အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (Economic and Social Commission for Asia and Pacific-ESCAP) အမှုဆောင်အတွင်းဝန် (အငြိမ်းစား)၊
အိုင်-စီ-အက်စ် (အငြိမ်း စား) စည်သူ ဦးညွှန့်ကို ဖခင် ဆားဝန်ထောက် ဦးကြူးလှိုင်၊ မိခင် ဒေါ်ကျင်ဆိုင်တို့က ၁၉၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဘားအံမြို့၌ ဖွားမြင်သည်။ တစ်ဦးတည်းသော သားဖြစ်သည်။
ငယ်စဉ်က ဖခင်တာဝန်ထမ်းဆောင်သော မြို့များသို့ လိုက်ပါနေထိုင်ပြီး ပညာသင်ယူသည်။ ၁၉၂၇ ခုနှစ်တွင် သထုံမြို့အစိုးရကျောင်း (ယခု အထက ၁ သထုံ) မှ တက္ကသိုလ် ဝင်တန်းအောင်မြင်သည်။ ရန်ကုန် တက္ကသိုလ်သို့ တက်ရောက် ပညာဆည်းပူးရာ တက္ကသိုလ်ပညာသင်ဆု ရရှိသည်။
တက္ကသိုလ်တက် ရောက်စဉ် တကောင်းဆောင်နှင့် ပြည်ဆောင် တို့တွင် အဆောင်နေကျောင်းသား ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ် တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (ဘီအေ)ရရှိသည်။ ၁၉၃၁ ခုနှစ်တွင် ပုဂံဆောင် အဆောင်နည်းပြအဖြစ် တာဝန်ထမ်း ဆောင်သည်။
၁၉၃၂ ခုနှစ်တွင် အဂ‡လန်နိုင်ငံသို့သွားရောက်ပြီး အိုင်-စီ-အက်စ် သင်တန်းတက်ရောက်သည်။ ၁၉၃၄ ခုနှစ်မှစ၍ နိုင်ငံ ဝန်ထမ်းအဖြစ် ရာထူးအသီးသီး၌ တာဝန်ထမ်းဆောင်သည်။
ဦးညွှန့်သည် ၁၉၄၇ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့နှင့်ကျူးဘားနိုင်ငံ ဟားဗားနားမြို့များ၌ ကျင်းပသည့် အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေသဘော တူညီမှု စာချုပ်အဖွဲ့( General Agreement on Tariffs and Trade-G A T T ) (ယခုကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့-World Trade Organization – W T O) တည်ထောင်ရန်ခေါ်ယူသော အစည်းအဝေးများနှင့် ညီလာခံများသို့ မြန်မာနိုင်ငံ ကိုယ်စား လှယ် အဖြစ် တက်ရောက်သည်။
၁၉၄၈ ခုနှစ်တွင် G A T T တည်ထောင်သောအခါ မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် လက်မှတ်ရေးထိုးသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အစည်း အဝေးများသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရုံးစိုက်သောအာရှနှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မီရှင် (Economic Commmission for Asia and the far East ECAFE) ယခု (ESCAP) ၌ စက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဌာနအကြီးအကဲအဖြစ် ၁၉၅၂ ခုနှစ် တွင် တာဝန်ထမ်းဆောင်သည်။
၁၉၅၇ ခုနှစ်တွင် ဒုတိယအမှုဆောင် အတွင်းဝန်အဖြစ်လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် အမှုဆောင် အတွင်းဝန်အဖြစ်လည်းကောင်း ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံရသည်။
အမှုဆောင်အတွင်း ဝန်ရာထူးမှာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ရာထူးနှင့် အဆင့်အတန်းတူညီပြီး ကုလသမဂ္ဂအဖွဲ့ အစည်းတွင် မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး အဆင့်မြင့်ရာထူးကို တာဝန် ထမ်းဆောင်ရသူဖြစ်သည်။
ဦးညွှန့်သည် အမှုဆောင်အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်စဉ် မဲခေါင်မြစ်ဝှမ်းစီမံကိန်း (The Mekong Development Project) အာရှလမ်းမကြီး (The Asian Highway)၊ အာရှစာရင်းအင်းတက္ကသိုလ် (The Asian Statistical Institute) ၊
အာရှစက်မှုဖွံ့ဖြိုးရေး ကောင်စီ (The Asian Industrial Development Council) ၊ အာရှဖွံ့ဖြိုးရေးဘဏ် (The Asian Development Bank)၊ အာရှငွေကြေး ပေးချေမှု အုပ်စု (The Asian Clearing Union)တို့ကို တည်ထောင်ဖွဲ့စည်း ဆောင်ရွက်သည်။
၁၉၆၆ ခုနှစ်တွင် တည်ထောင်ဖွဲ့ စည်းသော အာရှဖွံ့ဖြိုးရေးဘဏ်၏ ဖခင်ကြီး အဖြစ် နိုင်ငံတကာကအသိအမှတ်ပြုခြင်းခံရသည်။ ၁၉၇၃ခုနှစ် တွင် အမှုဆောင်အတွင်းဝန်အဖြစ်မှ အငြိမ်းစားယူသည်။
ဦးညွှန့်သည် အငြိမ်းစားယူပြီးနောက် မြန်မာနိုင်ငံတွင် ပြန်လည်နေထိုင်ပြီး ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်သည်။
ဆဌသင်္ဃာယနာတင် ပိဋကတ်စာမူကို အင်္ဂလိပ်ဘာသာသို့ပြန်ဆို ပုံနှိပ်ထုတ်ဝေသော လုပ်ငန်းတွင်ပါဝင်သည်။ ထို့ပြင် နိကာယ်ငါးရပ် ထွန်းကား ပြန့်ပွားရေး အသင်း ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်သည်။
ဦးညွှန့်သည် ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတော်က ချီးမြှင့်သည့် စည်သူဘွဲ့ကို ရရှိသည်။ ၁၉၃၅ ခုနှစ်တွင် ဒေါ်သန်းတင် (ဝိဇ္ဇာဘွဲ့ဂုဏ်ထူး) နှင့် လက်ထပ်ခဲ့ပြီး သားလေးဦး၊ သမီးတစ်ဦးထွန်းကားသည်။ ဒေါ်သန်းတင်သည် ၁၉၈၁ ခုနှစ်က ကွယ်လွန်ခဲ့ပြီး သားတစ်ဦးနှင့် သမီးတစ်ဦး တို့သည်လည်း ကွယ်လွန်သည်။
နိုင်ငံဝန်ထမ်းများနှင့် ကုလသမဂ္ဂတာဝန်များကို ကြိုးပမ်းထမ်းဆောင်ခဲ့သော အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် အမှုဆောင်အတွင်းဝန် (အငြိမ်းစား)၊ အိုင်-စီ-အက်စ် (အငြိမ်းစား) စည်သူဦးညွှန့်သည် ၁၉၉၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန် သည်။
ကွယ်လွန်ချိန်တွင် သားများဖြစ်ကြသည့် ဒေါက်တာ သန်းညွှန့် (ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာ စောဝင်း (သမားတော်ကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး)၊ ဒေါက်တာလှညွှန့် (ဒုတိယညွှန့်ကြားရေးမှူး၊ မြန်မာသိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာန) နှင့် မြေး ၁၁ ဦးကျန်ရစ်သည်။
Crd,ဝီကီပီးဒီးယား
Zawgyi
အာရွႏွင့္ ပစိဖိတ္ေဒသဆိုင္ရာ စီးပြားေရးႏွင့္ လူမႈေရးေကာ္မရွင္ (Economic and Social Commission for Asia and Pacific-ESCAP) အမႈေဆာင္အတြင္းဝန္ (အၿငိမ္းစား)၊
အိုင္-စီ-အက္စ္ (အၿငိမ္း စား) စည္သူ ဦးၫႊန႔္ကို ဖခင္ ဆားဝန္ေထာက္ ဦးၾကဴးလွိုင္၊ မိခင္ ေဒၚက်င္ဆိုင္တို႔က ၁၉၁၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၃ ရက္ေန႕တြင္ ဘားအံၿမိဳ႕၌ ဖြားျမင္သည္။ တစ္ဦးတည္းေသာ သားျဖစ္သည္။
ငယ္စဥ္က ဖခင္တာဝန္ထမ္းေဆာင္ေသာ ၿမိဳ႕မ်ားသို႔ လိုက္ပါေနထိုင္ၿပီး ပညာသင္ယူသည္။ ၁၉၂၇ ခုႏွစ္တြင္ သထုံၿမိဳ႕အစိုးရေက်ာင္း (ယခု အထက ၁ သထုံ) မွ တကၠသိုလ္ ဝင္တန္းေအာင္ျမင္သည္။ ရန္ကုန္ တကၠသိုလ္သို႔ တက္ေရာက္ ပညာဆည္းပူးရာ တကၠသိုလ္ပညာသင္ဆု ရရွိသည္။
တကၠသိုလ္တက္ ေရာက္စဥ္ တေကာင္းေဆာင္ႏွင့္ ျပည္ေဆာင္ တို႔တြင္ အေဆာင္ေနေက်ာင္းသား ျဖစ္သည္။ ၁၉၃၀ ျပည့္ႏွစ္ တြင္ ရန္ကုန္ တကၠသိုလ္မွ ဝိဇၨာဘြဲ႕ (ဘီေအ)ရရွိသည္။ ၁၉၃၁ ခုႏွစ္တြင္ ပုဂံေဆာင္ အေဆာင္နည္းျပအျဖစ္ တာဝန္ထမ္း ေဆာင္သည္။
၁၉၃၂ ခုႏွစ္တြင္ အဂလန္နိုင္ငံသို႔သြားေရာက္ၿပီး အိုင္-စီ-အက္စ္ သင္တန္းတက္ေရာက္သည္။ ၁၉၃၄ ခုႏွစ္မွစ၍ နိုင္ငံ ဝန္ထမ္းအျဖစ္ ရာထူးအသီးသီး၌ တာဝန္ထမ္းေဆာင္သည္။
ဦးၫႊန႔္သည္ ၁၉၄၇ ခုႏွစ္တြင္ ဆြစ္ဇာလန္နိုင္ငံ ဂ်ီနီဗာၿမိဳ႕ႏွင့္က်ဴးဘားနိုင္ငံ ဟားဗားနားၿမိဳ႕မ်ား၌ က်င္းပသည့္ အေကာက္ခြန္ႏွင့္ ကုန္သြယ္ေရးဆိုင္ရာ အေထြေထြသေဘာ တူညီမႈ စာခ်ဳပ္အဖြဲ႕( General Agreement on Tariffs and Trade-G A T T ) (ယခုကမၻာ့ကုန္သြယ္ေရးအဖြဲ႕-World Trade Organization – W T O) တည္ေထာင္ရန္ေခၚယူေသာ အစည္းအေဝးမ်ားႏွင့္ ညီလာခံမ်ားသို႔ ျမန္မာနိုင္ငံ ကိုယ္စား လွယ္ အျဖစ္ တက္ေရာက္သည္။
၁၉၄၈ ခုႏွစ္တြင္ G A T T တည္ေထာင္ေသာအခါ ျမန္မာနိုင္ငံ ကိုယ္စားလွယ္ အျဖစ္ လက္မွတ္ေရးထိုးသည္။ ၁၉၄၈ ခုႏွစ္မွ ၁၉၅၁ ခုႏွစ္အထိ က်င္းပေသာ အျပည္ျပည္ဆိုင္ရာ အစည္း အေဝးမ်ားသို႔ ျမန္မာနိုင္ငံကိုယ္စားလွယ္အျဖစ္ တက္ေရာက္သည္။
ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ႐ုံးစိုက္ေသာအာရွႏွင့္ အေရွ႕ဖ်ားေဒသဆိုင္ရာ စီးပြားေရးေကာ္မီရွင္ (Economic Commmission for Asia and the far East ECAFE) ယခု (ESCAP) ၌ စက္မႈႏွင့္ ကုန္သြယ္မႈဆိုင္ရာ ဌာနအႀကီးအကဲအျဖစ္ ၁၉၅၂ ခုႏွစ္ တြင္ တာဝန္ထမ္းေဆာင္သည္။
၁၉၅၇ ခုႏွစ္တြင္ ဒုတိယအမႈေဆာင္ အတြင္းဝန္အျဖစ္လည္းေကာင္း၊ ၁၉၅၉ ခုႏွစ္တြင္ အမႈေဆာင္ အတြင္းဝန္အျဖစ္လည္းေကာင္း ရာထူးတိုးျမႇင့္ခန႔္ထားျခင္း ခံရသည္။
အမႈေဆာင္အတြင္း ဝန္ရာထူးမွာ ကုလသမဂၢ လက္ေထာက္အတြင္းေရးမႉးခ်ဳပ္ရာထူးႏွင့္ အဆင့္အတန္းတူညီၿပီး ကုလသမဂၢအဖြဲ႕ အစည္းတြင္ ျမန္မာနိုင္ငံသားမ်ားထဲမွ ပထမဆုံး အဆင့္ျမင့္ရာထူးကို တာဝန္ ထမ္းေဆာင္ရသူျဖစ္သည္။
ဦးၫႊန႔္သည္ အမႈေဆာင္အတြင္းဝန္အျဖစ္ တာဝန္ ထမ္းေဆာင္စဥ္ မဲေခါင္ျမစ္ဝွမ္းစီမံကိန္း (The Mekong Development Project) အာရွလမ္းမႀကီး (The Asian Highway)၊ အာရွစာရင္းအင္းတကၠသိုလ္ (The Asian Statistical Institute) ၊
အာရွစက္မႈဖြံ႕ၿဖိဳးေရး ေကာင္စီ (The Asian Industrial Development Council) ၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (The Asian Development Bank)၊ အာရွေငြေၾကး ေပးေခ်မႈ အုပ္စု (The Asian Clearing Union)တို႔ကို တည္ေထာင္ဖြဲ႕စည္း ေဆာင္႐ြက္သည္။
၁၉၆၆ ခုႏွစ္တြင္ တည္ေထာင္ဖြဲ႕ စည္းေသာ အာရွဖြံ႕ၿဖိဳးေရးဘဏ္၏ ဖခင္ႀကီး အျဖစ္ နိုင္ငံတကာကအသိအမွတ္ျပဳျခင္းခံရသည္။ ၁၉၇၃ခုႏွစ္ တြင္ အမႈေဆာင္အတြင္းဝန္အျဖစ္မွ အၿငိမ္းစားယူသည္။
ဦးၫႊန႔္သည္ အၿငိမ္းစားယူၿပီးေနာက္ ျမန္မာနိုင္ငံတြင္ ျပန္လည္ေနထိုင္ၿပီး ဗုဒၶဘာသာ ထြန္းကား ျပန႔္ပြားေရး လုပ္ငန္းမ်ား ေဆာင္႐ြက္သည္။
ဆဌသဃၤာယနာတင္ ပိဋကတ္စာမူကို အဂၤလိပ္ဘာသာသို႔ျပန္ဆို ပုံႏွိပ္ထုတ္ေဝေသာ လုပ္ငန္းတြင္ပါဝင္သည္။ ထို႔ျပင္ နိကာယ္ငါးရပ္ ထြန္းကား ျပန႔္ပြားေရး အသင္း ဥကၠ႒ အျဖစ္လည္း ေဆာင္႐ြက္သည္။
ဦးၫႊန႔္သည္ ၁၉၅၀ ျပည့္ႏွစ္တြင္ နိုင္ငံေတာ္က ခ်ီးျမႇင့္သည့္စည္သူဘြဲ႕ကို ရရွိသည္။ ၁၉၃၅ ခုႏွစ္တြင္ ေဒၚသန္းတင္ (ဝိဇၨာဘြဲ႕ဂုဏ္ထူး) ႏွင့္ လက္ထပ္ခဲ့ၿပီး သားေလးဦး၊ သမီးတစ္ဦးထြန္းကားသည္။ ေဒၚသန္းတင္သည္ ၁၉၈၁ ခုႏွစ္က ကြယ္လြန္ခဲ့ၿပီး သားတစ္ဦးႏွင့္ သမီးတစ္ဦး တို႔သည္လည္း ကြယ္လြန္သည္။
နိုင္ငံဝန္ထမ္းမ်ားႏွင့္ ကုလသမဂၢတာဝန္မ်ားကို ႀကိဳးပမ္းထမ္းေဆာင္ခဲ့ေသာ အာရွႏွင့္ ပစိဖိတ္ေဒသ ဆိုင္ရာ စီးပြားေရးႏွင့္ လူမႈေရးေကာ္မရွင္ အမႈေဆာင္အတြင္းဝန္ (အၿငိမ္းစား)၊ အိုင္-စီ-အက္စ္ (အၿငိမ္းစား) စည္သူဦးၫႊန႔္သည္ ၁၉၉၆ ခုႏွစ္၊ ဧၿပီလ ၈ ရက္ေန႕တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္ သည္။
ကြယ္လြန္ခ်ိန္တြင္ သားမ်ားျဖစ္ၾကသည့္ ေဒါက္တာ သန္းၫႊန႔္ (ဒုတိယဝန္ႀကီး၊ ပညာေရးဝန္ႀကီးဌာန)၊ ေဒါက္တာ ေစာဝင္း (သမားေတာ္ႀကီး၊ အင္းစိန္ျပည္သူ႕ေဆး႐ုံႀကီး)၊ ေဒါက္တာလွၫႊန႔္ (ဒုတိယၫႊန႔္ၾကားေရးမႉး၊ ျမန္မာသိပၸံႏွင့္ နည္းပညာသုေတသနဦးစီးဌာန) ႏွင့္ ေျမး ၁၁ ဦးက်န္ရစ္သည္။
Crd,ဝီကီပီးဒီးယား