပတ် ဝတ် ဆင် ခဲ့ ကြ သော် လည်း ယ ခု ခေတ် တွင် မူ ခေါင်း ပေါင်း , ပေါင်း ထား သူ ၏ လက် ယာ ဘက် တွင် သာ အ ဓိ က ထား ၍ ဆင် မြန်း ဝတ် ဆင် လေ့ ရှိ ကြ ပါ သည် ။ မြန် မာ ဘု ရင် လက် ထက် နန်း တော် တွင်း ၌ မူ လက် ဝဲ ဘက် သာ ချ ၍ ဝတ် ဆင် ခြင်း မှ သာ လျှင် အ မှန် ဟု သိ ရှိ ရ ပါ သည် ။
နာ မည် ကျော် ခေါင်း ပေါင်း တံ ဆိပ် များ
# မြန် မာ့ ဂုဏ် ရောင် မောင် တင် မောင် ခေါင်း ပေါင်း
# မြန် မာ့ ကျက် သ ရေ ဆောင် ခေါင်း ပေါင်း
# မူ လ လက် ဟောင်း [ ၁၉၈၇ ] မောင့် ကျက် သ ရေ ခေါင်း ပေါင်း
# ကျိုင်း တုံ စ တိုး ခေါင်း ပေါင်း
– စ သည် များ အ ပြင် အ ခြား သော ခေါင်း ပေါင်း လုပ် ငန်း များ အ နေ ဖြင့် လည်း အ မည် အ မျိုး မျိုး ရှိ ကြ ၍ အ လွန် ကျော် ကြား နာ မည် ကြီး လှ သော ` မောင့် ကျက် သ ရေ ခေါင်း ပေါင်း ´ ဟူ သည် ခေါင်း ပေါင်း ပ ညာ ရှင် ဦး မြ ဒင် ထုတ် လုပ် ပေး သွင်း သော မြ ပိုး ထည် တိုက် မှ ခေါင်း ပေါင်း လုပ် ငန်း ၏ ကိုယ် စား ပြု အ မည် နာ မ တစ် ခု ပင် ဖြစ် ပါ ပေ သည် ။
ခေတ် အ မျိုး မျိုး ပြောင်း လဲ ခဲ့ သော် ငြား ခေါင်း ပေါင်း ပေါင်း ခြင်း အ လေ့ အ ထ မှာ ကွယ် ပျောက် တိမ် ကော ခြင်း မ ရှိ ဘဲ မြန် မာ့ ယဉ် ကျေး မှု အ ဆောင် အ ယောင် အ ဖြစ် ယ နေ့ ထက် တိုင် ခိုင် မြဲ လျက် ရှိ သည် မှာ မြန် မာ တို့ အ ဘို့ ဂုဏ် ယူ စ ရာ ပင် ဖြစ် တော့ သည် ။
ရှေး ခေတ် မြန် မာ့ ကျက် သ ရေ ဆောင် ခေါင်း ပေါင်း
ခေါင်း ပေါင်း သည် မြန် မာ လူ မျိုး ယောက်ျား များ ဦး ခေါင်း တွင် ဆင် မြန်း သော အ ဝတ် တန် ဆာ တစ် မျိုး ဖြစ် ပေ သည် ။ ဦး ခေါင်း သို့ မ ဟုတ် ခေါင်း ကို ရစ် ပတ် ဝတ် ဆင် ရ သည် ကို အ စွဲ ပြု ၍ ခေါင်း ပေါင်း ဟု ခေါ် သည် ။
မြန် မာ လူ မျိုး တို့ ၏ ခေါင်း ပေါင်း ခြင်း အ လေ့ အ ထ သည် အိန္ဒိယ နိုင် ငံ မှ အ တု ယူ ခဲ့ သည် ဟု အ ချို့ က ယူ ဆ ကြ သည် ။ အိန္ဒိယ နိုင် ငံ ၌ ခေါင်း ပေါင်း ခြင်း ဓ လေ့ မှာ အ လွန် ရှေး ကျ သော ထုံး တမ်း စဉ် လာ တစ် ခု ဖြစ် ခဲ့ သည် ဂေါ တ မ မြတ် စွာ ဘု ရား ၏ ဓာတ် တော် များ ခွဲ ဝေ ပွဲ တွင် ဒေါ န ပုဏ္ဏား သည် ဓာတ် တော် များ ကို ခေါင်း ပေါင်း ဦး ရစ် ကြား ၌ ဝှက် ထား ကြောင်း ကျမ်း ဂန် များ တွင် ဖော် ပြ ထား သည် ။
သက္ကရာဇ် [ ၉၀၀ ] ကျော် ခန့် တွင် ပေါ် ပေါက် သည် ဟု ဆို သော အိုင် ချင်း တစ် ခု တွင် အောက် ပါ အ တိုင်း စပ် ဆို ထား သည် ကို တွေ့ ရှိ ရ ပေ သည် ။ { ထွေး တော် အိမ် ပါး , တောင် နား ဆီ သို , ယာ သွား ပို့ ပြန် , စောင်း လျား ခြံ နှင့် လက် ပံ ပင် ရှေ့ , ကျဉ်း မြောင်း ကွေ့ , တွေ့ သော အ ခါ , ပု ဝါ ရက် သစ် . မယ် က ပေး တဲ့ ခေါင်း ပေါင်း ပြာ , လည် မှာ ရစ် လို့ } ဟူ ၍ ဖြစ် သည် ။
အ ထက် ပါ အိုင် ချင်း ကို ထောက် ၍ မြန် မာ လူ မျိုး တို့ ခေါင်း ပေါင်း သည့် အ လေ့ အ ထ မှာ ဒု တိ ယ အင်း ဝ ခေတ် လောက် က တွင် နိုင် ငံ အ ဝှမ်း တွင် ကျယ် မြတ် နိုး စွာ ဆင် ယင် ထုံး ဖွဲ့ ခဲ့ ကြောင်း သိ ရှိ ရ ပေ သည် ။
ဝန် ကြီး ပ ဒေ သ ရာ ဇာ ၏ လယ် သ မား ဘွဲ့ တျာ ချင်း တွင် လည်း “ ပု ဆိုး အင်္ကျီ စုတ် ပဲ့ ပြီ ချည် နီ ခေါင်း ပေါင်း တွတ် တွတ် ကယ် နှင့် လေး ´´ ဟု စပ် ဆို ထား သ ဖြင့် ရပ် ရွာ နေ ဆင်း ရဲ သား တို့ မှာ ပု ဝါ နီ ပု ဝါ ပြာ တို့ ကို ခေါင်း ပေါင်း , ပေါင်း ခဲ့ ကြောင်း သိ ရှိ ရ ပေ သည် ။
မှုး မတ် တို့ ဆင် ယင် သော ခေါင်း ပေါင်း တို့ မှာ ခေါင်း ပေါင်း ဖြူ များ ဖြစ် ကြ ပေ သည် ။ ခေါင်း ပေါင်း ဖြူ ပေါင်း ၍ ရာ ထူး အ လိုက် စ လွယ် တပ် ဆင် ပြီး ယပ် ရိုး ရှည် ကို ကိုင် လျက် လွှတ် ရုံး စ သည် တို့ ကို တက် ရ ကြောင်း မှတ် တမ်း ဟောင်း များ ၌ ဆို သည် ။
ခေါင်း ပေါင်း ပေါင်း ရ သော အ စဉ် အ လာ မှာ လည်း ပု ဂံ ခေတ် တွင် မ ရှိ ဘဲ အင်း ဝ ခေတ် လောက် မှ စ ၍ စ တင် ပေါ် ပေါက် လာ သည် ဟု ယူ ဆ ရ ပေ သည် ။ “ ခေါင်း ပေါင်း ဖြူ ပေါင်း ရ သည် မှာ စိတ် ၏ ဖြူ စင် သန့် ရှင်း ကြောင်း အ ထိမ်း အ မှတ် ဖြစ် ၍ ယပ် တောင် ကား တိုင်း နိုင် ငံ ကို အေး ချမ်း သာ ယာ စေ သော နိ မိတ် လက္ခဏာ ´´ ဟု ဆို လေ သည် ။
မင်း တုန်း မင်း လက် ထက် လယ် ဝန် သံ တော် ဆင့် ဆော မြို့ စား မင်း ရေး သား သည့် လယ် ထွန် မင်္ဂလာ ဗုံ ကြီး သံ တွင် “ ပျို စိုက် တဲ့ လယ် ကန် သင်း မှာ မြင်း နီ နှင့် ည နေ ဆီ ကို စိုင် သီ လို့ ပြေး လေ့ မြင် လိုက် ကဲ့ နော် ခေါင်း ပေါ် မှာ တ ရာ ကျေး နှင့် ထူး လို့ ယဉ် ချေး လေ့ ´´ ဟူ ၍ စပ် ဆို ထား ပါ သည် ။
ခေါင်း ပေါင်း မှာ တ ရာ ကျေး ဆို သည် မှာ ထို ကာ လ က လူ ပျို က လေး များ သည် ကျေး ငှက် ရုပ် က လေး များ ဖြင့် အ ပွင့် ရိုက် ထား သော ခေါင်း ပေါင်း ကို ဆင် ယင် သည် ဟု ဆို သည် ။
နောက် ပိုင်း ၌ မှုး ကြီး မတ် ကြီး များ သည် ဖြူ စင် သော ပိတ် ဖြူ ရက် ထည် ကို ပေါင်း ချောင် ပုံ သဏ္ဌာန် ဆင် မြန်း ကြ သည် ။ ထို ခေါင်း ပေါင်း မျိုး ကို ခေါင်း ပေါင်း ဖြူ ဖော့ လုံး ဟု ခေါ် သည် ။ ဇာတ် သ ဘင် ဝန် ကြီး များ နှင့် ရှေး ဆန် သော လူ ပုဂ္ဂိုလ် အ ချို့ အ မြတ် တ နိုး ဝတ် ဆင် လေ့ ရှိ သည့် ခေါင်း ပေါင်း ဖြူ ဖော့ လုံး နှင့် တောင် ရှည် ပု ဆိုး ဝတ် ဆင် ခြင်း မှာ မြန် မာ မှု့အ ဆင် အ လာ ဓ လေ့ တစ် ခု အ မှန် ပင် ဖြစ် ခဲ့ ပါ ပေ သည် ။
ရ တ နာ ပုံ ခေတ် နန်း တော် သား များ ခေါင်း ပေါင်း , ပေါင်း ပုံ
ဦး မောင် မောင် တင် [ ကေ အက်စ် အမ် အေ တီ အမ် ] ၏ ရေး သား ဖော် ပြ ခဲ့ မှု့ တစ် ခု တွင် ဤ သို့ ပါ ရှိ ပါ သည် ။ နန်း တော် သား တို့ အ နက် ကွမ်း ရည် တော် လက် ဘက် ရည် တော် ဘိ နပ် တော် တို့ မှာ ပု ဆိုး ခါး ပုံ ထို ဝတ် ဆင် ၍ ခါး စိုက် အင်္ကျီ ခေါ် ထိုင် မ သိမ်း အင်္ကျီ ကို ဝတ် ဆင် ပြီး လျှင် ခေါင်း ပေါင်း ဖြူ ဖော့ လုံး , ဆင် က , န ရန်း ထုတ် , တစ် စ ထောင် ပေါင်း ကြ ၍ ဆန် အိတ် ကျ သွင် ဟန် မှာ အင် မ တန် သိုက် မြိုက် ပါ ပေ သည် ။
ဤ ကာ လ ကွမ်း ရည် တော် တို့ တွင် သက် ပန်း မောင် မောင် ကြီး , လက် ဘက် ရည် တော် တို့ တွင် ပ ထ မ တောင် သ မန် လယ် စား မောင် ဘိုး ကြီး , ဘိ နပ် တော် တို့ တွင် မောင် မောင် ဂျင် တို့ သည် ခေါင်း ပေါင်း ဖြူ ဖော့ လုံး အ ပေါင်း ၌ အ ကောင်း ဆုံး အ တတ် ကျွမ်း ဆုံး ဟူ ၍ ကျော် ဇော တိက္ကိမ ရှိ ကြ သူ များ ဖြစ် သည် ။ ခေါင်း ပေါင်း ဖြူ ပေါင်း နည်း ကား အ လွန် ခဲ ယဉ်း သည် ။
ခေါင်း ပေါင်း ဖြူ နှင့် တံ ခါး နီ
မြန် မာ ဘု ရင် မင်း မြတ် ရှိ တော် မူ စဉ် ကာ လ ရွှေ နန်း တော် တံ ခါး နီ အ တွင်း သို့ ဝင် လျှင် မည် သည့် အ ရာ ရှိ အ မှု ထမ်း မ ဆို ခေါင်း ပေါင်း ဖြူ ကို ပေါင်း ရ သည် ။ ခေါင်း ပေါင်း ဖြု ပေါင်း လျှက် မ ပါ လျှင် ဘယ် အ ရာ ရှိ မ ဆို တံ ခါး နီ က ဝင် ခွင့် မ ရ။ ဤ စဉ် ကာ လ ခါ သ မ ယ က နန်း တော် အိမ် တော် လွှတ် တော် ရုံး တော် ဌာ န များ တွင် ခေါင်း ပေါင်း ဖြူ ချင်း ရော ထွေး ၍ အ ယဉ် အ ကျေး တ ဖွေး တည်း ဖွေး လျက် ရှိ သော ဟူ ၏ ။ ခေါင်း ပေါင်း ဖြူ ပေါင်း နည်း မှာ လည်း မင်း ညီ မင်း သား ပေါင်း ဝန် ကြီး ဝန် ထောက် မှ စ ၍ လွှတ် တော် ငါး ရပ် ပေါင်း , နန်း တော် သား ပေါင်း , စာ ရေး စာ ချီ ပေါင်း ဟူ ၍ အ မျိုး မျိုး ရှိ ကြ လေ သည် ။
မင်း သား ပေါင်း , ကွမ်း ရည် တော် ပေါင်း , လက် ဘက် ရည် တော် ပေါင်း , ဘိ နပ် တော် ပေါင်း တို့ မှာ တစ် စ ထောင် ` ဘေး န ရန်း ဆင် က ´ ထုတ် ၍ ပေါင်း ကြ သည် ။ လွှတ် တော် ရုံး တော် အ ရာ ရှိ တို့ မှာ ခေါင်း ပေါင်း နှစ် စ အ ညီ ထောင် ၍ ၎င်း နှစ် စ ကို ခပ် ထပ် ထပ် ထား ပြီး လျှင် ` ဆင် က န ရန်း ´ မ ပါ ဘဲ တစ် မျိုး အား ဖြင့် ရိုး ရိုး ပေါင်း ကြ သည် ။ စာ ရေး စာ ချီ တို့ မှာ ခေါင်း ပေါင်း ဖြူ ပါ လျှင် ပြီး ရော ဆို သ လို ခပ် လိမ် လိမ် ကျစ် ၍ န ဖူး ထက် ၌ ရစ် ပြီး လျှင် တစ် စ တို တစ် စ ရှည် ဖြစ် သ လို ပေါင်း ကြ သည် ။
ထို့ ပြင် မြန် မာ မင်း တို့ ထီး နန်း ရှိ စဉ် ကာ လ က , ပ ဝါ စ ကို လက်ျာ က ထုတ် ၍ ပေါင်း လျှင် ဘုန်း ကြီး လူ ထွက် ပေါင်း ဆို ၍ အ ချင်း ချင်း လက် တို့ ကာ ပြုံး ရယ် ကြ သည် ။ “ အ မှန် ကား ပု ဝါ စ ကို လက် ဝဲ မှ ချ ရ သည် ´´။
နိုင် ငံ ခြား ၌ သွား ရောက် ခို လှုံ နေ ထိုင် ခဲ့ သော မြင် ကွန်း မင်း သား ကြီး မှာ အ နောက် တိုင်း အ ဝတ် အ စား ဖြင့် ပင် ခေါင်း ပေါင်း ကို ဆင် မြန်း ခဲ့ သည် ။ ခေါင်း ပေါင်း ဆင် မြန်း မှု သည် မြန် မာ့ ယဉ် ကျေး မှု ၏ အ ဓိ က အ ချက် ကြီး ဖြစ် သည့် အား လျော် စွာ မြန် မာ သံ အ မတ် ကြီး များ မြန် မာ အ ဝတ် အ စား အ ဖြစ် ဆင် ယင် သည့် အ ခါ မြန် မာ နိုင် ငံ တော် သား များ မင်္ဂလာ ပွဲ နေ ပွဲ ထိုင် အ ခမ်း အ နား များ တွင် သ တို့ သား အ ဖြစ် ဆင် ယင် ထုံး ဖွဲ့ သည့် အ ခါ ခေါင်း ပေါင်း ကို ဆင် မြန်း လေ့ ရှိ ကြ ပါ သည် ။
ဗောင်း သို့ မ ဟုတ် ဗောင်း ထုပ်
ဗောင်း ဆို သည် မှာ ဘု ရင် နှင့် မင်း ညီ မင်း သား များ ဦး ခေါင်း ထက် ၌ ဆင် အပ် သော တန် ဆာ သို့ မ ဟုတ် အ ဝတ် ကို ဆို ၏ ။
ဗောင်း မှာ ဘု ရင် တို့ အ ဖို့ သာ လျှင် မ ဟုတ် မင်း ပျို မင်း လွင် တို့ အ တွက် လည်း စီ စဉ် ပြု လုပ် လေ့ ရှိ ကြောင်း စိန္တ ကျော် သူ ၏ ရ တု တွင် တွေ့ ရ ပေ သည် ။ ထို ရ တု အ ရ ဗောင်း ကို ခေါင်း အ ရွယ် အ တိုင်း အ ဆင် သင့် ချုပ် လုပ် ထား ကြောင်း သိ ရှိ ရ သည် ။
မြန် မာ နိုင် ငံ တွင် ပု ဂံ ခေတ် က ပင် မြန် မာ များ ဗောင်း ထုပ် ကို ဆင် မြန်း နေ ကြ ပြီ ဖြစ် ကြောင်း သိ ရှိ ရ သည် ။ ပု ဂံ အာန္ဒာ ဘု ရား လိုဏ် ဂူ အ တွင်း ရှိ သိဒ္ဓတ္ထ မင်း သား ၏ ပုံ ၌ ဗောင်း ထုပ် ကို တွေ့ နိုင် သည် ။ ပု ဂံ ရာ ဇ ဝင် တွင် အ လောင်း စည် သူ မင်း ကြီး သည် ဗောင်း ထုပ် ဆင် ယင် ခဲ့ ကြောင်း အ ထင် အ ရှား ဖော် ပြ ခဲ့ လေ သည် ။
ဦး ဆွေး ဆံ မြည့် ဗောင်း ထုပ်
ထို့ ပြင် ပု ဂံ ပြည် န ရ ပ တေ့ မင်း ကြီး လက် ထက် ပ ညာ ရှိ အ မတ် ကြီး ရာ ဇ င်္သကြန် ၏ သား အုတ် လှ ငယ် သည် ဦး ခေါင်း ၌ ဆင် ယင် သော ဗောင်း ထုပ် ကို ချွတ် ပြီး လျှင် အ ရှင့် အ မှု့ တော် ကို ဦး ဆွေး ဆံ မြည့် ထမ်း ဆောင် ရ ပါ သည် ဟု လျှောက် ထား ဘူး ကြောင်း နိုင် ငံ့ သ မိုင်း ၌ ပါ ရှိ သည် ။
အင်း ဝ မြို့ မင်း ကြီး ကျော် စွာ ကဲ လက် ထက် က , ရ ခိုင် ကို သိမ်း ပိုက် ပြီး လျှင် စော မွန် ကြီး ကို အုပ် ချုပ် ရေး မှုး ခန့် အပ် ထား ခဲ့ စဉ် စော မွန် ကြီး ဆက် သ လိုက် သော ရ ခိုင် နန်း ကျ ငယ် ပေါင်း သည့် “ ဦး ကျည်း ဗောင်း ´´ ခေါ် အ သင့် ပေါင်း ပြီး ဦး ရစ် ခေါင်း ပေါင်း ကို မင်း ကြီး စွာ စော် ကဲ ရ ရှိ ပြီး နောက် အ မတ် ပ ညာ ရှိ ကြီး မင်း ရာ ဇာ လျောက် တင် ချက် ကြောင့် ထို ဦး ဗောင်း ကို အ သုံး မ ပြု ဘဲ အ လား တူ ဦး ဗောင်း တစ် ခု ကို ရ တ နာ အ မျိုး မျိုး ခြယ် လှယ် ၍ သုံး စွဲ ခဲ့ သည် ဟု သိ ရ သည် ။
ဆ ရာ တော် ရွှေ ကိုင်း သား ပြု စု ရေး သား ခဲ့ သော မြန် မာ တို့ ၏ ဆင် ယင် ထုံး ဖွဲ့ မှု ကျမ်း တွင် “ သက္ကရာဇ် ၇၉၃ ခု နှစ် တွင် ရေး ထိုး သော အင်း ဝ ခေတ် ကျောက် စာ တစ် ချပ် ၌ သူ ကြီး များ ကို < ဦး ပေါင်း ဖျင် တစ် စုံ စီ > ပေး ကြောင်း သိ ရှိ ရ သည် ။ မ ဏိ ရ တ နာ ပုံ နှင့် ရာ ဇ ဝင် များ ၌ လည်း သက္ကရာဇ် ၇၀၀ ကျော် တွင် ရ ခိုင် မင်း နှင့် မြန် မာ မင်း တို့ ဗောင်း ထုပ် ဆင် ကြောင်း ဖော် ပြ ကြ သည် ။ သက္ကရာဇ် ၇၃၀ တွင် နန်း တက် တော် မူ သော မင်း ကြီး စွာ စော် ကဲ သည် ကန္နား နှင့် ထိ ၍ ဗောင်း တော် ကျွတ် ကြောင်း များ ကို ရာ ဇ ဝင် တွင် ဖတ် ရှု ရ လေ သည် ။ ဘု ရင် မင်း ညီ မင်း သား မှူး မတ် တို့ သည် သျှောင် ကို မ အုပ် ဘဲ ဦး ခေါင်း ကို ဦး ရစ် ပတ် ကာ ဗောင်း ကို ပေါင်း ကြ သည် ။
ဗောင်း ထုပ် နှင့် အ ဆင် တန် ဆာ
ဗောင်း အ ဖြစ် ဘု ရင် မင်း ညီ မင်း သား တို့ သည် ရွှေ ကျင် ခတ် ပု ဝါ သို့ မ ဟုတ် ရွှေ ကြိုး ခေတ် ပု ဝါ များ ကို အ သုံး ပြု ကြ သည် ။ ထို့ ပြင် ပတ္တမြား ဖြင့် စီ ခြယ် ထား သော ကိုး ပါး သော န ဝ ရတ် ဗောင်း တော် နှင့် ရွှေ သား ဗောင်း တော် , စိန် တွယ် ဗောင်း တော် , မြ တွယ် ဗောင်း တော် များ လည်း ရှိ သေး သည် ။
ဘု ရင် နှင့် မင်း သား စ သည် တို့ ၏ ဗောင်း တော် ၌ ငွေ ကြယ် ပွင့် က လေး များ တပ် ထား သော တစ် စ တည်း သော ဗောင်း တော် စ မှာ ဦး ခေါင်း ၏ နောက် ဘက် တွင် ရှိ ၍ အ ပေါ် သို့ တည့် တည့် မတ် မတ် ထောင် လျက် ရှိ သည် ။ ဗောင်း စ တည့် မတ် ခြင်း အဓိပ္ပါယ် မှာ ဖြောင့် မှန် တည့် မတ် ခြင်း ကို ဖော် ပြ ပေ သည် ။ မင်း ညီ မင်း သား မှုး မတ် စ သည် တို့ ကား ဗောင်း စ နှစ် စ ထောင် ၍ ပေါင်း ကြ ရ သည် ။
မြန် မာ ဘု ရင် တို့ သည် ဗောင်း တော် ကို အ လွန် အ ထွတ် အ မြတ် ထား ကြ သည် ။ ထို့ ကြောင့် ဗောင်း တော် သ ရ ဖူ တော် မ ကိုဋ် တော် များ ကို နန်း မ ဦး တည့် တည့် တွင် ဆောက် လုပ် ထား သော ဗောင်း တော် ဆောင် ၌ သီး သန့် ထား သည် ။ ဗောင်း တော် ဆောင် အ တွက် သီး ခြား အ မှု ထမ်း များ မ ရှိ ချေ ။ ဆ ရာ တော် သံ ဃာ တော် များ မှူး မတ် စော် ဘွား များ တို့ သည် ရုတ် တ ရက် ဘု ရင် မင်း မြတ် ရှေ့ သို့ မ ဝင် ရ သေး မီ ထို ဗောင်း တော် ဆောင် ၌ ခေတ္တ ဆိုင်း ငံ့ နေ ရ သည် ။ ဗောင်း တော် ဆောင် ၏ တောင် ဘက် ၌ တောင် ထား ဝယ် ဆောင် နှင့် ရွှေ တိုက် တော် ဆောင် မြောက် ဘက် ၌ မြောက် ထား ဝယ် ဆောင် နှင့် လက် ဖက် ရည် ဆောင် များ ရှိ သည် ။
ကုန်း ဘောင် ခေတ် နောက် ပိုင်း တွင် ပြည် တွင်း ဖြစ် အ ထည် များ သာ မ က နိုင် ငံ ခြား ဖြစ် ပု ဝါ များ ကို လည်း ဗောင်း ပြု လုပ် ၍ ဆင် မြန်း ခဲ့ ကြ သည် ။ အ နောက် နန်း မိ ဖု ရား မ မြ က လေး ၏ မျှော် တော် စိုက် လေး ဆစ် တွင် “ နေ မှိန် မှိန် ဆင် ဗောင်း တော် ရွှေ ပု သိမ် နှင့် လာ ချိန် တန် ပေါ့ ´´ ဆို သော စာ ပိုဒ် အ ရ ထို စဉ် အ ခါ က ပု သိမ် မြို့ သို့ အာ ရပ် ကုန် သည် များ ယူ ဆောင် လာ သော ပိုး ပု ဝါ များ ကို ဗောင်း ပြု လုပ် ၍ မင်း ညီ မင်း သား များ ဆင် မြန်း ခဲ့ ကြောင်း သိ သာ နိုင် ပေ သည် ။
ဦး ခေါင်း ထက် ဆင် ယင် သော < ပု ဝါ >
ပ ဝါ ကို ခေါင်း တွင် ပေါင်း ကြောင်း ရှေး အိုင် ချင်း တစ် ခု ကို ထောက် ၍ သိ ရှိ ရ ပေ သည် ။ သက္ကရာဇ် ၉၀၀ ကျော် ခန့် တွင် ပေါ် ပေါက် ခဲ့ သည် ဟု ဆို သော အိုင် ချင်း တစ် ခု တွင် “ ထွေး တော် အိမ် ပါး , တောင် ဆီ နား သို့ , ယာ သွား ပို့ ပြန် , စောင်း လျား ခြံ နှင့် လက် ပံ ပင် ရှေ့ , ကျဉ်း မြောင်း ကွေ့ , တွေ့ သော အ ခါ , ပု ဝါ ရက် သစ် , မယ် က ပေး တဲ့ , ခေါင်း ပေါင်း ပြာ , လည် မှာ ရစ် လို့ ´´ ဟူ ၍ စပ် ဆို ခဲ့ သည် ကို ထောက် လျှင် ပု ဝါ ကို ပင် ခေါင်း ပေါင်း ပြု လုပ် ၍ ဝတ် ဆင် ကြောင်း သိ ရ သည် ။
ဦး ခေါင်း ထက် ဆင် ယင် သော < ဦး ရစ် >
ဦး ရစ် ဟူ သည် ကား ဦး ခေါင်း ထက် တွင် ရစ် ပတ် ၍ ထား သော အ ဝတ် ပင် ဖြစ် ပေ သည် ။ ပု ဝါ သာ မ ဟုတ် မျက် နှာ သုတ် ပု ဝါ ကို ပင် ဦး ခေါင်း ၌ ရစ် ပတ် ထား သည် ဖြစ် လျှင် ယင်း ကို ဦး ရစ် ဟု ပင် ခေါ် ၏ ။
ဦး ခေါင်း ထက် ဆင် ယင် သော < ဦး ထုပ် >
ဦး ထုပ် ဟူ သည် ဦး ခေါင်း ကို ထုပ် ပတ် ၍ ထား ရ သော အ ဝတ် အ ထည် တစ် မျိုး ပင် ဖြစ် သည် ။
ကျည်း ကန် ရှင် ကြီး စီ ရင် ရေး သား သော စွယ် စုံ ကျော် ထင် ကျမ်း တွင် “ ပေါင်း ထုပ် . အုပ် ထုပ် . အိမ် လျောက် ထုပ် . ပိုက် ထုပ် မည် သို့ နည်း ဟူ ၍ အ မေး ရှိ သည် ကို ထောက် သော် < အုပ် ထုပ် > သို့ မ ဟုတ် < ဦး ထုပ် > ဟူ သာ စ ကား သည် ကုန်း ဘောင် ခေတ် လောက် က ပင် သုံး စွဲ သည် ဟု ဆို ရ ပေ မည် ။
ထို့ ပြင် ရွှေ တောင် နန္ဒသူ ရေး သား သော မွေ့ နန်း ရ ကန် တွင် လည်း “ အ ထွေ ထွေ အ လီ လီ ဘောင်း ဘီ ကို ဆုပ် သူ ဆုပ် < ဦး ထုပ် > ကို ဖဲ့ သူ ဖဲ့ မဲ့ သူ ရွဲ့ သူ ချိုး ကူ သ လို နွား ချို သွေး သည့် နှယ် ´´စ သည် ဖြင့် ရေး သား ထား သည် ကို ထောက် ၍ လည်း ကုန်း ဘောင် ခေတ် တွင် < ဦး ထုပ် > ဟူ သော စ ကား ကို သုံး စွဲ နေ ကြောင်း ထင် ရှား ပေ သည် ။
ဦး ပေါင်း ကျား နှင့် မြင်း ကျား ရှင်
တ ရံ ရော အ ခါ အ လောင်း စည် သူ မင်း ကြီး သည် ဗိုလ် ရှု သ ဘင် ခံ တော် မူ ခိုက် တွင် လက် ရုံး တော် ကို ဆန့် ၍ ကြုံး ဝါး တော် မူ ၏ ။ သက် တော် ကြီး ပြီ ဖြစ် ၍ လက် ပျဉ်း တော် ကျ သည် ကို အ မှုး အ မတ် တို့ မြင် လေ တော် ရယ် ခိုး ကြ ၏ ။
မင်း ကြီး လည်း အ မတ် တို့ သည် ငါ့ ကို မ စွမ်း နိုင် ပြီ ဟူ ၍ ရယ် ခိုး ကြ လေ သည် ဟု အ မှတ် ထား တော် မူ ၍ တစ် နေ့ သ ၌ အ မတ် တို့ ကို ခေါ် ပြီး သော် “ ဟယ် – လက် ဝဲ လက် ယာ အ မတ် တို့ ယောက်ျား တစ် ယောက် < ဦး ပေါင်း ကျား ထုပ် နှင့် မြင်း ကျား > စီး ၍ တူ ရွင်း တောင် ခြေ ၌ နေ ဝင် လျှင် အ နိုင် အ ထက် လု စား သည် ဆို သည် ကို နင် တို့ မ ကြား ကြ ကုန် လော့ ။ နင် တို့ လေး ယောက် ရ အောင် ဖမ်း ချေ ။ မ ရ သော် နင် တို့ ကို မျက် အံ့ ´´ဟု မိန့် တော် မူ ၏ ။ စစ် သူ ကြီး လေး ပါး တို့ လည်း မြင်း တင်း ကုပ် တွင် မြင်း ကောင်း လေး စီး ကို ယူ ပြီး သော် ရ အောင် ဖမ်း မည် ဟူ ၍ အား သန် လျက် သွား လေ ၏ ။
မင်း ကြီး လည်း မြင်း ရွှေ ပန်း စာ ပွင့် ကို ဝမ်း တွင် ဝတ် လဲ ဖြူ ရစ် ပြီး သော် မြဲ မြံ စွာ က ၍ “ ည ရီ တ ရော ကို ငါ မ လာ မ ချင်း တံ ခါး မ ပိတ် နှင့် ´´ ဟူ ၍ ယုံ ကျုံ < ကြည် > သော သူ ကို တံ ခါး တွင် နေ နှင့် စေ ပြီး သော် အိမ် ဓား လွယ် လျက် ဦး ပေါင်း ကျား ထုပ် နှင့် တူ ရွင်း တောင် ယံ သို့ မြင်း ကို အ ပြင်း နှင် တော် မူ လေ သည် ။
စစ် သူ ကြီး လေး ယောက် တို့ လည်း သည် သူ သည် ခိုး သူ ဟု အ မှတ် ရှိ ၍ ရ အောင် ဖမ်း မည် ဟု လိုက် ကြ လေ ၏ ။ မင်း ကြီး လည်း တ ဖျင့် သုန် ခွာ တုံ ချဉ်း တုံ ပြု ပြီး သော် ညောင် ဦး ကမ်း ပါး ချောက် မ တွင် ဆင်း လေ ၍ မြင်း တော် ပန်း သည် ကို ရေ ချ တော် မူ လေ သည် ။
စစ် သူ ကြီး လေး ယောက် တို့ လည်း ခိုး သူ သည် ငါ တို့ ကို ကြောက် ၍ ချောက် တွင် ဆင်း ၍ သေ လေ သည် ဟု တွေး တော ကုန် ၏ ။ မင်း ကြီး လည်း မြင်း တော် ပန်း သည် ကို ရေ ချ တော် မူ ၍ အ ပန်း ဖြေ စေ ပြီး သော် ချောက် က တက် ၍ မြင်း လေး စီး ခြံ ရံ နှင့် သည် ကို လွတ် နိုင် အောင် တိုက် ဖောက် ၍ ချဉ်း ချေ ခွာ ချေ ပြု ပြီး သော် ဖိုး ဦး ကွင်း ပြင် ၌ က စား တော် မူ ပြန် သည် ။ စစ် သူ ကြီး တို့ လည်း သည် သူ သည် လူ မ ဟုတ် နတ် ဘီ လူး ဖြစ် တန် ရာ သည် ဟူ ၍ ကြောက် ရွံ့ ခြင်း ပြင်း ကုန် ၏ ။ မင်း ကြီး လည်း မြင်း လေး စီး သား တို့ ကို ရှေ့ က ပေါက် တုံ နောက် က ပေါက် တုံ လက် ဝဲ ပေါက် တုံ လက် ယာ ပေါက် တုံ သုံး ကြိမ် နှင် နှင် စီး ပြီး မှ မြို့ တော် သို့ ပြန် တော် မူ လေ ၏ ။
မိုး သောက် ၍ ထွက် တော် မူ ပြီး သော် ညီ လာ ခံ ပြု ၍ ရှေ့ တော် ၌ စစ် သူ ကြီး လေး ယောက် တို့ ကို ခေါ် တော် မူ ၍ “ ဟယ် _ အ မတ် တို့ မြင်း ကျား စီး သော ခိုး သူ ကို နင် တို့ တွေ့ ၏ လော ´´ ဟု မေး တော် မူ ၏ ။ “ ရွှေ ဖ ဝါး တော် အောက် ရှိ ခိုး နား တော် လျှောက် ဝံ့ သော ဘု ရား, မြင်း ကျား စီး သော သူ ကား လူ ဖြစ် ဆန်း မ ဟုတ် နတ် ဘီ လူး ဖြစ် ရာ သည် ။ လူ ဖြစ် သော် လည်း လူ မည် ကာ မ ဟုတ် ရင့် ပြီး သော ကြီး မြတ် သော ဘုန်း တန် ခိုး ရှင် ဖြစ် ရာ သည် ။
ကျွန် တော် မျိုး တို့ မြင်း လေး စီး ကို ထား ဘိ ၍ နိုင် ငံ တော် ဝယ် ရှိ သော မြင်း သည် အ ပေါင်း တို့ ဝန်း ရံ ဖမ်း ဆီး ဆို့ ၍ ဖမ်း ငြား သော် လည်း မ ရ နိုင် ရာ ´´ ဟူ ၍ နား တော် လျှောက် ကြ ကုန် ၏ ။ မင်း ကြီး လည်း “ ဟယ် – အ မတ် တို့ နင် တို့ ငါ့ ကို အို ပြီ ဟူ ၍ မှတ် ကြ ၏ ။ ငါ မ အို သေး ´´ ဟု မိန့် တော် မူ ၏ ။ ထို အ ကြောင်း ကို ကြား သော် မှုး မတ် ဗိုလ် ပါ အ ပေါင်း တို့ သည် အ လွန် ကြောက် ရွံ့ ခြင်း ပြင်း စွာ ဖြစ် ကြကုန် ၏။
ဦး ပေါင်း ဆောင်း လျှက် အ စွမ်း ပြ ခဲ့ လေ သော သ မိုင်း တ ကွေ့ မှ မြန် မာ ရှင် ဘု ရင် အ လောင်း စည် သူ မင်း ကြီး ၏ ရာ ဇ ဝင် အား တိုက် ဆိုင် စွာ ဖြင့် ပြန် လည် ၍ ဖော် ပြ ခြင်း သာ လျှင် ဖြစ် ပါ ပေ ၏ ။
မြန် မာ့ နိုင် ငံ ရေး သ မိုင်း ဇာတ် ခုံ မှ ` ထူး ခြား သော ခေါင်း ပေါင်း ရှင် ´ နန်း ရင်း ဝန် အ ဓိ ပ တိ ဒေါက် တာ ဘ မော်
မြန် မာ ခေါင်း ပေါင်း ဟူ လေ သည် ဆင် မြန်း ဝတ် ဆင် ၍ ထား သည့် အ ခါ ခေါင်း ပေါင်း မျက် နှာ စာ ၏ ရှေ့ ပတ် လည် အ နား သတ် များ မှာ ပုံ မှန် အား ဖြင့် ခေါင်း ပေါင်း ရှင် ၏ မျက် လုံး မျက် ခုံး များ နှင့် မျဉ်း ပြိုင် သ ဖွယ် မျဉ်း တ ပြေး တည်း သာ ညီ ညာ အ စဉ် ကျ ၍ သာ နေ တတ် ကြ စ မြဲ ပါ ။ ဤ ကဲ့ သို့ သော သ မ ရိုး ကျ ပုံ ဟန် တစ် ခု မှ နေ ၍ မ တူ ခွဲ ထွက် ကာ ထူး ခြား ဆန်း သစ် သော ကိုယ် ပိုင် ခေါင်း ပေါင်း ဟန် တစ် ခု ကို တီ ထွင် ဖန် တီး ၍ နှစ် သက် စွဲ လမ်း စွာ ဆင် မြန်း ခဲ့ သူ တစ် ဦး မှာ ဂျ ပန် ခေတ် ၏ နန်း ရင်း ဝန် အ ဓိ ပ တိ ဒေါက် တာ ဘ မော် ပင် ဖြစ် ခဲ့ ပါ ပေ သည် ။
အ ဓိ ပ တိ ဒေါက် တာ ဘ မော် ၏ ခေါင်း ပေါင်း မျက် နှာ စာ အ နား သတ် အား ၎င်း မျက် နှာ ၏ လက် ယာ ဘက် သို့ သာ ခပ် ရွေ ရွေ နှင့် ခပ် အုပ် အုပ် စောင်း ၍ အုပ် ပေါင်း ပေါင်း ထား သည့် သွင် ပြင် မူ ဟန် မှာ ထူး ခြား ပေါ် လွင် ထင် ရှား ခြင်း အ မှန် ပင် ရှိ ခဲ့ ပါ ပေ သည် ။
ဓား မ ပါ တီ ဦး ထုပ် ဆောင်း ထား စဉ် အ ခါ က သော် လည်း ကောင်း မြန် မာ့ ရိုး ရာ ဝတ် စုံ ပြည့် နှင့် ဝတ် ဆင် နေ ထိုင် စဉ် အ ခါ တွင် သော် လည်း ကောင်း နိုင် ငံ တော် ၏ ပွဲ ကြီး ခမ်း နား များ အား တက် ရောက် ချီး မြှင့် ခဲ့ စဉ် အ ခါ တွင် သော် လည်း ကောင်း ပိုး ပ ဝါ ပြောင် ပိတ် စ ဖြင့် သာ ဖြစ် စေ အ ဆင် တန် ဆာ များ ဖြင့် အ ကွက် ရိုက် ထား သော ခေါင်း ပေါင်း များ ဖြင့် သာ လျှင် ဖြစ် စေ စောင်း ရွေ ရွေ ဖြစ် သည့် ခေါင်း ပေါင်း ကိုယ် ပိုင် ပုံ စံ တစ် ခု ဖြင့် သာ ပေါ် လွင် ထင် ရှား ခဲ့ ပါ သော အ ဓိ ပ တိ ဒေါက် တာ ဘ မော် ၏ မူ ပိုင် ပုံ ရိပ် တစ် ခု အား မှတ် သား တိုက် ဆိုင် စွာ ဖြင့် သာ အ မှတ် တ ရ အ နေ ဖြင့် မှတ် တမ်း တင် ဖော် ထုတ် ရေး သား လိုက် ရ ပါ ပေ သည် ။
ဦး ခေါင်း ကို ဂုဏ် ပြု ဓ လေ့
မြန် မာ တို့ သည် ဦး ခေါင်း ကို အ မွန် တ မြတ် ထား ကြ သည် ။ သို့ အ တွက် သီ ပေါ မင်း တ ရား ရန် သူ့ လက် သို့ ပါ သွား သည် ကို ပင် ` မြန် မာ့ ဦး စွန်း အ နောက် ဘက် သို့ ယွန်း စဉ် က ´ ဟူ ၍ ဆောင်း ပါး အ မည် ပေး ခဲ့ ဘူး ပေ သည် ။
ဦး ခေါင်း ကို အ မွန် တ မြတ် ထား သည့် နည်း တူ ထို ခေါင်း ပေါ် ရှိ ဆံ ပင် ကို လည်း တ လေး တ စား ဂုဏ် ပြု ထိန်း သိမ်း ထား ရှိ ပေ သည် ။ မြန် မာ အ မျိုး သ မီး များ ရော မြန် မာ ယောက်ျား များ ပါ ဆံ ပင် ရှည် ထား ခဲ့ ကြ သည် ။ သို့ ရာ တွင် ဆံ ပင် ကို ဆင် ယင် မွမ်း မံ ရာ တွင် မူ ခြား နား ကြ သည် ။ အ မျိုး သ မီး များ က ဆံ ပင် ကို နည်း အ မျိုး မျိုး ဖြင့် ပန်း ပန် သည် ။ ယောက်ျား များ မှာ မူ သျှောင် ကို ခေါင်း ပေါင်း ဖြင့် မွမ်း မံ သည် ။
ဆင်း ရဲ သား ယောက်ျား များ ၏ ခေါင်း ပေါင်း မှာ ချည် စောင် ဖြစ် သည် ။ ချည် စောင် ဖြင့် ` ပေါင်း ´ ထား သော အ ခါ ခေါင်း ပေါင်း စ မ ရှိ ချေ ။ ကြေး ရ တက် မင်း မှု ထမ်း နှင့် မင်း ညီ မင်း သား များ ကား ပိုး ကို ပေါင်း သည် ။ ` ခေါင်း ပေါင်း စ တ လူ လူ ´ ထွက် သည် ။ ` အုပ် ပေါင်း ´ နှင့် ` ပတ် ပေါင်း ´ ယူ ၍ လည်း ကွဲ ပြား သည် ။
မည် သို့ ပင် ဆင်း ရဲ သား ကြေး ရ တက် ကွဲ ပြား စေ ကာ မူ ဦး ခေါင်း နှင့် ဆံ ပင် ကို မြတ် နိုး မှု့ ကား ညီ တူ ကြ သည် ။ သို့ အ တွက် ခေါင်း ကို ဘီး စိပ် ကျဲ ကျဲ ဖြင့် ဖြီး ပြီး နောက် , ဘီး သွား တွင် ငြိ ကျန် ခဲ့ သော ဆံ ပင် များ ကို မြင့် မြတ် သော နေ ရာ သို့ သွား ရောက် စွန့် ပစ် ကြ သည် ။
ထို ဆံ ပင် ကို မိ မိ တို့ အ တန်း အ စား အ လျှောက် တတ် စွမ်း သ မျှ ဆီ ကောင်း ဆီ သန့် ဖြင့် လိမ်း ကျံ သည့် အ ပြင် ဦး ခေါင်း ဆေး [ ခေါင်း လျှော် ] ခြင်း ကို လည်း ဂ ရု တ စိုက် ပြု လုပ် လေ့ ရှိ ကြ သည် ။ ထို မျှ မ က ခေါင်း လျှော် သင့် သော နေ့ ကို တနင်္ဂနွေ အ င်္ဂါ နှင့် စ နေ ဟု သတ် မှတ် ၍ ရှောင် ကြဉ် ရ မည့် နေ့ ကို တနင်္လာ ဗုဒ္ဓဟူး ကြာ သ ပ တေး သော ကြာ ဟု ` အိုး စည် တီး , က ရင် သား မွေး ´ သ င်္ကေ တ များ ဖြင့် လည်း ကောင်း ` မွေး နေ့ သော ကြာ တ နင်္လာ ကေ သာ ဆံ ဖြတ် မ ပြု အပ် ´ ဟူ သော စာ ချိုး ဖြင့် ဆံ ပင် မ ရိပ် သင့် ဆံ ပင် မ ညှပ် သည့် နေ့ များ ဟူ ၍ သတ် မှတ် ခဲ့ ကြ ကြောင်း ကို ခေါင်း ပေါင်း ဆောင်း ပါး နှင့် အ ကြောင်း အား တိုက် ဆိုင် စွာ ဖြင့် ထည့် သွင်း ရေး သား ဖော် ပြ လိုက် ရ ပါ ပေ သည် ။
ဂုဏ် ယူ ဖွယ် ရာ မြန် မာ မှု < ခေါင်း ပေါင်း > ထိန်း သိမ်း ခဲ့ မှု အ စဉ် အ လာ
မြန် မာ နိုင် ငံ တွင် နှစ် ပေါင်း များ စွာ ရှေး ဘိုး ဘေး အ စဉ် အ ဆက် က ပင် လျှင် အ ဆင့် အ တန်း မြင့် မား သော ရိုး ရာ ဝတ် စား ဆင် ယင် ထုံး ဖွဲ့ မှု ဓ လေ့ သည် ထွန်း ကား တည် ရှိ ခဲ့ ကြောင်း အ ခိုင် အ မာ တွေ့ ရှိ ရ သည် ။ မြန် မာ နိုင် ငံ သည် အိမ် နီး ချင်း နိုင် ငံ များ နှင့် ကူး လူး ဆက် ဆံ မူ့ တိုး ပွား လာ သည် နှင့် အ မျှ ဝတ် စား ဆင် ယင် မူ့ ဓ လေ့ ကို လည်း အ ချင်း ချင်း ဖ လှယ် ခဲ့ ကြ ပေ သည် ။ သို့ ရာ တွင် မိ မိ ၏ ကိုယ် ပိုင် ဝတ် စား ဆင် ယင် မှု့ ဝိ သေ သ လက္ခဏာ ကို မ ပျက် စေ ဘဲ ဆက် လက် တည် တံ့ အောင် ထိန်း သိမ်း နိုင် ခဲ့ ရုံ မျှ မ က မြန် မာ ပီ သ သော ကိုယ် ပိုင် ခေါင်း ပေါင်း ပုံ စံ ယဉ် ကျေး မှု့ ကို တီ ထွင် ပျိုး ထောင် တိုး တက် လာ အောင် ကြံ ဆောင် လုပ် ကိုင် နိုင် ခဲ့ သည် မှာ ဂုဏ် ယူ နိုင် စေ ရာ တစ် ခု ပင် ဖြစ် ပါ ပေ တော့ သည် ။
ချမ်း သာ ကိုယ် စိတ် မြဲ စေ သား ။
ညီ ညီ ဝင်း ထွန်း
ဧည့် လမ်း ညွှန်
[ ရည် ညွှန်း ကိုး ကား စာ အုပ် စာ စောင် များ ]
# အင် တာ နက် ပါ ခေါင်း ပေါင်း အ ကြောင်း အ ရာ
# ခေါင်း ပေါင်း ဖြစ် စဉ် သ မိုင်း လေ့ လာ ချက် စာ တမ်း [ ကုန် သွယ် ရေး ဝန် ကြီး ဌာ န ကုန် တိုက် ကြီး များ ကော် ပို ရေး ရှင်း ]
# မြန် မာ့ စွယ် စုံ ကျမ်း အ တွဲ [ ၂ ]
# ခေါင်း ပေါင်း ပ ညာ ရှင် ဦး တင် မောင် , ဦး မြ ဒင် , ခေါင်း ပေါင်း ကြိမ် ခြင်း ရက် လုပ် သည့် လုပ် ငန်း ရှင် ဦး မြ အောင် စ သည့် လူ ပု ဂ္ဂိုလ် များ ၏ ဖြေ ကြား ခဲ့ ချက် များ
# ရှေး ခေတ် မြန် မာ အ ဝတ် အ ထည် များ – မောင် ပု ဆိုး ကြမ်း
# မ ဟာ ရာ ဇ ဝင် ကြီး – ဦး ကု လား
# ကျေး လက် ရိုး ရာ မြန် မာ မှု ဓ လေ့ များ – ဆင် ဖြူ ကျွန်း အောင် သိန်း
crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်