မြန်မာ့သမိုင်းထဲက ပျူစောထီးမင်း ဒဏ္ဍာရီနှင့် ငှက်ပစ်တောင်သမိုင်းအကြောင်း

သရေခေတ္တရာ၌ ပြည်တွင်းစစ်ကြီး ဖြစ်ပြီး အုပ်စု (၃)စု ကွဲသွားလေသော် သမုဒ္ဒရာဇ်မင်းသည် အေဒီ (2) ရာစုတွင် ဧရာဝတီမြစ်ကိုဆန်တက်၍ယုန်လွှတ် ကျွန်း အရပ်တွင် ယခုညောင်ဦးမြို့အပါဝင် ပျူဂါမခေါ် ပျူရွာ (၁၉)ရွာကို စုစည်းပြီး အရိမဒ္ဒနပူရဟု တည်ထောင်ခဲ့သည်။

(ယခုတွင် ရှေးဟောင်း သုတေသနမှ ကျောက်တိုင်စိုက်ထားသည်။ သမုဒ္ဒရာဇ်မင်းမှာလည်း သာသနာ ၆၇၁ မှ ၆၉၆ ခုအထိ အုပ်စိုးသည်ဟု ဆိုသည်) ပျူဂါမ- ပျူတို့နေရာအရပ်(ရွာ) မှပုဂါမ် ထိုမှ ပုဂံ ကာလ ရွေ့လျားမှုနှင့်အတူ ဖြစ်လာခဲ့သည် ။ ပုဂံကိုထူထောင်စ သမုဒ္ဒရာဇ် မင်း လက်ထက်၌ ပြဿနာမျိုးစုံကြုံတွေ့ခဲ့သည်။

ဒဏ္ဍာရီအရ ငှက်ကြီး ၊ ဝက်ကြီး ၊ ကျားကြီး ၊ ရှူးပျံတို့ နှောက်ယှက် မင်းမူပြီး ဘုရင်ကိုယ် တိုင်၎င်းတို့နှင့် အပေးယူပြု လုပ်ကာ အစာဆက်သနေရချိန်၌ သူရဲကောင်းတစ်ဦး ပေါ်လာကာ ထိုပြဿနာ များကို ဖြေရှင်းပေးခဲ့သည်။ ထိုသူသည် သိကြားမင်းပေး သောလေးမြှားနှင့် ပုဂံသမိုင်းဦး တွင် မပါမပြီးသော အထူးသဖြင့် ဒဏ္ဍာရီသူရဲကောင်းအဖြစ် ဦးကုလားမှရာဇဝင် ညွှန်းဆိုခဲ့သူ ပျူစောထီးပင်ဖြစ်သည်။

ပျူစောထီး၏ ပုဂံသမိုင်း သည် အနော်ရထာ မင်း မတိုင်မှီ ပုဂံခေတ်ဦးအပိုင်းဖြစ်ပြီး ဝေဝါးလွန်းနေသဖြင့် မြန်မာစာ ပေထွန်း ကား လာပြီဖြစ်သော အနော်ရထာမင်း နောက်ပိုင်းလောက် တော့ မရှင်းလင်းပါ။

ပျူစောထီး၏နောက်ကြောင်းသမိုင်းကိုပင် အမျိုးမျိုး ရေးသားကြသည် ဖြစ်သော်လည်း အကြမ်းအားဖြင့်ကား တကောင်းနန်းရိုး သတိုးအာဒိစ္စရာဇာ သာကီဝင်မင်းမျိုး သည် ပြည်ရွာ မငြိမ်သက်၍ တောင်ယာဥယျာဉ်လုပ်ကိုင်စား ကာ ဇာတ်မြှပ်နေသည်။

ထိုဥယျာဉ်၌ နဂါးတွင်းတစ်ခု ရှိရာ လူတို့ကို နဂါးတို့ စောင့်မ ကြည့်ရှု့သဖြင့် ပြည်သူတို့ ရှိခိုးပူဇော်ကြပြီး သားဆုပန် ကြသည်။ သတိုးအာဒိစ္စ တို့လည်း သားဆုပန်ရာ သားငယ်လေး မွေးသဖြင့် စောထီးဟု အမည်ပေးသည်။

(၇) နှစ်သား တွင် လေးအတတ်တတ်မြှောက်ရာ ဆရာရသေ့ ထံ ပညာသင် ကြားရင်း ဗေဒင်ပညာ တတ်မြှောက်သော ရသေ့က စောထီး၏ ကြန်အင်မှာမင်းဖြစ်မည် ဟု ဟောသဖြင့် မင်းထီးဟု မှည့်ခေါ်ပြန်သည်။ စောထီးသည် အဌာရသ ပညာ တတ် မြောက်ပြီး (၁၆) နှစ်သားတွင် ပုဂံသို့ သွားလို ကြောင်း ခမည်းတော်အား ခွင့်ပန်ရာ ခမည်းတော်က သိကြားမင်းစီရင် သော ရတနာလေးမြှားအား ပေးအပ် လေသည်။

ပုဂံရောက်သော် သားထောက် သမီးခံ မရှိသည့် ပျူအိုလင်မယားထံတွင် အတူနေထိုင် လေသည်။ ပျူအိုလင်မယား က ချစ်သား ဤပြည် မြို့ရွာ မငြိမ်သက်သည်မှာ (၁၂) နှစ်ပင် ရှိလေပြီဟုပြော သည်။

အကြောင်းမှာ – ပုဂံပြည်တွင် အရှေ့ မျက်နှာအရပ်၌အရံဝက် ငါးရာနှင့်ဝက်ကြီး တစ်ကောင်၊ အနောက်မျက်နှာ၌ အရံငှက်ငါးရာ နှင့် အလွန်ကြီးမားသော ငှက်ကြီးတစ်ကောင်၊ တောင် မျက်နှာ ၌ အရံကျားငါးရာနှင့် ကျားကြီး တစ်ကောင်၊ မြောက်မျက်နှာ၌ အရံရှုးပျံ ငါးရာနှင့် ရှူးပျံတို့သည် လူတို့ အဝတ်အစား ၊ အသုံးအဆောင် ၊ အိမ်မိုး သက်ငယ်မှ မကျန် တွေ့သမျှကို ကိုက်ဖဲ့ ဖျက်ဆီးခဲ့သည်။

ဝက်ကြီး အတွက် ထမင်းလုံး (၆၀) ၊ ဖရုံ (၉) လှည်း၊ ဖွဲ (၉)လှည်း တို့ဖြင့် မင်းကြီးမှ အစားသောက် များ ဆက်သနေရသည်။ ပျူစောထီး သည် မိမိ၏လေးမြားအစွမ်းဖြင့် ထိုရန်သူများ ရှိရာသို့ပင် သွားရောက်ရင်ဆိုင် ရန် ဆုံးဖြတ်ခဲ့သည်။ထိုရန်သူများထဲတွင် ရင်ဆိုင်ရအခက်ဆုံး အကောင်မှာ တစ်နေ့တစ် ယောက်ကျ မိန်းမပျိုသားကို ဆက်သရသော ငှက်ကြီးဖြစ်သည်။

ထီးလိုင်ကာ (ဟတ္ထိလင်္ဂ) အမည်ရှိ ထိုငှက်ကြီးသည် ယခုလက်ရှိ ညောင်ဦးမြို့တောင်ဘက် (4) km ခန့်အကွာ ငှက်ပစ်တောင် အရပ်တွင် နေထိုင်ပြီး အော်ဟစ်လိုက် လျှင် တစ်တောလုံးဟိန်းသွားသည့် အပြင် ပုဂံသူများပင် ကြားရလေသည်။ အတောင်ပံ နှစ်ဖက်ကို ဖြန့်လိုက်လျှင် ညောင်ဦးအထိ အရိပ်ကျရောက်စေပြီး ထိုအတောင်ပံ တို့ကို ရိုက်ခတ်လိုက်လျှင် မုန်တိုင်း တိုက်သကဲ့သို့ သစ်ပင်တို့ ကျိုးကျပျက်စီး ကုန်သည်။

၎င်း၏နှုတ်သီးဖြင့် မြေကြီးကိုပေါက်လိုက်လျှင် ရေအိုင် ငယ်တစ်အိုင် ပေါ်ပေါက်သည်အထိ ပြင်းထန်သည်။ ခြေသည်းတို့သည် ဓားလံှကဲ့သို့ ထက် သည်။ ထိုကဲ့သို့ ခက်ထန်ကြမ်းတမ်းကာ လူသားစားသော ငှက်ကြီးရန်ကို ကြောက်ရသဖြင့် ဘုရင်သည် နောက်ဆုံး တစ်ရက်လျှင် မိန်းမပျို (၇) ဦးထိငှက်စာဆက်သရသည်။ 

ပျူစောထီးသည်ငှက်ကြီးနှင့် ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်ပွားပြီး ထိုငှက်ကြီးကို မြှားဖြင့် ပစ်ခတ်သုတ်သင် နိူင်ခဲ့သည်။ ငှက်ကြီး၏ အတောင်တစ်ခုအား နှုတ်ယူကာ ဘုရင်အား အောင်မြင်ကြောင်း ဆက်သရန် မိန်းမပျို (၇) ဦးအား ပေးလိုက်လေသည်။

ဤရန်သူကြီး လေးဦးအပြင် အနှောင့်အယှက် တစ်ခုရှိသေးသည်။ ပုဂံပြည် တစ်ဝန်း၌ ဗူးပင်တို့သည် ဖျက်ဆီး၍ မနိုင်အောင် ပေါက်သည်။ အနွယ်အတက် တို့မှာ အလွန်လျင်မြန်စွာ ပွားကာ တစ်ပင်တစ်နွယ်ကို ဖျက်လျှင် နှစ်ပင်နှစ်နွယ် ဖြစ်လာ၍ တစ်ညွန့်ကို ဖျက်လျှင် နှစ်ညွန့်ဖြစ်လာသည်။

လူသူ မနေနိုင်လောက် အောင် ၊ အသီးအနှံ မစိုက်ပျိုးနိုင် လောက်အောင် အနှောက် အယှက် ပေးနှိပ်စက်နေသည်ကို ပျူစောထီးက ပင် ရှင်းလင်းခဲ့သည်။ ဘုရင် သည် ပျူစောထီးအား အိမ်ရှေ့အရာအပြင် သမီးတော်ကိုလည်း ပေးအပ်ခဲ့ သည်။ နောက်သော် ပျူစောထီးသည် သက်တော်ရှည် ဘုရင်ကြီးအဖြစ် ပုဂံတွင် မင်းပြုခဲ့သည်။

ဤနေရာတွင် ပျူစောထီးဇတ်လမ်းသည် ဒဏ္ဍာရီဆန်လွန်းနေသည်။ ပျူစောထီးသည် လူဖြစ်သည် နဂါးဖြစ်သည်ကိုပင် မသိနိုင်သည့်အပြင် ဤ တိရိစ္ဆာန် များနှင့် မည်သို့ သဘောတူညီ မှုရပြီး တိကျသော အစားသောက် စာရင်း ကိုတွက်ချက်၍ အပေးယူပြုပါ သ နည်း။ ထို တိရိစ္ဆာန်အကောင်ရေကို မည်ကဲ့သို့ ရေတွက်ပါသနည်း။

ထိုမျှကြီးမားသော ငှက်သည် ကျောက်ခေတ်က ဒိုင်နိူဆော ထက်မသေးဟု မှတ်ယူ ရမလို ဖြစ်နေသည်။ ဖြစ်နိူင်သည့်တိုင် ဤငှက်တိရိစ္ဆာန် သည် ပုဂံလို နှစ်ပေါင်းများစွာကတည်းက (Semi Dessert) ကန္တာရဆန်၍ ပူပြင်းသောဒေသ၌ မည်သည့်သစ်ပင်မျိုးတွင် အသိုက်ဆောက် နေထိုင်မည် နည်း။

နားလည်ရအခက်ဆုံးမှာ လူသားစား ခြင်းတူရာတွင် အဘယ့်အတွက် ကြောင့် မိန်းမပျိုသား ကိုမှသာ ရွေး၍စားရ ပါသနည်းဆို သည်ကား အငြင်းပွား ဖွယ်ရာ အကောင်းဆုံး ဖြစ်လာလေသည်။ပျူစေး၏ အရပ်သည် (၅) တောင် ရှိသည်။ ပေအားဖြင့် (၇’၊၅”) ခန့်ရှိလျှင် ယနေ့ခေတ် NBA ဘတ်စကက်ဘော သမား အချို့၏ာထီ အရပ်ခန့်ရှိသဖြင့် ဖြစ်နိူင်ချေရှိသည်။

ဒဏ္ဍာရီကို သမိုင်းဟု သတ်မှတ်၍ မရသော်လည်း တစ်ခါတရံ သမိုင်းကြောင်းသည် ဒဏ္ဍာရီများထဲတွင် ရှိနေတတ် သည်။ ထို့အတွက် ပညာရှင်တို့ပျူစောထီး သမိုင်းအား ဖော်ထုတ်ရန် ကြိုးစားရင်း ငှက်ကြီးနှင့် ပျူစောထီးတို့နှင့် ပတ်သက်၍ ဆက်စပ်မှုများရှာဖွေရင်း ပုထိုးသား များဘုရား၊ အပယ်ရတနာဘုရားနှင့် ကျန်စစ်သားဥမှင် တို့မှ တွေရှိခဲ့ သော နံရံပန်းချီ တို့က အတွေးများ ဖြစ်ပေါ် လာစေသည်။ ပုထိုးသားများဘုရား နံရံပန်းချီတွင် ရှေ့ဆုံးမှအရုပ်သည် ကနေ၍၎င်း၊ ဒုတိယ အရုပ်သည် လက်ခုတ် တီး ၍လိုက်သည်။

တတိယရုပ်မှာ စည်တစ်ခု တီးခတ်ကာ စတုတ္ထရုပ်မှာ စောင်း တီး နေသည်။ ထို့နောက်တွင် ညှင်းမှုတ်သူ အမျိုးသမီး (၂) ဦး ကျွဲချိုမှုတ်ကာ နောက်ဆုံးအမျိုးသမီးမှာ ဗုံတီးနေ သည်။ ထို အမျိုးသမီးများအပြီးတွင် ဒေါက်ချာ ဆောင်း ကာ ကြာပန်းကိုင် ရသေ့ (၅) ဦးရှိသည်။ ထိုမှ မြင်း (၄)ကောင်ဆွဲ ရထား ပေါ်တွင် ဘုရင်နှင့်မိဘုရားတို့ ပါဝင်သော ထွက်တော်မူခန်း နံရံဆေးရေး ပန်းချီ တစ်ခု ဖြစ်လေသည်။

ကျန်စစ်သားဥမှင်တွင် မွန်ဂိုတို့ပုဂံကို ဝင်တိုက်စဉ် အခါက ရေးဆွဲထား သည်ဟု ယူဆရသောနံရံ ပန်းချီ၌ စစ်ဝတ်စုံဝတ်ဆင်ထားသော မွန်ဂိုစစ်သည် များသည် ငှက်များကို မြှားဖြင့် ပစ်ကာ ရလာသောငှက်များကို မွန်ဂို စစ်ဗိုလ်ထံ ဆက်သနေပုံဖြစ်သည်။ ၎င်းသည် ပုဂံ ခေတ်ဦးမှ စစ်ပွဲတစ်ခုဖြစ်နေဟန်ကို ကိုယ်စားပြုပြီး ပုဂံခေတ်နှောင်းလူတို့က စိတ်ကူးနှင့် ရေးဆွဲခြင်း ဖြစ်သည်။

အပါယ်ရတနာတွင် ငှက်ဆင်စီးသူမှ ရသေ့ထံ လာရောက် ကန်တော့ နေလေဟန် တွေ့ရပြန်သည်။ဤ နံရံပန်းချီများကို နံရံဆေးရေးပညာရှင်များ ၊ mythology ခေါ် ဒဏ္ဍာရီလေ့လာခြင်း ဆိုင်ရာတို့ ဆက်စပ်ကြည့်လေရာ- ပုဂံခေတ်ဦးသည် ထေရဝါဒသာသနာ မပေါ်ထွန်း မှီ မဟာယာန၊ ရသေ့၊ ပုဂံ ဘာသာရေးဂိုဏ်း၊ အရည်းကြီး ဂိုဏ်း စသဖြင့် ဂိုဏ်းပေါင်းများစွာ ရှိနေခဲ့သည်။

(အရည်းကြီး အကြောင်း နောင်တွင် ရေးသား ပါမည်။) အရံငှက်များဖြင့် နေထိုင် သော မိန်းမပျိုသား ကိုသာ စားသည်ဟူသောငှက်ကြီး ဟတ္ထိလင်္ဂသည် ၎င်း နာမည် ၏အလည်နှစ်လုံးကို ယူပြီးရှေ့နှင့်နောက် ဖြုတ်လိုက်လျင် ထီးလိုင်ဖြစ်ပြီး ငှက်ဆင်ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ငှက်ကြီးသည် အခြားမဟုတ် ငှက်ဆင် ဘွဲ့ခံ ဂိုဏ်း ခေါင်းဆောင် ဖြစ်ကာ ပုဂံအားဆက်ကြေးတောင်း မင်းမူ နေသော အဖွဲ့ ဖြစ်လေသည်။

ငှက်စာဆက် မိန်းမပျို (၇) ဦးသည် ငှက်ဆင် ဂိုဏ်း ခေါင်း ဆောင်က ၎င်းနှင့် ပျော်ပါးရန် ပျော်တော်ဆက် စေခြင်းဖြစ်လေ သည်။ (၁၀) စုနှစ်တစ်ခုကြာ မင်းမူနေ သော ဤဂိုဏ်းကို ရင်ဆိုင်ရန် အတွက် စစ်တပ်နှင့် မယှဉ်နိူင်လျှင် သူရဲကောင်းချင်း စီးချင်းထိုးရန်သာ ရှိသည်။

ပျူစောထီးသည် ထိုဂိုဏ်းများစွာ အနက်မှ သာသနာကိုကာကွယ်ရန် သိုင်းပညာ တတ်မြှောက် ထားသော ဗူးချောက်ဒေါက်ချာဆောင်း ရသေ့ဂိုဏ်း ခေါင်းဆောင် ထံတွင် သိုင်းပညာ သင်ကြားခဲ့သည်။ ပျူစောထီး သိုင်းပညာတတ်မြောက်ပြီး ချိန်တွင် ထီးလှိုင်အရပ်ရှိ ငှက်ဆင်ဂိုဏ်းချုပ်နှင့် စီးချင်းထိုးရန် သွားရောက် ယှဉ်ပြိုင် သည်။

ပြိုင်ပွဲတွင် ပျူစောထီး အနိုင်ရကာ ငှက်တောင်တစ်ခုအား ဆက်သစေခြင်း ဆိုသည်မှာ ငှက်ဆင်ဂိုဏ်းချုပ်၏ခါးတွင် ချိတ်ထားသော ငှက်ကြီးတောင်ဓား တစ်ချောင်းကို ဆွဲထုတ်ကာ အောင်မြင်ကြောင်း သတင်းပို့ စေခြင်း ဖြစ်သည်။ ပန်းချီကားအား အဓိပ္ပါယ်ဖွင့်ဆိုကြည့်မည် ဆိုလျှင် ရှေ့ဆုံးမှ အရုပ်သည် က၍ လမ်းလျှောက် ခြင်းနှင့် လက်ခုပ်တီးနေဟန်တို့ဖြစ်ပြီး ကခုန်ခြင်း၊ လက်ခုပ်တီး ခြင်းသည် ပျော်ရွှင်သည့်သဘောကို ညွှန်းဆိုသည်။

သို့သော် ကျန်အမျိုးသမီးများ၏ မျက်နှာများသည် မျက်နှာဖုံးစွပ်ထားဟန်ရှိပြီး ၎င်းတို့သည် ငှက်ကြီးထံမှ ကယ် ထုတ် လာသော ပန်တော်ကျများဖြစ်သည်။ တတည်းအားဖြင့် ရှက်၍မျက်နှာအုပ် ထားခြင်းကို ညွှန်းဆို သည်။ဗူးချောက် ဒေါက်ချာဆောင်း ကြာပန်းကိုင် (၅) ဦးမှာ ဆရာရသေ့ကြီး၏ တပည့်များ ဖြစ်သည်။

မြင်း (၄) ကောင်ဆွဲ ရထားထက်က ဘုရင်သည် ပျူစောထီးနှင့် စန္ဒာဒေဝီတို့ ဖြစ်ကာ ပန်းချီကားတစ်ခုလုံး၏ အနှစ်ချုပ်မှာ ပျူစောထီးငှက်ကြီး ကိုအောင်နိူင်ကာ အိမ်ရှေ့မင်း အဖြစ်အပ်နှင်းခံရသော အောင်ပွဲခံအခမ်းနားကို ညွှန်းဆို ခြင်းဖြစ်နိူင်ပါသည်။အပါယ်ရတနာဘုရားမှ ငှက်ဆင်စီးကာ ရသေ့အား လာရောက်ကန် တော့နေဟန်ကို (၂) မျိုး ခွဲ၍ ရှု့မြင်သည်။

ငှက်ဆင်ကိုစီးလာခြင်းသည် ငှက်ဆင် ကို ထိန်းချုပ်ကာ ဆရာရသေ့ကို လာရောက် ဂါရဝပြုနေ သော ပျူစောထီး ဖြစ်နိူင် သလို နောက်တစ်မျိုးမှာ ငှက်ဆင်၏သခင်(ဝါ) ထီးလိုင်ရှင်ကျန်စစ်သား၏ ဆရာ သည် ရသေ့ဖြစ်နိူင်သည် ဟုယူဆသည်။၎င်းအပြင်ဗူးဇတ်လမ်းမှာ ပြည်ပခေတ်ပြိုင် မှတ်တမ်းများနှင့်တိုက်ကြည့် လျှင် သမုဒ္ဒရာဇ်မင်းခေတ် အေဒီ ၂ရာစုမှာ မြန်မာနိုင်ငံ အပါအဝင်အရှေ့တောင် အာရှ ကို စစ်မျက် နှာဖြန့်၍ တိုက်နေသောကမ္ဘောဒီးယား တို့၏ ပထမခမာ အင်ပါယာ မှာ ဖူနမ်(ဝါ)ဗူးနမ် အင်ပါယာ ဟုရှိခဲ့ဖူးသည်။

၎င်း ဗူးနမ်တပ်သည် တို့သည် ပြည်သူများ ထွန်ယက် စိုက်ပျိုးမရအောင် နှောက်ယှက်ခြင်း ဖြစ်နိုင် သည်။ ၎င်းတို့အားအတိုကောက်အားဖြင့် ခေါ်ဆိုရာ ဗူးနမ်မှဗူး ဟုခေါ်ဆိုကာ ဗူးရန်ကို အောင်နိုင်ခြင်းသည် ဗူးပင်များကို အောင်နိုင် ခြင်းထက် ခမာတို့၏ ဗူးနမ်တပ်ကို အောင်နိုင်ခြင်းဟု ယူဆနိူင်ပါသည်။ထို့အပြင် ပုထိုးသားများဘုရားတွင် ပုဂံမင်း တစ်ပါးဘုရားကန်တော့ ဟန်သည် အနည်းငယ်ထူးခြားမှု ရှိသည်။

ထိုမင်းဆောင်းထားသော မကိုဋ် သည် ဗူးဘုရားနှင့် တူသကဲ့သို့ ထိပ်ပိုင်းမှာလည်း ဗူးဘုရား၏ ကြာလှန် ကြာမှောက်နှင့် တူနေသည်။ ၎င်းမင်းကို ပျူစောထီး ဟုယူဆသည်။ ထို့ကြောင့် ပျူစောထီး နှင့်ဗူးဘုရား မည်သို့ ဆက်စပ်နေပါသနည်းဆို လျှင် ပျူစောထီးသည် တိုက်ပွဲ များ စွာအောင်နိူင်သဖြင့် မိမိဆရာကို တနည်းတဖုံ ဂါရဝပြု ကျေးဇူးဆပ်လို သဖြင့်ဆရာရသေ့ ဆောင်းသော ဗူးချောက်ဒေါက်ချာကို အတုယူ၍ဗူးဘုရားအား ပုဂံ၏အောင်မြေ နှင့်အောင်မြင်ခြင်း အထိန်းမှတ်ဘုရား အဖြစ်တည်ခဲ့သည်။

ဗူးဘုရားသည် သရေခေတ္တရာရှိ ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာကဲ့သို့ပင် ပျူတို့၏ ယဉ်ကျေးမှု အမွေကိုပုဂံမြေက ဆက်ခံရ လိုက်ရာတွင် အမြင်သာဆုံး ဘုရားတစ်ဆူ ဖြစ်သည်။ သို့သော်လည်း ပုဂံမြေ ပေါ်၌ ပထမဦးဆုံး ဘုရား ဟုတော့ မဆိုလိုပါ။ ထိုထက်စော သော ဘုရားများ စွာသည် ပုဂံမြေတွင် ယနေ့တိုင်တွေ့ နေရပါသည်။

ပေါက်ပင်ရာ ၊ ငကျွဲနား ဋောင်း ဘုရားတို့ သည် ဗူးဘုရား၏မျိုးဆက် များပင် ဖြစ်ပေသည်။ ပျူစောထီးနှင့်ပတ်သက်၍ မြန်မာ့မြေတွင် ကျောက်စာ၊ မှတ်တမ်း တိတိကျကျ မရှိသဖြင့် ပျူစောထီးဒဏ္ဍာရီ သည် အတိကျ ညွှန်း ရန်ထက် ပျူစောထီးပင် တကယ် ရှိမရှိ အငြင်းပွားမှုရှိခဲ့ဖူးသည်။

သို့သော် ပျူစောထီးကို တရုတ်စစ်သူကြီး ချူကောလိယန်းက တိုက်ခိုက်ဖူး ကြောင်း၊ ချူကောလိ ယန်း စစ်ရှုံးပြီးနောက် တပ်ပြန် သိမ်း ကာ ယူနန်နယ် အုပ်ချုပ်ဖို့ပေးခဲ့ ရကြောင်း တရုတ်မှတ်တမ်း တစ်ခုက ဖော်ပြဖူးသည်။ 1975 ခုနှစ်တွင် လှုပ်ခဲ့သောငလျှင်ကြောင့် ဗူးဘုရားတစ်ဆူလုံး ဧရာဝတီမြစ်အတွင်းသို့ ထိုးကျသွား ခဲ့သည်။

ဗူးဘုရားအား ပြန်လည်တည် ဆောက် ရန် အတွက် မူလဌာပ နာတိုက်တူးဖော်ရာမှ မြေအနက် (၁၆) ပေတွင် အေဒီ (3) ရာစုခန့်ဟုယူဆရသော အုတ်ခွက် ဘုရား အမြောက်အမြား တူးဖော် ရရှိခဲ့ပြီး ပုံစီတူ ဗူးဘုရား အသစ် တွင် ပြန်လည်ဌာပနာခဲ့သည်။

မည်သို့ဆိုစေ ဗူးဘုရားသည် အေဒီ (2-3) ရာစု ခန့်ကတည်ခဲ့သော ဘုရား တစ်ဆူဖြစ်ပါ ကြောင်း တင်ပြလိုက်ပါသည်။