“မိမိကားကို အကြာကြီး မမောင်းဘဲ ရပ်ထားရမယ်ဆိုရင် ဂရုစိုက်ထိန်းသိမ်းသင့်တဲ့ အချက် (၉) ချက်”

အမျိုးတွေ တစ်ချို့က ကားသိပ်မသုံးဖြစ်ဘဲ ဒီအတိုင်းရပ်ထားရတဲ့အချိန်တွေ များလာတာ ရှိပါလိမ့်မယ်။ အချိန်အကြာကြီးရပ်ထားပြီး ကားကို ပြန်လည်အသုံးပြုတဲ့အခါ အဆင်မပြေတာလေးတွေ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် အောက်ပါအချက်လေးတွေကို ဂရုစိုက်ပေးရင် အကောင်းဆုံးဖြစ်ပါတယ်။

၁။ ကားအင်ဂျင်ဝိုင်တွေကို လဲထားပါ။ အင်ဂျင်ဝိုင် လဲမထားတာ ကီလို 3,000 – 4,000 ကြာနေပြီဆိုလျှင် အင်ဂျင်ဝိုင် သက်တမ်းမကုန်သေးတာဖြစ်နိုင်ပေမယ့်ကားကိုအကြာကြီး ထိုးမထားခင်လဲထားသင့်ပါတယ်။ ညစ်ပေနေတဲ့အင်ဂျင်ဝိုင်ထဲမှာ အညစ်အကြေးတွေဟာ စက်မနှိုးဘဲအချိန်ကြာလာလျှင် ပျစ်ခဲလာတတ်ပါတယ်။

ဒါ့ကြောင့် ကားကိုအသုံးမပြုဘဲ အချိန်အကြာကြီး ထိုးထားမယ်ဆိုလျှင် အင်ဂျင်ဝိုင်အသစ်လဲပြီးမှ ထိုးထားတာက များစွာပိုကောင်းပါတယ်။ထို့အတူပဲ ဂီယာဝိုင် နဲ့ ကရောင်းဝိုင်တွေ မလဲတာကြာနေပြီဆိုလျှင်လည်း လဲထားပြီးမှ ထိုးထားသင့်ပါတယ်။

၂။ ကားဆီတိုင်ကီထဲကို ဆီအပြည့် ဖြည့်ထားပါ။ ပြီးလျှင် ဆီကို မပျက်စီးစေတဲ့ Additives တွေ ထည့်ထားပါ။ ဆီတိုင်ကီထဲမှာ ဆီအပြည့်မရှိရင်တိုင်ကီအတွင်းထဲမှာ သံချေးတက် တက်ပါတယ်။ ဒါ့ကြောင့် ဆီအပြည့် ဖြည့်ထားခြင်းဖြင့် ဆီတိုင်ကီအတွင်းသံချေးတက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

ဆီတိုင်ကီထဲမှာ အသုံးမပြုဘဲထားတဲ့ ဓါတ်ဆီ၊ ဒီဇယ်ဟာ အချိန်ကြာလျှင် အရည်အသွေး ကျဆင်းလာပြီး ဆီလမ်းကြောင်းကို ဒုက္ခပေးတတ်ပါတယ်။

ဒါ့ကြောင့် ဆီအရည်အသွေး ကျမသွားစေရန် ဓါတ်ဆီကားဆိုလျှင် Hybrid Additive သို့မဟုတ် Injection Cleaner ဒီဇယ်ကားဆိုလျှင် Super Diesel Additives ကို ထည့်ထားပြီးမှသာလျှင် အချိန်အကြာကြီး ထိုးထားသင့်ပါတယ်။

ဥရောပ လို ဆောင်းရာသီလတွေ အကြာကြီး ကားတွေ ဆိုင်ကယ်တွေကို ထိုးထားရမယ်ဆိုရင်တော့ ဆီတိုင်ကီထဲကို ထည့်ရတဲ့ ဓါတ်ဆီအတွက် Benzin Stabilizer တွေ ဒီဇယ်အတွက် Diesel Anti-Bacterial Additives တွေ သီးသန့် ရှိပါသေးတယ်။

Additives တွေ ထည့်ပြီးလျှင်

အနည်းဆုံး (၁၅) မိနစ်ခန့် စက်နှိုးထားပြီးမှ ရပ်ထားသင့်ပါတယ်။ ဒါမှသာ Additives တွေအတွက် ဆီလမ်းကြောင်းတစ်လျှောက် ပြန့်နှံ့ရောက်ရှိပို အချိန်လုံလောက်စွာ ရရှိမှာဖြစ်ပါတယ်။

၃။ တာယာတွေကို လေအပြည့်ထိုးထားပါ။ ဖြစ်နိုင်လျှင် ကားကိုတာယာပေါ် ဝန်မပိစေရန် အသုံးပြုသည့် တာယာဒေါက်များကို အသုံးပြုပါ။

ကားကို တစ်လ နှစ်ကြိမ်ခန့် ထုတ်မောင်းပြီး လေလျော့နေပါက ပြန်ဖြည့်တင်းပါ။ တာယာထုပါးသည့် ပြိုင်ကားများအတွက်တော့ (၂) လခန့် ဒီအတိုင်းရပ်ထားလျှင်လည်း အဆင်ပြေပါတယ်။

၄။ ကားပါကင်ဘရိတ်ကို ဆွဲမထားပါနဲ့။ ကားဘရိတ်တွေဟာ Rotor တွေနဲ့ ထိကပ်တာ ကြာလာလျှင် ကပ်သွားတတ်ပါတယ်။ကားရပ်ထားရမယ့် မျက်နှာပြင် မညီညာလျှင် ကားဂီယာမနာစေရန် နှင့် ကားမရွေ့စေရန် ဂျမ်းတုံးရှာပြီး ခုထားပါ။

၅။ ကားကို အပြင်ရော အတွင်းပါ သန့်ရှင်းထားပါ။ အပြင်ကို သန့်ရှင်းထားခြင်းသည် ကား၏ ဆေးသားများကို အညစ် အကြေးများမှစားသွားခြင်း ကွက်သွားခြင်းမှ ကာကွယ်ရန်ဖြစ်ပြီး အတွင်းပိုင်းကို သန့်ရှင်းခြင်းသည် မှိုများ ဘက်တီးရီးယားများ ပေါက်ဖွားလာမည့်အညစ်အကြေးများကို သန့်ရှင်းခြင်းဖြစ်ပါတယ်။ကားအတွင်း မှိုနံ့များရပါက Klima Fresh ကို အသုံးပြုပြီး လွယ်ကူစွာသန့်ရှင်းနိုင်ပါတယ်။

၆။ ကားအတွင်းခန်းတွင် ကြွက်များ ခိုအောင်းမနေရန်နှင့် ဝါယာကြိုးများကို ကြွက်မကိုက်စေရန် ဖြန်းသည့် ဆေးရည်ကို
အသုံးပြု၍ ကြွက်သိုက်များနှင့် ကြွက်ကိုက်ခြင်းကို ကာကွယ်ထားသည့်ပါတယ်။ LIQUI MOLY မှာ ကြွက်များကို မလာစေတဲ့ Martan Spray ထုတ်လုပ်ထားပါတယ်။

ကြွက်ကိုက်ထားသည့် ဝါယာကြိုးများသည် ဝါယာရှော့ဖြစ်ပြီး ကားမီးလောင်ခြင်းအန္တရာယ်ကို ဖြစ်စေနိုင်သဖြင့် ဝါယာများ ကြွက်ကိုက်ထားခြင်းရှိမရှိ ကားပြန်လည်အသုံးပြုမည့်အချိန်တွင် စစ်ဆေးသင့်ပါတယ်။

၇။ ကားရပ်ထားတာ ကြာလျှင် ဘက်ထရီ အားကုန်သွားတတ်ပါတယ်။ ဒါ့ကြောင့်ကားကို အနည်းဆုံး (၁) ပတ် တစ်ကြိမ် ၁၅ မိနစ်ခန့် စက်နှိုးပေးပါ။ ဒီလိုစက်နှိုးပေးခြင်းဟာ ဒုက္ခများတဲ့ ဘက်ထရီထောက်နှိုးရခြင်းကို ကာကွယ်ပေးပါတယ်။

မိမိကား ဘက်ထရီအားကုန်တာ မြန်တယ်ဆိုရင် (၃) ရက်ခြားတစ်ခါ (၁၅) မိနစ်ခန့် စက်နှိုးပေးသင့်ပါတယ်။ ဖြစ်နိုင်လျှင် နှစ်ပတ်လျှင်တစ်ကြိမ်ခန့် ကားကို (၁၅) မိနစ်ဝန်းကျင် ပတ်မောင်းပေးသင့်ပါတယ်။ ကားရဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို ဆီများနဲ့ ချောမွေ့ကာကွယ်ပေးနေစေဖို့ ဖြစ်ပါတယ်။

၈။ ကားဟာ အိမ်အတွင်းခြံဝင်းအတွင်းမှာရပ်ထားတယ်ဆိုလျှင် မှန်ကို အနည်းငယ် (၁) လက္မ၏ (၄) ပုံ (၁) ပုံခန့် ဖွင့်ထားနိုင်ပါတယ်။ ကားအတွင်း လေတွေနဲ့ စိုထိုင်းဆတွေ ပူပြီး ပိတ်လှောင်မနေဖို့ဖြစ်ပါတယ်။

ဖွင့်ထားတဲ့ နေရာကနေ ဖုန်တွေများစွာ ဝင်မလာစေရန် မိုးကာနဲ့ လုံခြုံစွာ အုပ်ထားသင့်ပါတယ်။ ခြံပြင်မှာရပ်ထားတယ်ဆိုလျှင်တော့ မှန်ကိုအပေါ်ထိလုံခြုံစွာ ပိတ်ထားသင့်ပါတယ်။

၉။ ကားဝိုက်ပါ များကို ပလပ်စတစ် အကြည်သားတစ်ခုနဲ့ အုပ်ထားပါ။ ကားဝိုက်ပါ ရာဘာသားတွေဟာ အချိန်ကြာမြင့်စွာ ပစ်ထားလျှင် မှန်နဲ့ ကပ်သွားပြီး ပျက်စီးတတ်ပါတယ်။ ဒါ့ကြောင့် ပလပ်စတစ် အကြည်အလွှာပါးနဲ့ အုပ်ထားသင့်ပါတယ်။

အမျိုးတွေကားလေး ပြန်လည်အသုံးပြုမယ့်အချိန်မှာ သွက်လက်ကျန်းမာနိုင်ကြပါစေခင်ဗျာ။

crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
အမ်ိဳးေတြ တစ္ခ်ိဳ႕က ကားသိပ္မသုံးျဖစ္ဘဲ ဒီအတိုင္းရပ္ထားရတဲ့အခ်ိန္ေတြ မ်ားလာတာ ရွိပါလိမ့္မယ္။ အခ်ိန္အၾကာႀကီးရပ္ထားၿပီး ကားကို ျပန္လည္အသုံးျပဳတဲ့အခါ အဆင္မေျပတာေလးေတြ ႀကဳံရတတ္ပါတယ္။ ဒါ့ေၾကာင့္ ေအာက္ပါအခ်က္ေလးေတြကို ဂ႐ုစိုက္ေပးရင္ အေကာင္းဆုံးျဖစ္ပါတယ္။

၁။ ကားအင္ဂ်င္ဝိုင္ေတြကို လဲထားပါ။ အင္ဂ်င္ဝိုင္ လဲမထားတာ ကီလို 3,000 4,000 ၾကာေနၿပီဆိုလွ်င္ အင္ဂ်င္ဝိုင္ သက္တမ္းမကုန္ေသးတာျဖစ္နိုင္ေပမယ့္ကားကိုအၾကာႀကီး ထိုးမထားခင္လဲထားသင့္ပါတယ္။ ညစ္ေပေနတဲ့အင္ဂ်င္ဝိုင္ထဲမွာ အညစ္အေၾကးေတြဟာ စက္မႏွိုးဘဲအခ်ိန္ၾကာလာလွ်င္ ပ်စ္ခဲလာတတ္ပါတယ္။

ဒါ့ေၾကာင့္ ကားကိုအသုံးမျပဳဘဲ အခ်ိန္အၾကာႀကီး ထိုးထားမယ္ဆိုလွ်င္ အင္ဂ်င္ဝိုင္အသစ္လဲၿပီးမွ ထိုးထားတာက မ်ားစြာပိုေကာင္းပါတယ္။ထို႔အတူပဲ ဂီယာဝိုင္ နဲ႕ ကေရာင္းဝိုင္ေတြ မလဲတာၾကာေနၿပီဆိုလွ်င္လည္း လဲထားၿပီးမွ ထိုးထားသင့္ပါတယ္။

၂။ ကားဆီတိုင္ကီထဲကို ဆီအျပည့္ ျဖည့္ထားပါ။ ၿပီးလွ်င္ ဆီကို မပ်က္စီးေစတဲ့ Additives ေတြ ထည့္ထားပါ။ ဆီတိုင္ကီထဲမွာ ဆီအျပည့္မရွိရင္တိုင္ကီအတြင္းထဲမွာ သံေခ်းတက္ တက္ပါတယ္။ ဒါ့ေၾကာင့္ ဆီအျပည့္ ျဖည့္ထားျခင္းျဖင့္ ဆီတိုင္ကီအတြင္းသံေခ်းတက္ျခင္းကို ကာကြယ္နိုင္ပါတယ္။

ဆီတိုင္ကီထဲမွာ အသုံးမျပဳဘဲထားတဲ့ ဓါတ္ဆီ၊ ဒီဇယ္ဟာ အခ်ိန္ၾကာလွ်င္ အရည္အေသြး က်ဆင္းလာၿပီး ဆီလမ္းေၾကာင္းကို ဒုကၡေပးတတ္ပါတယ္။

ဒါ့ေၾကာင့္ ဆီအရည္အေသြး က်မသြားေစရန္ ဓါတ္ဆီကားဆိုလွ်င္ Hybrid Additive သို႔မဟုတ္ Injection Cleaner ဒီဇယ္ကားဆိုလွ်င္ Super Diesel Additives ကို ထည့္ထားၿပီးမွသာလွ်င္ အခ်ိန္အၾကာႀကီး ထိုးထားသင့္ပါတယ္။

ဥေရာပ လို ေဆာင္းရာသီလေတြ အၾကာႀကီး ကားေတြ ဆိုင္ကယ္ေတြကို ထိုးထားရမယ္ဆိုရင္ေတာ့ ဆီတိုင္ကီထဲကို ထည့္ရတဲ့ ဓါတ္ဆီအတြက္ Benzin Stabilizer ေတြ ဒီဇယ္အတြက္ Diesel Anti-Bacterial Additives ေတြ သီးသန႔္ ရွိပါေသးတယ္။

Additives ေတြ ထည့္ၿပီးလွ်င္

အနည္းဆုံး (၁၅) မိနစ္ခန႔္ စက္ႏွိုးထားၿပီးမွ ရပ္ထားသင့္ပါတယ္။ ဒါမွသာ Additives ေတြအတြက္ ဆီလမ္းေၾကာင္းတစ္ေလွ်ာက္ ျပန႔္ႏွံ႕ေရာက္ရွိပို အခ်ိန္လုံေလာက္စြာ ရရွိမွာျဖစ္ပါတယ္။

၃။ တာယာေတြကို ေလအျပည့္ထိုးထားပါ။ ျဖစ္နိုင္လွ်င္ ကားကိုတာယာေပၚ ဝန္မပိေစရန္ အသုံးျပဳသည့္ တာယာေဒါက္မ်ားကို အသုံးျပဳပါ။

ကားကို တစ္လ ႏွစ္ႀကိမ္ခန႔္ ထုတ္ေမာင္းၿပီး ေလေလ်ာ့ေနပါက ျပန္ျဖည့္တင္းပါ။ တာယာထုပါးသည့္ ၿပိဳင္ကားမ်ားအတြက္ေတာ့ (၂) လခန႔္ ဒီအတိုင္းရပ္ထားလွ်င္လည္း အဆင္ေျပပါတယ္။

၄။ ကားပါကင္ဘရိတ္ကို ဆြဲမထားပါနဲ႕။ ကားဘရိတ္ေတြဟာ Rotor ေတြနဲ႕ ထိကပ္တာ ၾကာလာလွ်င္ ကပ္သြားတတ္ပါတယ္။ကားရပ္ထားရမယ့္ မ်က္ႏွာျပင္ မညီညာလွ်င္ ကားဂီယာမနာေစရန္ ႏွင့္ ကားမေ႐ြ႕ေစရန္ ဂ်မ္းတုံးရွာၿပီး ခုထားပါ။

၅။ ကားကို အျပင္ေရာ အတြင္းပါ သန႔္ရွင္းထားပါ။ အျပင္ကို သန႔္ရွင္းထားျခင္းသည္ ကား၏ ေဆးသားမ်ားကို အညစ္ အေၾကးမ်ားမွစားသြားျခင္း ကြက္သြားျခင္းမွ ကာကြယ္ရန္ျဖစ္ၿပီး အတြင္းပိုင္းကို သန႔္ရွင္းျခင္းသည္ မွိုမ်ား ဘက္တီးရီးယားမ်ား ေပါက္ဖြားလာမည့္အညစ္အေၾကးမ်ားကို သန႔္ရွင္းျခင္းျဖစ္ပါတယ္။ကားအတြင္း မွိုနံ႕မ်ားရပါက Klima Fresh ကို အသုံးျပဳၿပီး လြယ္ကူစြာသန႔္ရွင္းနိုင္ပါတယ္။

၆။ ကားအတြင္းခန္းတြင္ ႂကြက္မ်ား ခိုေအာင္းမေနရန္ႏွင့္ ဝါယာႀကိဳးမ်ားကို ႂကြက္မကိုက္ေစရန္ ျဖန္းသည့္ ေဆးရည္ကို
အသုံးျပဳ၍ ႂကြက္သိုက္မ်ားႏွင့္ ႂကြက္ကိုက္ျခင္းကို ကာကြယ္ထားသည့္ပါတယ္။ LIQUI MOLY မွာ ႂကြက္မ်ားကို မလာေစတဲ့ Martan Spray ထုတ္လုပ္ထားပါတယ္။

ႂကြက္ကိုက္ထားသည့္ ဝါယာႀကိဳးမ်ားသည္ ဝါယာေရွာ့ျဖစ္ၿပီး ကားမီးေလာင္ျခင္းအႏၱရာယ္ကို ျဖစ္ေစနိုင္သျဖင့္ ဝါယာမ်ား ႂကြက္ကိုက္ထားျခင္းရွိမရွိ ကားျပန္လည္အသုံးျပဳမည့္အခ်ိန္တြင္ စစ္ေဆးသင့္ပါတယ္။

၇။ ကားရပ္ထားတာ ၾကာလွ်င္ ဘက္ထရီ အားကုန္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ကားကို အနည္းဆုံး (၁) ပတ္ တစ္ႀကိမ္ ၁၅ မိနစ္ခန႔္ စက္ႏွိုးေပးပါ။ ဒီလိုစက္ႏွိုးေပးျခင္းဟာ ဒုကၡမ်ားတဲ့ ဘက္ထရီေထာက္ႏွိုးရျခင္းကို ကာကြယ္ေပးပါတယ္။

မိမိကား ဘက္ထရီအားကုန္တာ ျမန္တယ္ဆိုရင္ (၃) ရက္ျခားတစ္ခါ (၁၅) မိနစ္ခန႔္ စက္ႏွိုးေပးသင့္ပါတယ္။ ျဖစ္နိုင္လွ်င္ ႏွစ္ပတ္လွ်င္တစ္ႀကိမ္ခန႔္ ကားကို (၁၅) မိနစ္ဝန္းက်င္ ပတ္ေမာင္းေပးသင့္ပါတယ္။ ကားရဲ႕ အင္ဂ်င္အစိတ္အပိုင္းေတြကို ဆီမ်ားနဲ႕ ေခ်ာေမြ႕ကာကြယ္ေပးေနေစဖို႔ ျဖစ္ပါတယ္။

၈။ ကားဟာ အိမ္အတြင္းၿခံဝင္းအတြင္းမွာရပ္ထားတယ္ဆိုလွ်င္ မွန္ကို အနည္းငယ္ (၁) လက္မ၏ (၄) ပုံ (၁) ပုံခန႔္ ဖြင့္ထားနိုင္ပါတယ္။ ကားအတြင္း ေလေတြနဲ႕ စိုထိုင္းဆေတြ ပူၿပီး ပိတ္ေလွာင္မေနဖို႔ျဖစ္ပါတယ္။

ဖြင့္ထားတဲ့ ေနရာကေန ဖုန္ေတြမ်ားစြာ ဝင္မလာေစရန္ မိုးကာနဲ႕ လုံၿခဳံစြာ အုပ္ထားသင့္ပါတယ္။ ၿခံျပင္မွာရပ္ထားတယ္ဆိုလွ်င္ေတာ့ မွန္ကိုအေပၚထိလုံၿခဳံစြာ ပိတ္ထားသင့္ပါတယ္။

၉။ ကားဝိုက္ပါ မ်ားကို ပလပ္စတစ္ အၾကည္သားတစ္ခုနဲ႕ အုပ္ထားပါ။ ကားဝိုက္ပါ ရာဘာသားေတြဟာ အခ်ိန္ၾကာျမင့္စြာ ပစ္ထားလွ်င္ မွန္နဲ႕ ကပ္သြားၿပီး ပ်က္စီးတတ္ပါတယ္။ ဒါ့ေၾကာင့္ ပလပ္စတစ္ အၾကည္အလႊာပါးနဲ႕ အုပ္ထားသင့္ပါတယ္။

အမ်ိဳးေတြကားေလး ျပန္လည္အသုံးျပဳမယ့္အခ်ိန္မွာ သြက္လက္က်န္းမာနိုင္ၾကပါေစခင္ဗ်ာ။

crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္