အစေခံ ခံတပ်နှင့် အစေခံ ခံတပ်မှာရှိတဲ့အုတ်ဂူ (၃)လုံးအကြောင်း

စစ်ကိုင်းမြို့မှာနေခဲ့တုန်းကရောက်ခဲ့ဖူးတဲ့အစေခံခံတပ်းနဲ့အစေခံ
ခံတပ်မှာရှိတဲ့အုတ်ဂူ (၃)လုံးအကြောင်းပြောပြချင်ပါတယ်။

စစ်ကိုင်းခံတပ်ခေါ်အစေခံခံတပ်ဟာစစ်ကိုင်းမြို့ရဲအနောက်တောင်ဖက်ဧရာဝတီမြစ်ကမ်းဘေးမှာရှိပါတယ်။အစေခံခံတပ်ကိုမင်းတုန်းမင်းလက်ထက်(၁၈၇၅)ခုနှစ်အီတလီအင်ဂျင်နီယာကွန်မိုတိုပယ်ရီနှင့်မိုလီနာရီတို့ဦးဆောင်ပြီးတည်ဆောက်ခဲ့ပါတယ်။

ဧရာဝတီမြစ်ကြောင်းမှဆန်တက်လာမယ့်နယ်ချဲ့အင်္ဂလိပ်တို့အားခုခံတိုက်ခိုက်ရန်အတွက်ရတနာပုံနေပြည်တော်အနီးအင်းဝမှာဆင်ကျူံးခံတပ်၊စစ်ကိုင်းမှာအစေခံခံတပ်၊အမရပူရမှာသပြေတန်းခံတပ်ဟူ၍သုံးပွင့်ဆိုင်ခံတပ်စခန်းမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဆင်ကျုံးခံတပ်ကို ဂျာမဏီလူမျိုးစတိုစာစစ်ကိုင်းအစေခံခံတပ်ကို အီတလီလူမျိုးကွန်မိုတိုသပြေတန်းခံတပ်ကို ပြင်သစ်လူမျိုး ပါပဲနိုးတို့တည်ဆောက်ခဲ့ကြောင်းသိရပါတယ်။

ဆင်ကျုံးခံတပ်ရဲ့ကမ္ဗည်းမှတ်တမ်းမှာတည်ဆောက်သူကိုအီတလီလူမျိုး ကွန်မိုတိုလို့ရေးထိုးတာမှားနေကြောင်းကိုကို့ရဲ့အဒေါ်ဖြစ်သူယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)ဒေါ်တင်လှ(MA,MS)ပြောပြဘူးတာမှတ်သားရပါတယ်။

ရှေးဟောင်းဦးစီးဌာနရဲ့မှားယွင်းရေးထားတဲ့ကဗ္ပည်းစာကိုကျွန်မတို့အင်းဝဆင်ကျုံးခံတပ်ကိုသွားတုန်းကဖတ်ခဲ့ရပါတယ်။အခုအမှားပြင်ပြီးလားမသိပါ။စစ်ကိုင်းမှာတုန်းကကျွန်မတို့နေတဲ့ကမ်းနားလမ်းနဲ့မလှမ်းမကမ်းမှာရှိတဲ့အစေခံခံတပ်ကိုသွားခဲ့ဖူးပါတယ်။

စစ်ကိုင်းဆရာအတတ်သင်ကျောင်းနဲ့စစ်ကိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့အနောက်မှာရှိပါတယ်။အဲဒီတုန်းကပြုပြင်ထိမ်းသိမ်းမှုအားနည်းမှုကြောင့်အမှိုက်ပုံတွေနဲ့နွားတွေလှန်ထားတာတွေ့ရလို့အနီးကပ်မကြည့်ခဲ့ရပါဘူး။

အခုတော့ထိမ်းသိမ်ထားတာတွေ့ရလို့ဝမ်းသာရပါတယ်။ဧည့်သည်တွေအလာနည်းနေတာတွေ့ရပါတယ်။စစ်ကိုင်းရောက်ရင်စစ်ကိုင်းတောင်ရိုးဘုရားများကိုလည်းဖူးမြော်ပါ။ထို့အတူမြန်မာတို့ရဲ့ခုခံစစ်မှာနယ်ချဲ့နဲ့ထိထိမိမိမတိုက်လိုက်ရတဲ့အစေခံခံတပ်ကိုလည်းသွားရောက်လေ့လာကြပါဦး။

အစေခံ ခံတပ်ရောက်ရင်ဧရာဝတီမြစ်ကမ်းဘေးသစ်ဆိမ့်ပင်ကြီးအောက်မှာအုတ်ဂူ(၃)လုံးကိုတွေ့ရပါလိမ့်မယ်။အင်္ဂလိပ်-မြန်မာတတိယမြန်မာစစ်ပွဲဟာ၁၈၈၅ ခုနှစ်နိုဝင်ဘာလမှာစတင်ဖြစ်ပွားခဲ့ပြီး(၂)ပတ်အတွင်းမှာမှာရတနာပုံနေပြည်တော်ကိုသိမ်းပိုက်နိုင်ခဲ့တယ်။

သီပေါမင်းတရားကြီးနှင့်အတူမိဖုရားများ၊သမီးတော်များကိုအိန္ဒိယနိုင်ငံရတနာဂီရိမြို့ကိုပို့ဆောင်နိုင်ခဲ့တယ်။မြန်မာတနိုင်ငံလုံးဟာသူ့ကျွန်ဘဝရောက်ခဲ့ရတယ်။လက်နက်အင်အားမမျှတဲ့မြန်မာဘုရင့်တပ်တော်ဟာတိုက်ပွဲများကိုထိထိရောက်ရောက်မတိုက်လိုက်ရဘူး။

မြင်းခြံခံတပ်နဲ့မင်းလှခံတပ်တို့ဟာတိုက်ပွဲဝင်ရင်းရှုံးနိမ့်ခဲ့ရတယ်။ဆင်ကျူံးခံတပ်၊အစေခံခံတပ်၊သပြေတန်းခံတပ်တို့ဟာတိုက်ပွဲမဝင်ရပဲအင်္ဂလိပ်တပ်ကိုမခုခံရ၊ခုခံခဲ့လျှင်သူပုန်ဆိုတဲ့နေပြည်တော်ရဲ့အမိန့်ကြောင့်လက်နက်ချခဲ့ရတယ်။

ဒါပေမယ့်အင်္ဂလိပ်တွေသိမ်းပိုက်ပြီးစခန်းချထားတဲ့အစေခံခံတပ်မှာတော့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။(၁၈၈၆)ခုဇန္နဝါရီလမှာကျွန်းညိုမင်းသားဦးဆောင်သောမြန်မာ့မျိုးချစ်တော်လှန်ရေးသမားများကခံတပ်ကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတယ်။

မြန်မာ့တော်လှန်ရေးသမားများရဲ့ဓားချက်အောက်မှာSurgeon J. Heath အပါအဝင်စစ်သား(၃)ဦးကျဆုံးခဲ့ရတယ်။မြန်မာတော်လှန်ရေးသမားများဟာခံတပ်ကိုပြန်လည်မသိမ်းပိုက်နိုင်ပေမယ့်အဂ်လိပ်စစ်တပ်ကိုတန်ပြန်တိုက်ခိုက်နိုင်ခဲ့တယ်။

မြန်မာများပြန်လည်ဆုတ်ခွာသွားပြီးနောက်အဂ်လိပ်တို့ကခံတပ်ကိုစုစည်းအင်အားဖြင့်ထိမ်းသိမ်းခဲ့တယ်။ကျဆုံးသူစစ်သား (၃)ယောက်ရဲ့အလောင်းတွေကိုခံတပ်တစ်နေရာမှာဂူသွင်းမြှပ်နှံခဲ့ပါတယ်။

သူတို့အတွက်အထိမ်းအမှတ်အဖြစ်အမှတ်တရအနေနဲ့စိုက်ပျိုးထားတဲ့သစ်ဆိမ့်ပင်ကြီးကိုယနေ့တိုင်တွေ့မြင်ရပါတယ်။ဧရာဝတီရဲ့လှပတဲ့နေဝင်ဆည်းဆာနဲ့အင်္ဂလိပ်စစ်သချိုင်းကတော့သမိုင်းကြောင်းကိုကောင်းကောင်းပြောပြနေပါတယ်။

အစေခံ ခံတပ်ရှိတဲ့အရပ်ကအရင်တုန်းကတော့ဘုရင့်လှေထိုးသားများ၊အစေခံများနေခဲ့လို့အစေခံရပ်လို့ဟိုးရှေးရှေးကခေါ်ခဲ့တယ်။
အစေခံရပ်ဟာဧရာဝတီမြစ်ကမ်းဘေးမှာရှိလို့အင်မတန်သာယာလှပါတယ်။

ညနေဆိုရေဆင်းချိုးအဝတ်လျှော်တဲ့သူတွေနဲ့စည်ကားလှပါတယ်။
စာရေးဆရာကြီးသိပ္ပံမောင်ဝက(၁၉၂၉)ခုအင်္ဂလန်နိုင်ငံအောက်စဖို့(ဒ်)တက္ကသိုလ်ဆင်းICSဖြစ်ပြီးနောက်နယ်ပိုင်ဝန်ထောက်အဖြစ်ပထမဆုံးစစ်ကိုင်းမှာတာဝန်ကျခဲ့ပါတယ်။

အစိုးရရဲ့တာဝန်ဝတ္တရားမျာနှင့်စိတ်ရှုပ်ထွေးနေရတဲ့ဝန်ထောက်မင်းဟာကမ်းနားလမ်းအတိုင်းလမ်းလျှောက်လာရင်းအပူအပင်ကင်းမဲ့စွာပျော်ပျော်ပါးပါးရေကူးဆော့ကစားနေကြတဲ့အစေခံရပ်ကွက်ကလူတွေကိုကြည့်ပြီးလွတ်လပ်ပေါ့ပါးမှုကိုအားကျခဲ့ရတယ်။

ဝန်ထောက်မင်းတောင်အားကျရတဲ့အရပ်ဖြစ်ပါတယ်။အစေခံရပ်ကွက်ရဲ့အခုနာမည်ကအေးမြဝတီရပ်ကွက်ဖြစ်တယ်။

စစ်ကိုင်းဝါတွင်း(၃)လနဲ့သီတင်းကျွတ်ကောင်းမှုတော်ဘုရားပွဲမှာရပ်ကွက်လိုက်ဆွမ်းတော်ကြီးအဖွဲ့တွေလှည့်လည်လာကြရင်အေးမြဝတီဆွမ်းတော်ကြီးအဖွဲ့ကိုမှီတဲ့အဖွဲ့မရှိဘူး။

အချောအလှကွမ်းတောင်ကိုင်မလေးများနဲ့ဝင်းခင်းလှည့်လည်လာရင်ငေးကြည့်နေရပါတယ်။အစေခံ ခံတပ်ကတော့အခုစစ်ကိုင်းခံတပ်လို့အမည်တွင်နေပါပြီ…။ ။

Credit.မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
စစ္ကိုင္းၿမိဳ႕မွာေနခဲ့တုန္းကေရာက္ခဲ့ဖူးတဲ့အေစခံခံတပ္းနဲ႕အေစခံ
ခံတပ္မွာရွိတဲ့အုတ္ဂူ (၃)လုံးအေၾကာင္းေျပာျပခ်င္ပါတယ္။

စစ္ကိုင္းခံတပ္ေခၚအေစခံခံတပ္ဟာစစ္ကိုင္းၿမိဳ႕ရဲအေနာက္ေတာင္ဖက္ဧရာဝတီျမစ္ကမ္းေဘးမွာရွိပါတယ္။အေစခံခံတပ္ကိုမင္းတုန္းမင္းလက္ထက္(၁၈၇၅)ခုႏွစ္အီတလီအင္ဂ်င္နီယာကြန္မိုတိုပယ္ရီႏွင့္မိုလီနာရီတို႔ဦးေဆာင္ၿပီးတည္ေဆာက္ခဲ့ပါတယ္။

ဧရာဝတီျမစ္ေၾကာင္းမွဆန္တက္လာမယ့္နယ္ခ်ဲ့အဂၤလိပ္တို႔အားခုခံတိုက္ခိုက္ရန္အတြက္ရတနာပုံေနျပည္ေတာ္အနီးအင္းဝမွာဆင္က်ဴံးခံတပ္၊စစ္ကိုင္းမွာအေစခံခံတပ္၊အမရပူရမွာသေျပတန္းခံတပ္ဟူ၍သုံးပြင့္ဆိုင္ခံတပ္စခန္းမွာတစ္ခုအပါအဝင္ျဖစ္ပါတယ္။

ဆင္က်ဳံးခံတပ္ကို ဂ်ာမဏီလူမ်ိဳးစတိုစာစစ္ကိုင္းအေစခံခံတပ္ကို အီတလီလူမ်ိဳးကြန္မိုတိုသေျပတန္းခံတပ္ကို ျပင္သစ္လူမ်ိဳး ပါပဲနိုးတို႔တည္ေဆာက္ခဲ့ေၾကာင္းသိရပါတယ္။

ဆင္က်ဳံးခံတပ္ရဲ႕ကမၺည္းမွတ္တမ္းမွာတည္ေဆာက္သူကိုအီတလီလူမ်ိဳး ကြန္မိုတိုလို႔ေရးထိုးတာမွားေနေၾကာင္းကိုကို႔ရဲ႕အေဒၚျဖစ္သူယဥ္ေက်းမႈဝန္ႀကီးဌာနဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ (အၿငိမ္းစား)ေဒၚတင္လွ(MA,MS)ေျပာျပဘူးတာမွတ္သားရပါတယ္။

ေရွးေဟာင္းဦးစီးဌာနရဲ႕မွားယြင္းေရးထားတဲ့ကဗၸည္းစာကိုကြၽန္မတို႔အင္းဝဆင္က်ဳံးခံတပ္ကိုသြားတုန္းကဖတ္ခဲ့ရပါတယ္။အခုအမွားျပင္ၿပီးလားမသိပါ။စစ္ကိုင္းမွာတုန္းကကြၽန္မတို႔ေနတဲ့ကမ္းနားလမ္းနဲ႕မလွမ္းမကမ္းမွာရွိတဲ့အေစခံခံတပ္ကိုသြားခဲ့ဖူးပါတယ္။

စစ္ကိုင္းဆရာအတတ္သင္ေက်ာင္းနဲ႕စစ္ကိုင္းအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရဲ႕အေနာက္မွာရွိပါတယ္။အဲဒီတုန္းကျပဳျပင္ထိမ္းသိမ္းမႈအားနည္းမႈေၾကာင့္အမွိုက္ပုံေတြနဲ႕ႏြားေတြလွန္ထားတာေတြ႕ရလို႔အနီးကပ္မၾကည့္ခဲ့ရပါဘူး။

အခုေတာ့ထိမ္းသိမ္ထားတာေတြ႕ရလို႔ဝမ္းသာရပါတယ္။ဧည့္သည္ေတြအလာနည္းေနတာေတြ႕ရပါတယ္။စစ္ကိုင္းေရာက္ရင္စစ္ကိုင္းေတာင္ရိုးဘုရားမ်ားကိုလည္းဖူးေျမာ္ပါ။ထို႔အတူျမန္မာတို႔ရဲ႕ခုခံစစ္မွာနယ္ခ်ဲ့နဲ႕ထိထိမိမိမတိုက္လိုက္ရတဲ့အေစခံခံတပ္ကိုလည္းသြားေရာက္ေလ့လာၾကပါဦး။

အေစခံ ခံတပ္ေရာက္ရင္ဧရာဝတီျမစ္ကမ္းေဘးသစ္ဆိမ့္ပင္ႀကီးေအာက္မွာအုတ္ဂူ(၃)လုံးကိုေတြ႕ရပါလိမ့္မယ္။အဂၤလိပ္-ျမန္မာတတိယျမန္မာစစ္ပြဲဟာ၁၈၈၅ ခုႏွစ္နိုဝင္ဘာလမွာစတင္ျဖစ္ပြားခဲ့ၿပီး(၂)ပတ္အတြင္းမွာမွာရတနာပုံေနျပည္ေတာ္ကိုသိမ္းပိုက္နိုင္ခဲ့တယ္။

သီေပါမင္းတရားႀကီးႏွင့္အတူမိဖုရားမ်ား၊သမီးေတာ္မ်ားကိုအိႏၵိယနိုင္ငံရတနာဂီရိၿမိဳ႕ကိုပို႔ေဆာင္နိုင္ခဲ့တယ္။ျမန္မာတနိုင္ငံလုံးဟာသူ႕ကြၽန္ဘဝေရာက္ခဲ့ရတယ္။လက္နက္အင္အားမမွ်တဲ့ျမန္မာဘုရင့္တပ္ေတာ္ဟာတိုက္ပြဲမ်ားကိုထိထိေရာက္ေရာက္မတိုက္လိုက္ရဘူး။

ျမင္းၿခံခံတပ္နဲ႕မင္းလွခံတပ္တို႔ဟာတိုက္ပြဲဝင္ရင္းရႈံးနိမ့္ခဲ့ရတယ္။ဆင္က်ဴံးခံတပ္၊အေစခံခံတပ္၊သေျပတန္းခံတပ္တို႔ဟာတိုက္ပြဲမဝင္ရပဲအဂၤလိပ္တပ္ကိုမခုခံရ၊ခုခံခဲ့လွ်င္သူပုန္ဆိုတဲ့ေနျပည္ေတာ္ရဲ႕အမိန့္ေၾကာင့္လက္နက္ခ်ခဲ့ရတယ္။

ဒါေပမယ့္အဂၤလိပ္ေတြသိမ္းပိုက္ၿပီးစခန္းခ်ထားတဲ့အေစခံခံတပ္မွာေတာ့တိုက္ပြဲတစ္ခုျဖစ္ပြားခဲ့ပါတယ္။(၁၈၈၆)ခုဇႏၷဝါရီလမွာကြၽန္းညိုမင္းသားဦးေဆာင္ေသာျမန္မာ့မ်ိဳးခ်စ္ေတာ္လွန္ေရးသမားမ်ားကခံတပ္ကိုဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ၾကတယ္။

ျမန္မာ့ေတာ္လွန္ေရးသမားမ်ားရဲ႕ဓားခ်က္ေအာက္မွာSurgeon J. Heath အပါအဝင္စစ္သား(၃)ဦးက်ဆဳံးခဲ့ရတယ္။ျမန္မာေတာ္လွန္ေရးသမားမ်ားဟာခံတပ္ကိုျပန္လည္မသိမ္းပိုက္နိုင္ေပမယ့္အဂ္လိပ္စစ္တပ္ကိုတန္ျပန္တိုက္ခိုက္နိုင္ခဲ့တယ္။

ျမန္မာမ်ားျပန္လည္ဆုတ္ခြာသြားၿပီးေနာက္အဂ္လိပ္တို႔ကခံတပ္ကိုစုစည္းအင္အားျဖင့္ထိမ္းသိမ္းခဲ့တယ္။က်ဆဳံးသူစစ္သား (၃)ေယာက္ရဲ႕အေလာင္းေတြကိုခံတပ္တစ္ေနရာမွာဂူသြင္းျမႇပ္ႏွံခဲ့ပါတယ္။

သူတို႔အတြက္အထိမ္းအမွတ္အျဖစ္အမွတ္တရအေနနဲ႕စိုက္ပ်ိဳးထားတဲ့သစ္ဆိမ့္ပင္ႀကီးကိုယေန႕တိုင္ေတြ႕ျမင္ရပါတယ္။ဧရာဝတီရဲ႕လွပတဲ့ေနဝင္ဆည္းဆာနဲ႕အဂၤလိပ္စစ္သခ်ိဳင္းကေတာ့သမိုင္းေၾကာင္းကိုေကာင္းေကာင္းေျပာျပေနပါတယ္။

အေစခံ ခံတပ္ရွိတဲ့အရပ္ကအရင္တုန္းကေတာ့ဘုရင့္ေလွထိုးသားမ်ား၊အေစခံမ်ားေနခဲ့လို႔အေစခံရပ္လို႔ဟိုးေရွးေရွးကေခၚခဲ့တယ္။
အေစခံရပ္ဟာဧရာဝတီျမစ္ကမ္းေဘးမွာရွိလို႔အင္မတန္သာယာလွပါတယ္။

ညေနဆိုေရဆင္းခ်ိဳးအဝတ္ေလွ်ာ္တဲ့သူေတြနဲ႕စည္ကားလွပါတယ္။
စာေရးဆရာႀကီးသိပၸံေမာင္ဝက(၁၉၂၉)ခုအဂၤလန္နိုင္ငံေအာက္စဖို႔(ဒ္)တကၠသိုလ္ဆင္းICSျဖစ္ၿပီးေနာက္နယ္ပိုင္ဝန္ေထာက္အျဖစ္ပထမဆုံးစစ္ကိုင္းမွာတာဝန္က်ခဲ့ပါတယ္။

အစိုးရရဲ႕တာဝန္ဝတၱရားမ်ာႏွင့္စိတ္ရႈပ္ေထြးေနရတဲ့ဝန္ေထာက္မင္းဟာကမ္းနားလမ္းအတိုင္းလမ္းေလွ်ာက္လာရင္းအပူအပင္ကင္းမဲ့စြာေပ်ာ္ေပ်ာ္ပါးပါးေရကူးေဆာ့ကစားေနၾကတဲ့အေစခံရပ္ကြက္ကလူေတြကိုၾကည့္ၿပီးလြတ္လပ္ေပါ့ပါးမႈကိုအားက်ခဲ့ရတယ္။

ဝန္ေထာက္မင္းေတာင္အားက်ရတဲ့အရပ္ျဖစ္ပါတယ္။အေစခံရပ္ကြက္ရဲ႕အခုနာမည္ကေအးျမဝတီရပ္ကြက္ျဖစ္တယ္။

စစ္ကိုင္းဝါတြင္း(၃)လနဲ႕သီတင္းကြၽတ္ေကာင္းမႈေတာ္ဘုရားပြဲမွာရပ္ကြက္လိုက္ဆြမ္းေတာ္ႀကီးအဖြဲ႕ေတြလွည့္လည္လာၾကရင္ေအးျမဝတီဆြမ္းေတာ္ႀကီးအဖြဲ႕ကိုမွီတဲ့အဖြဲ႕မရွိဘူး။

အေခ်ာအလွကြမ္းေတာင္ကိုင္မေလးမ်ားနဲ႕ဝင္းခင္းလွည့္လည္လာရင္ေငးၾကည့္ေနရပါတယ္။အေစခံ ခံတပ္ကေတာ့အခုစစ္ကိုင္းခံတပ္လို႔အမည္တြင္ေနပါၿပီ…။ ။

Credit.မူရင္းေရးသားသူအားေလးစားစြာျဖင့္