မိမိ ကလေးကို မူကြိုကျောင်းထားနေပြီဆိုရင် သတိထားရမည့် အချက်များ…

ကလေးကို မူကြိုထားပြီဆိုရင်…ညအိပ်ချိန်မှန်ပါစေ။ ဒါမှ… မနက်နိုးချိန် ပုံမှန်ဖြစ်မှာပါ။ နေ့ခင်းအိပ်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါလိမ့်မယ်။ မနက်စာကို အာဟာရဖြစ်အောင် ကျွေးပါ …။မနက်စာ သေချာမစားလာတဲ့ ကလေးဟာ Activities တွေမှာ စိတ်မဝင်စားနိုင်ပါဘူး။

ကျောင်းမှန်မှန်ပို့ပေးပါ…နေ့စဉ်ကျောင်းပို့မှသာ ကျောင်းရဲ့လုပ်ဆောင်ချက်တွေမှာ ပုံမှန်ပါဝင်ခွင့်ရပြီး ကျောင်းပျော်လာမှာပါ ။ တစ်လမှာ လတစ်ဝက်လောက်သာ ကျောင်းတက်တဲ့ကလေးတွေ ရှိပါတယ်။ ကလေးက မသွားချင်ရင် မပို့ပါဘူးတဲ့။

ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ မူကြိုထားပါသလဲ…? မဖြစ်သင့်ပါ။ မူကြိုမှာလည်း သူ့စည်းကမ်းနဲ့ သူမို့ လေးစားသင့်ပါတယ်။ ကလေးကိုဖုန်းပေးသုံးရင်… အချိန်သတ်မှတ်ပေးပါ။ လုံးဝမသုံးတာ အကောင်းဆုံးပါပဲ။ မူကြိုအရွယ်ကို ည ၁၂ ထိ game ပေးဆော့တဲ့ အမေမျိုးတွေ့ဖူးပါတယ်။

ကလေးဟာ လက်ကို တစ်ချိန်လုံးဖုံးပွတ်သလို လုပ်နေပြီး မကြာခဏ မျက်ရည်ပူကျပါတယ်။attention လုံးဝမရပါ။ စာအုပ်နဲ့ အစားထိုးနိုင်ပါတယ်။ ကလေးနဲ့ အတူနေတဲ့လူကြီးဟာ တီဗီအတူကြည့်မယ်ဆိုရင်…

ဇာတ်လမ်းကိုရွေးချယ်သင့်ပါတယ်။ ကလေးဟာ သင်ယူနေတာမို့ သတိထားသင့်ပါတယ်။ပိုကောင်းတာက စာအုပ် အတူဖတ်တာ၊ ပုံပြောပြတာ၊ အတူကစားတာ လုပ်ပေးနိုင်ပါတယ်။

ကလေး ကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံပါနဲ့… ကလေးဟာ တခြားသူကိုလည်း ဒီအတိုင်း ပြန်ဆက်ဆံပါတယ်။ ကျမမူကြိုမှာ ကလေးတစ်ယောက် “သတ်ပစ်လိုက်မယ် ခေါင်းရိုက်ခွဲပစ်မယ်” ဆိုပြီး ဒေါသတကြီး ရေရွတ်နေတာ…။တစ်နေ့ သူ့အိမ်ရှေ့ကဖြတ်တော့…

လူကြီးက ကလေးကို လက်ညှိုးထိုးပြီး အဲဒီအတိုင်း အော်ဟစ်ကြိမ်းမောင်းနေတာ တွေ့ခဲ့ရပါတယ်။ ပြုပြင်သင့်ပါတယ်… မကောင်းတဲ့အပြုအမူတွေဟာ ကလေးတွေမှာ ပိုလို့ ကူးစက်လွယ်ပါတယ်။

ကလေးရှေ့မှာ ညစ်ညမ်းတဲ့ ဆဲလုံးတွေမပြောပါနဲ့… တခြားက ကူးစက်လာရင်လည်း လူကြီးက စိတ်မလှုပ်ရှားဘဲ မသိချင်ယောင်ဆောင်ကြည့်ပါ။ သူ့ကို အာရုံမစိုက်မှန်း သိတဲ့အခါ အလိုလိုပျောက်သွားပါလိမ့်မယ်။

ကလေးက ကျောင်းရဲ့အတွေ့အကြုံတွေကို ပြန်ပြောပြတဲ့အခါ စိတ်ဝင်တစား နားထောင်ပေးပါ။ ချီးကျူးပေးပါ။ ဒါလည်း ကျောင်းသွားချင်စိတ်ဖြစ်အောင် ပံ့ပိုးပေးပါတယ်။

ပုံပြောချိန်တွေမှာ ကလေးက “မကြားချင်ဘူး တိတ်တိတ်နေ နားငြီးတယ်” ပြောလို့ အံ့သြခဲ့ရဖူးပါတယ်။ချော့မေးကြည့်တော့မှ… အိမ်မှာ သူ့စကား နားထောင်ပေးမယ့်သူ မရှိပါဘူးတဲ့။ တစ်ခုခုပြောလိုက်တိုင်း… လူကြီးတွေက အဲလိုပဲပြောပါတယ်တဲ့… ဝမ်းနည်းစရာပါ။

ကလေးပြောတိုင်း အမှန်မထင်ပါနဲ့… ကလေးတွေဟာ ၃ နှစ်ကျော်လာရင် စကားကို လိုရာဆွဲပြီး လှည့်ပတ်ပြောတတ်လာပါပြီ။ ဘာသာစကား ဖွိံ့ဖြိုးလာခြင်းဖြစ်ပါတယ်။ ချင့်ချိန်ပါ၊ စဉ်းစားပါ၊ ဆရာမနဲ့ဆွေနွေးပါ။ ကလေးအတွက် sensitive ဖြစ်တတ်ရင်လျှော့ပါ။

အများနဲ့ လိုက်လျောညီထွေ နေထိုင်တတ်အောင် ပုံပြင်စာအုပ်တွေနဲ့ ဆွဲဆောင်နိုင်ပါတယ်။ကလေးက သိပ်စိတ်လှုပ်ရှားတတ်ရင်… ထိခိုက်ခံစားလွယ်ရင် ကလေးရှေ့မှာ ကလေးချင်း နှိုင်းယှဉ်ပြောတာမျိုး ရုပ်ဝတ္တုတွေပြိုင်ဆိုင်တာမျိုး မလုပ်ပါနဲ့။ ဆိုးကျိုးသာဖြစ်စေမှာပါ။

မလုပ်ပေးနိုင်တဲ့အရာတွေအတွက် အလွယ်တကူ ကတိမပေးမိပါစေနဲ့… ကလေးအတွက် အတူနေမိသားစုဟာ အရေးကြီးဆုံး ပတ်ဝန်းကျင်ပါ။ သင့်ဆီကအရာအားလုံးကို ကလေးက တသွေမတိမ်းသင်ယူနေတာမို့အမှတ်တမဲ့ မနေပါနဲ့ အရေးတယူ ဆက်ဆံပေးပါ။

၏သင့်ကလေး ကျောင်းမပျော်ဘူးဆိုရင်… ဒါလေးတွေ သေချာဖတ်ပြီး ပြန်သုံးသပ်ကြည့်ပါ… ကလေးတို့ ကျန်းမာပျော်ရွှင်ပါစေ…။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Zawgyi
ကေလးကို မူႀကိဳထားၿပီဆိုရင္ညအိပ္ခ်ိန္မွန္ပါေစ။ ဒါမွ မနက္နိုးခ်ိန္ ပုံမွန္ျဖစ္မွာပါ။ ေန႕ခင္းအိပ္ခ်ိန္မွာလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ပါလိမ့္မယ္။ မနက္စာကို အာဟာရျဖစ္ေအာင္ ေကြၽးပါ ။မနက္စာ ေသခ်ာမစားလာတဲ့ ကေလးဟာ Activities ေတြမွာ စိတ္မဝင္စားနိုင္ပါဘူး။

ေက်ာင္းမွန္မွန္ပို႔ေပးပါေန႕စဥ္ေက်ာင္းပို႔မွသာ ေက်ာင္းရဲ႕လုပ္ေဆာင္ခ်က္ေတြမွာ ပုံမွန္ပါဝင္ခြင့္ရၿပီး ေက်ာင္းေပ်ာ္လာမွာပါ ။ တစ္လမွာ လတစ္ဝက္ေလာက္သာ ေက်ာင္းတက္တဲ့ကေလးေတြ ရွိပါတယ္။ ကေလးက မသြားခ်င္ရင္ မပို႔ပါဘူးတဲ့။

ဘယ္လိုရည္႐ြယ္ခ်က္မ်ိဳးနဲ႕ မူႀကိဳထားပါသလဲ? မျဖစ္သင့္ပါ။ မူႀကိဳမွာလည္း သူ႕စည္းကမ္းနဲ႕ သူမို႔ ေလးစားသင့္ပါတယ္။ ကေလးကိုဖုန္းေပးသုံးရင္ အခ်ိန္သတ္မွတ္ေပးပါ။ လုံးဝမသုံးတာ အေကာင္းဆုံးပါပဲ။ မူႀကိဳအ႐ြယ္ကို ည ၁၂ ထိ game ေပးေဆာ့တဲ့ အေမမ်ိဳးေတြ႕ဖူးပါတယ္။

ကေလးဟာ လက္ကို တစ္ခ်ိန္လုံးဖုံးပြတ္သလို လုပ္ေနၿပီး မၾကာခဏ မ်က္ရည္ပူက်ပါတယ္။attention လုံးဝမရပါ။ စာအုပ္နဲ႕ အစားထိုးနိုင္ပါတယ္။ ကေလးနဲ႕ အတူေနတဲ့လူႀကီးဟာ တီဗီအတူၾကည့္မယ္ဆိုရင္

ဇာတ္လမ္းကိုေ႐ြးခ်ယ္သင့္ပါတယ္။ ကေလးဟာ သင္ယူေနတာမို႔ သတိထားသင့္ပါတယ္။ပိုေကာင္းတာက စာအုပ္ အတူဖတ္တာ၊ ပုံေျပာျပတာ၊ အတူကစားတာ လုပ္ေပးနိုင္ပါတယ္။

ကေလး ကို ၾကမ္းၾကမ္းတမ္းတမ္း မဆက္ဆံပါနဲ႕ ကေလးဟာ တျခားသူကိုလည္း ဒီအတိုင္း ျပန္ဆက္ဆံပါတယ္။ က်မမူႀကိဳမွာ ကေလးတစ္ေယာက္ သတ္ပစ္လိုက္မယ္ ေခါင္းရိုက္ခြဲပစ္မယ္ ဆိုၿပီး ေဒါသတႀကီး ေရ႐ြတ္ေနတာ။တစ္ေန႕ သူ႕အိမ္ေရွ႕ကျဖတ္ေတာ့

လူႀကီးက ကေလးကို လက္ညွိုးထိုးၿပီး အဲဒီအတိုင္း ေအာ္ဟစ္ႀကိမ္းေမာင္းေနတာ ေတြ႕ခဲ့ရပါတယ္။ ျပဳျပင္သင့္ပါတယ္ မေကာင္းတဲ့အျပဳအမူေတြဟာ ကေလးေတြမွာ ပိုလို႔ ကူးစက္လြယ္ပါတယ္။

ကေလးေရွ႕မွာ ညစ္ညမ္းတဲ့ ဆဲလုံးေတြမေျပာပါနဲ႕ တျခားက ကူးစက္လာရင္လည္း လူႀကီးက စိတ္မလႈပ္ရွားဘဲ မသိခ်င္ေယာင္ေဆာင္ၾကည့္ပါ။ သူ႕ကို အာ႐ုံမစိုက္မွန္း သိတဲ့အခါ အလိုလိုေပ်ာက္သြားပါလိမ့္မယ္။

ကေလးက ေက်ာင္းရဲ႕အေတြ႕အႀကဳံေတြကို ျပန္ေျပာျပတဲ့အခါ စိတ္ဝင္တစား နားေထာင္ေပးပါ။ ခ်ီးက်ဴးေပးပါ။ ဒါလည္း ေက်ာင္းသြားခ်င္စိတ္ျဖစ္ေအာင္ ပံ့ပိုးေပးပါတယ္။

ပုံေျပာခ်ိန္ေတြမွာ ကေလးက မၾကားခ်င္ဘူး တိတ္တိတ္ေန နားၿငီးတယ္ ေျပာလို႔ အံ့ၾသခဲ့ရဖူးပါတယ္။ေခ်ာ့ေမးၾကည့္ေတာ့မွ အိမ္မွာ သူ႕စကား နားေထာင္ေပးမယ့္သူ မရွိပါဘူးတဲ့။ တစ္ခုခုေျပာလိုက္တိုင္း လူႀကီးေတြက အဲလိုပဲေျပာပါတယ္တဲ့ ဝမ္းနည္းစရာပါ။

ကေလးေျပာတိုင္း အမွန္မထင္ပါနဲ႕ ကေလးေတြဟာ ၃ ႏွစ္ေက်ာ္လာရင္ စကားကို လိုရာဆြဲၿပီး လွည့္ပတ္ေျပာတတ္လာပါၿပီ။ ဘာသာစကား ဖြႎ့ၿဖိဳးလာျခင္းျဖစ္ပါတယ္။ ခ်င့္ခ်ိန္ပါ၊ စဥ္းစားပါ၊ ဆရာမနဲ႕ေဆြႏြေးပါ။ ကေလးအတြက္ sensitive ျဖစ္တတ္ရင္ေလွ်ာ့ပါ။

အမ်ားနဲ႕ လိုက္ေလ်ာညီေထြ ေနထိုင္တတ္ေအာင္ ပုံျပင္စာအုပ္ေတြနဲ႕ ဆြဲေဆာင္နိုင္ပါတယ္။ကေလးက သိပ္စိတ္လႈပ္ရွားတတ္ရင္ ထိခိုက္ခံစားလြယ္ရင္ ကေလးေရွ႕မွာ ကေလးခ်င္း ႏွိုင္းယွဥ္ေျပာတာမ်ိဳး ႐ုပ္ဝတၱဳေတြၿပိဳင္ဆိုင္တာမ်ိဳး မလုပ္ပါနဲ႕။ ဆိုးက်ိဳးသာျဖစ္ေစမွာပါ။

မလုပ္ေပးနိုင္တဲ့အရာေတြအတြက္ အလြယ္တကူ ကတိမေပးမိပါေစနဲ႕ ကေလးအတြက္ အတူေနမိသားစုဟာ အေရးႀကီးဆုံး ပတ္ဝန္းက်င္ပါ။ သင့္ဆီကအရာအားလုံးကို ကေလးက တေသြမတိမ္းသင္ယူေနတာမို႔အမွတ္တမဲ့ မေနပါနဲ႕ အေရးတယူ ဆက္ဆံေပးပါ။

၏သင့္ကေလး ေက်ာင္းမေပ်ာ္ဘူးဆိုရင္ ဒါေလးေတြ ေသခ်ာဖတ္ၿပီး ျပန္သုံးသပ္ၾကည့္ပါ ကေလးတို႔ က်န္းမာေပ်ာ္႐ႊင္ပါေစ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္မွ်ေဝျခင္းျဖစ္ပါသည္။