မျက်မှောက်ခေတ်ကာလ ခေါ်တွင်လျက်ရှိသော တောင်တွင်းကြီးမြို့သည် ပုဏ္ဏဝတီခေတ်နှင့် တောင်တွင်းကြီးခေတ် စသည့် ခေတ်နှစ်ခေတ်ကို ဖြတ်သန်းကျော်လွန်ခဲ့ရသည်။
တောင်တွင်းကြီးခေတ်တွင် တောင်တွင်းကြီးမြို့ကို အုပ်ချုပ်စိုးစံခဲ့သည့် မင်းဆက်ပေါင်း(၃၁)ဆက်ရှိသည်။မင်းဆက်(၂၃)ဆက်မြောက်မင်းသည် သီဟပတေ့မင်း ပင်ဖြစ်သည်။ မင်းပြောင်မင်းကြီးကဲ့သို့ တောင်တွင်းကြီးမြို့ဂုဏ်ဆောင်မင်းအဖြစ်သတ်မှတ်ခံခဲ့ရသည်။
ခရစ်နှစ် (၁၂၈၇) ခုနှစ်တွင် ပုဂံပြည်ကို ကျော်စွာမင်း အုပ်ချုပ်စိုးစံစဉ်ကာလ က သီဟပတေ့မင်းသည် ကျော်စွာမင်း၏တူတော် ပွင့်လှဦး မင်းသားပင်ဖြစ်သည်။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ရာ၌ကျော်ကြားလှ၏ မင်းစည်းစိမ်ထက် သီလကိုပို၍တန်ဖိုးထားသူဖြစ်သည်။ ကျော်စွာမင်းသည် တူတော်ပွင့်လှဦးမင်းသားကို သမီးတော် စောပုလဲနှင့် လက်ဆက်ထိမ်းမြားပေးခဲ့သည်။
ထို့နောက် ဗိုလ်ပါ၊ ဆင်မြင်း၊ ရဲမက်၊ စစ်သည်၊ အလုံအလောက်ပေးအပ်ချီးမြှင့်ကာ တောင်တွင်းကြီးမြို့ပြန်လည်တည်ထောင်ရန် စေလွှတ်တော်မူခဲ့သည်။ ခရစ်နှစ် (၁၂၇၈) ခုနှစ်တွင် ပွင့်လှဦးမင်းသားသည် သီဟပတေ့ဘွဲ့အမည်ဖြင့် တောင်တွင်းကြီးမြို့ကို ပြန်လည်တည်ထောင်ကာ အုပ်ချုပ်စိုးစံတော်မူခဲ့သည်။
တောင်တွင်းဘုရင် သီဟပတေ့မင်းလက်ထက်တွင် ပေါ်တူဂီလူမျိုး ငဇင်ကာ အမည်ရှိ ပုဂ္ဂိုလ်တစ်ဦး လာရောက်၍ အမှုထမ်းခဲ့သည်။ ငဇင်ကာသည် ပြဒါး၊ သံလုံးနှင့် ကျောက်ခဲ တို့ကို ချက်လုပ်ပြီး ငွေဖြစ်စေသော နည်းပညာကို တတ်ကျွမ်းလျက်ရှ်ိသည်။
သီဟပတေ့မင်းအား လက်တွေ့ငွေချက်ပြ၏ သီဟပတေ့မင်းသည် ကျောက်တုံးမှငွေချက်သည့် နည်းပညာကို ကိုယ်တိုင်သိမြင်သောအခါ ဆင်းရဲချို့တဲ့လျက်ရှိသော တိုင်းသူပြည်သားများကို သဿမေဓအခွန်ကောက်ခံခြင်းကို ရပ်တန့်၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါအံ့၊
သာသနာတော်စည်ပင်ထွန်းလင်း စေရန်သာသနာပြုလုပ်ငန်းကို စွမ်းဆောင်ပါအံ့၊ မှန်ကန်သောနည်လမ်းဖြင့် နိုင်ငံတော်တိုးတက်ကြီးပွား ကြွယ်ဝစေရန် ဆောင်ရွက်ပါအံ့ တိုင်းတပါးတို့က လာရောက်မတ်ိုက်ခိုက်နိုင်စေရန် အင်အားကြီးမားလှသော တ်ိုင်းပြည်ထူထောင်နိုင်ရေးကို လုံးလပြုပါအံ့၊ ဟူသော အတွေးသည် ဝင်ရောက်လာခဲ့ပေ၏
ဤသို့ဖြင့် သီဟပတေ့မင်းသည် တောင်တွင်းကြီးမြို့ကို ကျေးဇူးပြုမည့် ငဇင်ကာအား သမီးတော် စောမွန်စီနှင့် လက်ဆက်ထိမ်းမြားပေးကာ မြို့အရှေ့ဘက်ခရီးတစ်တိုင်အကွာတွင်နေထိုင်ရန် အိမ်တော်တစ်ဆောင်ကိုဆောက်လုပ်ပေးခဲ့သည်။ ငွေချက်၍ ရသော ကျောက်များကို ပေးပို့၍ငွေချက်စေခဲ့သည်။ တစ်နေ့လျှင် ဆင်မယဉ်သာ တစ်ဦးခေါင်းခန့်ရသည်ဟူ၏
ပုဂံကျော်စွာမင်းကြီးသည် တူတော်သီဟပတေ့မင်းက မြေးတော် စောမွန်စီနှင့် လူမျိုးခြားငဇင်ကာတို့အား လက်ဆက်ထိမ်းမြားပေးကြောင်းကိုကြားသိရသောအခါ လွန်စွာဒေါသထွက်မိတော့၏ တူတော် တောင်တွင်းသီဟပတေ့မင်း၊ မြေးတော်စောမွန်စီနှင့် လူမျိုးခြားငဇင်ကာ တို့ကိုကွပ်မျက်သုတ်သင်ရန် မိမိလက်အောက် ပုပ္ပါးမြို့စား ငသက်ရှည်ကို မင်းမှုထမ်းအင်အား အလုံးအရင်းဖြင့် ဖမ်းဆီးရန် စေလွှတ်တော်မူခဲ့သည်။
တောင်တွင်းဘုရင် သီဟပတေ့မင်းသည် လာရောက်ဖမ်းဆီးမည့် ပုပ္ပါးမြို့စား ငသက်ရှည် ဦးဆောင်သော မင်းမှုထမ်းများစွာတို့အား ခုခံတိုက်ခိုက်ခြင်းမပြုရ၊ မည်သည့်လက်နက်မျိုးကိုမျှမကိုင်ဆောင်ရ၊ အေးမြသောမေတ္တာစိတ်ဖြင့် ခရီးဦးကြိုဆိုခြင်းကိုပြုရမည်ဟု အမိန့်တော်ချမှတ်ထားခဲ့သည်။ ထိုအကြောင်းအရာများကို သိမြင်သောအခါ ပုပ္ပါးမြို့စားမင်းသည်လွန်စွာအံ့သြဝမ်းမြောက်မိသွား၏ စစ်နှင့် ဆန့်ကျင်ဘက်ငြိမ်းချမ်းရေး မြင်ကွင်းပင်ဖြစ်သည်။
ပုပ္ပါးမြို့စားသည် သီဟပတေ့မင်း၏ ကျေးဇူးသိတတ်မှု မေတ္တာကြီးမားမှု သစ္စာရှိမှုတိုကို လေးစားကြည်ညိုမိကြောင်း အရှင်မင်းကြီး၏ ယူဆချက်များမှားယွင်းနေကြောင်းသဝဏ်လွှာစာရေး၍ မြင်းစစ်သည်တော်တစ်ဦးအား ပုဂံကျော်စွာမင်းကြီးထံ ဆက်သစေတော်မူခဲ့သည်။ သီဟပတေ့မင်းသည် ပုဂံပြည်သို့ရောက်သောအခါ ဦးရီးတော်ကျော်စွာမင်းထံ ရှေးဦးစွာသွားရောက် ခစားဖူးမြင်တော်မူခဲ့သည်။
ထို့နောက် သမီးတော်ကို ငဇင်ကာနှင့်လက်ဆက်ထိမ်းမြားပေးမှုကြောင့် တောင်တွင်းကြီးမြို့တော်သည် လွန်စွာချမ်းသာကြွယ်ဝလျက်ရှိနေပြီဖြစ်သည်။ တိုင်းပြည်အကျိုး သာသနာအကျိုးကိုလည်း မိမိစိတ်တိုင်းကျစွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း မုသားမဖက်သည့်သစ္စာစကားများကိုလျှောက်တင်တော်မူခဲ့သည်။
ထိုအခါပုဂံကျော်စွာမင်းကြီးသည် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်မိကာ တောင်တွင်းကြီးသမိုင်းတွင် ထင်ရှားစေပါအံ့ဟု တူတော်သီဟပတေ့မင်းကို မဟာသီဟပတေ့မင်း ဘွဲ့ချီးမြှောက်ကာ ပုပ္ပါးမြို့နှင့် ကျောက်ပန်းတောင်းမြို့တော်ကိုပါ အပိုင်စားပေးသနားတော်မူခဲ့သည်။ သမီးတော် စောပုလဲကိုလည်း သီရိမဟာ ရတနာဒေဝီ ဘွဲ့ထူးကိုပေးသနားတော်မူခဲ့ပြန်သည်။ ထိုအချိန်မှစ၍ တောင်တွင်းကြီးသမိုင်းတွင် လွန်စွာထင်ရှားလာပေတော့သည်။
သီဟပတေ့မင်း၏ ကောင်းမှုတော်
မြန်မာသက္ကရာဇ် (၆၄၀)ခုနှစ်တွင် သီဟပတေ့မင်းသည် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်အား အတောင် (၃၀)မှ (၆၆)တောင် (၂)မိုက်အထိ ဉာဏ်တော်ကို တိုးမြှင့်ခဲ့သည်။ ထို့ပြင် စေတီတော်၏ ပထမအဆင့်တွင် စေတီရံ (၁၇၅)ဆူ၊ ဒုတိယအဆင့်တွင် (၁၄၈)ဆူ၊ တတိယအဆင့်တွင် (၉၁)ဆူ၊ စုစုပေါင်းစေတီရံ (၄၁၄)ဆူ တည်ထားကိုးကွယ်ခဲ့သည်။
ဖိနပ်တော်၏အဝန်းကို အတောင်(၁၂၀)အထိ တိုးချဲ့ တည်ထားတော်မူခဲ့သည်။ အလျား(၁၂)တောင်၊ ထု တစ်ထောင့်ထွာခန့်ရှိ ကျောက်ဖျာကြီးများကို မကျိုးမပဲ့ရအောင် သယ်ဆောင်စေပြီး ရင်ပြင်တော်လေးမျက်နှာဝယ် စောင်းတန်း လှေကားကြီးများ ပြုလုပ်ထားတော်မူခဲ့သည်။
စေတီရင်ပြင်တော်ပေါ်တွင် ကြေးစည်တိုင်၊ ခေါင်းလောင်းတိုင် ကျောက်ပရိုဏ်း တို့က်ိုလည်း အရှည်တည်တံ့ခိုင်မြဲစေရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ပထမမြို့တည်မင်းတို့၏လက်ထက် စပါးကြီးမြွေ ရစ်ပတ်ခွေထားသည့်အသွင်ဟန်မခြား ကျောက်သားစပါးကြီးမြွေကို ပြုလုပ်ထားတော်မူခဲ့သည်။
သီဟပတေ့မင်းနှင့်တကွ မိဖုရားကြီး သားတော်၊ သမီးတော်တို့၏ ကိုယ်အလေးချိန်အတိုင်း ရွှေကိုယ်လေး၊ ငွေကိုယ်လေး ချိန်စက်၍ ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်ဝယ် ဌာပနာကာ ပူဇော်တော်မူခဲ့သည်။
ထို့ပြင် အနောက်ပန်းသွင်းရွာ၊ အရှေ့ပန်းသွင်းရွာ၊ ဆီမီးထွန်းရွာ၊ ကျွဲဖြူကန်ရွာ၊ ခင်တဲရွာ၊ ကြက်မောက်ရွာ၊ အုတ်ဖိုရွာ ဤရွာကြီး (၇) ရွာ နှင့် တကွ နယ်နိမိတ်လေးရပ်သတ်မှတ်၍ ဝတ်မိုးဝတ်မြေ အဖြစ် လှူဒါန်းခဲ့ကြောင်း သမိုင်းမှတ်တမ်းများမှသိရပါသည်။
ပုဏ္ဏဝတီ တောင်တွင်းကြီးမြို့နယ်မဂ္ဂဇင်း အမှတ်(၃)
Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi
မ်က္ေမွာက္ေခတ္ကာလ ေခၚတြင္လ်က္ရွိေသာ ေတာင္တြင္းႀကီးၿမိဳ႕သည္ ပုဏၰဝတီေခတ္ႏွင့္ ေတာင္တြင္းႀကီးေခတ္ စသည့္ ေခတ္ႏွစ္ေခတ္ကို ျဖတ္သန္းေက်ာ္လြန္ခဲ့ရသည္။
ေတာင္တြင္းႀကီးေခတ္တြင္ ေတာင္တြင္းႀကီးၿမိဳ႕ကို အုပ္ခ်ဳပ္စိုးစံခဲ့သည့္ မင္းဆက္ေပါင္း(၃၁)ဆက္ရွိသည္။မင္းဆက္(၂၃)ဆက္ေျမာက္မင္းသည္ သီဟပေတ့မင္း ပင္ျဖစ္သည္။ မင္းေျပာင္မင္းႀကီးကဲ့သို႔ ေတာင္တြင္းႀကီးၿမိဳ႕ဂုဏ္ေဆာင္မင္းအျဖစ္သတ္မွတ္ခံခဲ့ရသည္။
ခရစ္ႏွစ္ (၁၂၈၇) ခုႏွစ္တြင္ ပုဂံျပည္ကို ေက်ာ္စြာမင္း အုပ္ခ်ဳပ္စိုးစံစဥ္ကာလ က သီဟပေတ့မင္းသည္ ေက်ာ္စြာမင္း၏တူေတာ္ ပြင့္လွဦး မင္းသားပင္ျဖစ္သည္။ ရတနာသုံးပါးကို ဆည္းကပ္ကိုးကြယ္ရာ၌ေက်ာ္ၾကားလွ၏ မင္းစည္းစိမ္ထက္ သီလကိုပို၍တန္ဖိုးထားသူျဖစ္သည္။ ေက်ာ္စြာမင္းသည္ တူေတာ္ပြင့္လွဦးမင္းသားကို သမီးေတာ္ ေစာပုလဲႏွင့္ လက္ဆက္ထိမ္းျမားေပးခဲ့သည္။
ထို႔ေနာက္ ဗိုလ္ပါ၊ ဆင္ျမင္း၊ ရဲမက္၊ စစ္သည္၊ အလုံအေလာက္ေပးအပ္ခ်ီးျမႇင့္ကာ ေတာင္တြင္းႀကီးၿမိဳ႕ျပန္လည္တည္ေထာင္ရန္ ေစလႊတ္ေတာ္မူခဲ့သည္။ ခရစ္ႏွစ္ (၁၂၇၈) ခုႏွစ္တြင္ ပြင့္လွဦးမင္းသားသည္ သီဟပေတ့ဘြဲ႕အမည္ျဖင့္ ေတာင္တြင္းႀကီးၿမိဳ႕ကို ျပန္လည္တည္ေထာင္ကာ အုပ္ခ်ဳပ္စိုးစံေတာ္မူခဲ့သည္။
ေတာင္တြင္းဘုရင္ သီဟပေတ့မင္းလက္ထက္တြင္ ေပၚတူဂီလူမ်ိဳး ငဇင္ကာ အမည္ရွိ ပုဂၢိုလ္တစ္ဦး လာေရာက္၍ အမႈထမ္းခဲ့သည္။ ငဇင္ကာသည္ ျပဒါး၊ သံလုံးႏွင့္ ေက်ာက္ခဲ တို႔ကို ခ်က္လုပ္ၿပီး ေငြျဖစ္ေစေသာ နည္းပညာကို တတ်ကျွမ်းလျက်ရှ်ိသည်။
သီဟပေတ့မင္းအား လက္ေတြ႕ေငြခ်က္ျပ၏ သီဟပေတ့မင္းသည္ ေက်ာက္တုံးမွေငြခ်က္သည့္ နည္းပညာကို ကိုယ္တိုင္သိျမင္ေသာအခါ ဆင္းရဲခ်ိဳ႕တဲ့လ်က္ရွိေသာ တိုင္းသူျပည္သားမ်ားကို သႆေမဓအခြန္ေကာက္ခံျခင္းကို ရပ္တန့္၍ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးပါအံ့၊
သာသနာေတာ္စည္ပင္ထြန္းလင္း ေစရန္သာသနာျပဳလုပ္ငန္းကို စြမ္းေဆာင္ပါအံ့၊ မွန္ကန္ေသာနည္လမ္းျဖင့္ နိုင္ငံေတာ္တိုးတက္ႀကီးပြား ႂကြယ္ဝေစရန္ ေဆာင္႐ြက္ပါအံ့ တိုင္းတပါးတို႔က လာရောက်မတ်ိုက်ခိုက်နိုင်စေရန် အင္အားႀကီးမားလွေသာ တ်ိုင်းပြည်ထူထောင်နိုင်ရေးကို လုံးလျပဳပါအံ့၊ ဟူေသာ အေတြးသည္ ဝင္ေရာက္လာခဲ့ေပ၏
ဤသို႔ျဖင့္ သီဟပေတ့မင္းသည္ ေတာင္တြင္းႀကီးၿမိဳ႕ကို ေက်းဇူးျပဳမည့္ ငဇင္ကာအား သမီးေတာ္ ေစာမြန္စီႏွင့္ လက္ဆက္ထိမ္းျမားေပးကာ ၿမိဳ႕အေရွ႕ဘက္ခရီးတစ္တိုင္အကြာတြင္ေနထိုင္ရန္ အိမ္ေတာ္တစ္ေဆာင္ကိုေဆာက္လုပ္ေပးခဲ့သည္။ ေငြခ်က္၍ ရေသာ ေက်ာက္မ်ားကို ေပးပို႔၍ေငြခ်က္ေစခဲ့သည္။ တစ္ေန႕လွ်င္ ဆင္မယဥ္သာ တစ္ဦးေခါင္းခန့္ရသည္ဟူ၏
ပုဂံေက်ာ္စြာမင္းႀကီးသည္ တူေတာ္သီဟပေတ့မင္းက ေျမးေတာ္ ေစာမြန္စီႏွင့္ လူမ်ိဳးျခားငဇင္ကာတို႔အား လက္ဆက္ထိမ္းျမားေပးေၾကာင္းကိုၾကားသိရေသာအခါ လြန္စြာေဒါသထြက္မိေတာ့၏ တူေတာ္ ေတာင္တြင္းသီဟပေတ့မင္း၊ ေျမးေတာ္ေစာမြန္စီႏွင့္ လူမ်ိဳးျခားငဇင္ကာ တို႔ကိုကြပ္မ်က္သုတ္သင္ရန္ မိမိလက္ေအာက္ ပုပ္ပါးမြို့စား ငသက္ရွည္ကို မင္းမႈထမ္းအင္အား အလုံးအရင္းျဖင့္ ဖမ္းဆီးရန္ ေစလႊတ္ေတာ္မူခဲ့သည္။
ေတာင္တြင္းဘုရင္ သီဟပေတ့မင္းသည္ လာေရာက္ဖမ္းဆီးမည့္ ပုပ္ပါးမြို့စား ငသက္ရွည္ ဦးေဆာင္ေသာ မင္းမႈထမ္းမ်ားစြာတို႔အား ခုခံတိုက္ခိုက္ျခင္းမျပဳရ၊ မည္သည့္လက္နက္မ်ိဳးကိုမွ်မကိုင္ေဆာင္ရ၊ ေအးျမေသာေမတၱာစိတ္ျဖင့္ ခရီးဦးႀကိဳဆိုျခင္းကိုျပဳရမည္ဟု အမိန့္ေတာ္ခ်မွတ္ထားခဲ့သည္။ ထိုအေၾကာင္းအရာမ်ားကို သိျမင္ေသာအခါ ပုပ္ပါးမြို့စားမင်းသည်လွန်စွာအံ့သြဝမ်းမြောက်မိသွား၏ စစ္ႏွင့္ ဆန့္က်င္ဘက္ၿငိမ္းခ်မ္းေရး ျမင္ကြင္းပင္ျဖစ္သည္။
ပုပ္ပါးမြို့စားသည် သီဟပေတ့မင္း၏ ေက်းဇူးသိတတ္မႈ ေမတၱာႀကီးမားမႈ သစၥာရွိမႈတိုကို ေလးစားၾကည္ညိုမိေၾကာင္း အရွင္မင္းႀကီး၏ ယူဆခ်က္မ်ားမွားယြင္းေနေၾကာင္းသဝဏ္လႊာစာေရး၍ ျမင္းစစ္သည္ေတာ္တစ္ဦးအား ပုဂံေက်ာ္စြာမင္းႀကီးထံ ဆက္သေစေတာ္မူခဲ့သည္။ သီဟပေတ့မင္းသည္ ပုဂံျပည္သို႔ေရာက္ေသာအခါ ဦးရီးေတာ္ေက်ာ္စြာမင္းထံ ေရွးဦးစြာသြားေရာက္ ခစားဖူးျမင္ေတာ္မူခဲ့သည္။
ထို႔ေနာက္ သမီးေတာ္ကို ငဇင္ကာႏွင့္လက္ဆက္ထိမ္းျမားေပးမႈေၾကာင့္ ေတာင္တြင္းႀကီးၿမိဳ႕ေတာ္သည္ လြန္စြာခ်မ္းသာႂကြယ္ဝလ်က္ရွိေနၿပီျဖစ္သည္။ တိုင္းျပည္အက်ိဳး သာသနာအက်ိဳးကိုလည္း မိမိစိတ္တိုင္းက်စြမ္းေဆာင္နိုင္ခဲ့ၿပီျဖစ္ေၾကာင္း မုသားမဖက္သည့္သစၥာစကားမ်ားကိုေလွ်ာက္တင္ေတာ္မူခဲ့သည္။
ထိုအခါပုဂံေက်ာ္စြာမင္းႀကီးသည္ လြန္စြာဝမ္းေျမာက္ဝမ္းသာျဖစ္မိကာ ေတာင္တြင္းႀကီးသမိုင္းတြင္ ထင္ရွားေစပါအံ့ဟု တူေတာ္သီဟပေတ့မင္းကို မဟာသီဟပေတ့မင္း ဘြဲ႕ခ်ီးျမႇောက္ကာ ပုပ္ပါးမြို့နှင့် ေက်ာက္ပန္းေတာင္းၿမိဳ႕ေတာ္ကိုပါ အပိုင္စားေပးသနားေတာ္မူခဲ့သည္။ သမီးေတာ္ ေစာပုလဲကိုလည္း သီရိမဟာ ရတနာေဒဝီ ဘြဲ႕ထူးကိုေပးသနားေတာ္မူခဲ့ျပန္သည္။ ထိုအခ်ိန္မွစ၍ ေတာင္တြင္းႀကီးသမိုင္းတြင္ လြန္စြာထင္ရွားလာေပေတာ့သည္။
သီဟပေတ့မင္း၏ ေကာင္းမႈေတာ္
ျမန္မာသကၠရာဇ္ (၆၄၀)ခုႏွစ္တြင္ သီဟပေတ့မင္းသည္ ေဇယ်မဂၤလာေ႐ႊအင္းေတာင္ေစတီေတာ္အား အေတာင္ (၃၀)မွ (၆၆)ေတာင္ (၂)မိုက္အထိ ဉာဏ္ေတာ္ကို တိုးျမႇင့္ခဲ့သည္။ ထို႔ျပင္ ေစတီေတာ္၏ ပထမအဆင့္တြင္ ေစတီရံ (၁၇၅)ဆူ၊ ဒုတိယအဆင့္တြင္ (၁၄၈)ဆူ၊ တတိယအဆင့္တြင္ (၉၁)ဆူ၊ စုစုေပါင္းေစတီရံ (၄၁၄)ဆူ တည္ထားကိုးကြယ္ခဲ့သည္။
ဖိနပ္ေတာ္၏အဝန္းကို အေတာင္(၁၂၀)အထိ တိုးခ်ဲ့ တည္ထားေတာ္မူခဲ့သည္။ အလ်ား(၁၂)ေတာင္၊ ထု တစ္ေထာင့္ထြာခန့္ရွိ ေက်ာက္ဖ်ာႀကီးမ်ားကို မက်ိဳးမပဲ့ရေအာင္ သယ္ေဆာင္ေစၿပီး ရင္ျပင္ေတာ္ေလးမ်က္ႏွာဝယ္ ေစာင္းတန္း ေလွကားႀကီးမ်ား ျပဳလုပ္ထားေတာ္မူခဲ့သည္။
ေစတီရင္ျပင္ေတာ္ေပၚတြင္ ေၾကးစည္တိုင္၊ ေခါင္းေလာင္းတိုင္ ေက်ာက္ပရိုဏ္း တို့က်ိုလည်း အရွည္တည္တံ့ခိုင္ၿမဲေစရန္ စီစဥ္ေဆာင္႐ြက္ခဲ့သည္။ ပထမၿမိဳ႕တည္မင္းတို႔၏လက္ထက္ စပါးႀကီးေႁမြ ရစ္ပတ္ေခြထားသည့္အသြင္ဟန္မျခား ေက်ာက္သားစပါးႀကီးေႁမြကို ျပဳလုပ္ထားေတာ္မူခဲ့သည္။
သီဟပေတ့မင္းႏွင့္တကြ မိဖုရားႀကီး သားေတာ္၊ သမီးေတာ္တို႔၏ ကိုယ္အေလးခ်ိန္အတိုင္း ေ႐ႊကိုယ္ေလး၊ ေငြကိုယ္ေလး ခ်ိန္စက္၍ ေဇယ်မဂၤလာ ေ႐ႊအင္းေတာင္ေစတီေတာ္ဝယ္ ဌာပနာကာ ပူေဇာ္ေတာ္မူခဲ့သည္။
ထို႔ျပင္ အေနာက္ပန္းသြင္း႐ြာ၊ အေရွ႕ပန္းသြင္း႐ြာ၊ ဆီမီးထြန္း႐ြာ၊ ကြၽဲျဖဴကန္႐ြာ၊ ခင္တဲ႐ြာ၊ ၾကက္ေမာက္႐ြာ၊ အုတ္ဖို႐ြာ ဤ႐ြာႀကီး (၇) ႐ြာ ႏွင့္ တကြ နယ္နိမိတ္ေလးရပ္သတ္မွတ္၍ ဝတ္မိုးဝတ္ေျမ အျဖစ္ လႉဒါန္းခဲ့ေၾကာင္း သမိုင္းမွတ္တမ္းမ်ားမွသိရပါသည္။
ပုဏၰဝတီ ေတာင္တြင္းႀကီးၿမိဳ႕နယ္မဂၢဇင္း အမွတ္(၃)
Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္