ကျဆုံးလေပြီးသော စွန့်ဦးတီထွင်တို့၏အမှားများ ၁။ ဦးနာအောက် – ကျောင်းစာ သင်ဘူးသူတိုင်း သိတယ်။ သင်္ဘောပြေးဆွဲရေးမှာ အင်္ဂလိပ်ကုမ္ပဏီတွေနဲ့ ပြိုင်တယ်။
သင်္ဘောစီးခကို အပြိုင်အဆိုင်လျှော့တယ်။ အလကားတင်ပေးတယ်။ လက်ဆောင်ပါ ပေးတယ်။ ဦးနာအောက်ရဲ့ အမျိုးသားစိတ်ဓာတ်ကို လေးစားပေမယ့် ခရီးသည်တွေကို အမျိုးသားရေးချမပြနိုင်ဘူး။ ခရီးသည်က သာရာ ကပ်တယ်။
နောက်တော့ အင်အားတောင့်တင်းတဲ့ ကုမ္ပဏီတွေကို မယှဉ်နိုင်တော့ပဲ ပြိုင်ဘက်ဆီ လုပ်ငန်းလွှဲရောင်းလိုက်ရတယ်။ ဘာတွေ ရလိုက်သလဲ။ စျေးကွက်မှာအပြိုင်အဆိုင်လျှော့ရောင်းခြင်း သည် ရေရှည် မအောင်မြင်နိုင်။ အင်အားကြီးပြိုင်ဘက်ကို ထိပ်တိုက် မပြိုင်ပါနဲ့။
မိုက်ကယ်ဂျက်ဆင် – ကမ္ဘာကျော် အဆိုတော်၊ ခရီးသွားရင် လေယာဉ်သုံးစီး၊ ဘော်ဒီဂတ်တွေနဲ့ ပွဲတစ်ပွဲ ဆိုပြီးရင် ဒေါ်လာသန်းချီရတယ်။ ဘာကိုမှ မှုစရာ မလို။ စိတ်ကြိုက် သုံးနိုင်တယ်။ ကမ္ဘာပတ်နိုင်ခဲ့တယ်။ နောက်တော့ ကုမ္ပဏီစာရင်းတွေ ဘဏ်စာရင်းတွေ ရှုပ်လာပြီး ဒေဝါလီ ခံလိုက်ရတယ်။
သုံးမကုန်တဲ့ ငွေတွေ ဘယ်ရောက်သွားသလဲ။ ဘာတွေ ရလိုက်လဲ။ စာရင်းဇယား မနိုင်သူ ၊ စာရင်းဇယားမရှိသူဟာ ဘယ်လောက်အောင်မြင်သော်လည်း ကျရှုံးရတတ်တယ်။ အသေးအဖွဲစာရင်းက အစ ဂရုစိုက်ပါ။
ဒေဝူး – မြန်မာတွေ တော်တော် သိလိုက်တယ်။ ဒေဝူးကိုရီးယားကုမ္ပဏီ ၊ အောက်ခြေက စကြိုးစားလိုက်တာ ချေးဘိုလ်းလို့ ခေါ်တဲ့ လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်လာပြီး စျေးကွက်ကို ရနိုင်သမျှ ချဲ့တယ်။ သင်္ဘောထုတ်လုပ်ရေးကနေ လျှပ်စစ်ပစ္စည်း၊ စပို့ရှပ်အထိ အကုန်ထုတ်တယ်။
နောက်တော့ ပြိုလဲသွားတယ်။လုပ်ငန်းကို အဆမတန်တိုးချဲ့ ကြိုးစားသော်လည်း မိုးပျံပူပေါင်းလေမှုတ်သလို ကြီးလာပေမယ့် တစ်နေရာ ပေါက်တာနဲ့ ကျရှုံးတာပဲ။ ဘာတွေ ရလိုက်လဲ။ လုပ်ငန်းကို မနိုင်ပဲ အလောတကြီး မတိုးချဲ့ပါနဲ့။ စားနိုင်သလောက်သာ မျိုပါ။ (Zay Myat Oo)
Crd,
Zawgyi
က်ဆဳံးေလၿပီးေသာ စြန့္ဦးတီထြင္တို႔၏အမွားမ်ား ၁။ ဦးနာေအာက္ ေက်ာင္းစာ သင္ဘူးသူတိုင္း သိတယ္။ သေဘၤာေျပးဆြဲေရးမွာ အဂၤလိပ္ကုမၸဏီေတြနဲ႕ ၿပိဳင္တယ္။
သေဘၤာစီးခကို အၿပိဳင္အဆိုင္ေလွ်ာ့တယ္။ အလကားတင္ေပးတယ္။ လက္ေဆာင္ပါ ေပးတယ္။ ဦးနာေအာက္ရဲ႕ အမ်ိဳးသားစိတ္ဓာတ္ကို ေလးစားေပမယ့္ ခရီးသည္ေတြကို အမ်ိဳးသားေရးခ်မျပနိုင္ဘူး။ ခရီးသည္က သာရာ ကပ္တယ္။
ေနာက္ေတာ့ အင္အားေတာင့္တင္းတဲ့ ကုမၸဏီေတြကို မယွဥ္နိုင္ေတာ့ပဲ ၿပိဳင္ဘက္ဆီ လုပ္ငန္းလႊဲေရာင္းလိုက္ရတယ္။ ဘာေတြ ရလိုက္သလဲ။ ေစ်းကြက္မွာအၿပိဳင္အဆိုင္ေလွ်ာ့ေရာင္းျခင္း သည္ ေရရွည္ မေအာင္ျမင္နိုင္။ အင္အားႀကီးၿပိဳင္ဘက္ကို ထိပ္တိုက္ မၿပိဳင္ပါနဲ႕။
မိုက္ကယ္ဂ်က္ဆင္ ကမၻာေက်ာ္ အဆိုေတာ္၊ ခရီးသြားရင္ ေလယာဥ္သုံးစီး၊ ေဘာ္ဒီဂတ္ေတြနဲ႕ ပြဲတစ္ပြဲ ဆိုၿပီးရင္ ေဒၚလာသန္းခ်ီရတယ္။ ဘာကိုမွ မႈစရာ မလို။ စိတ္ႀကိဳက္ သုံးနိုင္တယ္။ ကမၻာပတ္နိုင္ခဲ့တယ္။ ေနာက္ေတာ့ ကုမၸဏီစာရင္းေတြ ဘဏ္စာရင္းေတြ ရႈပ္လာၿပီး ေဒဝါလီ ခံလိုက္ရတယ္။
သုံးမကုန္တဲ့ ေငြေတြ ဘယ္ေရာက္သြားသလဲ။ ဘာေတြ ရလိုက္လဲ။ စာရင္းဇယား မနိုင္သူ ၊ စာရင္းဇယားမရွိသူဟာ ဘယ္ေလာက္ေအာင္ျမင္ေသာ္လည္း က်ရႈံးရတတ္တယ္။ အေသးအဖြဲစာရင္းက အစ ဂ႐ုစိုက္ပါ။
ေဒဝူး ျမန္မာေတြ ေတာ္ေတာ္ သိလိုက္တယ္။ ေဒဝူးကိုရီးယားကုမၸဏီ ၊ ေအာက္ေျခက စႀကိဳးစားလိုက္တာ ေခ်းဘိုလ္းလို႔ ေခၚတဲ့ လုပ္ငန္းစုံကုမၸဏီႀကီးျဖစ္လာၿပီး ေစ်းကြက္ကို ရနိုင္သမွ် ခ်ဲ့တယ္။ သေဘၤာထုတ္လုပ္ေရးကေန လွ်ပ္စစ္ပစၥည္း၊ စပို႔ရွပ္အထိ အကုန္ထုတ္တယ္။
ေနာက္ေတာ့ ၿပိဳလဲသြားတယ္။လုပ္ငန္းကို အဆမတန္တိုးခ်ဲ့ ႀကိဳးစားေသာ္လည္း မိုးပ်ံပူေပါင္းေလမႈတ္သလို ႀကီးလာေပမယ့္ တစ္ေနရာ ေပါက္တာနဲ႕ က်ရႈံးတာပဲ။ ဘာေတြ ရလိုက္လဲ။ လုပ္ငန္းကို မနိုင္ပဲ အေလာတႀကီး မတိုးခ်ဲ့ပါနဲ႕။ စားနိုင္သေလာက္သာ မ်ိဳပါ။ (Zay Myat Oo)
Crd