ကျွန်မက အလှပြင်ဆိုင် ကို ကိုဗစ် first wave အထိ ၉ နှစ်လောက် ဖွင့်ခဲ့ပါတယ်။ ခုတော့ပိတ်ထား ပါတယ်။
အလုပ်သင်ကောင်မလေးတွေ အများအားဖြင့်က ဂျိုင်းနံ့ တော်တော် ဆိုးဆိုးဝါးဝါး နံကြတာ များပါတယ်။ဘေးက ဖြတ်သွားတာမျိုးဆို ဂျိုင်းနံက ဝေ့ခနဲ… မျက်နှာပေါင်းတင်ပေးတာမျိုး ခေါင်းလျှော်ပေးတာမျိုးဆို ဧည့်သည်နဲ့အနီးကပ် ထိတွေ့ရတော့ ပါးစပ်နံ့၊ ဂျိုင်းနံ့ နံနေရင် ဧည့်သည်နဲ့က အဆင်မပြေပါဘူး။
အလှပြင်ဆိုင်အလုပ်က ဝန်ထမ်းတွေ လှပသပ်ရပ် အနံ့အသက် ကင်းနေမှ လာတဲ့ ဧည့်သည်လည်း စိတ်ချမ်းသာ တာပါ။ဒါကြောင့် ဝန်ထမ်းတွေကို တယောက်တလှဲ့ ချွေးပုတ်ထုတ်ခိုင်းတာမျိုး ဂျိုင်းကို မန်ကျည်းမှဲ့နဲ့ ပွတ်လိမ်းခိုင်းတာမျိုး တွေ လုပ်ပေး ပါတယ်။
ပါးစပ်ကို ထမင်းစားပြီးတိုင်း တိုက်ခိုင်း ပါတယ်။ ဂျိုင်းက နေ့တိုင်း ပွတ်ပေးတော့ အနံနံတာ ပျောက်လာ ပါတယ်။ဒါကြောင့် တချို့လူတွေ အတွက် အသုံးဝင်လိမ့်မယ် ထင်ပါတယ်။ နည်းလေး မျှဝေပေးလိုက်ပါတယ် ရှင့်။
မန်ကျည်း အနှစ်ကို မျက်နှာ ချေးချွတ်တာ ကိုယ်လုံး ချေးချွတ်တာ အပူကင်းစင်ဖို့ အပြင် “ဂျိုင်းနံ နံတဲ့သူ” တွေပါ သုံးလို့ ရပါတယ်။ရေချိုးခါနီး ၅ မိနစ် လောက် လက္ဘရည်ဇွန်း တဝက်လောက် ပွတ်လိမ်းပြီး ရေဆေးချလိုက်ရင် လုံးဝ အနံ မနံတော့ပါဘူး။
တနေကုန် roll on လိမ်းစရာ မလိုအောင် အနံ မနံတာပါ။ ဂျိုင်းချွေး ထွက်နေရင်တောင် ဂျိုင်းနံက နံမနေပါဘူး။နေ့စဉ် ရေချိုးခါနီးတိုင်း သုံးလို့ ရသလို တနေကုန်မေ့ပြီး ပွတ်ထားမိလည်း ယားတာ စပ်တာ ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ ရေချိုးခါနီး ပဲ ပွတ်တာ ပိုကောင်းပါတယ်။ တန်ဆေးလွန်ဘေး မဖြစ်အောင်ပါ။
ဂျိုင်းနံ ပျောက်တဲ့အပြင် ဂျိုင်းလည်း ဖြူပါတယ်။ Roll on တွေကတော့ ဘာလိမ်းလိမ်း အပေါ်ယံပဲ ဖုံးပေးတဲ့ အတွက် ကျွန်မကတော့ မကြိုက်ပါဘူး။သံပုရာသီးဆိုရင် ပွတ်လိမ်းတာနဲ့ စပ်ပါတယ်။ ကျောက်ချဉ်ဆိုရင်လည်း ကျောက်ပျဉ်မှာ သွေးလိမ်းနေရတာရယ် ကျောက်ပျဉ် ပြန်ဆေးချရတာ ရှုပ်ပါတယ်။
မန်ကျည်းသီးကတော့ အနှစ်လေး နည်းနည်းဖျော်ပြီး ဘူးပိစိလေးထဲ ထည့်ထားရင် ၃ ရက်လောက် ခံပါတယ်။ ရေခဲသေတ္တာထဲထည့်ရင် ၁ လ လောက် ခံပါတယ်။ခန္ဓာကိုယ် အပူများတဲ့သူတွေ အတွက်က မြန်မာ့တိုင်းရင်းဆေးဆရာကြီး ဦးရန်အောင်က မန်ကျည်းနှစ်ကို ရေမချိုးခင်
လက်တွေ ခြေတွေမှာ လူးထား ပြီးမှ ရေချိုးရင် အပူကင်းတဲ့ အကြောင်းလည်း MRTV မှာ ဝေမျှ ထားပါတယ်။အပူများတဲ့သူတွေလဲ ဒီနည်း အသုံးပြုလို့ ရပါတယ်။ သိတဲ့သူတွေလည်း သိမယ်ထင်ပါတယ်။
မသိသေးသူတွေအတွက် လွယ်ကူ တဲ့ နည်းလေးမို့ မျှ ဝေပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေရှင်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။
Zawgyi
ကြၽန္မက အလွျပင္ဆိုင္ ကို ကိုဗစ္ first wave အထိ ၉ ႏွစ္ေလာက္ ဖြင့္ခဲ့ပါတယ္။ ခုေတာ့ပိတ္ထား ပါတယ္။
အလုပ္သင္ေကာင္မေလးေတြ အမ်ားအားျဖင့္က ဂ်ိဳင္းနံ႕ ေတာ္ေတာ္ ဆိုးဆိုးဝါးဝါး နံၾကတာ မ်ားပါတယ္။ေဘးက ျဖတ္သြားတာမ်ိဳးဆို ဂ်ိဳင္းနံက ေဝ့ခနဲ မ်က္ႏွာေပါင္းတင္ေပးတာမ်ိဳး ေခါင္းေလွ်ာ္ေပးတာမ်ိဳးဆို ဧည့္သည္နဲ႕အနီးကပ္ ထိေတြ႕ရေတာ့ ပါးစပ္နံ႕၊ ဂ်ိဳင္းနံ႕ နံေနရင္ ဧည့္သည္နဲ႕က အဆင္မေျပပါဘူး။
အလွျပင္ဆိုင္အလုပ္က ဝန္ထမ္းေတြ လွပသပ္ရပ္ အနံ႕အသက္ ကင္းေနမွ လာတဲ့ ဧည့္သည္လည္း စိတ္ခ်မ္းသာ တာပါ။ဒါေၾကာင့္ ဝန္ထမ္းေတြကို တေယာက္တလွဲ႕ ေခြၽးပုတ္ထုတ္ခိုင္းတာမ်ိဳး ဂ်ိဳင္းကို မန္က်ည္းမွဲ႕နဲ႕ ပြတ္လိမ္းခိုင္းတာမ်ိဳး ေတြ လုပ္ေပး ပါတယ္။
ပါးစပ္ကို ထမင္းစားၿပီးတိုင္း တိုက္ခိုင္း ပါတယ္။ ဂ်ိဳင္းက ေန႕တိုင္း ပြတ္ေပးေတာ့ အနံနံတာ ေပ်ာက္လာ ပါတယ္။ဒါေၾကာင့္ တခ်ိဳ႕လူေတြ အတြက္ အသုံးဝင္လိမ့္မယ္ ထင္ပါတယ္။ နည္းေလး မွ်ေဝေပးလိုက္ပါတယ္ ရွင့္။
မန္က်ည္း အႏွစ္ကို မ်က္ႏွာ ေခ်းခြၽတ္တာ ကိုယ္လုံး ေခ်းခြၽတ္တာ အပူကင္းစင္ဖို႔ အျပင္ ဂ်ိဳင္းနံ နံတဲ့သူ ေတြပါ သုံးလို႔ ရပါတယ္။ေရခ်ိဳးခါနီး ၅ မိနစ္ ေလာက္ လကၻရည္ဇြန္း တဝက္ေလာက္ ပြတ္လိမ္းၿပီး ေရေဆးခ်လိဳက္ရင္ လုံးဝ အနံ မနံေတာ့ပါဘူး။
တေနကုန္ roll on လိမ္းစရာ မလိုေအာင္ အနံ မနံတာပါ။ ဂ်ိဳင္းေခြၽး ထြက္ေနရင္ေတာင္ ဂ်ိဳင္းနံက နံမေနပါဘူး။ေန႕စဥ္ ေရခ်ိဳးခါနီးတိုင္း သုံးလို႔ ရသလို တေနကုန္ေမ့ၿပီး ပြတ္ထားမိလည္း ယားတာ စပ္တာ ဘာမွ မျဖစ္ပါဘူး။ ဒါေပမဲ့ ေရခ်ိဳးခါနီး ပဲ ပြတ္တာ ပိုေကာင္းပါတယ္။ တန္ေဆးလြန္ေဘး မျဖစ္ေအာင္ပါ။
ဂ်ိဳင္းနံ ေပ်ာက္တဲ့အျပင္ ဂ်ိဳင္းလည္း ျဖဴပါတယ္။ Roll on ေတြကေတာ့ ဘာလိမ္းလိမ္း အေပၚယံပဲ ဖုံးေပးတဲ့ အတြက္ ကြၽန္မကေတာ့ မႀကိဳက္ပါဘူး။သံပုရာသီးဆိုရင္ ပြတ္လိမ္းတာနဲ႕ စပ္ပါတယ္။ ေက်ာက္ခ်ဥ္ဆိုရင္လည္း ေက်ာက္ပ်ဥ္မွာ ေသြးလိမ္းေနရတာရယ္ ေက်ာက္ပ်ဥ္ ျပန္ေဆးခ်ရတာ ရႈပ္ပါတယ္။
မန္က်ည္းသီးကေတာ့ အႏွစ္ေလး နည္းနည္းေဖ်ာ္ၿပီး ဘူးပိစိေလးထဲ ထည့္ထားရင္ ၃ ရက္ေလာက္ ခံပါတယ္။ ေရခဲေသတၱာထဲထည့္ရင္ ၁ လ ေလာက္ ခံပါတယ္။ခႏၶာကိုယ္ အပူမ်ားတဲ့သူေတြ အတြက္က ျမန္မာ့တိုင္းရင္းေဆးဆရာႀကီး ဦးရန္ေအာင္က မန္က်ည္းႏွစ္ကို ေရမခ်ိဳးခင္
လက္ေတြ ေျခေတြမွာ လူးထား ၿပီးမွ ေရခ်ိဳးရင္ အပူကင္းတဲ့ အေၾကာင္းလည္း MRTV မွာ ေဝမွ် ထားပါတယ္။အပူမ်ားတဲ့သူေတြလဲ ဒီနည္း အသုံးျပဳလို႔ ရပါတယ္။ သိတဲ့သူေတြလည္း သိမယ္ထင္ပါတယ္။
မသိေသးသူေတြအတြက္ လြယ္ကူ တဲ့ နည္းေလးမို႔ မွ် ေဝေပးလိုက္ပါတယ္။ အဆင္ေျပၾကပါေစရွင္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။