ရှေးခေတ်တူရိယာ ဂီတပညာကို အမြတ်တနိုးလေ့လာထိန်းသိမ်းခဲ့သော ဒေါ်ပုသိမ်တင်တင်အား အမျိုးသမီးကလောင် အဖွဲ့ဝင်များက နာယကကြီးအဖြစ် လေးစားခဲ့ကြပါသည်။
သူကိုယ်တိုင် စန္ဒယား၊ လက်ဆွဲဘာဂျာ၊ အကော်ဒီယံ၊ အိုးစည်၊ ခြောက်လုံးပတ်၊ ဒိုးပတ်၊ ဗုံရှည် များကိုလည်း တီးတတ်သူဖြစ်သည်။ သူ၏ အောင်မြင်ခန့်ညားသော အသံဝါကြီးဖြင့် သီချင်းကြီး သီချင်းခံများကိုလည်း သီဆို၍ အစည်းအဝေးတိုင်းမှာ ဧည့်ခံလေ့ရှိခဲ့ပါသည်။
ကလောင်အဖွဲ့ ရန်ပုံငွေပြဇာတ်များ၌ သူဌေးကြီး နှင့် ရှင်ဘုရင်အခန်းက ပါစမြဲဖြစ်သည်။ အာဝဇ္ဇန်းရွှင်၍ အရွတ်အဖတ်ကောင်းသဖြင့် အစည်းအဝေးများမှာ အလွန်စိုပြေခဲ့သည်။ အသက်နှင့်မမျှအောင် ဖျတ်လတ်သူဖြစ်သည်။
ဒေါ်ပုသိမ်တင်တင်၏ အမည်အရင်းမှာ တင်တင်အေး ဖြစ်၏။ ၁၂၄၉-ခုနှစ်၊ တပေါင်းလဆန်း ၉-ရက်၊ တနင်္ဂနွေနေ့၌ ဖွားမြင်သော ပုသိမ်သူဖြစ်သည်။ မိဘများမှာ သစ်တောအုပ်ကြီး ဦးမိုး နှင့် ဒေါ်စောဟူ၍ လည်းကောင်း၊ သစ်တောအခွန်တော်အရာရှိ ဦးမိုးဆွေ၊ ဒေါ်စောခင် ဟူ၍လည်းကောင်း သူ၏ #သစ်တောစိမ်းနှင့်မိန်းမပျို စာအုပ်၌ တွေ့ရသည်။ ငယ်စဉ်တည်းက စန္ဒယားတီးခဲ့ပြီး၊ ဘိလပ်သို့ အဖေကလွှတ်ချင်သော်လည်း အဘွားဖြစ်သူနှင့် မခွဲနိုင်၍ မသွားခဲ့ပေ။
၁၉၀၃-ခုနှစ်၏ တစ်ညနေတွင် ဖခင်ဖြစ်သူမှာ သေနတ်မှန်၍ ဆုံးပါးခဲ့ရသည်။ မိခင်ဖြစ်သူမှာလည်း ထိုအဖြစ်အပျက်ကြောင့် သတိချွတ်ယွင်းသွားခဲ့သေး၏။ ဒေါ်တင်တင်သည် မိခင်၏ ပရိဒေဝကို မြင်တွေ့ရပြီး အိမ်ထောင်ပြုချင်စိတ် လုံးဝကုန်ခမ်းခဲ့သည်။ သစ်တောအလုပ်သည် ကြမ်းတမ်း၏။
မိန်းမသားနှင့် လုံးဝ မသင့်လျော်ပေ။ ထိုစဉ်က ( ၁၆ ) နှစ် အရွယ်သာရှိသေးသော ဒေါ်တင်တင်သည် ဖခင်အလုပ်ကို ဆက်လုပ်ရန် သစ်တောဝန်နှင့်တွေ့၍ ငသိုင်းချောင်းဘက်မှ ပျဉ်ကတိုးသစ်ကုန်သည်အလုပ်ကို အဘွားနာမည်နှင့်လုပ်ခဲ့သည်။ သစ်တောအရာရှိ #ဟယ်မစ်လ်တန် ဆိုသူက ဒေါ်တင်တင်အား လိုချင်သော်လည်း စိတ်မဝင်စားခဲ့ချေ။
အသက် ( ၁၇ ) နှစ် အရွယ်တွင် အဘိဓမ္မသံခိပ်အသင်းသူများကို ဒေါ်တင်တင်က စာပေပို့ချခဲ့သည်။ သံခိပ်ဇရပ်နှင့် သံခိပ်ကျောင်းလည်း ဆောက်လုပ်လှူးဒါန်းခဲ့သည်။ မိခင်ကြီးမှာ သားယောကျာ်းတမျှ အားကိုးရသော သမီးအတွက် တအားတက်ခဲ့ရသည်။ ထို့နောက် ဒေါ်တင်တင်သည် #စတီးဘရားသားကုမ္ပဏီ တွင် စပါးအဝယ်တော် လုပ်ခဲ့၏။
ထိုအချိန်အတွင်းမှာပင် #ဦးအောင်မြင် အိမ်ကို ဓားပြတိုက်သွားသော ရာဇဝင်လူဆိုးများကို ဒေါ်တင်တင်သည် ကိုယ်တိုင်ထောက်လှမ်းပြီး ပစ္စည်းများနှင့်အတူ လက်ရဖမ်းဆီးပေးခဲ့သည့်အတွက် ၁၉၁၉-ခုနှစ်တွင် ပုသိမ်မြို့အစိုးရ ဒါဘာပွဲ၌ အမှုထမ်းကောင်း ( ဂွဒ်ဆာဗစ်စ် ) ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်းကို ခံရသည်။ ထို့ပြင် ဒေါ်တင်တင်သည် စစ်သားများကိုလည်း တတ်နိုင်သရွေ့ စုဆောင်းပေးခဲ့သည်။
၁၉၁၆-ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်း၌ ရန်ကုန်သို့ပြောင်းလာကာ ဘာဆရာ နှင့် ကိုလံဘို မြို့များသို့ အဆိုပါ ကမ္ဘာ့စစ်ကြီးအတွက် ဇလီဖားကန်ထရိုက်အလုပ်ကို သစ်တောဘက်မှ ခန့်အပ်သဖြင့် အင်းစိန်နယ် မာဂရီကြိုးဝိုင်းတွင်းရှိ ပျဉ်ကတိုးသစ်များကို အများအပြားခွဲစိပ် ပေးပို့ခဲ့သည်။
၁၉၃ဝ-ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘဝသို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃ဝ-ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂-ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော #တောင်သူလယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သဖြင့် ဒေါ်တင်တင်သည် သစ်လုပ်ငန်းကို ရပ်ဆိုင်းပြီး ရန်ကုန်၊ ဆူးလေဘုရားလမ်း၊ မိုတာအေးဂျင်းတိုက်တွင် မော်တော်ကားအရောင်းဘက်၌ လုပ်ကိုင်ခဲ့သည်။
ဒေါ်တင်တင်သည် ၁၉၅၀-ခုနှစ်မှ ၁၉၆၀-ခုနှစ်အထိ မြန်မာ့အသံမှ ရှေးသီချင်းကြီးများကို အခါအားလျော်စွာ သီဆိုဟောပြောခဲ့သည်။ ထို့နောက် အမျိုးသားစီမံကိန်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက ယဉ်ကျေးမှု အနုပညာဂီတဆိုင်ရာများတွင် စေတနာထက်သန်စွာနှင့် ပါဝင်ကူညီသည့်အတွက် ဒေါ်တင်တင်အား လက်မှတ်နှင့် ရွှေတံဆိပ်တစ်ခု ချီးမြှင့်ခဲ့သည်။
ဒေါ်တင်တင်သည် အမျိုးသမီးလောက အခန်းမှလည်း ဟောပြောခဲ့သည်။ ၁၉၅၅-ခုနှစ်တွင် ဂျူဗလီဟော ယဉ်ကျေးမှုဖွင့်ပွဲ၌ ကိုယ်ပိုင်တီးဝိုင်းဖြင့် ( ၁၅ ) ရက်မျှ ဖျော်ဖြေပေးခဲ့သည်။ ၁၉၅၇-ခုနှစ်တွင်လည်း အစိုးရပြန်တမ်းဖြင့် ပန်တျာသုတေသနအဖွဲ့ဝင်အဖြင့် ခန့်အပ်၍ မဟာဂီတသီချင်းများကို စီစစ်ပေးခဲ့သည်။ ထိုအတွက် ကွယ်လွန်သည်အထိ လစာများရရှိခဲ့သည်။
၁၉၆၄-ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရက ယဉ်ကျေးမှု ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။ #ဥမ္မာဒန္တီပြဇာတ်တော်် ကိုလည်း ရုပ်ရှင်ရိုက်ရန် ရေးပေးခဲ့ပြီး လန်ဒန်အတ်ဖလင်မှ မင်းသမီး #မေရီမြင့် နှင့် #ဇေယျ၊ #ဖိုးပါကြီး တို့ ပါဝင်ရိုက်ကူး ပြသခဲ့သည်။
ဗြိတိသျှဘားမား ပိုင်ရှင် ဦးညွန့်ကလည်း ဇာတ်ညွှန်းတစ်ပုဒ် ရေးခိုင်း၍ #မြဒါလီနန်းတွင်းဇာတ်တော်ကြီး ကို ရုပ်ရှင်ရိုက်ရန် ရေးပေးခဲ့ပြီး စာအုပ်အဖြစ်လည်း ပုံနှိပ်ဖြန့်ချိခဲ့သည်။ ဒေါ်တင်တင်သည် သစ်တောစိမ်းနှင့် မိန်းမပျို၊ အမျိုးသမီးတို့၏ ဆေးတလက်ခေါ် စာအုပ်များကိုလည်း ထုတ်ဝေခဲ့သည်။
ယုဝတီဂျာနယ်နှင့် တိုင်းရင်းမေတွင်လည်း ဂီတရေးရာဆောင်းပါး၊ ဓာတ်စာဆောင်းပါးများ ရေးသားခဲ့သည်။ စန္ဒယားများပြုပြင်သော အိမ်တွင်းလက်မှုလုပ်ငန်းကိုလည်းကောင်း၊ စန္ဒယားသင်တန်းကိုလည်းကောင်း ဖွင့်လှစ်ခဲ့သည်။
ဒေါ်တင်တင်သည် ဘာဂျာကို ( ၅ ) နှစ်သမီး အရွယ်မှစ၍ ဆွဲတတ်သည့်အပြင် စန္ဒယားကိုလည်း ( ၉ ) နှစ်အရွယ်မှစ၍ တီးလာခဲ့ရာ အသက် ( ၈၀ ) ပြည့်သော်လည်း ဂီတကို လက်မလွှတ်သေးဘဲ တီးပြဆိုပြ ပေးခဲ့သေးသည်။ ပုဂံဆိုင်းနှင့် ဘင်ဂျို၊ ပတ္တလားလည်း တီးတတ်သည်။
ပုသိမ်နိဂြောဓဘုရားပွဲ၌ မိကောင်းဖခင် သားသမီးများ ပါဝင်ဆိုကသီးမှုတ်လေ့ရှိကြရာ ဒေါ်တင်တင်မှာ အိုးစည်တီး နာမည်ကျော်သူ ဖြစ်သည်။ အကော်ဒီယံကြီးကို လွယ်ပြီး ရင်ဖုံးအိင်္ကျီ ချိတ်ထမိန်ကြီးနှင့်လည်း အားရပါးရ ပါဝင်ဆင်နွှဲတတ်သည်။
ရှေးသီချင်းကြီးများ မတိမ်ကောရလေအောင် ထိန်းသိမ်းသည့်သဘောနှင့် သူတတ်စွမ်းသမျှကြိုးစားပြီး တီးမှုတ်သီဆိုကာ စကားပြောနှင့် အဓိပ္ပါယ်ကို ဖွင့်ဆိုသော အသံသွင်း တိပ်ကြိုးခွေများကိုလည်း အမြတ်အစွန်းမယူဘဲ ဖြန့်ဝေခဲ့သည်။ မြန်မာ့တေးဂီတကို ကမ္ဘာ့အဆင့်အတန်းနှင့် မနိမ့်ကျစေရန် ရည်ရွယ်သည်ဟုဆိုရာ ချီးကျူးစရာကောင်းလှသည်။
ဒေါ်တင်တင်သည် တေးဂီတ သီချင်းကြီး သီချင်းခံများသာမက ကဗျာလင်္ကာလည်း ဖွဲ့နွဲ့ခဲ့သူဖြစ်သည်။ ဒေါ်တင်တင်၏ ဂီတဆရာမှာ မျက်စိသိပ်မကောင်းရှာသော ဆရာညွန့် ဖြစ်ကြောင်း သိရသည်။
ကလောင်အဖွဲ့ အစည်ဝေးများ၌ ဒေါ်တင်တင် သီချင်းဆိုပြီးနောက်တွင် တခြား သံညှောင်သံမိန် အဆိုရှင်လေးများမှာ ဆက်မဆိုရဲတော့ပါ။ ဒေါ်တင်တင်၏ အသံဝါကြီးလို နားမစွဲ မလွမ်းမိုးနိုင်ပေ။ ဒေါ်တင်တင်၏ ပါရမီပဲဟု ဆိုရပါမည်။
ဒေါ်တင်တင်သည် အသားညိုစိမ့်စိမ့်တွင် မျက်လုံးမျက်ဖန်ကောင်း၍ ကျက်သရေရှိသော အမျိုးသမီးကြီးဖြစ်သည်။ ဘီးဆံပတ်နှင့် ရှပ်အိင်္ကျီကော်လာတပ်များဝတ်ကာ ဘောင်းဘီရှည်နှင့် ခြောက်လုံးပြူး ခါးထိုးကာ တောတက်သည့်ပုံစံဖြင့် သစ်တောစိမ်းနှင့် မိန်းမပျို စာအုပ်မျက်နှာဖုံးတွင် တောကြောင်လေးကို ပွေ့လျက်တွေ့ရသည်။
တောထဲတွင် သူအလုပ်လုပ်ခိုက် ကျားသစ်ကလေးနှင့်လည်းကောင်း၊ မြွေနှင့်လည်းကောင်း၊ မိကျောင်းနှင့်လည်းကောင်း တွေ့ရပုံများကိုပါ ရေးလေ့သည်။ နာမည်ကြီးသော #ဖိုးထော်ကြက်ပေါင်ကြိုးဝိုင်း အကြောင်းကိုလည်း စာစပ်ခဲ့သည်။ ဝါသနာအလျောက် သူလေ့လာထားသော စာပေဂီတများမှာ နှလုံးတွင်း၌ တည်ရှိနေသောကြောင့် ရေးရခြင်းဖြစ်ကြောင်း စာအုပ်များ၌ ဖွင့်ဆိုခဲ့သည်။
ပြုစုခဲ့သောစာအုပ်များမှာ — မြဒါလီနန်းတွင်းညွန့်ပေါင်းဇာတ်တော်ကြီး၊ တောသူအချစ်၊ အချစ်နှင့်စစ်၊ မြန်မာ့အသံမှ ဟောပြချက်များ၊ သစ်တောစိမ်းနှင့် မိန်းမပျို၊ မာယာကောင်းကင်၊ အမေရိကန်အသံသို့ သွင်းပေးသော သီချင်းနှင့် ဂီတ ဟောပြောချက်များ တို့ဖြစ်သည်။ ဒေါ်တင်တင်၏ အခြားကလောင်အမည်မှာ #မေတ္တာ ဖြစ်သည်။
ဒေါ်တင်တင်သည် မိခင်ကိုငဲ့၍ အဖေ့တာဝန်ကို သမီးမိန်းကလေးတန်မဲ့ သတ္တိရှိရှိ စွန့်စားပြီးယူခဲ့သည်။ လှေနှင့် မြင်းနှင့် ဆင်နှင့် သစ်စက်တွေကို သွားရသည်။ နေ့ရော ညပါ သစ်ခွဲပြီး သင်္ဘောတွေဆီ အရောက်ပို့ရသည်။ ဈေးပိုပေးသော ကန်ထရိုက်များနှင့် စတီးဘရားသား ဆန်တင်သင်္ဘောကိုယ်စားလှယ်များက မိမိကို လေးစားအောင် ဆက်ဆံပြရသည်။
ဒေါ်တင်တင် ဆောင်ရွက်လုပ်ကိုင်ခဲ့သော အလုပ်မျိုးကို သာမညအမျိုးသမီးများ လုပ်နိုင်ဖို့ ခဲယဉ်းပါသည်။ သစ်အလုပ်သာမက စပါးအလုပ်ကိုလည်း ကျင်လည်စွာ လုပ်ကိုင်ခဲ့သူဖြစ်သည်။ အလုပ်ကကြမ်း၏။ သူပုံပန်းကလည်း သိပ်တော့ မိန်းမမဆန်လှပေ။
သို့သော် သူ့အသည်းနှလုံးကား နုညံ့ပျော့ပျောင်း၏။ အသည်းအိမ်ကို ဂီတနှင်းရည်နှင့် စိမ်ထား၍လား မပြောတတ်ပေ။ ခုခေတ်တွင် အစားထိုးဖို့အရှာှာရခက်သော အမျိုးသမီးကလောင် နာယကကြီး ပုသိမ်ဒေါ်တင်တင် မရှိတော့သည့်အတွက် နှမြော၍ မဆုံးကြပါ။
▪️စောမုံညင်း ( မြန်မာအမျိုးသမီး၊ ဂီတပညာရှင်အမျိုးသမီးများကဏ္ဍ )
Crd,ဝီကီပီးဒီးယား
Zawgyi
ေရွးေခတ္တူရိယာ ဂီတပညာကို အျမတ္တနိုးေလ့လာထိန္းသိမ္းခဲ့ေသာ ေဒၚပုသိမ္တင္တင္အား အမ်ိဳးသမီးကေလာင္ အဖြဲ႕ဝင္မ်ားက နာယကႀကီးအျဖစ္ ေလးစားခဲ့ၾကပါသည္။
သူကိုယ္တိုင္ စႏၵယား၊ လက္ဆြဲဘာဂ်ာ၊ အေကာ္ဒီယံ၊ အိုးစည္၊ ေျခာက္လုံးပတ္၊ ဒိုးပတ္၊ ဗုံရွည္ မ်ားကိုလည္း တီးတတ္သူျဖစ္သည္။ သူ၏ ေအာင္ျမင္ခန႔္ညားေသာ အသံဝါႀကီးျဖင့္ သီခ်င္းႀကီး သီခ်င္းခံမ်ားကိုလည္း သီဆို၍ အစည္းအေဝးတိုင္းမွာ ဧည့္ခံေလ့ရွိခဲ့ပါသည္။
ကေလာင္အဖြဲ႕ ရန္ပုံေငြျပဇာတ္မ်ား၌ သူေဌးႀကီး ႏွင့္ ရွင္ဘုရင္အခန္းက ပါစၿမဲျဖစ္သည္။ အာဝဇၨန္း႐ႊင္၍ အ႐ြတ္အဖတ္ေကာင္းသျဖင့္ အစည္းအေဝးမ်ားမွာ အလြန္စိုေျပခဲ့သည္။ အသက္ႏွင့္မမွ်ေအာင္ ဖ်တ္လတ္သူျဖစ္သည္။
ေဒၚပုသိမ္တင္တင္၏ အမည္အရင္းမွာ တင္တင္ေအး ျဖစ္၏။ ၁၂၄၉-ခုႏွစ္၊ တေပါင္းလဆန္း ၉-ရက္၊ တနဂၤႏြေေန႕၌ ဖြားျမင္ေသာ ပုသိမ္သူျဖစ္သည္။ မိဘမ်ားမွာ သစ္ေတာအုပ္ႀကီး ဦးမိုး ႏွင့္ ေဒၚေစာဟူ၍ လည္းေကာင္း၊ သစ္ေတာအခြန္ေတာ္အရာရွိ ဦးမိုးေဆြ၊ ေဒၚေစာခင္ ဟူ၍လည္းေကာင္း သူ၏ #သစ္ေတာစိမ္းႏွင့္မိန္းမပ်ိဳ စာအုပ္၌ ေတြ႕ရသည္။ ငယ္စဥ္တည္းက စႏၵယားတီးခဲ့ၿပီး၊ ဘိလပ္သို႔ အေဖကလႊတ္ခ်င္ေသာ္လည္း အဘြားျဖစ္သူႏွင့္ မခြဲနိုင္၍ မသြားခဲ့ေပ။
၁၉၀၃-ခုႏွစ္၏ တစ္ညေနတြင္ ဖခင္ျဖစ္သူမွာ ေသနတ္မွန္၍ ဆုံးပါးခဲ့ရသည္။ မိခင္ျဖစ္သူမွာလည္း ထိုအျဖစ္အပ်က္ေၾကာင့္ သတိခြၽတ္ယြင္းသြားခဲ့ေသး၏။ ေဒၚတင္တင္သည္ မိခင္၏ ပရိေဒဝကို ျမင္ေတြ႕ရၿပီး အိမ္ေထာင္ျပဳခ်င္စိတ္ လုံးဝကုန္ခမ္းခဲ့သည္။ သစ္ေတာအလုပ္သည္ ၾကမ္းတမ္း၏။
မိန္းမသားႏွင့္ လုံးဝ မသင့္ေလ်ာ္ေပ။ ထိုစဥ္က ( ၁၆ ) ႏွစ္ အ႐ြယ္သာရွိေသးေသာ ေဒၚတင္တင္သည္ ဖခင္အလုပ္ကို ဆက္လုပ္ရန္ သစ္ေတာဝန္ႏွင့္ေတြ႕၍ ငသိုင္းေခ်ာင္းဘက္မွ ပ်ဥ္ကတိုးသစ္ကုန္သည္အလုပ္ကို အဘြားနာမည္ႏွင့္လုပ္ခဲ့သည္။ သစ္ေတာအရာရွိ #ဟယ္မစ္လ္တန္ ဆိုသူက ေဒၚတင္တင္အား လိုခ်င္ေသာ္လည္း စိတ္မဝင္စားခဲ့ေခ်။
အသက္ ( ၁၇ ) ႏွစ္ အ႐ြယ္တြင္ အဘိဓမၼသံခိပ္အသင္းသူမ်ားကို ေဒၚတင္တင္က စာေပပို႔ခ်ခဲ့သည္။ သံခိပ္ဇရပ္ႏွင့္ သံခိပ္ေက်ာင္းလည္း ေဆာက္လုပ္လႉးဒါန္းခဲ့သည္။ မိခင္ႀကီးမွာ သားေယာက်ာ္းတမွ် အားကိုးရေသာ သမီးအတြက္ တအားတက္ခဲ့ရသည္။ ထို႔ေနာက္ ေဒၚတင္တင္သည္ #စတီးဘရားသားကုမၸဏီ တြင္ စပါးအဝယ္ေတာ္ လုပ္ခဲ့၏။
ထိုအခ်ိန္အတြင္းမွာပင္ #ဦးေအာင္ျမင္ အိမ္ကို ဓားျပတိုက္သြားေသာ ရာဇဝင္လူဆိုးမ်ားကို ေဒၚတင္တင္သည္ ကိုယ္တိုင္ေထာက္လွမ္းၿပီး ပစၥည္းမ်ားႏွင့္အတူ လက္ရဖမ္းဆီးေပးခဲ့သည့္အတြက္ ၁၉၁၉-ခုႏွစ္တြင္ ပုသိမ္ၿမိဳ႕အစိုးရ ဒါဘာပြဲ၌ အမႈထမ္းေကာင္း ( ဂြဒ္ဆာဗစ္စ္ ) ေ႐ႊတံဆိပ္ဆု ခ်ီးျမႇင့္ျခင္းကို ခံရသည္။ ထို႔ျပင္ ေဒၚတင္တင္သည္ စစ္သားမ်ားကိုလည္း တတ္နိုင္သေ႐ြ႕ စုေဆာင္းေပးခဲ့သည္။
၁၉၁၆-ခုႏွစ္၊ ပထမကမၻာစစ္အတြင္း၌ ရန္ကုန္သို႔ေျပာင္းလာကာ ဘာဆရာ ႏွင့္ ကိုလံဘို ၿမိဳ႕မ်ားသို႔ အဆိုပါ ကမၻာ့စစ္ႀကီးအတြက္ ဇလီဖားကန္ထရိုက္အလုပ္ကို သစ္ေတာဘက္မွ ခန႔္အပ္သျဖင့္ အင္းစိန္နယ္ မာဂရီႀကိဳးဝိုင္းတြင္းရွိ ပ်ဥ္ကတိုးသစ္မ်ားကို အမ်ားအျပားခြဲစိပ္ ေပးပို႔ခဲ့သည္။
၁၉၃ဝ-ျပည့္ႏွစ္ ကမၻာ့စီးပြားပ်က္ကပ္ ျဖစ္ပြားေသာအခါတြင္ ျမန္မာလယ္သမားအမ်ားစုမွာ လယ္ယာမဲ့ဘဝသို႔ ေရာက္ရွိသြားၾကရာမွ ဆက္လက္သည္းမခံနိုင္ၾကေတာ့သျဖင့္ ၁၉၃ဝ-ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၂၂-ရက္ေန႕တြင္ ျမန္မာ့သမိုင္းတြင္ ထင္ရွားေသာ #ေတာင္သူလယ္သမားအေရးေတာ္ပုံႀကီး ေပၚေပါက္ခဲ့သျဖင့္ ေဒၚတင္တင္သည္ သစ္လုပ္ငန္းကို ရပ္ဆိုင္းၿပီး ရန္ကုန္၊ ဆူးေလဘုရားလမ္း၊ မိုတာေအးဂ်င္းတိုက္တြင္ ေမာ္ေတာ္ကားအေရာင္းဘက္၌ လုပ္ကိုင္ခဲ့သည္။
ေဒၚတင္တင္သည္ ၁၉၅၀-ခုႏွစ္မွ ၁၉၆၀-ခုႏွစ္အထိ ျမန္မာ့အသံမွ ေရွးသီခ်င္းႀကီးမ်ားကို အခါအားေလ်ာ္စြာ သီဆိုေဟာေျပာခဲ့သည္။ ထို႔ေနာက္ အမ်ိဳးသားစီမံကိန္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးက ယဥ္ေက်းမႈ အႏုပညာဂီတဆိုင္ရာမ်ားတြင္ ေစတနာထက္သန္စြာႏွင့္ ပါဝင္ကူညီသည့္အတြက္ ေဒၚတင္တင္အား လက္မွတ္ႏွင့္ ေ႐ႊတံဆိပ္တစ္ခု ခ်ီးျမႇင့္ခဲ့သည္။
ေဒၚတင္တင္သည္ အမ်ိဳးသမီးေလာက အခန္းမွလည္း ေဟာေျပာခဲ့သည္။ ၁၉၅၅-ခုႏွစ္တြင္ ဂ်ဴဗလီေဟာ ယဥ္ေက်းမႈဖြင့္ပြဲ၌ ကိုယ္ပိုင္တီးဝိုင္းျဖင့္ ( ၁၅ ) ရက္မွ် ေဖ်ာ္ေျဖေပးခဲ့သည္။ ၁၉၅၇-ခုႏွစ္တြင္လည္း အစိုးရျပန္တမ္းျဖင့္ ပန္တ်ာသုေတသနအဖြဲ႕ဝင္အျဖင့္ ခန႔္အပ္၍ မဟာဂီတသီခ်င္းမ်ားကို စီစစ္ေပးခဲ့သည္။ ထိုအတြက္ ကြယ္လြန္သည္အထိ လစာမ်ားရရွိခဲ့သည္။
၁၉၆၄-ခုႏွစ္တြင္ ေတာ္လွန္ေရးေကာင္စီအစိုးရက ယဥ္ေက်းမႈ ပုဂၢိုလ္အျဖစ္ ခန႔္အပ္ခဲ့သည္။ #ဥမၼာဒႏၱီျပဇာတ္ေတာ္္ ကိုလည္း ႐ုပ္ရွင္ရိုက္ရန္ ေရးေပးခဲ့ၿပီး လန္ဒန္အတ္ဖလင္မွ မင္းသမီး #ေမရီျမင့္ ႏွင့္ #ေဇယ်၊ #ဖိုးပါႀကီး တို႔ ပါဝင္ရိုက္ကူး ျပသခဲ့သည္။
ၿဗိတိသွ်ဘားမား ပိုင္ရွင္ ဦးၫြန႔္ကလည္း ဇာတ္ၫႊန္းတစ္ပုဒ္ ေရးခိုင္း၍ #ျမဒါလီနန္းတြင္းဇာတ္ေတာ္ႀကီး ကို ႐ုပ္ရွင္ရိုက္ရန္ ေရးေပးခဲ့ၿပီး စာအုပ္အျဖစ္လည္း ပုံႏွိပ္ျဖန႔္ခ်ိခဲ့သည္။ ေဒၚတင္တင္သည္ သစ္ေတာစိမ္းႏွင့္ မိန္းမပ်ိဳ၊ အမ်ိဳးသမီးတို႔၏ ေဆးတလက္ေခၚ စာအုပ္မ်ားကိုလည္း ထုတ္ေဝခဲ့သည္။
ယုဝတီဂ်ာနယ္ႏွင့္ တိုင္းရင္းေမတြင္လည္း ဂီတေရးရာေဆာင္းပါး၊ ဓာတ္စာေဆာင္းပါးမ်ား ေရးသားခဲ့သည္။ စႏၵယားမ်ားျပဳျပင္ေသာ အိမ္တြင္းလက္မႈလုပ္ငန္းကိုလည္းေကာင္း၊ စႏၵယားသင္တန္းကိုလည္းေကာင္း ဖြင့္လွစ္ခဲ့သည္။
ေဒၚတင္တင္သည္ ဘာဂ်ာကို ( ၅ ) ႏွစ္သမီး အ႐ြယ္မွစ၍ ဆြဲတတ္သည့္အျပင္ စႏၵယားကိုလည္း ( ၉ ) ႏွစ္အ႐ြယ္မွစ၍ တီးလာခဲ့ရာ အသက္ ( ၈၀ ) ျပည့္ေသာ္လည္း ဂီတကို လက္မလႊတ္ေသးဘဲ တီးျပဆိုျပ ေပးခဲ့ေသးသည္။ ပုဂံဆိုင္းႏွင့္ ဘင္ဂ်ိဳ၊ ပတၱလားလည္း တီးတတ္သည္။
ပုသိမ္နိေျဂာဓဘုရားပြဲ၌ မိေကာင္းဖခင္ သားသမီးမ်ား ပါဝင္ဆိုကသီးမႈတ္ေလ့ရွိၾကရာ ေဒၚတင္တင္မွာ အိုးစည္တီး နာမည္ေက်ာ္သူ ျဖစ္သည္။ အေကာ္ဒီယံႀကီးကို လြယ္ၿပီး ရင္ဖုံးအိကၤ်ီ ခ်ိတ္ထမိန္ႀကီးႏွင့္လည္း အားရပါးရ ပါဝင္ဆင္ႏႊဲတတ္သည္။
ေရွးသီခ်င္းႀကီးမ်ား မတိမ္ေကာရေလေအာင္ ထိန္းသိမ္းသည့္သေဘာႏွင့္ သူတတ္စြမ္းသမွ်ႀကိဳးစားၿပီး တီးမႈတ္သီဆိုကာ စကားေျပာႏွင့္ အဓိပ္ပါယ်ကို ဖြင့္ဆိုေသာ အသံသြင္း တိပ္ႀကိဳးေခြမ်ားကိုလည္း အျမတ္အစြန္းမယူဘဲ ျဖန႔္ေဝခဲ့သည္။ ျမန္မာ့ေတးဂီတကို ကမၻာ့အဆင့္အတန္းႏွင့္ မနိမ့္က်ေစရန္ ရည္႐ြယ္သည္ဟုဆိုရာ ခ်ီးက်ဴးစရာေကာင္းလွသည္။
ေဒၚတင္တင္သည္ ေတးဂီတ သီခ်င္းႀကီး သီခ်င္းခံမ်ားသာမက ကဗ်ာလကၤာလည္း ဖြဲ႕ႏြဲ႕ခဲ့သူျဖစ္သည္။ ေဒၚတင္တင္၏ ဂီတဆရာမွာ မ်က္စိသိပ္မေကာင္းရွာေသာ ဆရာၫြန႔္ ျဖစ္ေၾကာင္း သိရသည္။
ကေလာင္အဖြဲ႕ အစည္ေဝးမ်ား၌ ေဒၚတင္တင္ သီခ်င္းဆိုၿပီးေနာက္တြင္ တျခား သံေညွာင္သံမိန္ အဆိုရွင္ေလးမ်ားမွာ ဆက္မဆိုရဲေတာ့ပါ။ ေဒၚတင္တင္၏ အသံဝါႀကီးလို နားမစြဲ မလြမ္းမိုးနိုင္ေပ။ ေဒၚတင္တင္၏ ပါရမီပဲဟု ဆိုရပါမည္။
ေဒၚတင္တင္သည္ အသားညိုစိမ့္စိမ့္တြင္ မ်က္လုံးမ်က္ဖန္ေကာင္း၍ က်က္သေရရွိေသာ အမ်ိဳးသမီးႀကီးျဖစ္သည္။ ဘီးဆံပတ္ႏွင့္ ရွပ္အိကၤ်ီေကာ္လာတပ္မ်ားဝတ္ကာ ေဘာင္းဘီရွည္ႏွင့္ ေျခာက္လုံးျပဴး ခါးထိုးကာ ေတာတက္သည့္ပုံစံျဖင့္ သစ္ေတာစိမ္းႏွင့္ မိန္းမပ်ိဳ စာအုပ္မ်က္ႏွာဖုံးတြင္ ေတာေၾကာင္ေလးကို ေပြ႕လ်က္ေတြ႕ရသည္။
ေတာထဲတြင္ သူအလုပ္လုပ္ခိုက္ က်ားသစ္ကေလးႏွင့္လည္းေကာင္း၊ ေႁမြႏွင့္လည္းေကာင္း၊ မိေက်ာင္းႏွင့္လည္းေကာင္း ေတြ႕ရပုံမ်ားကိုပါ ေရးေလ့သည္။ နာမည္ႀကီးေသာ #ဖိုးေထာ္ၾကက္ေပါင္ႀကိဳးဝိုင္း အေၾကာင္းကိုလည္း စာစပ္ခဲ့သည္။ ဝါသနာအေလ်ာက္ သူေလ့လာထားေသာ စာေပဂီတမ်ားမွာ ႏွလုံးတြင္း၌ တည္ရွိေနေသာေၾကာင့္ ေရးရျခင္းျဖစ္ေၾကာင္း စာအုပ္မ်ား၌ ဖြင့္ဆိုခဲ့သည္။
ျပဳစုခဲ့ေသာစာအုပ္မ်ားမွာ ျမဒါလီနန္းတြင္းၫြန႔္ေပါင္းဇာတ္ေတာ္ႀကီး၊ ေတာသူအခ်စ္၊ အခ်စ္ႏွင့္စစ္၊ ျမန္မာ့အသံမွ ေဟာျပခ်က္မ်ား၊ သစ္ေတာစိမ္းႏွင့္ မိန္းမပ်ိဳ၊ မာယာေကာင္းကင္၊ အေမရိကန္အသံသို႔ သြင္းေပးေသာ သီခ်င္းႏွင့္ ဂီတ ေဟာေျပာခ်က္မ်ား တို႔ျဖစ္သည္။ ေဒၚတင္တင္၏ အျခားကေလာင္အမည္မွာ #ေမတၱာ ျဖစ္သည္။
ေဒၚတင္တင္သည္ မိခင္ကိုငဲ့၍ အေဖ့တာဝန္ကို သမီးမိန္းကေလးတန္မဲ့ သတၱိရွိရွိ စြန႔္စားၿပီးယူခဲ့သည္။ ေလွႏွင့္ ျမင္းႏွင့္ ဆင္ႏွင့္ သစ္စက္ေတြကို သြားရသည္။ ေန႕ေရာ ညပါ သစ္ခြဲၿပီး သေဘၤာေတြဆီ အေရာက္ပို႔ရသည္။ ေဈးပိုေပးေသာ ကန္ထရိုက္မ်ားႏွင့္ စတီးဘရားသား ဆန္တင္သေဘၤာကိုယ္စားလွယ္မ်ားက မိမိကို ေလးစားေအာင္ ဆက္ဆံျပရသည္။
ေဒၚတင္တင္ ေဆာင္႐ြက္လုပ္ကိုင္ခဲ့ေသာ အလုပ္မ်ိဳးကို သာမညအမ်ိဳးသမီးမ်ား လုပ္နိုင္ဖို႔ ခဲယဥ္းပါသည္။ သစ္အလုပ္သာမက စပါးအလုပ္ကိုလည္း က်င္လည္စြာ လုပ္ကိုင္ခဲ့သူျဖစ္သည္။ အလုပ္ကၾကမ္း၏။ သူပုံပန္းကလည္း သိပ္ေတာ့ မိန္းမမဆန္လွေပ။
သို႔ေသာ္ သူ႕အသည္းႏွလုံးကား ႏုညံ့ေပ်ာ့ေပ်ာင္း၏။ အသည္းအိမ္ကို ဂီတႏွင္းရည္ႏွင့္ စိမ္ထား၍လား မေျပာတတ္ေပ။ ခုေခတ္တြင္ အစားထိုးဖို့အရှာှာရခက်သော အမ်ိဳးသမီးကေလာင္ နာယကႀကီး ပုသိမ္ေဒၚတင္တင္ မရွိေတာ့သည့္အတြက္ ႏွေျမာ၍ မဆုံးၾကပါ။
ေစာမုံညင္း ( ျမန္မာအမ်ိဳးသမီး၊ ဂီတပညာရွင္အမ်ိဳးသမီးမ်ားက႑ )
Crd,ဝီကီပီးဒီးယား