တစ်ပိဿာကို သိန်း ၃၀ လောက်ရှိတဲ့ တနိုင်တပိုင် စီးပွားဖြစ် ဌက်သိုက်မွေးမြူခြင်း….

ဌက်သိုက်ဆိုရင် မြန်မာနိုင်ငံက လူအများစုက တန်ဖိုးကြီးတဲ့ စားစရာ တခုအနေနဲ့လောက်ဘဲ သိကြပါတယ်။အရှေ့တောင် အာရှနိုင်ငံတွေမှာဘဲတွေ့ရတဲ့ ဇီဝဇိုးဌက်လို့ခေါ်တဲ့ ဌက်တမျိုးရဲ့ အံဖတ်နဲ့ လုပ်ထားတဲ့ ဌက်သိုက်ဖြစ်ပြီး မြန်မာနိုင်ငံက တနင်္သာရီတိုင်းမှာလည်း ထွက်တယ်။

ကိုယ်ခံအား immunity ကောင်းစေတယ်။ ဒါလောက်ဘဲ သိကြတာပါ။ဌက်သိုက် စားသုံးသူအများဆုံးက တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့စားသုံးမှု၏ 90% ကျော်တယ်လို့ Nation Thailand 2021 ကဖော်ပြပါတယ်။ ဌက်သိုက်ကို ဟောင်ကောင်စျေးကွက်နဲ့ အမေရိကန်တို့ကို အများစု တင်ပို့ကြပါတယ်။

ဟောင်ကောင်မှာ နှစ်စဉ် ရောင်းအားဟာ ခန့်မှန်းခြေအားဖြင့် HKD 2 ဘီလီယံ (USD 257 million) (Nation Thailand 2021) ခန့်ရှိပြီး အင်ဒိုနီးရှားသည် အရှေ့တောင်အာရှတွင် ကြက်ငှက်သိုက်ထုတ်လုပ်သည့် အကြီးဆုံးနိုင်ငံဖြစ်လာပြီး တစ်နှစ်လျှင် တန်ချိန် ၂၀၀၀ ခန့် တင်ပို့နေပြီး မလေးရှားက တစ်နှစ်လျှင် ၆၀၀ တန်နှင့် ထိုင်းနိုင်ငံက တစ်နှစ်လျှင် ၄၀၀ တန် (Nation Thailand 2021) တင်ပို့ပါတယ်။

ခန့်မှန်းချက်များအရ ဌက်သိုက်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေရဲ့ ထုတ်ကုန်တန်ဖိုးဟာ အင်ဒိုနီးရှားပြည်တွင်းထုတ်ကုန်စုစုပေါင်း GDP ၏ 0.5% ( နိုင်ငံ၏ ငါးဖမ်းလုပ်ငန်း၏ လေးပုံတစ်ပုံခန့်နှင့်ညီမျှသည်)။

ထိုင်းနိုင်ငံမှာတော့ ဌက်သိုက်နဲ့ ဆက်စပ်လုပ်ငန်းတွေက တစ်နှစ်လျှင် THB 10 billion (USD 307 million) ခန့်ရှိသည်။ မြန်မာနိုင်ငံမှာလည်း ဇီဝစီုးဌက်ရှိပြီး ဌက်သိုက်ထုတ်လုပ်တာရှိပါတယ်။

ဒါပေမဲ့ ဘယ်လောက်အထိ ထုတ်လုပ်နိုင်သလဲ သေချာ မသိပါဘူး။ တခြားနိုင်ငံမှာ ပင်လယ် ကမ်းရိုးတန်းတလျောက်မှာ ဇီဝစိုးဌက်ကို တွေ့ရှိရပေမဲ့ မြန်မာနိုင်ငံမှာတော့ နိုင်ငံအနှံတွေ့ရှိရပါတယ်။

အခုအခါမှာ ရန်ကုန်၊ နေပြည်တော်အပါအဝင် မြို့ကြီးတချို့ရဲ့ ဆင်ခြေဖုန်းအရပ်တွေမှာ ဌက်သိုက်မွေးမြူခြင်းများပြုလုပ်လာကြပါပြီ။ရန်ကုန်မှာ သံလျင်၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ စတင်မွေးမြူလာကြပါပြီ။

မွေးတယ်လို့တာ ပြောရတာ တကယ်တော့ နေဖို့ အိမ်နဲ့ လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးရုံပါ။ အစာကျွေးဖို့လည်း မလိုပါဘူး။ ပြုစုစောင့်ရှေက်ပေးဖို့လည်း မလိုပါဘူး။

ဘာကြောင့် မွေးသင့်သလဲ?

၁။ ဌက်သိုက်က အတော် စျေးကြီးပါတယ်။ လက်ရှိပေါက်စျေး တပိသာကို သိန်း ၃၀ လောက်ပေါက်ပါတယ်။ မွေးတဲ့သူတချို့က တလကို ၃, ၄ ပိသာလောက်အထိ ရတတ်ပါတယ်။

တခါရင်းထားပြီး ရေရှည် ရနိုင်တာမို့ အတော် ကောင်းပါတယ်။ ဌက်ချေးတောင် တပိသာ ၃ သောင်းလောက် ရောင်းလို့ ရနိုင်ပါတယ်။ မွေးရင် ပိုက်ဆံရမယ် ဆိုပါတော့။

၂။ ဇီဝစိုးဌက်က endangering specie မျိုးတုန်းဖို့ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်ပါ။ ဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုပါတယ်။

၃။ ဇီဝစိုးဌက်က စိုက်ခင်းတွေမှာကျရောက်တတ်တဲ့ ပိုးမွားတွေကိုဘဲ စားပါတယ်။

အဲဒီတော့ စိုက်ခင်းတွေက ပိုးသတ်ဆေး သုံးစွဲရတာ လျော့သွားပါလိမ့်မယ်။ နိုင်ငံခြားငွေ ကုန်တာ နည်းသွားပါတယ်။
အခုလို နိုင်ငံခြားငွေ ရှားပါးနေတဲ့အချိန်မှာ လုံးဝ လုပ်သင့်တဲ့ အလုပ်ပါ။ စိုက်ခင်း၊ သစ်တော၊ ရေထွက်ပစ္စည်းတို့မှာ ပိုးသတ်ဆေးရဲ့ ဓာတု ရုပ်ကြွမ်းပါဝင်မူ များလို့ မဝယ်ဖို့ ငြင်းနေတဲ့ နိုင်ငံတွေရှိပါတယ်။

ပိုးသတ်ဆေးရဲ့ ဓာတု ရုပ်ကြွမ်းပါဝင်မူ များလို့ ကင်ဆာအပါအဝင် ရောဂါပေါင်းစုံ ဖြစ်နေတာ လျော့ကျသွားစေနိုင်ပါတယ်။

၄။ ဌက်ဟာ အပင်တွေအတွက် အရေးကြီးတဲ့ အလုပ်တခု လုပ်ပေးပါတယ်။ ဝတ်မှုန်ကူးပေးတာပါ။ ဌက်များများရှိနေတာ ကောင်းပါတယ်။

၅။ မြန်မာနိုင်ငံရဲ့ အဓိက စီးပွါးရေးဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး သစ်တော လုပ်ငန်းတို့ဟာ အရမ်းရုန်းကန်နေရတာပါ။ ရာသီဥတုဖောက်ပြန်လို့ ပိုးကျလို့၊ မိုးခေါင် ရေရှားလို့ အလုပ်သမားရှားလို့ စသဖြင့် ကပ်တခုခု ကျလိုက်တာနဲ့ တောင်သူလယ်သမား အများစုက ၃, ၄ နှစ် စုထားတဲ့ ရှိစု မဲ့စု လေးတွေ တချီတည်းနဲ့ ကုန်သွားနိုင်ပါတယ်။

တောင်သူလယ်သမားတွေအတွက် သူတို့ လုပ်ငန်းကို တနည်းတဖုံထောက်ပံ့ပေးနိုင်မဲ့ ဒုတိယ ဝင်ငွေရလမ်းကို ဖန်တီးပေးဖို့ လိုပါတယ်။

ဘယ်လို မွေးမလဲ။

တကယ် မွေးလေ့ရှိတာက ၂၀ x ၆၀ ပေ အကျယ် နှစ်ထပ် အဆောက်အဦ ပါ။ အထဲမှာတော့ လိုအပ်တဲ့ စိုထိုင်းဆ နဲ့အပူချိန် လေဝင်လေထွက် ရှိနေဖို့ အလင်းရောင်မရှိဖို့ လုံးဝ မှောင်နေဖို့ လိုပါတယ်။

ဌက်အိမ် လုပ်လို့ရတဲ့ နေရာမျိုး လုပ်ထားပေးလိုပါတယ်။ အနှောက်အယှက်ပေးနိုင်တဲ့ ကြွက်တို့ လင်းဆွဲတို့ ဇီးကွက်တို့ မလာနိုင်အောင် ဖန်တီးပေးထားဖို့လိုပါတယ်။ သဘာဝ ဂူတွေလို ဖြစ်အောင် ဖန်တီးပေးထားရတာပါ။

ပြီးတော့ ဇီဝစိုးဌက်တွေလာအောင် ဇီဝစိုးဌက် အော်သံပါတဲ့ stick လေးကို ဖွင့်ထားပေးပြီးရုံပါ။

ဘယ်လို နေရာတွေမှာ မွေးမလဲ?

လယ်စပ်တွေ သစ်တောနား ငါးကန်၊ မြစ်ချောင်းနီးတဲ့ နေရာတွေမှာ မွေးလို့ရပါတယ်။ ရေနဲ့ ဝေးရင်တော့ ရေသောက်လို့ရအောင် ရေကန်တွေ စီစဉ်ပေးထားဖို့ လိုပါတယ်။
အကြမ်းအားဖြင့် မွေးတာ သိပ်များရင် အစာရတာ နည်းသွားနိုင်တာကြောင့် ဌက်သိုက် အထွက် နည်းသွားနိုင်ပါတယ်။

ဘယ်လောက် ဘယ်လို ကုန်ကျနိုင်သလဲ?

အဆောက်အဦး ဆောက်တဲ့အပေါ်မူတည်ပြီး ၂၀၂၂ စျေးနှုန်းအရ အကြမ်းအားဖြင့် သိန်း ၆၀၀ ကျော် လောက် ကုန်ကျနိုင်ပါတယ်။ လျပ်စစ်မီး ရှိဖို့လိုပြီး ဝပ် ၂၀၀၀ ခန့်သုံးဖို့ လိုပါတယ်။

ရေငွေ့ထုတ်စက် ၄ လုံး ဆောင်းပေါက် (တွီတာ ) အလုံး ၁၀၀ ခန့် amplifier စတာတွေ ဖွင့်ထားဖို့ပါ။ လျပ်စစ်မီး မရှိရင် ၂၀၂၂ ခုနှစ်မှာတော့ Solar က ရွေးချယ်စရာ ပါ။

စျေးကတော့ သိန်း ၁၀၀ ပတ်ဝန်းကျင်လောက် ကုန်နိုင်ပါတယ်။ မြေဖိုးမပါ သိန်း ၁၀၀၀ လောက်ဆို ရပါပြီ။
သိန်း ၁၀၀၀ ဆိုတော့ မတတ်နိုင်တဲ့ တောင်သူ လယ်သမား အများစု ဖြစ်သွားတာ မြန်မာနိုင်ငံတင် မကပါဘူး။ အများဆုံးမွေးကြတဲ့ အင်ဒိုနီးရှား မလေးရှား ထိုင်းနိုင်ငံတို့မှာရောပါ။

အဲဒီ နိုင်ငံတွေမှာတော့ အစိုးရက ဘဏ်က ချေးငွေရအောင် မူဝါဒ တရပ် ချပြီး ကူညီပါတယ်။ တရားဝင် မွေးခွင့်ရအောင်လည်း စီစဉ်ပေးပါတယ်။

ဒါ့အပြင် လိုအပ်တဲ့ စက်ပစ္စည်းတွေကို ထုတ်လုပ်ခွင့် တင်သွင်းခွင့် စျေးကွက်ကို ထုတ်ကုန် လွတ်လပ်စွာ တင်ပို့ခွင့်တို့ ပေးထားပါတယ်။

အဲဒီ အစိုးရတွေကတော့ နိုင်ငံရဲ့ လူဦးရေ အများစုဖြစ်တဲ့ တောင်သူ လယ်သမားတွေ ဘဝရပ်တည်ဖို့ ခက်ရင် တနိုင်ငံလုံးရဲ့ စီးပွါးရေး ကမောက်ကမဖြစ်မှာ သတိပြုမိကြလို့ပါ။

Crd Dr Tint Swe BVS ဌက်အိမ်ကို ကိုယ်တိုင် လိုက်ပြပြီး ရှင်းပြခဲ့တဲ့ အထူးကျေးဇူးတင်ပါတယ်။ ဆရာရဲ့ စီးပွားဖြစ် ဇီဝဇိုးဌက်သိုက် စာအုပ်က အထူးကောင်းမွန်ကြောင်း မှတ်တမ်းတင်ပါတယ်။ (Tin Sein)

crd,

Zawgyi
ဌက္သိုက္ဆိုရင္ ျမန္မာနိုင္ငံက လူအမ်ားစုက တန္ဖိုးႀကီးတဲ့ စားစရာ တခုအေနနဲ႕ေလာက္ဘဲ သိၾကပါတယ္။အေရွ႕ေတာင္ အာရွနိုင္ငံေတြမွာဘဲေတြ႕ရတဲ့ ဇီဝဇိုးဌက္လို႔ေခၚတဲ့ ဌက္တမ်ိဳးရဲ႕ အံဖတ္နဲ႕ လုပ္ထားတဲ့ ဌက္သိုက္ျဖစ္ၿပီး ျမန္မာနိုင္ငံက တနသၤာရီတိုင္းမွာလည္း ထြက္တယ္။

ကိုယ္ခံအား immunity ေကာင္းေစတယ္။ ဒါေလာက္ဘဲ သိၾကတာပါ။ဌက္သိုက္ စားသုံးသူအမ်ားဆုံးက တ႐ုတ္နိုင္ငံျဖစ္ၿပီး ကမၻာ့စားသုံးမႈ၏ 90% ေက်ာ္တယ္လို႔ Nation Thailand 2021 ကေဖာ္ျပပါတယ္။ ဌက္သိုက္ကို ေဟာင္ေကာင္ေစ်းကြက္နဲ႕ အေမရိကန္တို႔ကို အမ်ားစု တင္ပို႔ၾကပါတယ္။

ေဟာင္ေကာင္မွာ ႏွစ္စဥ္ ေရာင္းအားဟာ ခန႔္မွန္းေျခအားျဖင့္ HKD 2 ဘီလီယံ (USD 257 million) (Nation Thailand 2021) ခန့္ရွိၿပီး အင္ဒိုနီးရွားသည္ အေရွ႕ေတာင္အာရွတြင္ ၾကက္ငွက္သိုက္ထုတ္လုပ္သည့္ အႀကီးဆုံးနိုင္ငံျဖစ္လာၿပီး တစ္ႏွစ္လွ်င္ တန္ခ်ိန္ ၂၀၀၀ ခန႔္ တင္ပို႔ေနၿပီး မေလးရွားက တစ္ႏွစ္လွ်င္ ၆၀၀ တန္ႏွင့္ ထိုင္းနိုင္ငံက တစ္ႏွစ္လွ်င္ ၄၀၀ တန္ (Nation Thailand 2021) တင္ပို႔ပါတယ္။

ခန႔္မွန္းခ်က္မ်ားအရ ဌက္သိုက္နဲ႕ ဆက္ႏြယ္တဲ့ လုပ္ငန္းေတြရဲ႕ ထုတ္ကုန္တန္ဖိုးဟာ အင္ဒိုနီးရွားျပည္တြင္းထုတ္ကုန္စုစုေပါင္း GDP ၏ 0.5% ( နိုင္ငံ၏ ငါးဖမ္းလုပ္ငန္း၏ ေလးပုံတစ္ပုံခန႔္ႏွင့္ညီမွ်သည္)။

ထိုင္းနိုင္ငံမွာေတာ့ ဌက္သိုက္နဲ႕ ဆက္စပ္လုပ္ငန္းေတြက တစ္ႏွစ္လွ်င္ THB 10 billion (USD 307 million) ခန႔္ရွိသည္။ ျမန္မာနိုင္ငံမွာလည္း ဇီဝစီုးဌက္ရွိၿပီး ဌက္သိုက္ထုတ္လုပ္တာရွိပါတယ္။

ဒါေပမဲ့ ဘယ္ေလာက္အထိ ထုတ္လုပ္နိုင္သလဲ ေသခ်ာ မသိပါဘူး။ တျခားနိုင္ငံမွာ ပင္လယ္ ကမ္းရိုးတန္းတေလ်ာက္မွာ ဇီဝစိုးဌက္ကို ေတြ႕ရွိရေပမဲ့ ျမန္မာနိုင္ငံမွာေတာ့ နိုင္ငံအႏွံေတြ႕ရွိရပါတယ္။

အခုအခါမွာ ရန္ကုန္၊ ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕ႀကီးတခ်ိဳ႕ရဲ႕ ဆင္ေျခဖုန္းအရပ္ေတြမွာ ဌက္သိုက္ေမြးျမဴျခင္းမ်ားျပဳလုပ္လာၾကပါၿပီ။ရန္ကုန္မွာ သံလ်င္၊ ေမွာ္ဘီ၊ မဂၤလာဒုံ၊ ဒဂုံဆိပ္ကမ္း၊ လွိုင္သာယာ စတဲ့ ၿမိဳ႕နယ္ေတြမွာ စတင္ေမြးျမဴလာၾကပါၿပီ။

ေမြးတယ္လို႔တာ ေျပာရတာ တကယ္ေတာ့ ေနဖို႔ အိမ္နဲ႕ လိုအပ္တဲ့ အေျခအေနေတြကို ဖန္တီးေပး႐ုံပါ။ အစာေကြၽးဖို႔လည္း မလိုပါဘူး။ ျပဳစုေစာင့္ေရွက္ေပးဖို႔လည္း မလိုပါဘူး။

ဘာေၾကာင့္ ေမြးသင့္သလဲ?

၁။ ဌက္သိုက္က အေတာ္ ေစ်းႀကီးပါတယ္။ လက္ရွိေပါက္ေစ်း တပိသာကို သိန္း ၃၀ ေလာက္ေပါက္ပါတယ္။ ေမြးတဲ့သူတခ်ိဳ႕က တလကို ၃, ၄ ပိသာေလာက္အထိ ရတတ္ပါတယ္။

တခါရင္းထားၿပီး ေရရွည္ ရနိုင္တာမို႔ အေတာ္ ေကာင္းပါတယ္။ ဌက္ေခ်းေတာင္ တပိသာ ၃ ေသာင္းေလာက္ ေရာင္းလို႔ ရနိုင္ပါတယ္။ ေမြးရင္ ပိုက္ဆံရမယ္ ဆိုပါေတာ့။

၂။ ဇီဝစိုးဌက္က endangering specie မ်ိဳးတုန္းဖို႔ အႏၱရာယ္ရွိတဲ့ တိရစ္ဆာန္ပါ။ ဝိုင္းဝန္းေစာင့္ေရွာက္ဖို႔ လိုပါတယ္။

၃။ ဇီဝစိုးဌက္က စိုက္ခင္းေတြမွာက်ေရာက္တတ္တဲ့ ပိုးမြားေတြကိုဘဲ စားပါတယ္။

အဲဒီေတာ့ စိုက္ခင္းေတြက ပိုးသတ္ေဆး သုံးစြဲရတာ ေလ်ာ့သြားပါလိမ့္မယ္။ နိုင္ငံျခားေငြ ကုန္တာ နည္းသြားပါတယ္။
အခုလို နိုင္ငံျခားေငြ ရွားပါးေနတဲ့အခ်ိန္မွာ လုံးဝ လုပ္သင့္တဲ့ အလုပ္ပါ။ စိုက္ခင္း၊ သစ္ေတာ၊ ေရထြက္ပစၥည္းတို႔မွာ ပိုးသတ္ေဆးရဲ႕ ဓာတု ႐ုပ္ႂကြမ္းပါဝင္မူ မ်ားလို႔ မဝယ္ဖို႔ ျငင္းေနတဲ့ နိုင္ငံေတြရွိပါတယ္။

ပိုးသတ္ေဆးရဲ႕ ဓာတု ႐ုပ္ႂကြမ္းပါဝင္မူ မ်ားလို႔ ကင္ဆာအပါအဝင္ ေရာဂါေပါင္းစုံ ျဖစ္ေနတာ ေလ်ာ့က်သြားေစနိုင္ပါတယ္။

၄။ ဌက္ဟာ အပင္ေတြအတြက္ အေရးႀကီးတဲ့ အလုပ္တခု လုပ္ေပးပါတယ္။ ဝတ္မႈန္ကူးေပးတာပါ။ ဌက္မ်ားမ်ားရွိေနတာ ေကာင္းပါတယ္။

၅။ ျမန္မာနိုင္ငံရဲ႕ အဓိက စီးပြါးေရးျဖစ္တဲ့ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး သစ္ေတာ လုပ္ငန္းတို႔ဟာ အရမ္း႐ုန္းကန္ေနရတာပါ။ ရာသီဥတုေဖာက္ျပန္လို႔ ပိုးက်လိဳ႕၊ မိုးေခါင္ ေရရွားလို႔ အလုပ္သမားရွားလို႔ စသျဖင့္ ကပ္တခုခု က်လိဳက္တာနဲ႕ ေတာင္သူလယ္သမား အမ်ားစုက ၃, ၄ ႏွစ္ စုထားတဲ့ ရွိစု မဲ့စု ေလးေတြ တခ်ီတည္းနဲ႕ ကုန္သြားနိုင္ပါတယ္။

ေတာင္သူလယ္သမားေတြအတြက္ သူတို႔ လုပ္ငန္းကို တနည္းတဖုံေထာက္ပံ့ေပးနိုင္မဲ့ ဒုတိယ ဝင္ေငြရလမ္းကို ဖန္တီးေပးဖို႔ လိုပါတယ္။

ဘယ္လို ေမြးမလဲ။

တကယ္ ေမြးေလ့ရွိတာက ၂၀ x ၆၀ ေပ အက်ယ္ ႏွစ္ထပ္ အေဆာက္အဦ ပါ။ အထဲမွာေတာ့ လိုအပ္တဲ့ စိုထိုင္းဆ နဲ႕အပူခ်ိန္ ေလဝင္ေလထြက္ ရွိေနဖို႔ အလင္းေရာင္မရွိဖို႔ လုံးဝ ေမွာင္ေနဖို႔ လိုပါတယ္။

ဌက္အိမ္ လုပ္လို႔ရတဲ့ ေနရာမ်ိဳး လုပ္ထားေပးလိုပါတယ္။ အႏွောက္အယွက္ေပးနိုင္တဲ့ ႂကြက္တို႔ လင္းဆြဲတို႔ ဇီးကြက္တို႔ မလာနိုင္ေအာင္ ဖန္တီးေပးထားဖို႔လိုပါတယ္။ သဘာဝ ဂူေတြလို ျဖစ္ေအာင္ ဖန္တီးေပးထားရတာပါ။

ၿပီးေတာ့ ဇီဝစိုးဌက္ေတြလာေအာင္ ဇီဝစိုးဌက္ ေအာ္သံပါတဲ့ stick ေလးကို ဖြင့္ထားေပးၿပီး႐ုံပါ။

ဘယ္လို ေနရာေတြမွာ ေမြးမလဲ?

လယ္စပ္ေတြ သစ္ေတာနား ငါးကန္၊ ျမစ္ေခ်ာင္းနီးတဲ့ ေနရာေတြမွာ ေမြးလို႔ရပါတယ္။ ေရနဲ႕ ေဝးရင္ေတာ့ ေရေသာက္လို႔ရေအာင္ ေရကန္ေတြ စီစဥ္ေပးထားဖို႔ လိုပါတယ္။
အၾကမ္းအားျဖင့္ ေမြးတာ သိပ္မ်ားရင္ အစာရတာ နည္းသြားနိုင္တာေၾကာင့္ ဌက္သိုက္ အထြက္ နည္းသြားနိုင္ပါတယ္။

ဘယ္ေလာက္ ဘယ္လို ကုန္က်နိဳင္သလဲ?

အေဆာက္အဦး ေဆာက္တဲ့အေပၚမူတည္ၿပီး ၂၀၂၂ ေစ်းႏႈန္းအရ အၾကမ္းအားျဖင့္ သိန္း ၆၀၀ ေက်ာ္ ေလာက္ ကုန္က်နိဳင္ပါတယ္။ လ်ပ္စစ္မီး ရွိဖို႔လိုၿပီး ဝပ္ ၂၀၀၀ ခန့္သုံးဖို႔ လိုပါတယ္။

ေရေငြ႕ထုတ္စက္ ၄ လုံး ေဆာင္းေပါက္ (တြီတာ ) အလုံး ၁၀၀ ခန့္ amplifier စတာေတြ ဖြင့္ထားဖို႔ပါ။ လ်ပ္စစ္မီး မရွိရင္ ၂၀၂၂ ခုႏွစ္မွာေတာ့ Solar က ေ႐ြးခ်ယ္စရာ ပါ။

ေစ်းကေတာ့ သိန္း ၁၀၀ ပတ္ဝန္းက်င္ေလာက္ ကုန္နိုင္ပါတယ္။ ေျမဖိုးမပါ သိန္း ၁၀၀၀ ေလာက္ဆို ရပါၿပီ။
သိန္း ၁၀၀၀ ဆိုေတာ့ မတတ္နိုင္တဲ့ ေတာင္သူ လယ္သမား အမ်ားစု ျဖစ္သြားတာ ျမန္မာနိုင္ငံတင္ မကပါဘူး။ အမ်ားဆုံးေမြးၾကတဲ့ အင္ဒိုနီးရွား မေလးရွား ထိုင္းနိုင္ငံတို႔မွာေရာပါ။

အဲဒီ နိုင္ငံေတြမွာေတာ့ အစိုးရက ဘဏ္က ေခ်းေငြရေအာင္ မူဝါဒ တရပ္ ခ်ၿပီး ကူညီပါတယ္။ တရားဝင္ ေမြးခြင့္ရေအာင္လည္း စီစဥ္ေပးပါတယ္။

ဒါ့အျပင္ လိုအပ္တဲ့ စက္ပစၥည္းေတြကို ထုတ္လုပ္ခြင့္ တင္သြင္းခြင့္ ေစ်းကြက္ကို ထုတ္ကုန္ လြတ္လပ္စြာ တင္ပို႔ခြင့္တို႔ ေပးထားပါတယ္။

အဲဒီ အစိုးရေတြကေတာ့ နိုင္ငံရဲ႕ လူဦးေရ အမ်ားစုျဖစ္တဲ့ ေတာင္သူ လယ္သမားေတြ ဘဝရပ္တည္ဖို႔ ခက္ရင္ တနိုင္ငံလုံးရဲ႕ စီးပြါးေရး ကေမာက္ကမျဖစ္မွာ သတိျပဳမိၾကလို႔ပါ။

Crd Dr Tint Swe BVS ဌက္အိမ္ကို ကိုယ္တိုင္ လိုက္ျပၿပီး ရွင္းျပခဲ့တဲ့ အထူးေက်းဇူးတင္ပါတယ္။ ဆရာရဲ႕ စီးပြားျဖစ္ ဇီဝဇိုးဌက္သိုက္ စာအုပ္က အထူးေကာင္းမြန္ေၾကာင္း မွတ္တမ္းတင္ပါတယ္။ (Tin Sein)

crd,