အမေရိကန်နိုင်ငံမှ အိမ်တစ်အိမ်တွင် မွေးထားသော ခွေးလေးတစ်ကောင်သည် သခင်ဖြစ်သူရဲ့ ပြောစကားကိုလည်း နာခံမှုရှိကာ သိတတ်လိမ်မာမှုကြောင့် တစ်အိမ်လုံးက ဝိုင်းချစ်ခဲ့ကြသည်။
ခွေးလေးသည် အရွယ်ရောက်လာသောအခါ အရင်ကလို သခင်သွားလေရာနောက်သို့ တကောက်ကောက်မလိုက်တော့ပဲ အိမ်မှာအေးအေးဆေးဆေး ကျန်ရစ်နေခဲ့တော့သည်။
ထို့အပြင် ခွေးလေးသည် အိမ်ရဲ့ပြတင်းပေါက်နားလေးမှာ အမြဲလိုလို နေခဲ့ပြီး ၆လကြာသည်ထိ ဘေးအိမ်ကလှုပ်ရှားမှုမှန်သမျှကို ငေးကြည့်နေခဲ့သည်။
သခင်ဖြစ်သူလည်း သူတို့ရဲ့ခွေးလေးက ဘာကြောင့်ပြတင်းပေါက်ကနေ အမြဲလိုလို ငေးနေတတ်တာလည်းဆိုသည့် အကြောင်းကို စုံစမ်းကြည့်ခဲ့ရာ ဘေးအိမ်က ပြတင်းပေါက်စီက ကြောင်မလေးနဲ့ အကြည်စိုက်ကာ သံယောဇဉ်တွယ်ငြိနေမှန်းကို အံ့အားသင့်ဖွယ် သိရှိခဲ့ရသည်။
တစ်နေ့တွင် ဘေးအိမ်ရှိ ကြောင်လေးမှာ သူတို့အကြည်စိုက်နေကျ ပြတင်းပေါက်နားလေးမှာ ရှိမနေတော့သည့်အတွက် ခွေးလေးသည် ပူဆွေးသောကရောက်နေသည့်ဟန်နှင့် ပြတင်းပေါက်နားလေးမှာ တစ်ရက်သုံးခါထက်မနည်း သွားသွားကြည့်နေတော့သည်။
အကြောင်းမှာ ဘေးအိမ်က ပိုင်ရှင်သည် ပြတင်းပေါက်နားလေးတွင် ပန်းအိုးများပြောင်းရွှေ့တင်ထားတာကြောင့် ကြောင်လေးအား မတွေ့ရတော့ခြင်းဖြစ်သည်။
ထိုအခါ သခင်ဖြစ်သူသည် ဘေးအိမ်သို့သွားရောက် ကာ သူ့အိမ်မွေးခွေးလေးနှင့် ထိုအိမ်ကကြောင်မလေးတို့မှာ သံယောဇဉ်တွယ်နေကြတာဖြစ်ပြီး တစ်ရက်မတွေ့ရရင်မနေနိုင်မထိုင်နိုင်ဖြစ်နေသည့် သူ့ခွေးလေးအား သနား၍ ပန်းအိုးလေးတွေကို နေရာရွှေ့ပေးရန် တောင်းဆိုခဲ့သည်။
crd,
Zawgyi
အေမရိကန္နိုင္ငံမွ အိမ္တစ္အိမ္တြင္ ေမြးထားေသာ ေခြးေလးတစ္ေကာင္သည္ သခင္ျဖစ္သူရဲ႕ ေျပာစကားကိုလည္း နာခံမႈရွိကာ သိတတ္လိမ္မာမႈေၾကာင့္ တစ္အိမ္လုံးက ဝိုင္းခ်စ္ခဲ့ၾကသည္။
ေခြးေလးသည္ အ႐ြယ္ေရာက္လာေသာအခါ အရင္ကလို သခင္သြားေလရာေနာက္သို႔ တေကာက္ေကာက္မလိုက္ေတာ့ပဲ အိမ္မွာေအးေအးေဆးေဆး က်န္ရစ္ေနခဲ့ေတာ့သည္။
ထို႔အျပင္ ေခြးေလးသည္ အိမ္ရဲ႕ျပတင္းေပါက္နားေလးမွာ အၿမဲလိုလို ေနခဲ့ၿပီး ၆လၾကာသည္ထိ ေဘးအိမ္ကလႈပ္ရွားမႈမွန္သမွ်ကို ေငးၾကည့္ေနခဲ့သည္။
သခင္ျဖစ္သူလည္း သူတို႔ရဲ႕ေခြးေလးက ဘာေၾကာင့္ျပတင္းေပါက္ကေန အၿမဲလိုလို ေငးေနတတ္တာလည္းဆိုသည့္ အေၾကာင္းကို စုံစမ္းၾကည့္ခဲ့ရာ ေဘးအိမ္က ျပတင္းေပါက္စီက ေၾကာင္မေလးနဲ႕ အၾကည္စိုက္ကာ သံေယာဇဥ္တြယ္ၿငိေနမွန္းကို အံ့အားသင့္ဖြယ္ သိရွိခဲ့ရသည္။
တစ္ေန႕တြင္ ေဘးအိမ္ရွိ ေၾကာင္ေလးမွာ သူတို႔အၾကည္စိုက္ေနက် ျပတင္းေပါက္နားေလးမွာ ရွိမေနေတာ့သည့္အတြက္ ေခြးေလးသည္ ပူေဆြးေသာကေရာက္ေနသည့္ဟန္ႏွင့္ ျပတင္းေပါက္နားေလးမွာ တစ္ရက္သုံးခါထက္မနည္း သြားသြားၾကည့္ေနေတာ့သည္။
အေၾကာင္းမွာ ေဘးအိမ္က ပိုင္ရွင္သည္ ျပတင္းေပါက္နားေလးတြင္ ပန္းအိုးမ်ားေျပာင္းေ႐ႊ႕တင္ထားတာေၾကာင့္ ေၾကာင္ေလးအား မေတြ႕ရေတာ့ျခင္းျဖစ္သည္။
ထိုအခါ သခင္ျဖစ္သူသည္ ေဘးအိမ္သို႔သြားေရာက္ ကာ သူ႕အိမ္ေမြးေခြးေလးႏွင့္ ထိုအိမ္ကေၾကာင္မေလးတို႔မွာ သံေယာဇဥ္တြယ္ေနၾကတာျဖစ္ၿပီး တစ္ရက္မေတြ႕ရရင္မေနနိုင္မထိုင္နိုင္ျဖစ္ေနသည့္ သူ႕ေခြးေလးအား သနား၍ ပန္းအိုးေလးေတြကို ေနရာေ႐ႊ႕ေပးရန္ ေတာင္းဆိုခဲ့သည္။
crd,