ကိုလိုနီခေတ်တုန်းက ကျိကျိတက်ချမ်းသာရာမှ အကြွေးနွံနစ်ကာ ရုတ်တရတ် ကွယ်လွန်သွားသော ချင်ချောင်းနန်းတော်ပိုင်ရှင် ရေနံကိုယ်စားလှယ် သူဌေးကြီး ၏ ဘဝအကြောင်း

ချင်ချောင်းနန်းတော်

၁၉၁၅ နှင့် ၁၉၁၈ ကြားတွင် တရုတ်သူဌေးကြီး လင်ချင်ချောင်းမှ ရူပီး ၂ သန်းကျော် (စတာလင်ပေါင် ၂ သိန်း) ကျော် အကုန်ကျခံကာ အရှေ့တိုင်း နှင့် အနောက်တိုင်းဗိသုကာ လက်ရာ ပေါင်းစပ်ပြီး ချင်ချောင်း နန်းတော်ကို တည်ဆောက်ခဲ့သည်။

ထိုအဆောက်အဦးတွင် တရုတ်ပြည် နွေရာသီနန်းတော်ရှိ ဖူရှင်း ဘုံဗိမာန်ဒီဇိုင်းကိုယူကာ ငါးထပ်ဘုံဗိမာန်မျှော်စင်ကြီးကို လည်း တည်ဆောက်ခဲ့သည်။

ဆောက်လုပ်ရေးပစ္စည်းများကို တရုတ်၊ အီတလီမှ အကောင်းဆုံး ပစ္စည်းများကို အသုံးပြုကာ အနောက်တိုင်း နာမည်ကျော် ပန်ချီဆရာများဖြင့် နံရံ ကပ်ပန်ချီများကို ရေးဆွဲခဲ့ပါသည်။

ထိုစံအိမ်ကြီးတွင် သူဌေးကြီး ချင်ချောင်းက နေ့စဉ်နီးပါး ပါတီပွဲများ ကျင်းပကာ မြို့မျက်နှာဖုံး အရာရှိများအား ဖျော်ဖြေခဲ့သည်။ ၁၉၂၀ ၀န်းကျင် ရန်ကုန်တွင် ဂျင်ခနာကလပ်၊ ပဲခူးကလပ်နှင့် ချင်ချောင်းစံအိမ်တို့သည် လူစည်ကားရာ ပါတီပွဲများ ကျင်းပရာ နေရာဖြစ်ခဲ့သည်။

လင်ချင်ချောင်း

သူဌေးကြီး လင်ချင်ချောင်းရဲ့ ဘ၀ ကံကြမ္မာကလည်း ဆန်းကြယ်လွန်းပါသည်။

လင်ချင်ချောင်းကို ၁၈၆၇ အောက်တိုဘာ ၂၈ တွင် ရန်ကုန်တွင် မွေးဖွားခဲ့ပါသည်။ ဖခင် နှင့် မိခင်တို့က တရုတ်လူမျိုးဖြစ်ပြီး ဖခင်သည် ငွေးကြေးချမ်းသာသူတစ်ဦးဖြစ်သည်။ ငယ်ရွယ်စဉ်ကတဲက ချင်ချောင်းသည် စီးပွားရေး လုပ်ငန်းကို စိတ်၀င်စားပြီး ဖခင် ဆန်စက်မှာ လက်ထောက်အနေနဲ့ စတင် ဆောင်ရွက်ခဲ့သည်။

၁၈၈၈ ဖခင်ကွယ်လွန်သော အခါ လုပ်ငန်းများကို အမွေဆက်ခံခဲ့ ပြီး ဆန်စက်လုပ်ငန်းမှ ရေနံလုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။ ၁၈၉၁ တွင် ဗမာ့ရေနံလုပ်ငန်း (BOC) ရဲ့ အဓိက မြန်မာပြည်တွင်း ဖြန့်ဖြူးသူဖြစ်ခဲ့ပြီး စင်ကာပူ၊ ဟောင်ကောင်နှင့် တရုတ်ပြည်အထိ တင်ပို့နိုင်သည် အထိ အောင်မြင်ခဲ့သည်။

ရေနံလုပ်ငန်းအပြင် သင်္ဘောကျင်း၊ မီးခြစ်စက်ရုံ သွင်းကုန်ထုတ်ကုန် အစရှိတဲ့ လုပ်ငန်းများကိုပါ ချဲ့ထွင်လုပ်ကိုင်လာပြီး ရန်ကုန်ရဲ့ အထင်ရှားဆုံး သူဌေးကြီးလည်း ဖြစ်ခဲ့သည်။

ချင်ချောင်းသည် တရုတ်ဘုံကျောင်းများတည်ဆောက်ရာတွင်လည်း များစွာ ကူညီခဲ့သလို တရုတ်အမျိုးသား အသင်းမှာလည်း အချိန်ကြာမြင့်စွား ပါ၀င်ကူညီခဲ့သည်။ ၁၉၀၇ တွင် လင်ချင်ချောင်း ကျောင်းကို တရုတ်တန်းတွင်တည်ဆောက်ပေးပြီး အင်္ဂလန်မှ ဆရာ ဆရာမများကို ခေါ်ကာ ရန်ကုန်မြို့နေ တရုတ် မြန်မာများကို အင်္ဂလိပ်စာ လေ့လာစေသည်။

ချင်ချောင်းသည် အင်္ဂလိပ်အရာရှိများနှင့် အထူး အကျွမ်း၀င်ပြီး မြူနီစပယ်အဖွဲ့၀င်လူကြီး အဖြစ်လည်းတာ၀န်ထမ်းဆောင်ခဲ့သည်။ ၁၉၁၉ တွင် စစ်ကြီအတွက် ရန်ပုံငွေကောက်ခံပေးမှုကို အသိအမှတ်ပြုကာ အစိုးရက Order of British Empire ဆုကို ချီးမြင့်ပေးခဲ့သည်။ထိုအချိန်သည် လင်ချင်ချောင်း နာမည် အကျော်အကြားဆုံးအချိန်လည်း ဖြစ်သည်။

ကျဆုံးခန်း

လင်ချင်ချောင်းသည် အသုံးအဖြုံးကြီးမားပြီး မကြာခန အိမ်တော်တွင် ပါတီပွဲများ ကျင်းပလေ့ရှိသည်။ ၁၉၁၁ ထဲမှ အစိုးရထံမှ ငွေများချေးယူခဲ့ပြီး ၁၉၁၄ တွင် လုပ်ငန်းများ စတင်ပေါင်နှံခဲ့ရသည်။ သို့သော် စံအိမ်အား အကြီးအကျယ်တည်ဆောက်ကာ အသုံးအဖြုံးလည်း အလျှော့ခဲ့ပေ။

၁၉၁၅ တွင် အင်္ဂလန်မှ Rolls Royce ကားများကို တင်သွင်းခဲ့သည်။ သို့သော် ဗမာ့စီးပွားရေး ကျပ်တည်းမှုကြောင့် ထင်သလောက် အရောင်းမသွက်ခဲ့ပေ။ ၁၉၁၉ တွင် အကြွေးများ မဆပ်နိုင်သော ကြောင့် BOC မှ လည်း ထုတ်ပယ်ခံခဲ့ရသည်။

၁၉၂၁ တွင် ချင်ချောင်းသည် ဆန်စျေးကွက်ကို ရှယ်ယာများ ၀ယ်ယူကာ စျေးကစားခဲ့သည်။ ထို့ကြောင့်ဆန်စျေးများ အဆမတန်တက်လာကာ အစိုးရကလည်း ဆန်တင်ပို့မှု ရပ်ဆိုင်းရသည်အထိ ဆိုးဝါးစေခဲ့သည်။ နောက်ဆက်တွဲ အဖြစ် ဗမာ့ဆန်စျေးကွက့်ပြိုလဲကာ ချင်ချောင်းစီးပွားရေးသည်လည်း ဘုံးဘုံးလဲခဲ့သည်။

၁၉၂၂ တွင် ဒေဝါလီ ခံရတော့မည်အထိ ချင်ချောင်းစီးပွားရေးကျဆင်းခဲ့သည်။ ၁၉၂၃ တွင် ချင်ချောင်အား အကြွေးမှုဖြင့် အစိုးရက တရားစွဲခဲ့ကာ ထိုအချိန်မှစကာ သူဌေးကြီး လင်ချင်ချောင်းသည် လူမြင်ကွင်းမှ ပျောက်ကွယ်လာခဲ့သည်။

လင်ချင်ချောင်းသည် ၁၉၂၃ နို၀င်ဘာလ ၂ ရက်တွင် စံအိမ်တွင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ နှလုံးရောကာကြောင့် အိပ်ယာထဲတွင် ကွယ်လွန်သည်ဟု သူ့ဆရာ၀န်က ထွက်ဆိုသည်။ သူမသေဆုံခင်ကပင် တယ်လီဖုန်း လုပ်ငန်းမှ ငွေမပေးဆောင်မှုဖြင့် ဖုန်းများ ဖြတ်တောက်ခဲ့သည်။

အချို့ကလည်း စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟုလည်း ပြောခဲ့သည်။ ၁၉၂၀ ၀န်းကျင် အလွန်စည်ကားခဲ့သော ချင်ချောင်းစံအိမ်လည်း တိတ်ဆိတ်သွားခဲ့သည်။

၁၉၂၄ ဇွန်လတွင် စံအိမ်ကို အစိုးရ သိမ်းယူခဲ့သည်။ ၁၉၄၄ ၁၉၄၅ တွင် ဂျပန်တပ်များက ရေဒီယို စတေရှင်အဖြစ် အသုံးပြုခဲ့သည်။ စစ်ကြီးပြီး လွတ်လပ်ရေးရပြီးတွင် ကုလားသူဌေးတစ်ယောက်က၀ယ်ယူခဲ့ပြီး ၁၉၅၀ အစိုးရက ပြန်လည်သိမ်းယူခဲ့သည်။ ၁၉၆၀ တွင် အစိုးရက Kanbawza ရိပ်သာအဖြစ်ပြောင်းလဲခဲ့သည်။ နောက်ပိုင်းတွင် အနုပညာကျောင်းအဖြစ်ပြောင်းလဲခဲ့တာ ယနေ့တိုင်ဖြစ်သည်။

ချင်ချောင်းနန်းတော်သည် နှစ် ၁၀၀ တိုင်ခဲ့သော်လည်း တော်တော်များများ လုံး၀ ပျက်စီးမှုမရှိသေးပေ။ ကြမ်းခင်း လှေကား ကြွေပြားများ ကျောက်ပြားများ မှန်ကူကွက်များလည်း ယနေ့တိုင် အကောင်းအတိုင်းရှိသေးသည်။

အနောက်တိုင်း နှင့် တရုတ်ပန်းချီဆရာများဆွဲခဲ့သော နံရံကပ် ပန်ချီများလည်း အရောင် အနည်းငယ်လွင့်သည်မှ အပ ပျက်စီးမှုမရှိသေးပေ။ အချိန်ပေးကာ လေ့လာသင့်သောနေရာတစ်ခုလည်း ဖြစ်သည်။

Source : Wikipedia
crd,

Zawgyi
ခ်င္ေခ်ာင္းနန္းေတာ္

၁၉၁၅ ႏွင့္ ၁၉၁၈ ၾကားတြင္ တ႐ုတ္သူေဌးႀကီး လင္ခ်င္ေခ်ာင္းမွ ႐ူပီး ၂ သန္းေက်ာ္ (စတာလင္ေပါင္ ၂ သိန္း) ေက်ာ္ အကုန္က်ခံကာ အေရွ႕တိုင္း ႏွင့္ အေနာက္တိုင္းဗိသုကာ လက္ရာ ေပါင္းစပ္ၿပီး ခ်င္ေခ်ာင္း နန္းေတာ္ကို တည္ေဆာက္ခဲ့သည္။

ထိုအေဆာက္အဦးတြင္ တ႐ုတ္ျပည္ ႏြေရာသီနန္းေတာ္ရွိ ဖူရွင္း ဘုံဗိမာန္ဒီဇိုင္းကိုယူကာ ငါးထပ္ဘုံဗိမာန္ေမွ်ာ္စင္ႀကီးကို လည္း တည္ေဆာက္ခဲ့သည္။

ေဆာက္လုပ္ေရးပစၥည္းမ်ားကို တ႐ုတ္၊ အီတလီမွ အေကာင္းဆုံး ပစၥည္းမ်ားကို အသုံးျပဳကာ အေနာက္တိုင္း နာမည္ေက်ာ္ ပန္ခ်ီဆရာမ်ားျဖင့္ နံရံ ကပ္ပန္ခ်ီမ်ားကို ေရးဆြဲခဲ့ပါသည္။

ထိုစံအိမ္ႀကီးတြင္ သူေဌးႀကီး ခ်င္ေခ်ာင္းက ေန႕စဥ္နီးပါး ပါတီပြဲမ်ား က်င္းပကာ ၿမိဳ႕မ်က္ႏွာဖုံး အရာရွိမ်ားအား ေဖ်ာ္ေျဖခဲ့သည္။ ၁၉၂၀ ၀န်းကျင် ရန္ကုန္တြင္ ဂ်င္ခနာကလပ္၊ ပဲခူးကလပ္ႏွင့္ ခ်င္ေခ်ာင္းစံအိမ္တို႔သည္ လူစည္ကားရာ ပါတီပြဲမ်ား က်င္းပရာ ေနရာျဖစ္ခဲ့သည္။

လင္ခ်င္ေခ်ာင္း

သူေဌးႀကီး လင္ခ်င္ေခ်ာင္းရဲ႕ ဘ၀ ကံၾကမၼာကလည္း ဆန္းၾကယ္လြန္းပါသည္။

လင္ခ်င္ေခ်ာင္းကို ၁၈၆၇ ေအာက္တိုဘာ ၂၈ တြင္ ရန္ကုန္တြင္ ေမြးဖြားခဲ့ပါသည္။ ဖခင္ ႏွင့္ မိခင္တို႔က တ႐ုတ္လူမ်ိဳးျဖစ္ၿပီး ဖခင္သည္ ေငြးေၾကးခ်မ္းသာသူတစ္ဦးျဖစ္သည္။ ငယ္႐ြယ္စဥ္ကတဲက ခ်င္ေခ်ာင္းသည္ စီးပြားေရး လုပ္ငန္းကို စိတ္၀င္စားၿပီး ဖခင္ ဆန္စက္မွာ လက္ေထာက္အေနနဲ႕ စတင္ ေဆာင္႐ြက္ခဲ့သည္။

၁၈၈၈ ဖခင္ကြယ္လြန္ေသာ အခါ လုပ္ငန္းမ်ားကို အေမြဆက္ခံခဲ့ ၿပီး ဆန္စက္လုပ္ငန္းမွ ေရနံလုပ္ငန္းကို ေျပာင္းလဲ လုပ္ကိုင္ခဲ့သည္။ ၁၈၉၁ တြင္ ဗမာ့ေရနံလုပ္ငန္း (BOC) ရဲ႕ အဓိက ျမန္မာျပည္တြင္း ျဖန့္ျဖဴးသူျဖစ္ခဲ့ၿပီး စင္ကာပူ၊ ေဟာင္ေကာင္ႏွင့္ တ႐ုတ္ျပည္အထိ တင္ပို႔နိုင္သည္ အထိ ေအာင္ျမင္ခဲ့သည္။

ေရနံလုပ္ငန္းအျပင္ သေဘၤာက်င္း၊ မီးျခစ္စက္႐ုံ သြင္းကုန္ထုတ္ကုန္ အစရွိတဲ့ လုပ္ငန္းမ်ားကိုပါ ခ်ဲ့ထြင္လုပ္ကိုင္လာၿပီး ရန္ကုန္ရဲ႕ အထင္ရွားဆုံး သူေဌးႀကီးလည္း ျဖစ္ခဲ့သည္။

ခ်င္ေခ်ာင္းသည္ တ႐ုတ္ဘုံေက်ာင္းမ်ားတည္ေဆာက္ရာတြင္လည္း မ်ားစြာ ကူညီခဲ့သလို တ႐ုတ္အမ်ိဳးသား အသင္းမွာလည္း အခ်ိန္ၾကာျမင့္စြား ပါ၀င္ကူညီခဲ့သည္။ ၁၉၀၇ တြင္ လင္ခ်င္ေခ်ာင္း ေက်ာင္းကို တ႐ုတ္တန္းတြင္တည္ေဆာက္ေပးၿပီး အဂၤလန္မွ ဆရာ ဆရာမမ်ားကို ေခၚကာ ရန္ကုန္ၿမိဳ႕ေန တ႐ုတ္ ျမန္မာမ်ားကို အဂၤလိပ္စာ ေလ့လာေစသည္။

ခ်င္ေခ်ာင္းသည္ အဂၤလိပ္အရာရွိမ်ားႏွင့္ အထူး အကြၽမ္း၀င္ၿပီး ျမဴနီစပယ္အဖြဲ႕၀င္လူႀကီး အျဖစ္လည္းတာ၀န္ထမ္းေဆာင္ခဲ့သည္။ ၁၉၁၉ တြင္ စစ္ႀကီအတြက္ ရန္ပုံေငြေကာက္ခံေပးမႈကို အသိအမွတ္ျပဳကာ အစိုးရက Order of British Empire ဆုကို ခ်ီးျမင့္ေပးခဲ့သည္။ထိုအခ်ိန္သည္ လင္ခ်င္ေခ်ာင္း နာမည္ အေက်ာ္အၾကားဆုံးအခ်ိန္လည္း ျဖစ္သည္။

က်ဆဳံးခန္း

လင္ခ်င္ေခ်ာင္းသည္ အသုံးအၿဖဳံးႀကီးမားၿပီး မၾကာခန အိမ္ေတာ္တြင္ ပါတီပြဲမ်ား က်င္းပေလ့ရွိသည္။ ၁၉၁၁ ထဲမွ အစိုးရထံမွ ေငြမ်ားေခ်းယူခဲ့ၿပီး ၁၉၁၄ တြင္ လုပ္ငန္းမ်ား စတင္ေပါင္ႏွံခဲ့ရသည္။ သို႔ေသာ္ စံအိမ္အား အႀကီးအက်ယ္တည္ေဆာက္ကာ အသုံးအၿဖဳံးလည္း အေလွ်ာ့ခဲ့ေပ။

၁၉၁၅ တြင္ အဂၤလန္မွ Rolls Royce ကားမ်ားကို တင္သြင္းခဲ့သည္။ သို႔ေသာ္ ဗမာ့စီးပြားေရး က်ပ္တည္းမႈေၾကာင့္ ထင္သေလာက္ အေရာင္းမသြက္ခဲ့ေပ။ ၁၉၁၉ တြင္ အေႂကြးမ်ား မဆပ္နိုင္ေသာ ေၾကာင့္ BOC မွ လည္း ထုတ္ပယ္ခံခဲ့ရသည္။

၁၉၂၁ တြင္ ခ်င္ေခ်ာင္းသည္ ဆန္ေစ်းကြက္ကို ရွယ္ယာမ်ား ၀ယ်ယူကာ ေစ်းကစားခဲ့သည္။ ထို႔ေၾကာင့္ဆန္ေစ်းမ်ား အဆမတန္တက္လာကာ အစိုးရကလည္း ဆန္တင္ပို႔မႈ ရပ္ဆိုင္းရသည္အထိ ဆိုးဝါးေစခဲ့သည္။ ေနာက္ဆက္တြဲ အျဖစ္ ဗမာ့ဆန္ေစ်းကြက့္ၿပိဳလဲကာ ခ်င္ေခ်ာင္းစီးပြားေရးသည္လည္း ဘုံးဘုံးလဲခဲ့သည္။

၁၉၂၂ တြင္ ေဒဝါလီ ခံရေတာ့မည္အထိ ခ်င္ေခ်ာင္းစီးပြားေရးက်ဆင္းခဲ့သည္။ ၁၉၂၃ တြင္ ခ်င္ေခ်ာင္အား အေႂကြးမႈျဖင့္ အစိုးရက တရားစြဲခဲ့ကာ ထိုအခ်ိန္မွစကာ သူေဌးႀကီး လင္ခ်င္ေခ်ာင္းသည္ လူျမင္ကြင္းမွ ေပ်ာက္ကြယ္လာခဲ့သည္။

လင္ခ်င္ေခ်ာင္းသည္ ၁၉၂၃ နို၀င္ဘာလ ၂ ရက္တြင္ စံအိမ္တြင္ ႐ုတ္တရက္ ကြယ္လြန္ခဲ့သည္။ ႏွလုံးေရာကာေၾကာင့္ အိပ္ယာထဲတြင္ ကြယ္လြန္သည္ဟု သူ႕ဆရာ၀န္က ထြက္ဆိုသည္။ သူမေသဆုံခင္ကပင္ တယ္လီဖုန္း လုပ္ငန္းမွ ေငြမေပးေဆာင္မႈျဖင့္ ဖုန္းမ်ား ျဖတ္ေတာက္ခဲ့သည္။

အခ်ိဳ႕ကလည္း စိတ္ဓာတ္က်ကာ ကိုယ့္ကိုယ္ကို အဆုံးစီရင္ခဲ့သည္ဟုလည္း ေျပာခဲ့သည္။ ၁၉၂၀ ၀န်းကျင် အလြန္စည္ကားခဲ့ေသာ ခ်င္ေခ်ာင္းစံအိမ္လည္း တိတ္ဆိတ္သြားခဲ့သည္။

၁၉၂၄ ဇြန္လတြင္ စံအိမ္ကို အစိုးရ သိမ္းယူခဲ့သည္။ ၁၉၄၄ ၁၉၄၅ တြင္ ဂ်ပန္တပ္မ်ားက ေရဒီယို စေတရွင္အျဖစ္ အသုံးျပဳခဲ့သည္။ စစ္ႀကီးၿပီး လြတ္လပ္ေရးရၿပီးတြင္ ကုလားသူေဌးတစ္ေယာက္က၀ယ္ယူခဲ့ၿပီး ၁၉၅၀ အစိုးရက ျပန္လည္သိမ္းယူခဲ့သည္။ ၁၉၆၀ တြင္ အစိုးရက Kanbawza ရိပ္သာအျဖစ္ေျပာင္းလဲခဲ့သည္။ ေနာက္ပိုင္းတြင္ အႏုပညာေက်ာင္းအျဖစ္ေျပာင္းလဲခဲ့တာ ယေန႕တိုင္ျဖစ္သည္။

ခ်င္ေခ်ာင္းနန္းေတာ္သည္ ႏွစ္ ၁၀၀ တိုင္ခဲ့ေသာ္လည္း ေတာ္ေတာ္မ်ားမ်ား လုံး၀ ပ်က္စီးမႈမရွိေသးေပ။ ၾကမ္းခင္း ေလွကား ေႂကြျပားမ်ား ေက်ာက္ျပားမ်ား မွန္ကူကြက္မ်ားလည္း ယေန႕တိုင္ အေကာင္းအတိုင္းရွိေသးသည္။

အေနာက္တိုင္း ႏွင့္ တ႐ုတ္ပန္းခ်ီဆရာမ်ားဆြဲခဲ့ေသာ နံရံကပ္ ပန္ခ်ီမ်ားလည္း အေရာင္ အနည္းငယ္လြင့္သည္မွ အပ ပ်က္စီးမႈမရွိေသးေပ။ အခ်ိန္ေပးကာ ေလ့လာသင့္ေသာေနရာတစ္ခုလည္း ျဖစ္သည္။

Source : Wikipedia
crd,