ပျောက်ဆုံးနေသော သင်္ကန်းတစ်ထည်

ရဟန်းတော်များ သုံးစွဲရန် ဘုရားမြတ်စွာခွင့်ပြုထားသော သင်္ကန်း ၉~မျိုးရှိ၏၊

၁။ သင်းပိုင်ခေါ် ခါးဝတ်သင်္ကန်း
၂။ အပေါ်ရုံသင်္ကန်း
၃။ ဒုကုဋ်သင်္ကန်းခေါ် နှစ်ထပ်သင်္ကန်း

၄။ အိပ်ရာခင်း
၅။ မျက်နှာသုတ်ပဝါ
၆။ ပရိက္ခရစောဠ ခေါ် အကြမ်းသုံး အဝတ်

၇။ နိသီဒိုင် ခေါ် သုတ်နှီးသင်္ကန်း
၈။ မိုးရေခံသင်္ကန်း
၉။ အနာလွှမ်းသင်္ကန်း

ဤသို့ မြတ်စွာဘုရားသည် သင်္ကန်း ၉~မျိုး ခွင့်ပြုထားသော်လည်း ယခုအခါ ရှေးခြောက်မျိုးကိုသာ တွေ့နိုင်၍ နောက် သုံးမျိုးသည် အသုံးအစွဲနည်းပါးကာ ပျောက်ဆုံးလျက် ရှိ၏။

သို့ဖြစ်၍ ပျောက်ဆုံးနေသော သင်္ကန်းသုံးထည်တွင် တစ်ခုအပါအဝင်ဖြစ်သော နိသီဒိုင် ခေါ် သုတ်နှီးသင်္ကန်းကို ပြန်လည် ဖော်ထုတ်သည့် အနေဖြင့် အများသူငါ သိစေနိုင်ရန် ဤ post ကို ရေးသားလိုက်ရပါသည်။

နိသီဒိုင်အသုံးပြုရခြင်း၏ ရည်ရွယ်ချက်

ဤနိသီဒိုင်ကို မူလပညတ်တော်မူရခြင်း၏ အကြောင်းမှာ ရဟန်းများ မွန်မြတ်သော အစာကို စားကြပြီးနောက် တရားနှလုံးမသွင်းဘဲ အိပ်ပျော်ကြသည့်အခါ အိပ်မက်မက်၍ သုက်ထွက်သဖြင့် သင်္ကန်းလည်းပေ ကျောင်းအိပ်ရာ နေရာနှင့် ခန္ဓာကိုယ်လည်း ပေသောကြောင့် ထိုသင်္ကန်း ကျောင်း ကိုယ်ခန္ဓာများကို စောင့်ရှောက်ဖို့ရာ (မလူးမလဲဖို့ရာ) ပညတ်တော်မူရခြင်း ဖြစ်သည်၊ ထို့ကြောင့် နိသီဒိုင်ကို ” သုက်နှီးသင်္ကန်း” ဟုလည်း ခေါ်ကြသည်။

နိသီဒိုင်သင်္ကန်း၏ အကြီးဆုံးပမာဏ

ဘုရားရှင် အထွာဖြင့်
အလျား = ၂ ထွာ
အနံ = တစ်ထွာခွဲ
အမြိတ်အဆာ = တစ်ထွာ
ယခုခေတ် အထွာဖြင့်

အလျား = ၉ ~ထွာ
အနံ = ၆ ~ထွာ ၉ သစ်
အမြိတ်အဆာ = ၄~ ထွာခွဲ
“ရှင်စောတစ်ထွာ၊ မဇ် သုံးထွာ၊ တို့မှာ ခေါက်ချိုးတက်” နှင့် အညီ တွက်ပြထားခြင်း ဖြစ်၏။

နိသီဒိုင်ပြုလုပ်ပုံ

နိသီဒိုင်ချုပ်လိုသော ပိတ်စဖျင်စ တစ်ခုခုကို သတ်မှတ်ထားသော ပမာဏအတိုင်း ချုပ်သည့်အခါ တစ်ထွာလောက်သော အဆာကို မိမိလိုရာ တစ်ဖက်ဖက်က တက်၍ ၂~နေရာ၌ ခွဲထားလျက် ရှိစေရမည်၊ ထိုကဲ့သို့ ခွဲထားသည့်အခါ အမြိတ်အဆာသည် တစ်ခုနှင့် တစ်ခု မစပ်ဘဲ သုံးမြွှာကွဲလျက် ရှိနေလိမ့်မည်။

အသုံးပြုပုံ

ဤနိသီဒိုင်ကို ယခုအခါ နေရာထိုင်ကဲ့သို့ ခင်း၍လည်း
ထိုင်နိုင်၏၊ ဆွမ်းစားသည့်အခါ တစ်ပိုင်းကို ခင်း၍ အမြိတ်အဆာကို တင်ပျဉ်ပေါ်၌တင်ကာ ဆွမ်းဟင်း အစက်များကိုလည်း ကာကွယ်နိုင်၏၊

အထူးအားဖြင့်ကား သင်းပိုင် အတွင်းမှ ရှေ့တည့်တည့်က ခံ၍ ဝတ်ဖို့ရန် ဖြစ်သည်။

ဝတ်သည့်အခါ အလယ်က အမြိတ်ကို ခါးတောင်းကျိုက်သလို နောက်ပို့၍ ကြိုးငယ်-သို့မဟုတ် တွယ်အပ်တို့ဖြင့် ချိတ်ဆွဲထားရမည်၊

ဆရာတို့ကား တင်ပါးဘက်က ဖုံး၍ အလယ်က အမြတ်ကို ပေါင်ကြားမှ ရှေ့သို့ပို့ကာ ဆီးခုံပေါ်မှာဖုံး၍ ကြိုးဖြင့်ချည်ထားပုံကို ပြကြသည်။

(ပါတိမောက်ဘာသာဋီကာ၊ ၃၅၆၊ ၃၅၇)
Credit -တိပိဋက (မြန်မာပြန်)

Zawgyi
ရဟန္းေတာ္မ်ား သုံးစြဲရန္ ဘုရားျမတ္စြာခြင့္ျပဳထားေသာ သကၤန္း ၉~မ်ိဳးရွိ၏၊

၁။ သင္းပိုင္ေခၚ ခါးဝတ္သကၤန္း
၂။ အေပၚ႐ုံသကၤန္း
၃။ ဒုကုဋ္သကၤန္းေခၚ ႏွစ္ထပ္သကၤန္း

၄။ အိပ္ရာခင္း
၅။ မ်က္ႏွာသုတ္ပဝါ
၆။ ပရိကၡရေစာဠ ေခၚ အၾကမ္းသုံး အဝတ္

၇။ နိသီဒိုင္ ေခၚ သုတ္ႏွီးသကၤန္း
၈။ မိုးေရခံသကၤန္း
၉။ အနာလႊမ္းသကၤန္း

ဤသို႔ ျမတ္စြာဘုရားသည္ သကၤန္း ၉~မ်ိဳး ခြင့္ျပဳထားေသာ္လည္း ယခုအခါ ေရွးေျခာက္မ်ိဳးကိုသာ ေတြ႕နိုင္၍ ေနာက္ သုံးမ်ိဳးသည္ အသုံးအစြဲနည္းပါးကာ ေပ်ာက္ဆုံးလ်က္ ရွိ၏။

သို႔ျဖစ္၍ ေပ်ာက္ဆုံးေနေသာ သကၤန္းသုံးထည္တြင္ တစ္ခုအပါအဝင္ျဖစ္ေသာ နိသီဒိုင္ ေခၚ သုတ္ႏွီးသကၤန္းကို ျပန္လည္ ေဖာ္ထုတ္သည့္ အေနျဖင့္ အမ်ားသူငါ သိေစနိုင္ရန္ ဤ post ကို ေရးသားလိုက္ရပါသည္။

နိသီဒိုင္အသုံးျပဳရျခင္း၏ ရည္႐ြယ္ခ်က္

ဤနိသီဒိုင္ကို မူလပညတ္ေတာ္မူရျခင္း၏ အေၾကာင္းမွာ ရဟန္းမ်ား မြန္ျမတ္ေသာ အစာကို စားၾကၿပီးေနာက္ တရားႏွလုံးမသြင္းဘဲ အိပ္ေပ်ာ္ၾကသည့္အခါ အိပ္မက္မက္၍ သုက္ထြက္သျဖင့္ သကၤန္းလည္းေပ ေက်ာင္းအိပ္ရာ ေနရာႏွင့္ ခႏၶာကိုယ္လည္း ေပေသာေၾကာင့္ ထိုသကၤန္း ေက်ာင္း ကိုယ္ခႏၶာမ်ားကို ေစာင့္ေရွာက္ဖို႔ရာ (မလူးမလဲဖို႔ရာ) ပညတ္ေတာ္မူရျခင္း ျဖစ္သည္၊ ထို႔ေၾကာင့္ နိသီဒိုင္ကို ” သုက္ႏွီးသကၤန္း” ဟုလည္း ေခၚၾကသည္။

နိသီဒိုင္သကၤန္း၏ အႀကီးဆုံးပမာဏ

ဘုရားရွင္ အထြာျဖင့္
အလ်ား = ၂ ထြာ
အနံ = တစ္ထြာခြဲ
အၿမိတ္အဆာ = တစ္ထြာ
ယခုေခတ္ အထြာျဖင့္

အလ်ား = ၉ ~ထြာ
အနံ = ၆ ~ထြာ ၉ သစ္
အၿမိတ္အဆာ = ၄~ ထြာခြဲ
“ရွင္ေစာတစ္ထြာ၊ မဇ္ သုံးထြာ၊ တို႔မွာ ေခါက္ခ်ိဳးတက္” ႏွင့္ အညီ တြက္ျပထားျခင္း ျဖစ္၏။

နိသီဒိုင္ျပဳလုပ္ပုံ

နိသီဒိုင္ခ်ဳပ္လိုေသာ ပိတ္စဖ်င္စ တစ္ခုခုကို သတ္မွတ္ထားေသာ ပမာဏအတိုင္း ခ်ဳပ္သည့္အခါ တစ္ထြာေလာက္ေသာ အဆာကို မိမိလိုရာ တစ္ဖက္ဖက္က တက္၍ ၂~ေနရာ၌ ခြဲထားလ်က္ ရွိေစရမည္၊ ထိုကဲ့သို႔ ခြဲထားသည့္အခါ အၿမိတ္အဆာသည္ တစ္ခုႏွင့္ တစ္ခု မစပ္ဘဲ သုံးႁမႊာကြဲလ်က္ ရွိေနလိမ့္မည္။

အသုံးျပဳပုံ

ဤနိသီဒိုင္ကို ယခုအခါ ေနရာထိုင္ကဲ့သို႔ ခင္း၍လည္း
ထိုင္နိုင္၏၊ ဆြမ္းစားသည့္အခါ တစ္ပိုင္းကို ခင္း၍ အၿမိတ္အဆာကို တင္ပ်ဥ္ေပၚ၌တင္ကာ ဆြမ္းဟင္း အစက္မ်ားကိုလည္း ကာကြယ္နိုင္၏၊

အထူးအားျဖင့္ကား သင္းပိုင္ အတြင္းမွ ေရွ႕တည့္တည့္က ခံ၍ ဝတ္ဖို႔ရန္ ျဖစ္သည္။

ဝတ္သည့္အခါ အလယ္က အၿမိတ္ကို ခါးေတာင္းက်ိဳက္သလို ေနာက္ပို႔၍ ႀကိဳးငယ္-သို႔မဟုတ္ တြယ္အပ္တို႔ျဖင့္ ခ်ိတ္ဆြဲထားရမည္၊

ဆရာတို႔ကား တင္ပါးဘက္က ဖုံး၍ အလယ္က အျမတ္ကို ေပါင္ၾကားမွ ေရွ႕သို႔ပို႔ကာ ဆီးခုံေပၚမွာဖုံး၍ ႀကိဳးျဖင့္ခ်ည္ထားပုံကို ျပၾကသည္။

(ပါတိေမာက္ဘာသာဋီကာ၊ ၃၅၆၊ ၃၅၇)
Credit -တိပိဋက (ျမန္မာျပန္)