ဖိနပ်ပေါ်တွင် အနုစိတ်ဂန္ထ၀င်ပန်းချီပုံများကို ရေးဆွဲကာ ရောင်းချခြင်းဖြင့် အသက်မွေး၀မ်းကျောင်း ပြုနေသော ကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက် ၂၃နှစ်အရွယ် ကောင်လေးသည် ငယ်စဥ်လေးတည်းက ပန်းချီဆွဲရခြင်းကို အထူးနှစ်သက်ကာတက္ကသိုလ်၌ ဗိသုကာကျောင်းသားအဖြစ် တက်ရောက်ခဲ့ပြီး အနာဂတ်တွင် နာမည်ကြီး ပန်းချီဆရာတစ်ဦးဖြစ်ချင်ခဲ့သည်။

ထို့ကြောင့် ကောင်လေးသည် သူဝါသနာပါရာကို သေချာလေ့လာခဲ့ပြီး လေ့ကျင့်မှုများပြုလုပ်ကာ အိမ်တွင် ပန်းချီကားများစွာကို ရေးဆွဲပြီး ချိတ်ထားလေ့ရှိသည်။

ကောင်လေးဧ။်ထူးခြားပုံမှာ သာမန်ပန်းချီကားများထက် ရှေးဟောင်းဂန္ထ၀င်လက်ရာများကို ပိုမိုစိတ်ဝင်စားကာ ယနေ့ခေတ်ထုတ်ကုန်များတွင် ခေတ်မှီစွာထည့်သွင်းရေးဆွဲချင်သည့် စိတ်ကူးမျိုးရခဲ့၍ လူငယ်တွေအကြိုက် ဘိုးဖိနပ်ပြောင်တွေကို စုဆောင်းခဲ့သည်။

ထို့နောက် ကောင်လေးသည် ဘိုးဖိနပ်တစ်ရံချင်းစီကို အနုစိတ် ဂန္ထ၀င်ပန်းချီများရေးဆွဲ အရောင်ခြယ်ကာ လူမှုကွန်ယက်တွင် မျှဝေခဲ့ပြီးနောက် လူကြိုက်များလာကာ ပန်းချီရေးဆွဲထားသော ဖိနပ်တွေက အရောင်းရဆုံးဖြစ်ခဲ့၍ ဝါသနာပါရာအလုပ်နှင့် ဝင်ငွေများစွာ ရှာနိုင်ခဲ့သည်။

Crd,

Zawgyi
ဗီယက္နမ္နိုင္ငံမွ အသက္ ၂၃ႏွစ္အ႐ြယ္ ေကာင္ေလးသည္ ငယ္စဥ္ေလးတည္းက ပန္းခ်ီဆြဲရျခင္းကို အထူးႏွစ္သက္ကာတကၠသိုလ္၌ ဗိသုကာေက်ာင္းသားအျဖစ္ တက္ေရာက္ခဲ့ၿပီး အနာဂတ္တြင္ နာမည္ႀကီး ပန္းခ်ီဆရာတစ္ဦးျဖစ္ခ်င္ခဲ့သည္။

ထို႔ေၾကာင့္ ေကာင္ေလးသည္ သူဝါသနာပါရာကို ေသခ်ာေလ့လာခဲ့ၿပီး ေလ့က်င့္မႈမ်ားျပဳလုပ္ကာ အိမ္တြင္ ပန္းခ်ီကားမ်ားစြာကို ေရးဆြဲၿပီး ခ်ိတ္ထားေလ့ရွိသည္။

ေကာင္ေလးဧ။္ထူးျခားပုံမွာ သာမန္ပန္းခ်ီကားမ်ားထက္ ေရွးေဟာင္းဂႏၳ၀င္လက္ရာမ်ားကို ပိုမိုစိတ္ဝင္စားကာ ယေန႕ေခတ္ထုတ္ကုန္မ်ားတြင္ ေခတ္မွီစြာထည့္သြင္းေရးဆြဲခ်င္သည့္ စိတ္ကူးမ်ိဳးရခဲ့၍ လူငယ္ေတြအႀကိဳက္ ဘိုးဖိနပ္ေျပာင္ေတြကို စုေဆာင္းခဲ့သည္။

ထို႔ေနာက္ ေကာင္ေလးသည္ ဘိုးဖိနပ္တစ္ရံခ်င္းစီကို အႏုစိတ္ ဂႏၳ၀င္ပန္းခ်ီမ်ားေရးဆြဲ အေရာင္ျခယ္ကာ လူမႈကြန္ယက္တြင္ မွ်ေဝခဲ့ၿပီးေနာက္ လူႀကိဳက္မ်ားလာကာ ပန္းခ်ီေရးဆြဲထားေသာ ဖိနပ္ေတြက အေရာင္းရဆုံးျဖစ္ခဲ့၍ ဝါသနာပါရာအလုပ္ႏွင့္ ဝင္ေငြမ်ားစြာ ရွာနိုင္ခဲ့သည္။

Crd,