စိတ်ဝင်စားဖွယ်တနင်္သာရီမြို့ရဲ့ သမိုင်းတွင်တဲ့ဓါးသွေးချောင်း ရာဇဝင်

ခုခေတ်မှာ မြန်မာတွေ ကမ္ဘာပတ်နေကြပြီဖြစ်လို့ ထိုင်းကိုလည်း ရောက်ကြမှာပါ ။ထိုင်း ( ယိုးဒယား ) ခရီးစဉ်ဟာ တချို့တွေအတွက် အနိမ့်ဆုံးခရီးစဉ်တောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။

ထိုင်းရောက်ရင် အယုဒ္ဓယကိုလည်း ရောက်ဖြစ်ကြမယ်
ထင်တယ် ။ အယုဒ္ဓယမြို့ဟောင်းရောက်ရင် အပျက်အစီးတွေ တွေ့ကြမှာပါ ။

ထိုင်းတွေကတော့ ဗမာတွေ ဖျက်ဆီးခဲ့တယ်‌ပြောကြတယ်ပေါ့
ဘုရားဆင်းတုတောင် မရှောင် ၊ ဖျက်ဆီးကြတယ်ပေါ့ ။ ( တချို့ရုပ်ပွားတော်တွေ ဦးခေါင်းတော် မြေခနေလို့ပါ ) ။ မြန်မာတွေဟာ ရိုင်းစိုင်း ခက်ထန်သူတွေပေါ့ ။

တကယ်တော့ ထိုင်းတွေ ဝါဒဖြန့်သလို မဟုတ်ပါ ။

အလောင်းမင်းတရားသားတော် ဆင်ဖြူရှင်လက်ထက် ယိုးဒယားကို စစ်ချီတာ မှန်ပါတယ် ။ နိုင်လည်း နိုင်ခဲ့ပါတယ် ။ ၁ နှစ်ကျော်ကြာ တိုက်ယူရတာပါ ။ အကြောင်းမဲ့ တိုက်တာ မဟုတ်ပါ ။ ဒီအချိန်မှာ ( လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ကျော် ) တဖက်မှာ တရုတ်ရန်ကိုလည်း သတိထားနေရပါတယ် ။

မန်ချူးမင်းဆက်တွေက အင်းဝကို ထိပါးမယ့် အလားအလာ
ရှိနေပါတယ် ။ ထိုင်း ( အယုဒ္ဓယ ) ကလည်း သွေးတိုးစမ်းချင်တဲ့သဘော ရှိနေပါတယ် ။ ဒါ့ကြောင့် နှစ်ဖက်ညှပ် အတိုက်ခံရမယ့်ဘေးက လွတ်အောင် ယိုးဒယား အရင်နှိမ်နှင်းထားတဲ့ သဘောပါ ။ အယုဒ္ဓယကို နိုင်တယ် ။

ဘုရင့်မိသားစုအပါအဝင် ဆွေတော် မျိုးတော် ၊ အနွယ်တော်တွေ ၊ ပညာရှင်တွေ ၊ လက်မှုပညာသည်တွေ သုံ့ပန်းအဖြစ် ခေါ်လာတယ် ။ မန္တလေးတဝိုက် နေရာချပေးတယ် ။ အဲသည်ကနေ မြန်မာတွေနဲ့ ရေစက်ဆုံပြီး ထိုင်း + မြန်မာကပြားတွေ မန္တလေးတဝိုက် ၊ အညာတဝိုက် အများကြီးပါ ။

အများစုဟာ စားဝတ်နေရေး ရုန်းကန်လှုပ်ရှားနေရပြီမို့ ထိုင်း ( ယိုးဒယား ) သွေးပါကြတာ မေ့မေ့ပျောက်ပျောက်ပါ ။ စကားစပ်မိရင်သာ ပြောဖြစ်ကြမယ် ထင်ပါတယ် ။

ဆင်ဖြူရှင် ယိုးဒယားကို တိုက်ဖို့ တပ်ဖွဲ့စည်းတော့ ရွာတစ်ရွာ တပ်သား ၁၀ ယောက် ဆင့်ခေါ်တယ် ။ သာစည်အနီး ၊ ညောင်ရမ်းရွာမှာ ဗိုလ်ရွေးပွဲ လုပ်တယ် ။ ခုခေတ်အခေါ် တပ်စုမှူး ၊ တပ်စိတ်မှူး ၊ တပ်ခွဲမှူး ရွေးကြသလိုမျိုးပါ ။ ကိုယ့်နယ်အလိုက် ဇ, ရှိသူတွေ စိတ်ကြိုက်ရွေး ၊ ဗိုလ်ခန့်တာပါ ။

ကျနော်တို့ ဘိုးဘေးဘီဘင် ညီအစ်ကို ၃ ယောက်ဟာ အဲဒီ တပ်သားသစ်တွေထဲမှာ ပါတယ် ။ တောင်သာ အရှေ့ဖက် ၊ သတ္တိခဲတွေ ထွက်တဲ့ လယ်ချိုင်းရွာဟာ ဘကြီးတွေ ဇာတိရွာပေါ့ ။ တပ်သားသစ်စုတော့ သူတို့ ပါသွားတယ် ။

လမ်းမှာ သွားရင်းလာရင်း စစ်ပညာ သင်သွားရတယ် ပြောတယ် ။ ခြေလျှင်ခရီးမို့ အကြာကြီး သွားရမှာပါ ။ တနင်္သာရီကတဆင့် အယုဒ္ဓယဖက် ဝင်တာမို့ အဲဒီမှာ ဓါးသွေးချောင်းဆိုတာ ရှိပါသတဲ့ ။ မြန်မာစစ်သားတွေ ဓါးသွေးတဲ့ ချောင်းပါ ။
( တနေ့က မမျှော်လင့်ပဲ အဲသည်ဓါတ်ပုံ တွေ့လို့ ဒီစာရေးဖို့ စိတ်ကူးရတာပါ ) ။

တပ်သားတွေ သောင်းချီ စခန်းချ ၊ ဓါးသွေးကြတဲ့ နေရာမို့ ကျောက်စိုင် ကျောက်သားတွေအပေါ်မှာ ချိုင့်ခွက်ရာတွေ ကျန်နေခဲ့ပါတယ် ။ တချို့ နောက်မျိုးဆက် ကလေးတွေက အဲသည်ပုံတွေအောက် သံသယမှတ်ချက်တွေ ရေးကြပါတယ် ၊ ဖြစ်နှိုင်ပါ့မလားပေါ့ ။

တောထဲ မျှစ်ချိုးထွက်သူ ၊ အမဲလိုက်ထွက်သူတွေ ဓါးသွေးရာရော မဖြစ်နှိုင်ဘူးလားပေါ့ ။ တစ်ယောက် နှစ်ယောက် ဓါးသွေးရုံနဲ့ ကျောက်တုံးဟာ အခွက် အချိုင့် ဖြစ်မသွားလောက်ပါဘူး ။ လူထောင်ချီ ၊ သောင်းချီ တစ်လက်ပြီး တစ်လက် ၊ ဓါးသွေးကြလို့သာ ချိုင့်ရာ ခွက်ရာ ဖြစ်သွားတာပါ ။

ပြီးတော့ တစ်ရက်တည်း ဓါးသွေးကြတာမျိုးလည်း ဟုတ်ပုံမရပါဘူး ။ အယုဒ္ဓယ အခြေအနေ ကင်းထောက် ၊ စနည်းနာရင်း အဲသည်ချောင်းနားတဝိုက် ၁၀ ရက် ကြာရင်လည်း ကြာမယ် ၊
တစ်လ ကြာရင်လည်း ကြာနှိုင်ပါတယ် ။ ပြီးတော့ ခုခေတ် ကြက်သွန်လှီး စတီးဓါးလို တစ်ထွာ တစ်ညိုလည်း မဟုတ်ပါဘူး ။၂ ပေ ၊ ၂ ပေခွဲလောက်ရှိမယ့် တိုက်ပွဲဝင်ငှက်ကြီးတောင် ဓါးတွေပါ ။

ကျနော်ကတော့ အဲသည်ပုံလေးတွေ ကြည့်ရင်း လွမ်းမောမိသလို ၊ ဇာတိမာန်လည်း တက်ကြွလာသလိုပါပဲ ။

အယုဒ္ဓယ မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်ပါတယ် ။ ကြာလည်း ကြာပါတယ် ။ ထိုင်းမင်းသားကြီးတစ်ပါး အင်္ဂလိပ်လိုရေးတဲ့ အယုဒ္ဓယတိုက်ပွဲအကြောင်း စာတစ်အုပ် ဖတ်ဖူးပါတယ် ။ ( စာအုပ်က ပါးပါးလေးပါ ) ။မြန်မာတွေ တိုက်ရည် ခိုက်ရည်ကောင်းတဲ့အပြင် ဉာဏ်ကစားသွားတာလည်း သူ့စာအုပ်မှာ မခံချိ မခံသာ ဝန်ခံထားပါတယ် ။ ( ဖတ်ဖူးတာ ကြာပြီမို့ အသေးစိတ်တော့ မမှတ်မိတော့ပါ ) ။

တိုက်ပွဲ ပြင်းထန်တာတော့ သေချာပါတယ် ။ နှစ်ဖက်မီးကုန် ယမ်းကုန် ဆော်ကြတာ ။ နောက်ဆုံး မြို့ကျသွားတယ် ။ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် မြို့တံခါးနားမှာ ကျဆုံးတယ် ။ မြို့မြေလှန်တဲ့အနေနဲ့ အဆောက်အဦတချို့ မီးရှို့ ဖျက်ခဲ့တာတော့ မှန်ပါတယ် ။ ဘုရားဆင်းတုတွေ မဖျက်ပါ ။ ဆင်းတုတွေ ဖျက်တာ ပေါ်တူဂီကြေးစား စစ်သည်တွေပါ ။ ဆင်ဖြူရှင့်တပ်မှာ ပေါ်တူဂီကြေးစားစစ်သားတွေ ရှိနေပါပြီ ။

အုတ်တံတိုင်းတွေ ၊ တချို့အဆောက်အဦတွေ ပြိုတာ ၊ ဖြိုတာလည်း ထိုင်းတွေ သူတို့ဖါသာ လုပ်ကြတာပါ ။ အယုဒ္ဓယပျက်တော့ နောက်မြို့သစ် အားချင်းတည်ဖို့ မြို့ဟောင်းက အုတ်တွေ ယူသုံးတယ်လို့ ဆိုပါတယ် ။ အကာအရံတွေ ၊ တံတိုင်းတွေ ဖြိုပြီး ဘန်ကောက်မြို့သစ် ( နန်းတော်သစ် ) မှာ အရေးပေါ် သုံးတယ်ပေါ့ ။

ပြီးတော့မှ ဗမာတွေ လက်ညှိုးထိုးတာပါ ။ ဘုရားစေတီတွေ ပျက်နေတာ ၊ ဋ္ဌာပနာတွေ အဖေါက်ခံရတာလည်း မြန်မာတွေနဲ့ ဘာမှ မဆိုင်ပါ ။သူတို့ ကိစ္စပါ။( ချစ်ကြည်ရေး ထိခိုက်မှာ စိုးလို့ ဒီအကြောင်းတွေ ရေငုံနှုတ်ပိတ် နေကြတယ် ထင်တာပဲ )။

ပြီးတာတွေလည်း ပြီးခဲ့ပါပြီ ။မြန်မာတွေ ဇာတိသွေးလည်း ထိုင်းတွေ သိခဲ့ပါပြီ ။၁၉၉၈-၉၉ ခုနှစ်မှာ ထိုင်းနိုင်ငံ ၊DETC (Department of Technical Cooperation) ရဲ့ အ ထောက်အပံ့နဲ့ Chulalongkorn University, Bangkok မှာ မြန်မာနိုင်ငံက ၄ ယောက် ( ဟိုတယ်-ခရီးက ၂ ယောက် ၊ IFL က တ ယောက် ၊ နခဌ က ၁ ယောက်) ထိုင်းစာ
(basic/mid level) သွားရောက် သင်ကြားခဲ့ကြပါတယ်။

မြန်မာ ၊ မွန်ဂိုးလီးယား ၊ ပိုလန် ၊ ဂျပန် ၊ အိန္ဒိယ ၊ တရုတ် က သင်တန်းသားများပါ ပါတယ် ။ စုစုပေါင်း ၁၄ တက်ရောက်ခဲ့ကြပါတယ်။ သင်ရိုးထဲမှာ အယုဒ္ဓသမိုင်းကို ထည့်သွင်း
သင် ကြာခဲ့ပြီး တချို့ဆရာများက မြန်မာကို ဗီလိန်း ၊
တချို့ ဆရာက ကြားချပြီး ပို့ချခဲ့ပါတယ်။

အယုဒ္ဓယ ၊ လန်ပန် လေ့လာရေးခရီး စီစဉ်ပြီး ရှေးမြန်မာတို့ ကောင်းတာရော/မ ကောင်းတာပါနှိုင်းယှဉ် သင်ကြားပါတယ်။ အလောင်းဘုရားကိုရွံကြောက်ကြပြီး ဘုရင့်နောင်ကို ချီးကျူး လေးစားကြပါတယ်။ ကျနော်က ကုသိုလ်ကံ အကျိုးပေးတယ်လို့ ဆိုရမလား ၊ နှစ်နိုင်ငံအစိုးရ အစီအစဉ်နဲ့ နှစ်ကြိမ် (Chulalongkorn Uni/Suan Dusit Uni ) ထိုင်းစာကို
နှစ်ကြိမ် သင်ကြားလေ့လာခွင့် ရခဲ့ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ကျော် တတိယ မြန်မာနိူင်ငံတော် ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ယခုအခေါ်တနသာင်္ရီတိုင်းဒေသကြီးအတွင်းတွင် စစ်ချီတိုက်ခိုက်ရင်း စစ်သည်ရဲမက်များ ဓားသွေးခဲ့သောနေရာ ဒေသအခေါ် ဓားသွေးချောင်းယခင်အခေါ် In Thai, the region is known as “Tanao Si” (Thai: ตะนาวศรี, pronounced [tā.nāːw sǐː]),

ဒေသခံများ ပြောပြသော ဓားသွေးရာနေရာ ၊ ပုဆိန်သွေး၊
လှံသွေးရာနေရာများ ၊ မြင်းခွာရာ ၊ ဆင်ခွာရာများကို လေ့လာခဲ့ကြပါသည် ။ဦးအောင်ဇေယျနဲ့ ရဲမက်စစ်သည်အပေါင်း ယိုးဒယား ကို စစ်ချီအသွား တစ်ထောက်နားလို့ဓါးတွေသွေးတဲ့ နေရာလို့ ဆိုကြပါတယ်။

ချောင်းရေဟာ ကျောက်ဆောင်တွေပေါ် ဖြတ်စီးပြီး ရေတံခွန် ငယ်လေးတွေ ဖြစ်နေပါတယ်။ရေနည်းချိန်ဖြစ်လို့ကျောက်ဆောင်တွေ ချောင်းအလယ် မှာ ပေါ်နေတာပါ ။ ကျောက်ဆောင်တွေရဲ့ ဘေးထောင် စွန်းတွေမှာ လူအများ အကြိမ်ကြိမ် ဓါးသွေးထားတဲ့ ဓါးသွေးရာတွေကတော့ အသေအချာပါပဲ။

အချို့ဓါးသွေးရာတွေဟာ အရှည်က တောင်ဆုပ်ခန့်အကျယ်က တစ်ထွာခန့် မြောင်းအနက်က လက်သုံးလုံး လက်လေးလုံးခန့်ရှိပါတယ်။

စုစုပေါင်း ဓါးသွေးမြောင်းနေရာ အကြီး အသေး ၂၀ ခန့် လောက်တွေ့ ခဲ့ရပါတယ်။ ရေစီးမြောင်း လုံး၀ မဟုတ်ပါဘူး မြောင်းတွေဟာ ရေစီးအတိုင်း အရှည်လိုက်မဟုတ်ပဲရေစီ းကြောင်းနဲ့၉၀ ဒီဂရီလောက် ကန့်လန့်တွေ ဖြစ်နေပါတယ်။

သဘာ၀အတိုင်း ဖြစ်ပေါ်နေတာ မဟုတ်ပါ စိတ်၀င်စားသူများ ဗဟုသုတ အဖြစ် သွားရောက် လေ့လာချင်ရင်တော့
တနင်္သာရီမြို့ ကနေ. တနင်္သာရီချောင်းနံဘေး တောင်ကြော အတိုင်း ၁၀ မိနစ် / ၁၅ မိနစ် လောက် လမ်းလျှောက်
သွားရင် ရောက်ပါတယ်။

လှပတဲ့ ရေတံခွန် စိမ့်စမ်းနဲ့ အေးချမ်းတဲ့ တောတောင် သဘာ၀ကို ခံစားရမှာပါ။

Credit to Wiki