သခွတ်ချောင်းရှာပုံတော်နိဒါန်း

ရှေးကဟံသာဝတီနယ်မြေထဲကတိုင်းတပါးသားရေယာဥ်သင်္ဘောများဝင်ထွက်ခဲ့ကြရာဘင်္ဂလားပင်လယ်အစွန်း၊မော်တင်စွန်းနဂရစ်အငူကတဆင့်​ဟိုင်းကြီးပုသိမ်ရေလမ်းကိုအသုံးပြုခဲ့ရာက၁၆ရာစုနောက်ပိုင်းမှာသံလျင်ဆိပ်ကမ်းပေါ်ပေါက်လာတာနဲ့အတူဆိပ်ကမ်းချဉ်းကပ်ရာရေလမ်းဟာလည်းပြောင်းလဲလာတာတွေ့ရမှာပါ။

ပုဂံခေတ်ကာလလောက်ကထဲကသုံးလာခဲ့တဲ့ပင်လယ်ကိုဝင်ထွက်ရာပုသိမ်ရေလမ်းဟာလည်းမုတ္တမပင်လယ်ထဲကချိုင်းနားဘေကာChina Bakir@China Backeerလို့ခေါ်တဲ့တိုးမြစ်ဝ(အခုလက်ခုပ်ကုန်း၊ဆယ်အိမ်တန်းကမ်းခြေအနီး)ကိုပြောင်းလဲခဲ့ပါတယ်။

တိုးမြစ်ကနေဧရာဝတီမြစ်ကိုဝင်ရောက်နိူင်သလိုပဲခူးမြစ်@လှိုင်မြစ်@ရန်ကုန်မြစ်ကိုလည်းကြားကသခွတ်ချောင်းနဲ့ဆက်သွယ်ပေးထားတာမို့မှော်ဝန်းချောင်းဝနဲ့တဖက်တချက်ထိပ်နားမှာရှိတဲ့ဓနုတ်စေတီတော်နဲ့ဓနုတ်ရေကြောင်းကင်းစခန်းကအရေးပါလှပါတယ်။

ပေါ်တူဂီလူမျိုးဒီဗရစ်တိုFelip de Brito Nicoteလက်ထက်ကဖွံ့ဖြိုးစည်ကားခဲ့တဲ့သံလျင်ဆိပ်ကမ်းအတွက်China Bakir ရေလမ်းဟာအရေးပါခဲ့ကြောင်းအိန္ဒိယနဲ့အင်္ဂလိပ်မှတ်တမ်းများကပြဆိုထားပါတယ်။

ကုန်သွယ်ရေလမ်းကြောင်းအသစ်လို့မှတ်ထင်နိူင်သလိုယနေ့ခေတ်မြန်မာနိူင်ငံရဲ့အဓိကကျတဲ့ရန်ကုန်အပြည်ပြည်ဆိုင်ရာပင်လယ်ကုန်သွယ်ရေလမ်းကြောင်းရဲ့ရှေ့ပြေးအဖြစ်လည်းယူဆနိူင်တာမို့ကောင်းကျိုးတခုဆိုနိူင်မလားလို့ထင်မိပါသေးတယ်။

၁၇၅၅ခုနှစ်ကအလောင်းဘုရားတည်ထောင်ခဲ့တဲ့ရန်ကုန်မြို့ရဲ့ပင်လယ်ဆိပ်ကမ်းပေါ်ပေါက်ခဲ့တဲ့အချိန်မှာပင်လယ်ကူးသင်္ဘောတွေသုံးခဲ့ကြသေးလားဆိုတာသေချာတဲ့မှတ်တမ်းမတွေ့ရသေးပေမဲ့အောက်ဗမာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးထားတဲ့အချိန်ထိသခွပ်ချောင်းကိုဘုရင့်မီးသင်္ဘောတော်ကြီးတွေမောင်းနှင်အသုံးပြုနေကြတယ်ဆိုတာကိုကင်းဝန်မင်းကြီးကသူ့ရဲ့လန်ဒန်သွားမှတ်တမ်းမှာပြောပြထားခဲ့ပါတယ်။

၄င်းလဆန်း၃ရက်(သက္ကရာဇ်၁၂၃၃ခု ၊နှောင်းတန်ခူးလ)နေ့ရေနန်းစကြာသင်္ဘောတော်စီ​ြဗဲတိုက်သံဆင့်မောင်ဘိုးလှတွင်ပါသည်။တွံတေးဝတွင်တွေ့၍ပေးသည်။လဆန်း၄ရက်အင်္ဂါနေ့နံက်၄င်းတွံ​တေးဝတွင်နှင်းအားကြီးလှ၍ဆိုင်းငံ့ပီး၄မောင်းခန့်အချိန်စုန်ဆင်းထွက်ရာနေ့၂ချက်တီးအချိန်တိုးဝ(မြစ်)သို့ဆိုက်ရောက်၊ကျောက်ချရပ်၊တက်ရေကိုဆိုင်ငံ့နေရသည်။

၁မောင်းခန့်ရှိလျင်ရေတက်စပြုသည်နှင့်လှေတော်၄စိးကိုဖြုတ်၍ရေတက်ဦးဖြင့်လိုက်စေခဲ့သည်။ရေတက်အားကြီးမှကျောက်ကိုနှုတ်၍ရေနှင့်လိုက်ထွက်စေသည်။လန်ဒန်ကိုသွားဖို့မန္တလေးကစကြာယဥ်မွန်သင်္ဘော်တော်နဲ့ဧရာဝတီမြစ်အတိုင်းစုန်လာရာကတွံတေးကိုရောက်ခဲ့ကြတဲ့အကြောင်းရေးထားတာပါ။

၄င်းတိုးဝကဝင်ခဲ့သည့်ချောင်း(သခွတ်ချောင်း)အလွန်ကောက်သည်။သင်္ဘောတော်ရှေ့နောက်ပြန်လှန်စက်ခုတ်မမှန်၊ကြံဖန်ဝင်သွားရသည်။လမ်းခက်လမ်းကျဥ်းဖြစ်သည်။၄င်းကလာခဲ့၍သခွပ်ပင်ဝအနီးသို့ရောက်မှလှေတော်လေးစင်းကိုသင်္ဘော်တော်မှာတွဲမြဲတွဲသည်။

၃ချက်တိးကျော်၅မောင်းခန့်အချိန်သခွပ်ပင်ဝသို့ရောက်၊စကြာယာဥ်ပျံသင်္ဘောတော်နဲ့တွေ့၊ကျောက်စွဲညအိပ်သည်။၅ရက်ဗုဒ္ဓဟူးနေ့သခွတ်ပင်ဝကနံနက်၄ချက်တီးကျော်တမောင်းခန့်ထွက်ရာရန်ကုန်ဗိုလ်တထောင်ဆိပ်သို့တချက်တီးအချိန်ဆိုက်ရောက်ကာကျောက်စွဲရပ်နားသည်…လို့ပါရှိတာမို့သခွတ်ချောင်းရဲ့ရေလမ်းကြောင်းအခြေနေ၊ပင်လယ်ဒီရေအတက်အကျကိုအသုံးချခုတ်မောင်းရတာတွေလည်းသိမြင်နိူင်ပါတယ်။

၁၈၇၃ခုဧပြီလ၁၃ရက်နေ့မှရန်ကုန်မြို့ကိုစကြာယာဉ်ပျံသင်္ဘောတော်ကြီးနဲ့ပြန်လည်ရောက်ရှိခဲ့ပီးရေနန်းစကြာသင်္ဘောတော်နဲ့အရင်လာခဲ့ရာသခွတ်ချောင်းကတဆင့်ဧရာဝတိမြစ်ကြောင်းအတိုင်းဆန်တက်ရလို့ရတနာပုံမန္တလေးကိုပြန်ခဲ့တာမို့၁၈ရာစုနှောင်းပိုင်းအထိတော့သခွတ်ချောင်းဟာအသုံးပြုနေကြဆဲဆိုတာခြေရာကောက်နိူင်ခဲ့ပါတယ်။

၁၉၁၄ခုနှစ်ကထုတ်တဲ့သံလျင်ဂဇက်တီးယားမှာခရမ်း၊ကျောက်တန်းကထွက်ပီးပုသိမ်၊မန္တလေးကိုပြေးဆွဲခဲ့တဲ့ဧရာဝတီဖလုပ်တီလာမီးသင်္ဘောတွေဟာမှော်ဝန်းချောင်းကထွက်၊ရန်ကုန်မြစ်ကိုဖြတ်ပီးသခွတ်ချောင်းကနေသွားခဲ့ကြရတာမို့အခုဝါးဘလောက်သောက်မှာခဏနားပီး၊ပင်လယ်ဒီရေအတက်အကျချိန်ကိုစောင့်ကြလေ့ရှိတယ်လို့ပါရှိပါတယ်။

၁၉-ရာစုဆန်းစအချိန်ထိရှင်သန်နေခဲ့တဲ့သခွတ်ချောင်းဟာဒီနေ့မှာတော့အဲ့ဒီဝါးဘလောက်သောက်ဆိုတဲ့ဒေသအရပ်ကစလို့ပျောက်ဆုံးနေခဲ့တာကိုမြေမျက်နှာသွင်ပြင်ပြမြေပုံမှာဖော်ပြနေပါတယ်။(ပုံတွင်ရှူ)ချစ်မိတ်ဆွေစာဖတ်သူတဥိးကမှတ်ချက်ပြုပေးလို့အဲ့ဒီဝါးဘလောက်သောက်မြစ်ထဲမှာသင်္ဘောပျက်များတူးဖော်ခဲ့ဘူးကြောင်းသိရပါတယ်။

ဒါဆိုအနည်ကျပို့ချမှုများတဲ့ပင်လယ်နဲ့နီးတဲ့မြစ်အိုတို့ရဲ့သဘာဝအရMeander Riverခေါ်တဲ့မြစ်ကောက်ကွေးများဖြစ်လာစေသလိုနစ်မြှပ်ရေယာဥ်များအပေါ်မှာနှုန်းအနယ်အနှစ်များသဲများပိုချ့ဖုံးလွမ်းမှုကြောင့်မြစ်ကြောင်းပိတ်ဆို့ပြတ်တောက်ခဲ့သလား?မြစ်ကျိုးပြတ်တောက်ရာကမြစ်ကျိုးအင်း oxbow lakeဖြစ်လာပီးဝင်ရောက်​အခြေချနေထိုင်ပီးလူနေအိမ်ခြေတွေဝင်ရောက်ခ်ဲ့လို့ပျောက်ဆုံးရသလားဆိုတာအတွေးများနေမိပါတယ်။

အခါအခွင်​သင့်ရင်တော့အဲ့ဒီဝါးဘလောက်သောက်ကိုခရီးဆက်လို့ရောက်ချင်ပါသေးရဲ့။ရှေ့မီနောက်မီရပ်မိရပ်ဖမျ်ားနဲ့စကားတွေဖောင်ဖွဲ့လို့မြစ်ပျောက်ရှာရင်းနဲ့ပေါ့လေ။အခန့်သင့်ရင်စာတပုဒ်၊စာတအုပ်ရေးချင်ရေးမယ်ပေါ့။

တကယ်လို့သာ…ဟုသာ။ဒါပေမဲ့မြေပုံပေါ်မှာအစနဲ့အဆုံးသာရှိပီးအလယ်ကပျောက်သွားတဲ့မြစ်ကြောင့်လည်းထောင်ချောက်တခုလိုဖြစ်ပီးဖမ်းဆီးနိူင်ခဲ့တဲ့၁၉၈၃ခုနစ်အာဇာနည်ဗိမာန်ဗုံးပေါက်ကွဲမှုအဖြစ်အချိန်ကာလကိုလည်းသခွတ်ပင်ချောင်းနဲ့တွဲလို့မှတ်မှတ်ထင်စဥ်းစားတွေးတောနေမိရင်းနဲ့သာ…

အချိန်ပေးဖတ်ရှု့သူများကိုကျေးဇူးတင်ရှိလျက်
မောင်နိူင်(ဒဿနိက)
crd_to_owner MgNaikaytu
နော်ဂဲလယ်ထူး (စာပေပရဟိတ)

Zawgyi
ေရွးကဟံသာဝတီနယ္ေျမထဲကတိုင္းတပါးသားေရယာဥ္သေဘၤာမ်ားဝင္ထြက္ခဲ့ၾကရာဘဂၤလားပင္လယ္အစြန္း၊ေမာ္တင္စြန္းနဂရစ္အငူကတဆင့္ဟိုင္းႀကီးပုသိမ္ေရလမ္းကိုအသုံးျပဳခဲ့ရာက၁၆ရာစုေနာက္ပိုင္းမွာသံလ်င္ဆိပ္ကမ္းေပၚေပါက္လာတာနဲ႕အတူဆိပ္ကမ္းခ်ဥ္းကပ္ရာေရလမ္းဟာလည္းေျပာင္းလဲလာတာေတြ႕ရမွာပါ။

ပုဂံေခတ္ကာလေလာက္ကထဲကသုံးလာခဲ့တဲ့ပင္လယ္ကိုဝင္ထြက္ရာပုသိမ္ေရလမ္းဟာလည္းမုတၱမပင္လယ္ထဲကခ်ိဳင္းနားေဘကာChina Bakir@China Backeerလို႔ေခၚတဲ့တိုးျမစ္ဝ(အခုလက္ခုပ္ကုန္း၊ဆယ္အိမ္တန္းကမ္းေျခအနီး)ကိုေျပာင္းလဲခဲ့ပါတယ္။

တိုးျမစ္ကေနဧရာဝတီျမစ္ကိုဝင္ေရာက္နိူင္သလိုပဲခူးျမစ္@လွိုင္ျမစ္@ရန္ကုန္ျမစ္ကိုလည္းၾကားကသခြတ္ေခ်ာင္းနဲ႕ဆက္သြယ္ေပးထားတာမို႔ေမွာ္ဝန္းေခ်ာင္းဝနဲ႕တဖက္တခ်က္ထိပ္နားမွာရွိတဲ့ဓႏုတ္ေစတီေတာ္နဲ႕ဓႏုတ္ေရေၾကာင္းကင္းစခန္းကအေရးပါလွပါတယ္။

ေပၚတူဂီလူမ်ိဳးဒီဗရစ္တိုFelip de Brito Nicoteလက္ထက္ကဖြံ႕ၿဖိဳးစည္ကားခဲ့တဲ့သံလ်င္ဆိပ္ကမ္းအတြက္China Bakir ေရလမ္းဟာအေရးပါခဲ့ေၾကာင္းအိႏၵိယနဲ႕အဂၤလိပ္မွတ္တမ္းမ်ားကျပဆိုထားပါတယ္။

ကုန္သြယ္ေရလမ္းေၾကာင္းအသစ္လို႔မွတ္ထင္နိူင္သလိုယေန႕ေခတ္ျမန္မာနိူင္ငံရဲ႕အဓိကက်တဲ့ရန္ကုန္အျပည္ျပည္ဆိုင္ရာပင္လယ္ကုန္သြယ္ေရလမ္းေၾကာင္းရဲ႕ေရွ႕ေျပးအျဖစ္လည္းယူဆနိူင္တာမို႔ေကာင္းက်ိဳးတခုဆိုနိူင္မလားလို႔ထင္မိပါေသးတယ္။

၁၇၅၅ခုႏွစ္ကအေလာင္းဘုရားတည္ေထာင္ခဲ့တဲ့ရန္ကုန္ၿမိဳ႕ရဲ႕ပင္လယ္ဆိပ္ကမ္းေပၚေပါက္ခဲ့တဲ့အခ်ိန္မွာပင္လယ္ကူးသေဘၤာေတြသုံးခဲ့ၾကေသးလားဆိုတာေသခ်ာတဲ့မွတ္တမ္းမေတြ႕ရေသးေပမဲ့ေအာက္ဗမာျပည္ကိုအဂၤလိပ္ေတြအုပ္စိုးထားတဲ့အခ်ိန္ထိသခြပ္ေခ်ာင္းကိုဘုရင့္မီးသေဘၤာေတာ္ႀကီးေတြေမာင္းႏွင္အသုံးျပဳေနၾကတယ္ဆိုတာကိုကင္းဝန္မင္းႀကီးကသူ႕ရဲ႕လန္ဒန္သြားမွတ္တမ္းမွာေျပာျပထားခဲ့ပါတယ္။

၄င္းလဆန္း၃ရက္(သကၠရာဇ္၁၂၃၃ခု ၊ႏွောင္းတန္ခူးလ)ေန႕ေရနန္းစၾကာသေဘၤာေတာ္စီၿဗဲတိုက္သံဆင့္ေမာင္ဘိုးလွတြင္ပါသည္။တြံေတးဝတြင္ေတြ႕၍ေပးသည္။လဆန္း၄ရက္အဂၤါေန႕နံက္၄င္းတြံေတးဝတြင္ႏွင္းအားႀကီးလွ၍ဆိုင္းငံ့ပီး၄ေမာင္းခန့္အခ်ိန္စုန္ဆင္းထြက္ရာေန႕၂ခ်က္တီးအခ်ိန္တိုးဝ(ျမစ္)သို႔ဆိုက္ေရာက္၊ေက်ာက္ခ်ရပ္၊တက္ေရကိုဆိုင္ငံ့ေနရသည္။

၁ေမာင္းခန့္ရွိလ်င္ေရတက္စျပဳသည္ႏွင့္ေလွေတာ္၄စိးကိုျဖဳတ္၍ေရတက္ဦးျဖင့္လိုက္ေစခဲ့သည္။ေရတက္အားႀကီးမွေက်ာက္ကိုႏႈတ္၍ေရႏွင့္လိုက္ထြက္ေစသည္။လန္ဒန္ကိုသြားဖို႔မႏၱေလးကစၾကာယဥ္မြန္သေဘၤာ္ေတာ္နဲ႕ဧရာဝတီျမစ္အတိုင္းစုန္လာရာကတြံေတးကိုေရာက္ခဲ့ၾကတဲ့အေၾကာင္းေရးထားတာပါ။

၄င္းတိုးဝကဝင္ခဲ့သည့္ေခ်ာင္း(သခြတ္ေခ်ာင္း)အလြန္ေကာက္သည္။သေဘၤာေတာ္ေရွ႕ေနာက္ျပန္လွန္စက္ခုတ္မမွန္၊ႀကံဖန္ဝင္သြားရသည္။လမ္းခက္လမ္းက်ဥ္းျဖစ္သည္။၄င္းကလာခဲ့၍သခြပ္ပင္ဝအနီးသို႔ေရာက္မွေလွေတာ္ေလးစင္းကိုသေဘၤာ္ေတာ္မွာတြဲၿမဲတြဲသည္။

၃ခ်က္တိးေက်ာ္၅ေမာင္းခန့္အခ်ိန္သခြပ္ပင္ဝသို႔ေရာက္၊စၾကာယာဥ္ပ်ံသေဘၤာေတာ္နဲ႕ေတြ႕၊ေက်ာက္စြဲညအိပ္သည္။၅ရက္ဗုဒၶဟူးေန႕သခြတ္ပင္ဝကနံနက္၄ခ်က္တီးေက်ာ္တေမာင္းခန့္ထြက္ရာရန္ကုန္ဗိုလ္တေထာင္ဆိပ္သို႔တခ်က္တီးအခ်ိန္ဆိုက္ေရာက္ကာေက်ာက္စြဲရပ္နားသည္…လို႔ပါရွိတာမို႔သခြတ္ေခ်ာင္းရဲ႕ေရလမ္းေၾကာင္းအေျခေန၊ပင္လယ္ဒီေရအတက္အက်ကိဳအသုံးခ်ခဳတ္ေမာင္းရတာေတြလည္းသိျမင္နိူင္ပါတယ္။

၁၈၇၃ခုဧၿပီလ၁၃ရက္ေန႕မွရန္ကုန္ၿမိဳ႕ကိုစၾကာယာဥ္ပ်ံသေဘၤာေတာ္ႀကီးနဲ႕ျပန္လည္ေရာက္ရွိခဲ့ပီးေရနန္းစၾကာသေဘၤာေတာ္နဲ႕အရင္လာခဲ့ရာသခြတ္ေခ်ာင္းကတဆင့္ဧရာဝတိျမစ္ေၾကာင္းအတိုင္းဆန္တက္ရလို႔ရတနာပုံမႏၱေလးကိုျပန္ခဲ့တာမို႔၁၈ရာစုႏွောင္းပိုင္းအထိေတာ့သခြတ္ေခ်ာင္းဟာအသုံးျပဳေနၾကဆဲဆိုတာေျခရာေကာက္နိူင္ခဲ့ပါတယ္။

၁၉၁၄ခုႏွစ္ကထုတ္တဲ့သံလ်င္ဂဇက္တီးယားမွာခရမ္း၊ေက်ာက္တန္းကထြက္ပီးပုသိမ္၊မႏၱေလးကိုေျပးဆြဲခဲ့တဲ့ဧရာဝတီဖလုပ္တီလာမီးသေဘၤာေတြဟာေမွာ္ဝန္းေခ်ာင္းကထြက္၊ရန္ကုန္ျမစ္ကိုျဖတ္ပီးသခြတ္ေခ်ာင္းကေနသြားခဲ့ၾကရတာမို႔အခုဝါးဘေလာက္ေသာက္မွာခဏနားပီး၊ပင္လယ္ဒီေရအတက္အက်ခ်ိန္ကိုေစာင့္ၾကေလ့ရွိတယ္လို႔ပါရွိပါတယ္။

၁၉-ရာစုဆန္းစအခ်ိန္ထိရွင္သန္ေနခဲ့တဲ့သခြတ္ေခ်ာင္းဟာဒီေန႕မွာေတာ့အဲ့ဒီဝါးဘေလာက္ေသာက္ဆိုတဲ့ေဒသအရပ္ကစလို႔ေပ်ာက္ဆုံးေနခဲ့တာကိုေျမမ်က္ႏွာသြင္ျပင္ျပေျမပုံမွာေဖာ္ျပေနပါတယ္။(ပုံတြင္ရႉ)ခ်စ္မိတ္ေဆြစာဖတ္သူတဥိးကမွတ္ခ်က္ျပဳေပးလို႔အဲ့ဒီဝါးဘေလာက္ေသာက္ျမစ္ထဲမွာသေဘၤာပ်က္မ်ားတူးေဖာ္ခဲ့ဘူးေၾကာင္းသိရပါတယ္။

ဒါဆိုအနည္က်ပိဳ႕ခ်မႈမ်ားတဲ့ပင္လယ္နဲ႕နီးတဲ့ျမစ္အိုတို႔ရဲ႕သဘာဝအရMeander Riverေခၚတဲ့ျမစ္ေကာက္ေကြးမ်ားျဖစ္လာေစသလိုနစ္ျမႇပ္ေရယာဥ္မ်ားအေပၚမွာႏႈန္းအနယ္အႏွစ္မ်ားသဲမ်ားပိုခ့်ဖုံးလြမ္းမႈေၾကာင့္ျမစ္ေၾကာင္းပိတ္ဆို႔ျပတ္ေတာက္ခဲ့သလား?ျမစ္က်ိဳးျပတ္ေတာက္ရာကျမစ္က်ိဳးအင္း oxbow lakeျဖစ္လာပီးဝင္ေရာက္အခြေချနေထိုင်ပီးလူနေအိမ်ခြေတွေဝင်ရောက်ခ်ဲ့လို့ပျောက်ဆုံးရသလားဆိုတာအတွေးများနေမိပါတယ်။

အခါအခြင္သင့္ရင္ေတာ့အဲ့ဒီဝါးဘေလာက္ေသာက္ကိုခရီးဆက္လို႔ေရာက္ခ်င္ပါေသးရဲ႕။ေရွ႕မီေနာက္မီရပ္မိရပ္ဖမ်္ားနဲ႕စကားေတြေဖာင္ဖြဲ႕လို႔ျမစ္ေပ်ာက္ရွာရင္းနဲ႕ေပါ့ေလ။အခန့္သင့္ရင္စာတပုဒ္၊စာတအုပ္ေရးခ်င္ေရးမယ္ေပါ့။

တကယ္လို႔သာ…ဟုသာ။ဒါေပမဲ့ေျမပုံေပၚမွာအစနဲ႕အဆုံးသာရွိပီးအလယ္ကေပ်ာက္သြားတဲ့ျမစ္ေၾကာင့္လည္းေထာင္ေခ်ာက္တခုလိုျဖစ္ပီးဖမ္းဆီးနိူင္ခဲ့တဲ့၁၉၈၃ခုနစ္အာဇာနည္ဗိမာန္ဗုံးေပါက္ကြဲမႈအျဖစ္အခ်ိန္ကာလကိုလည္းသခြတ္ပင္ေခ်ာင္းနဲ႕တြဲလို႔မွတ္မွတ္ထင္စဥ္းစားေတြးေတာေနမိရင္းနဲ႕သာ…

အခ်ိန္ေပးဖတ္ရႈ႕သူမ်ားကိုေက်းဇူးတင္ရွိလ်က္
ေမာင္နိူင္(ဒႆနိက)
crd_to_owner MgNaikaytu
ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)