ကိုလိုနီလက်ချက်နဲ့ ဖျက်စီးပစ်ခံရလို့ ပျောက်ကွယ်သွားခဲ့ရတဲ့ ကျိုက်မြတ်သံချိုစေတီ

The Old Rangoon စာအုပ်ရေးတဲ့ နိုဝယ်ဆင်းဂါးက သူ့စာအုပ်မှာ ရေးတော့ ရန်ကုန်မြို့သစ်တည်ချိန်မှာ သမိုင်းဝင်အဆောက်အုံတွေ အဖြိုဖျက်ခံလိုက်ရတဲ့အတွက် သူအလွန်ဝမ်းနည်းကြောင်း၊ သမိုင်းတန်ဖိုး ဆုံးရှုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းကို စာအုပ်အမှာစာမှာ တခုတ်တရ ရေးသားခဲ့ပါတယ်။

အဲ့ဒီအချိန်က မြန်မာတို့ရဲ့ ကြီးကြီးမားမား အဆောက်အုံဆိုတာ စေတီပုထိုးတွေပဲရှိတာပါ။ နိုဝယ်ဆင်းဂါးကလည်း ဒါကိုပဲ ရည် ညွှန်းလိုဟန်ရှိပါတယ်။ သူကိုယ်တိုင်ကလည်း သူ့ရဲ့ လူငယ်ဘဝတလျောက်လုံးက မြန်မာပြည်မှာ ကြီးပြင်းခဲ့ရသူဖြစ်သလို သူ့လူမျိုးရဲ့ မဆင်မခြင်လုပ်ရပ်တွေအပေါ်မှာ အားနားဟန်ရှိတာကို သူ့စာတွေမှာ တွေ့ရပါတယ်။

သူက “ရန်ကုန်မြို့သစ်တည်ဖို့ ဗြိတိသျှတို့ မြို့ကိုရှင်းလိုက်ချိန်တွင် ကြွင်းကျန်ရစ်ခဲ့သော ဘုရားများမှာ ဆူးလေနှင့် ဗိုလ်တထောင်နှစ်ဆူသာ ကျန်ရစ်ခဲ့သည်။ ထိုအချိန်က ဗိုလ်တထောင်မှာ ရွှေမချသေးတဲ့အတွက် အင်္ဂလိပ်တို့က ဘုရားဖြူဟုသာ ခေါ်ခဲ့ကြသည်” လို့ ရေးခဲ့တယ်။ ကျန်ရစ်တာကိုသာ ဖော်ပြပြီး အဖြိုခံရတဲ့ ဘုရားတွေအကြောင်း အတိအကျဖော်မပြခဲ့ပါဘူး။

ဒါပေမယ့် ၁၈၂၄ ခုနှစ် က အစောဆုံးနဲ့ရှေးအကျဆုံး ရေးဆွဲထားတဲ့ J.Grierson ရဲ့ Twelve Select Views of the Seat of War စာအုပ်ထဲက ဆူးလေစေတီနဲ့ ပတ်ဝန်းကျင်ပုံ ရေးဆွဲထားတဲ့ ပန်းချီ ကားကိုတော့ ဖော်ပြညွှန်းဆိုခဲ့ပါတယ်။ အဲ့ဒီပန်းချီကားဟာ ဆူးလေစေတီကို အခုမြို့တော်ခန်းမရှေ့ကနေ ရေးဆွဲထားတာ။ ဆူးလေစေတီတော်ရဲ့နောက်မှာ စေတီနှစ်ဆူပုံပါ ရှိနေတာကို တွေ့မြင်နိုင်ပါတယ်။

အဲ့ဒီစေတီနှစ်ဆူက ကျိုက်မြတ်သံချိုစေတီနဲ့ သျှင်ပင်ရွှေကြိုးစေတီတို့ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီအကြောင်းမပြောမီ ရန်ကုန်မြို့သစ်တည်ဖို့ ပြင်ဆင်ကြပုံအကြောင်း အနည်းငယ်ပြောဖို့ လိုမယ်ထင်တယ်။ မှတ်တမ်းမှတ်ရာတွေအရဆိုရင် စစ်အင်ဂျင်နီယာ ဗိုလ်အလက်ဇန္ဒားဖရေဇာက ၁၈၅၂ ခုနှစ် စက်တင်ဘာလထဲမှာ သူ့အကြံ တည်ဆောက်ရေးအဖွဲ့ကို ချပြခဲ့တယ်။

သူက ရန်ကုန်မြို့သစ်ကို စစ်တုရင်ခုံကွက်ပုံစံအတိုင်း အကွက်ချတည်ဆောက်ဖို့၊ ကမ်းနားလမ်းတလျောက်ကို ဟင်းလင်းပြင်အတိုင်းထားပြီး စီပွားရေးမြို့ပုံစံဖော်ဖို့၊ မြစ်ကမ်းပါး ရေတိုက်စားမှု့ကို ပထမဆုံး အကာကွယ်လုပ်ဖို့။

လမ်းတွေကို အနည်းဆုံးပေ ၆ဝ ရှိဖို့၊ ၂ လမ်းကျဉ်း တလမ်းကျယ်ထားဖို့၊ လမ်းကျယ်ကို ပေတရာထားဖို့နဲ့ နှစ်လမ်းအကျယ်ပြီးတာနဲ့ ပေ နှစ်ရာ လမ်းကျယ်တလမ်းဆိုပြီး အစီစဉ်ချခဲ့သလို ရန်ကုန်မှာရှိတဲ့ ကုန်းတွေကိုဖြိုပြီး အနိမ့်ပိုင်းတွေမှာ မြေကိုဖို့ရတယ်။ အချို့နေရာတွေဆိုရင် မြေကြီးကုဗပေ ၄ သန်းခန့် ဖို့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို စစ်တုရင်အကွက်လိုက် နေရာချထားရာမှာ အကွက်လိုက်လမ်းလိုက်နဲ့ မလွတ်တဲ့နေရာတွေကို ဖြိုဖျက် ပစ်တာတွေလည်းရှိပါတယ်။ အဖြိုဖျက်ခံရတဲ့အထဲမှာ ကျိုက်မြတ်သံချိုစေတီနဲ့ သျှင်ပင်ရွှေကြိုးစေတီလည်း ပါသွား ခဲ့တယ်။

မှော်ဘီဆရာသိန်းရဲ့ မှတ်တမ်းအရဆိုရင် ကျုံးကြီးလမ်းနဲ့ ဘုန်းကြီးလမ်းထောင့်က ဘုရားငုတ်တိုတဆူလည်း ပါသွားတယ်လို့ ဆိုပါတယ်။ ကျိုက်မြတ်သံချိုစေတီတော်၊ သျှင်ပင်ရွှေကြိုးစေတီတော်တို့နဲ့ ပတ်သက်လို့ကတော့ မှော်ဘီဆရာသိန်ကြီးရဲ့ မြန်မာနိုင်ငံသုတေသနအသင်းထုတ်စာစောင်မှာ ရေးထားချက်မှတ်တမ်းမှာပဲ တွေ့ရနိုင်ပါတယ်။

တချိန်က ရန်ကုန်နဲ့ပတ်သက်ပြီး ရွှေတိဂုံသမိုင်းအရဆိုရင် ဆံတော်ကြိုရာလမ်းတလျောက်မှာ ဗိုလ်တထောင် ကုန်းမြင့်၊ ဆူးလေကုန်းမြင့်၊ ကျိုက်မရော (ကျိုက်မဲသံကရော၊ ကျိုက်မြတ်သံချို) ကုန်း၊ တန့်တော်မူကုန်း၊ အလံပြကုန်း၊ သိဂုင်္တ္တရကုန်း ဆိုပြီးရှိခဲ့တာ။

ကုန်းတိုင်းမှာ စေတီတွေတည်ခဲ့ကြတာပါပဲ။ ကျိုက်မဲသံကရောလို့ခေါ်တဲ့ ကုန်းက ဆူးလေကုန်းလောက် မြင့်ဟန်မရှိဘူး။ ဘာလို့လည်းဆိုတော့ မှတ်တမ်းတခုအရက “ဘုရားကုန်းမှာ အုတ်သားကို ဆူလေစေဆီကုန်းကဲ့သို့ မြှင့်ထားသည်” လို့ ဆိုထားလို့ပါ။ ဆူးလေကုန်းက ပိုမြင့်ဟန်ရှိတယ်။ ဉာဏ်တော်ကတော့ သိပ်ကွာဟန်မရှိလို့ ယူဆနိုင်ပါတယ်။

ဥပဒေပါရဂူ ဦးချန်ထွန်းကတော့ “ထိုစဉ်သိမ်ကြီးစျေးနေရာတွင် ဆူးလေစေတီလောက်ကြီးသော ကျိုက်မြတ်သံချိုစေတီ ရှိခဲ့သည်” လို့ မှတ်တမ်းပြုခဲ့တယ်။ သူက ဆူးလေစေတီကို လမ်းနဲ့မလွတ်လို့ ဖြိုချမယ့်ကိစ္စကို အကြီးအကျယ် ကန့်ကွက်ခဲ့တဲ့သူပါ။ သူကျေးဇူးကြောင်း ဆူးလေစေတီကို အခုတိုင်ဖူးနေကြရတာပါ။ ရှေ့မီ နောက်မီပုဂ္ဂိုလ်ကြီးပါ။

သူ့အကြောင်း အလျဉ်းသင့်တော့ပြောပါ့မယ်။ ဆူးလေစေတီလောက်ရှိတယ်ဆိုတဲ့အတွက် ကျိုက်မဲသံခရောခေါ် ကျိုက်မြတ်သံချိုစေတီဟာ ဉာဏ်တော်အမြင့် ၁၅၁ ပေ နီပါး ရှိနိုင်တယ်။ ဆူးလေစေတီကလည်း ဉာဏ်တော် ၁၅၁ ပေ၊ အရှေ့အနောက်အလျား ၃၂၂ ပေ၊ တောင်မြောက် ၂၉၁ ပေ၊ အကျယ်၂.၁၈၁ ဧက ရှိတယ်။

မှော်ဘီဆရာသိန်းက ကျိုက်မဲသံကရောလို့ ခေါ်တာက ဘုရားအနီးမှာ သခွပ်ပင်ကအစေးဟာ ကျောက်သီးကဲ့သို့ ထွက်နေတာကို အစွဲပြုပြီး တလိုင်းဘာသာစကားအရ ကျိုက်မဲသံကရော (သို့) ကျိုက်မြတ်သံချိုလို့ခေါ်ဆို တာပဲဖြစ်တယ်လို့ ဆိုပါတယ်။ တလိုင်းဆိုတာကတော့ အဲ့ဒီခေတ်က မွန်ကို ခေါ်တဲ့အမည်ပါ။ ကျိုက်မြတ်သံချိုနဲ့ပတ်သက်ပြီး မှော်ဘီဆရာသိန်းက “ယခု နာရီစင်နဲ့ကပ်လျက် သိမ်ကြီးစျေးနေရာတွင် ဆူးလေစေတီထက်ကြီး သော ဘုရားစေတီတဆူရှိသည်။

ဘုရားရှေ့ကပ်လျက်တွင် ရဟန္တာများသမုတ်သော သိမ်တလုံး အခုတိုင်ရှိသည်။ မြေအုတ်ကြွပ်မိုးသော ဇရပ်များရှိသည်။ ယခုသိမ်ကြီးမြောက်ဘက်ကပ်လျက် ဘုရားကုန်းတော်ကို တက်ရန်ဘုရား ရှေ့စောင်းတန်းလမ်းရှိသည်။ ၄င်းအပြင် တောင်မြောက်အနောက် စောင်းတန်းလမ်းများလည်း ရှိသေးသည်။” လို့ JBRS မှာ ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။

J.Gerierson ရေးဆွဲခဲ့တဲ့ ပုံအရဆိုရင် ဆူးလေရဲ့နောက်ဘက်မှာရှိတဲ့ ဉာဏ်တော်မြင့်ပြီး အလုံးအဝန်းကြီးပြီး မြောက်ဘက်ကျတဲ့ပုံဟာ ကျိုက်မြတ်သံချို (သို့) ကျိုက်မဲ သံခရောစေတီဖြစ်တယ်။ နောက်စေတီတဆူကတော့ “အခုသိမ်ကြီးစျေး အရှေ့တောင်ထောင့် ပန်းပဲတန်းလမ်းနဲ့ သံဖြူတန်း နှစ်ခုကြားရှေ့မှာ မှန်ကင်းကျောင်းတိုက်ရှိပြီး ဂိုဏ်းထောက် ဦးရွှန်းနေသည်။

၄င်းမှန်ကင်းကျောင်းတိုက်၏ တောင်ဘက်တွင် သျှင်ပင်ရွှေကြိုးစေတီရှိပြီး ဉာဏ်တော်သုံးဆယ်ခန့်ရှိသည်။ မဟာရံတံတိုင်မရှိ” လို့ မှော်ဘီဆရာသိမ်းက မှတ်တမ်းမှာ တွေ့ရပါတယ်။ ဒါကြောင့် ဉာဏ်တော်အနည်းငယ်နိမ့်တဲ့ တောင်ဘက်ကျတဲ့ စေတီဟာ သျှင်ပင်ရွှေကြိုးစေတီဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

အဲ့ဒီလို ဘုရားကျောင်းကန်တွေ ဖြိုဖျက်ပြီးနောက် ၂ နှစ်ကြာတဲ့ ၁၈၅၄ ခုနှစ်မှာ မော်လမြိုင် စူရတီဘရာဘဇား ဆောက်သူတွေက မြေနေရာကို ဝယ်ယူလိုက်တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် တချိန်က သိမ်ကြီးစျေးနေရာမှာ ကျိုက်မြတ်သံချိုခေါ် ကျိုက်မဲသံခရောစေတီ ရှိခဲ့တယ်ဆိုတာ သမိုင်းအထောက် အထား ရှိခဲ့ပါတယ်။ နိုဝယ်ဆင်းဂါး ပြောသလို အဖြိုဖျက်ခံလိုက်ရတဲ့အတွက်တော့ သမိုင်းတန်ဖိုးနဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ ဆုံးရှုံးခဲ့ရတာလည်း အမှန်ပါ။ စဉ်းစားစရာတွေ အများကြီးထွက်ပေါ်လာပါတယ်။

လမ်းရပ်ကွက်တို့ မလွတ်လို့ ဖြိုဖျက်ခဲ့တာလား။ အင်္ဂလိပ်မြန်မာစစ် နှစ်ကြိမ် ကြုံတွေ့ခဲ့ရတဲ့ အတောအတွင်း အဆောက်အုံနဲ့ စေတီပုထိုးတွေကရော ဘယ်အခြေနေ ရှိနေလေမလဲ။ ထိခိုက်ပျက်စီးမှု မရှိနိုင်တော့ပြီလော။ ပထမအကြိမ်မှာကတည်းက စေတီပုထိုး ရုပ်တုတွေထဲမှာ ဋ္ဌာပနာတိုက်အကြောင်း သိထားတဲ့ စစ်သားတွေရဲ့ လက်ချက်ကရော လွတ်ကင်းနိုင်ပါ့မလား။

စစ်ဘေးစစ်ဒဏ် ခိုးဆိုးဓားပြဒဏ်တွေနဲ့အတူ ပြိုပျက်နေတဲ့အတွက် တလက်စတည်း ရှင်းပစ်လိုက်လေသလား။ လန်ဒန်မြို့ကြီးကို ခေတ်မီအောင် တည်ဆောက်စဉ်က Square Building အဝိုင်း ကို လမ်းနဲ့မလွတ်ပေမယ့် ရှေးဟောင်းအဆောက်အုံဖြစ်တဲ့အတွက်ရှောင်ကွင်းချန်လှပ်ခဲ့တဲ့ လူယဉ်ကျေးတို့ရဲ့ လုပ်ရပ်အပေါ်မှာ စဉ်းစားဆင်ခြင်စရာတွေဖြစ်ခဲ့ပါတယ်။

စစ်ရဲ့အနိဋ္ဌာရုံလား၊ ကိုလိုနီရဲ့နယ်ချဲ့စနစ်လား၊ သမိုင်းတန်ဖိုးတခု ဆုံးရှုံးခြင်းလား။ လှပတဲ့မြို့တော်တခုအဖြစ် အောင်မြင်ခြင်းပေပဲလားဆိုတာကတော့ ပဟေဠိတပုဒ်ပါပဲ။ ဘာပဲဖြစ်ဖြစ် ပြန်လည်ကုစားခွင့် မရှိတော့တဲ့ ဖြစ်စဉ်တခုဆိုပေမယ့် တချိန်က ဒီနေရာမှာ ကျိုက်မြတ်သံချိုစေတီ ရှိခဲ့ဖူးတယ် ဆိုတာကိုတော့ နောင်လာနောက်သားတို့ သတိပြုဆင်ခြင်နိုင်ဖို့ တင်ပြပြလိုက်ရကြောင်းပါ။

Credit: ဆရာဌေး(သုတကဖေး)

Zawgyi
The Old Rangoon စာအုပ္ေရးတဲ့ နိုဝယ္ဆင္းဂါးက သူ႕စာအုပ္မွာ ေရးေတာ့ ရန္ကုန္ၿမိဳ႕သစ္တည္ခ်ိန္မွာ သမိုင္းဝင္အေဆာက္အုံေတြ အၿဖိဳဖ်က္ခံလိုက္ရတဲ့အတြက္ သူအလြန္ဝမ္းနည္းေၾကာင္း၊ သမိုင္းတန္ဖိုး ဆုံးရႈံးသြားတဲ့အတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္းကို စာအုပ္အမွာစာမွာ တခုတ္တရ ေရးသားခဲ့ပါတယ္။

အဲ့ဒီအခ်ိန္က ျမန္မာတို႔ရဲ႕ ႀကီးႀကီးမားမား အေဆာက္အုံဆိုတာ ေစတီပုထိုးေတြပဲရွိတာပါ။ နိုဝယ္ဆင္းဂါးကလည္း ဒါကိုပဲ ရည္ ၫႊန္းလိုဟန္ရွိပါတယ္။ သူကိုယ္တိုင္ကလည္း သူ႕ရဲ႕ လူငယ္ဘဝတေလ်ာက္လုံးက ျမန္မာျပည္မွာ ႀကီးျပင္းခဲ့ရသူျဖစ္သလို သူ႕လူမ်ိဳးရဲ႕ မဆင္မျခင္လုပ္ရပ္ေတြအေပၚမွာ အားနားဟန္ရွိတာကို သူ႕စာေတြမွာ ေတြ႕ရပါတယ္။

သူက ရန္ကုန္ၿမိဳ႕သစ္တည္ဖို႔ ၿဗိတိသွ်တို႔ ၿမိဳ႕ကိုရွင္းလိုက္ခ်ိန္တြင္ ႂကြင္းက်န္ရစ္ခဲ့ေသာ ဘုရားမ်ားမွာ ဆူးေလႏွင့္ ဗိုလ္တေထာင္ႏွစ္ဆူသာ က်န္ရစ္ခဲ့သည္။ ထိုအခ်ိန္က ဗိုလ္တေထာင္မွာ ေ႐ႊမခ်ေသးတဲ့အတြက္ အဂၤလိပ္တို႔က ဘုရားျဖဴဟုသာ ေခၚခဲ့ၾကသည္ လို႔ ေရးခဲ့တယ္။ က်န္ရစ္တာကိုသာ ေဖာ္ျပၿပီး အၿဖိဳခံရတဲ့ ဘုရားေတြအေၾကာင္း အတိအက်ေဖာ္မျပခဲ့ပါဘူး။

ဒါေပမယ့္ ၁၈၂၄ ခုႏွစ္ က အေစာဆုံးနဲ႕ေရွးအက်ဆဳံး ေရးဆြဲထားတဲ့ J.Grierson ရဲ႕ Twelve Select Views of the Seat of War စာအုပ္ထဲက ဆူးေလေစတီနဲ႕ ပတ္ဝန္းက်င္ပုံ ေရးဆြဲထားတဲ့ ပန္းခ်ီ ကားကိုေတာ့ ေဖာ္ျပၫႊန္းဆိုခဲ့ပါတယ္။ အဲ့ဒီပန္းခ်ီကားဟာ ဆူးေလေစတီကို အခုၿမိဳ႕ေတာ္ခန္းမေရွ႕ကေန ေရးဆြဲထားတာ။ ဆူးေလေစတီေတာ္ရဲ႕ေနာက္မွာ ေစတီႏွစ္ဆူပုံပါ ရွိေနတာကို ေတြ႕ျမင္နိုင္ပါတယ္။

အဲ့ဒီေစတီႏွစ္ဆူက က်ိဳက္ျမတ္သံခ်ိဳေစတီနဲ႕ သွ်င္ပင္ေ႐ႊႀကိဳးေစတီတို႔ ျဖစ္နိုင္ဖြယ္ရွိတယ္လို႔ ခန့္မွန္းနိုင္ပါတယ္။ ဒီအေၾကာင္းမေျပာမီ ရန္ကုန္ၿမိဳ႕သစ္တည္ဖို႔ ျပင္ဆင္ၾကပုံအေၾကာင္း အနည္းငယ္ေျပာဖို႔ လိုမယ္ထင္တယ္။ မွတ္တမ္းမွတ္ရာေတြအရဆိုရင္ စစ္အင္ဂ်င္နီယာ ဗိုလ္အလက္ဇႏၵားဖေရဇာက ၁၈၅၂ ခုႏွစ္ စက္တင္ဘာလထဲမွာ သူ႕အႀကံ တည္ေဆာက္ေရးအဖြဲ႕ကို ခ်ျပခဲ့တယ္။

သူက ရန္ကုန္ၿမိဳ႕သစ္ကို စစ္တုရင္ခုံကြက္ပုံစံအတိုင္း အကြက္ခ်တည္ေဆာက္ဖို႔၊ ကမ္းနားလမ္းတေလ်ာက္ကို ဟင္းလင္းျပင္အတိုင္းထားၿပီး စီပြားေရးၿမိဳ႕ပုံစံေဖာ္ဖို႔၊ ျမစ္ကမ္းပါး ေရတိုက္စားမႈ႕ကို ပထမဆုံး အကာကြယ္လုပ္ဖို႔။

လမ္းေတြကို အနည္းဆုံးေပ ၆ဝ ရွိဖို႔၊ ၂ လမ္းက်ဥ္း တလမ္းက်ယ္ထားဖို႔၊ လမ္းက်ယ္ကို ေပတရာထားဖို႔နဲ႕ ႏွစ္လမ္းအက်ယ္ၿပီးတာနဲ႕ ေပ ႏွစ္ရာ လမ္းက်ယ္တလမ္းဆိုၿပီး အစီစဥ္ခ်ခဲ့သလို ရန္ကုန္မွာရွိတဲ့ ကုန္းေတြကိုၿဖိဳၿပီး အနိမ့္ပိုင္းေတြမွာ ေျမကိုဖို႔ရတယ္။ အခ်ိဳ႕ေနရာေတြဆိုရင္ ေျမႀကီးကုဗေပ ၄ သန္းခန့္ ဖို႔ရတယ္လို႔ ဆိုပါတယ္။

အဲ့ဒီလို စစ္တုရင္အကြက္လိုက္ ေနရာခ်ထားရာမွာ အကြက္လိုက္လမ္းလိုက္နဲ႕ မလြတ္တဲ့ေနရာေတြကို ၿဖိဳဖ်က္ ပစ္တာေတြလည္းရွိပါတယ္။ အၿဖိဳဖ်က္ခံရတဲ့အထဲမွာ က်ိဳက္ျမတ္သံခ်ိဳေစတီနဲ႕ သွ်င္ပင္ေ႐ႊႀကိဳးေစတီလည္း ပါသြား ခဲ့တယ္။

ေမွာ္ဘီဆရာသိန္းရဲ႕ မွတ္တမ္းအရဆိုရင္ က်ဳံးႀကီးလမ္းနဲ႕ ဘုန္းႀကီးလမ္းေထာင့္က ဘုရားငုတ္တိုတဆူလည္း ပါသြားတယ္လို႔ ဆိုပါတယ္။ က်ိဳက္ျမတ္သံခ်ိဳေစတီေတာ္၊ သွ်င္ပင္ေ႐ႊႀကိဳးေစတီေတာ္တို႔နဲ႕ ပတ္သက္လို႔ကေတာ့ ေမွာ္ဘီဆရာသိန္ႀကီးရဲ႕ ျမန္မာနိုင္ငံသုေတသနအသင္းထုတ္စာေစာင္မွာ ေရးထားခ်က္မွတ္တမ္းမွာပဲ ေတြ႕ရနိုင္ပါတယ္။

တခ်ိန္က ရန္ကုန္နဲ႕ပတ္သက္ၿပီး ေ႐ႊတိဂုံသမိုင္းအရဆိုရင္ ဆံေတာ္ႀကိဳရာလမ္းတေလ်ာက္မွာ ဗိုလ္တေထာင္ ကုန္းျမင့္၊ ဆူးေလကုန္းျမင့္၊ က်ိဳက္မေရာ (က်ိဳက္မဲသံကေရာ၊ က်ိဳက္ျမတ္သံခ်ိဳ) ကုန္း၊ တန့္ေတာ္မူကုန္း၊ အလံျပကုန္း၊ သိဂုတၤၱရကုန္း ဆိုၿပီးရွိခဲ့တာ။

ကုန္းတိုင္းမွာ ေစတီေတြတည္ခဲ့ၾကတာပါပဲ။ က်ိဳက္မဲသံကေရာလို႔ေခၚတဲ့ ကုန္းက ဆူးေလကုန္းေလာက္ ျမင့္ဟန္မရွိဘူး။ ဘာလို႔လည္းဆိုေတာ့ မွတ္တမ္းတခုအရက ဘုရားကုန္းမွာ အုတ္သားကို ဆူေလေစဆီကုန္းကဲ့သို႔ ျမႇင့္ထားသည္ လို႔ ဆိုထားလို႔ပါ။ ဆူးေလကုန္းက ပိုျမင့္ဟန္ရွိတယ္။ ဉာဏ္ေတာ္ကေတာ့ သိပ္ကြာဟန္မရွိလို႔ ယူဆနိုင္ပါတယ္။

ဥပေဒပါရဂူ ဦးခ်န္ထြန္းကေတာ့ ထိုစဥ္သိမ္ႀကီးေစ်းေနရာတြင္ ဆူးေလေစတီေလာက္ႀကီးေသာ က်ိဳက္ျမတ္သံခ်ိဳေစတီ ရွိခဲ့သည္ လို႔ မွတ္တမ္းျပဳခဲ့တယ္။ သူက ဆူးေလေစတီကို လမ္းနဲ႕မလြတ္လို႔ ၿဖိဳခ်မယ့္ကိစၥကို အႀကီးအက်ယ္ ကန့္ကြက္ခဲ့တဲ့သူပါ။ သူေက်းဇူးေၾကာင္း ဆူးေလေစတီကို အခုတိုင္ဖူးေနၾကရတာပါ။ ေရွ႕မီ ေနာက္မီပုဂၢိုလ္ႀကီးပါ။

သူ႕အေၾကာင္း အလ်ဥ္းသင့္ေတာ့ေျပာပါ့မယ္။ ဆူးေလေစတီေလာက္ရွိတယ္ဆိုတဲ့အတြက္ က်ိဳက္မဲသံခေရာေခၚ က်ိဳက္ျမတ္သံခ်ိဳေစတီဟာ ဉာဏ္ေတာ္အျမင့္ ၁၅၁ ေပ နီပါး ရွိနိုင္တယ္။ ဆူးေလေစတီကလည္း ဉာဏ္ေတာ္ ၁၅၁ ေပ၊ အေရွ႕အေနာက္အလ်ား ၃၂၂ ေပ၊ ေတာင္ေျမာက္ ၂၉၁ ေပ၊ အက်ယ္၂.၁၈၁ ဧက ရွိတယ္။

ေမွာ္ဘီဆရာသိန္းက က်ိဳက္မဲသံကေရာလို႔ ေခၚတာက ဘုရားအနီးမွာ သခြပ္ပင္ကအေစးဟာ ေက်ာက္သီးကဲ့သို႔ ထြက္ေနတာကို အစြဲျပဳၿပီး တလိုင္းဘာသာစကားအရ က်ိဳက္မဲသံကေရာ (သို႔) က်ိဳက္ျမတ္သံခ်ိဳလို႔ေခၚဆို တာပဲျဖစ္တယ္လို႔ ဆိုပါတယ္။ တလိုင္းဆိုတာကေတာ့ အဲ့ဒီေခတ္က မြန္ကို ေခၚတဲ့အမည္ပါ။ က်ိဳက္ျမတ္သံခ်ိဳနဲ႕ပတ္သက္ၿပီး ေမွာ္ဘီဆရာသိန္းက ယခု နာရီစင္နဲ႕ကပ္လ်က္ သိမ္ႀကီးေစ်းေနရာတြင္ ဆူးေလေစတီထက္ႀကီး ေသာ ဘုရားေစတီတဆူရွိသည္။

ဘုရားေရွ႕ကပ္လ်က္တြင္ ရဟႏၱာမ်ားသမုတ္ေသာ သိမ္တလုံး အခုတိုင္ရွိသည္။ ေျမအုတ္ႂကြပ္မိုးေသာ ဇရပ္မ်ားရွိသည္။ ယခုသိမ္ႀကီးေျမာက္ဘက္ကပ္လ်က္ ဘုရားကုန္းေတာ္ကို တက္ရန္ဘုရား ေရွ႕ေစာင္းတန္းလမ္းရွိသည္။ ၄င္းအျပင္ ေတာင္ေျမာက္အေနာက္ ေစာင္းတန္းလမ္းမ်ားလည္း ရွိေသးသည္။ လို႔ JBRS မွာ ေရးသားမွတ္တမ္းတင္ခဲ့ပါတယ္။

J.Gerierson ေရးဆြဲခဲ့တဲ့ ပုံအရဆိုရင္ ဆူးေလရဲ႕ေနာက္ဘက္မွာရွိတဲ့ ဉာဏ္ေတာ္ျမင့္ၿပီး အလုံးအဝန္းႀကီးၿပီး ေျမာက္ဘက္က်တဲ့ပုံဟာ က်ိဳက္ျမတ္သံခ်ိဳ (သို႔) က်ိဳက္မဲ သံခေရာေစတီျဖစ္တယ္။ ေနာက္ေစတီတဆူကေတာ့ အခုသိမ္ႀကီးေစ်း အေရွ႕ေတာင္ေထာင့္ ပန္းပဲတန္းလမ္းနဲ႕ သံျဖဴတန္း ႏွစ္ခုၾကားေရွ႕မွာ မွန္ကင္းေက်ာင္းတိုက္ရွိၿပီး ဂိုဏ္းေထာက္ ဦး႐ႊန္းေနသည္။

၄င္းမွန္ကင္းေက်ာင္းတိုက္၏ ေတာင္ဘက္တြင္ သွ်င္ပင္ေ႐ႊႀကိဳးေစတီရွိၿပီး ဉာဏ္ေတာ္သုံးဆယ္ခန့္ရွိသည္။ မဟာရံတံတိုင္မရွိ လို႔ ေမွာ္ဘီဆရာသိမ္းက မွတ္တမ္းမွာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဉာဏ္ေတာ္အနည္းငယ္နိမ့္တဲ့ ေတာင္ဘက္က်တဲ့ ေစတီဟာ သွ်င္ပင္ေ႐ႊႀကိဳးေစတီျဖစ္တယ္လို႔ ယူဆနိုင္ပါတယ္။

အဲ့ဒီလို ဘုရားေက်ာင္းကန္ေတြ ၿဖိဳဖ်က္ၿပီးေနာက္ ၂ ႏွစ္ၾကာတဲ့ ၁၈၅၄ ခုႏွစ္မွာ ေမာ္လၿမိဳင္ စူရတီဘရာဘဇား ေဆာက္သူေတြက ေျမေနရာကို ဝယ္ယူလိုက္တယ္လို႔ ဆိုပါတယ္။ ဘာပဲျဖစ္ျဖစ္ တခ်ိန္က သိမ္ႀကီးေစ်းေနရာမွာ က်ိဳက္ျမတ္သံခ်ိဳေခၚ က်ိဳက္မဲသံခေရာေစတီ ရွိခဲ့တယ္ဆိုတာ သမိုင္းအေထာက္ အထား ရွိခဲ့ပါတယ္။ နိုဝယ္ဆင္းဂါး ေျပာသလို အၿဖိဳဖ်က္ခံလိုက္ရတဲ့အတြက္ေတာ့ သမိုင္းတန္ဖိုးနဲ႕ ယဥ္ေက်းမႈတန္ဖိုးေတြ ဆုံးရႈံးခဲ့ရတာလည္း အမွန္ပါ။ စဥ္းစားစရာေတြ အမ်ားႀကီးထြက္ေပၚလာပါတယ္။

လမ္းရပ္ကြက္တို႔ မလြတ္လို႔ ၿဖိဳဖ်က္ခဲ့တာလား။ အဂၤလိပ္ျမန္မာစစ္ ႏွစ္ႀကိမ္ ႀကဳံေတြ႕ခဲ့ရတဲ့ အေတာအတြင္း အေဆာက္အုံနဲ႕ ေစတီပုထိုးေတြကေရာ ဘယ္အေျခေန ရွိေနေလမလဲ။ ထိခိုက္ပ်က္စီးမႈ မရွိနိုင္ေတာ့ၿပီေလာ။ ပထမအႀကိမ္မွာကတည္းက ေစတီပုထိုး ႐ုပ္တုေတြထဲမွာ ႒ာပနာတိုက္အေၾကာင္း သိထားတဲ့ စစ္သားေတြရဲ႕ လက္ခ်က္ကေရာ လြတ္ကင္းနိုင္ပါ့မလား။

စစ္ေဘးစစ္ဒဏ္ ခိုးဆိုးဓားျပဒဏ္ေတြနဲ႕အတူ ၿပိဳပ်က္ေနတဲ့အတြက္ တလက္စတည္း ရွင္းပစ္လိုက္ေလသလား။ လန္ဒန္ၿမိဳ႕ႀကီးကို ေခတ္မီေအာင္ တည္ေဆာက္စဥ္က Square Building အဝိုင္း ကို လမ္းနဲ႕မလြတ္ေပမယ့္ ေရွးေဟာင္းအေဆာက္အုံျဖစ္တဲ့အတြက္ေရွာင္ကြင္းခ်န္လွပ္ခဲ့တဲ့ လူယဥ္ေက်းတို႔ရဲ႕ လုပ္ရပ္အေပၚမွာ စဥ္းစားဆင္ျခင္စရာေတြျဖစ္ခဲ့ပါတယ္။

စစ္ရဲ႕အနိ႒ာ႐ုံလား၊ ကိုလိုနီရဲ႕နယ္ခ်ဲ့စနစ္လား၊ သမိုင္းတန္ဖိုးတခု ဆုံးရႈံးျခင္းလား။ လွပတဲ့ၿမိဳ႕ေတာ္တခုအျဖစ္ ေအာင္ျမင္ျခင္းေပပဲလားဆိုတာကေတာ့ ပေဟဠိတပုဒ္ပါပဲ။ ဘာပဲျဖစ္ျဖစ္ ျပန္လည္ကုစားခြင့္ မရွိေတာ့တဲ့ ျဖစ္စဥ္တခုဆိုေပမယ့္ တခ်ိန္က ဒီေနရာမွာ က်ိဳက္ျမတ္သံခ်ိဳေစတီ ရွိခဲ့ဖူးတယ္ ဆိုတာကိုေတာ့ ေနာင္လာေနာက္သားတို႔ သတိျပဳဆင္ျခင္နိုင္ဖို႔ တင္ျပျပလိုက္ရေၾကာင္းပါ။

Credit: ဆရာေဌး(သုတကေဖး)