ရန်ကုန်ဆိုတာ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ခရစ်နှစ် ၁၈၅၃ခု မှစကာ အောက်မြန်မာနိုင်ငံရဲ့ မြို့တော် ဖြစ်လာခဲ့ပါတယ်။ နောက်တော့ မြန်မာတစ်နိုင်ငံလုံးရဲ့ မြို့တော်အဖြစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၈၅ခုမှာ သတ်မှတ်ခံခဲ့ရတာ ၂၀ဝ၆ခု မတ်လ တိုင်အောင်ပါပဲ။
နှစ်ပေါင်း ၁၅၃နှစ်တိုင်အောင် အစိုးရရုံးဆိုက်ရာ မြို့တော်ဖြစ်ခဲ့တဲ့ ရန်ကုန်မှာ သမိုင်းဆိုင်ရာ အမှတ်တရ နေရာများစွာ ရှိလို့နေပါတယ်။ သွားရောက်လေ့လာသင့်သော နေရာများစွာထဲမှ ဗဟန်းမြို့နယ်မှာရှိတဲ့ ဆွေတော်မျိုးတော် သင်္ချိုင်းသည်လည်း တစ်ခုအပါအဝင်ပါပဲ။
ဆွေတော်မျိုးတော် သင်္ချိုင်းမှာ မြှုပ်နှံထားသည့် မင်းမျိုး မင်းနွယ်များ အကြောင်းကို စာအုပ်များမှတဆင့် လေ့လာကြည့်တဲ့အခါမှာ လင်းပင်မင်းသား အကြောင်းက အစုံလင်ဆုံးလို့ ဆိုရပါမယ်။
အပျိုတော် ခပ်ဖော့ဟာ အိမ်ရှေ့စံကနောင်မင်းအား ခစားရသည့် အငြိမ့်အပျိုတော်တစ်ဦး ဖြစ်ပြီး ကနောင်မင်းမှ မြတ်နိုးခြင်းကို ခံရကာ ဆောင်ရသခင်ကြီး ခင်ဖော့ ဖြစ်လာခဲ့ပါတယ်။ အိမ်ရှေ့စံ ကနောင်မင်း၏ တော်ကောက်ခြင်း ခံရပြီးနောက် ၁၈၅၆ခုမှာ သားတော် လင်းပင်မင်းသားကို ဖွားမြင်ပါတယ်။
လင်းပင်မင်းသားရဲ့ ငယ်နာမည်က မောင်ဆွေမြစ်ပါ။ မင်းသားဘွဲ့နာမည်ကတော့ သတိုးမင်းရဲဒိဗ္ဗလို့ မှတ်သားရပါတယ်။ ၁၈၆၆ခု၊ သြဂုတ်လ (၂)ရက်မှာ ခမည်းတော် အိမ်ရှေ့စံမင်း လုပ်ကြံခံခဲ့ရတယ်။ ခမည်းတော် နတ်ရွာစံပြီးနောက်မှာ မိခင်ဘက်မှ အဖွားဖြစ်သူ လေးပြင်ထောင်မှူးကတော်ဟောင်းဆီ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ၁၈၇၉ခုမှာ မင်းညီမင်းသားများ ဖမ်းဆီးကွပ်မျက်ခံနေရသဖြင့် ရန်ကုန်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။
လင်းပင်မင်းသား ရန်ကုန်မှာ နေထိုင်နိုင်ရန်အတွက် ဗြိတိသျှအရေးပိုင် မစ္စတာရှောမှ လစဉ်ထောက်ပံ့ကြေး ရူပီ ၅၀ ပေးပါတယ်။ ပြီးတော့ စိန်ဂျွန်းကျောင်း (အ.ထ.က ၁ လမ်းမတော်)မှာ ပညာသင်ကြားစေခဲ့တယ်။ ၁၈၈၁ခုမှာ ထားဝယ်မြို့အုပ်အဖြစ် ဗြိတိသျှအစိုးရမှ ခန့်အပ်ခြင်း ခံရတယ်။ လင်းပင်မင်းသားဟာ ထားဝယ်မှာ တာဝန်ကျချိန်အတွင်း ထားဝယ်ရှမ္မလည်ဆွဲရပ် ဟိန္ဒူဘုရားကျောင်း အနီးမှာ နေထိုင်ခဲ့တယ်။
၁၈၈၂ခုရောက်တော့ ဟင်္သတမြို့အုပ်အဖြစ် ပြောင်းရွှေ့တာဝန်ချခြင်း ခံရပါတယ်။ ၁၈၈၃ခု၊ ဇန်နဝါရီလမှာ ဗြိတိသျှအစိုးရအား အကြောင်းမကြားဘဲ ကယားပြည်နယ်သို့ တိတ်တဆိတ် ထွက်သွားပါတယ်။ သည့်အတွက်ကြောင့် ရန်ကုန်မြို့မှ ဗြိတိသျှအရေးပိုင်းက မန္တလေးမြို့ရှိ မဟာဝန်ရှင်တော်မင်းထံ စာပို့ကာ လင်းပင်မင်းသား မန္တလေးသို့ လာရောက်ပါက ဖမ်းဆီးအရေးယူပေးရန် တောင်းဆိုခဲ့တယ်။
နောက်တော့ လင်းပင်မင်းသားက မော်လမြိုင်မြို့မှာ နေထိုင်ခွင့်ပြုဖို့ ဗြိတိသျှအစိုးရထံ တောင်းဆိုပါတယ်။ ဗြိတိသျှအစိုးရက လင်းပင်မင်းသားကို မော်လမြိုင်မှာ ကတိခံဝန်ချက်တစ်စောင်ဖြင့် နေခွင့်ပြုခဲ့ပါတယ်။ ခံဝန်ချက်ကတော့ လင်းပင်မင်းသား အနေနဲ့ မော်လမြိုင်မြို့ အရေးပိုင်မင်းရဲ့ ခွင့်ပြုချက် မရဘဲ အခြားမြို့သို့ မထွက်ခွာရ ဆိုတာပါပဲ။
လင်းပင်မင်းသား မော်လမြိုင်မှာ နေစဉ်အတွင်း ရှမ်းစော်ဘွားများနှင့် တိတ်တဆိတ် အဆက်အသွယ် ရလာပါတယ်။ နောက်တော့ သီပေါမင်းအား နန်းချရန် ကြံစည်ကြပါတယ်။ အစီအစဉ်အတိုင်း လင်းပင်မင်းသားဟာ ၁၈၈၅ခုမှာ မော်လမြိုင်မြို့မှ မိုးနဲမြို့သို့ ထွက်ခွာသွားပါတယ်။
လင်းပင်မင်းသား မိုးနဲမြို့သို့ ရောက်ချိန်ဟာ သီပေါမင်း ပါတော်မူပြီးစအချိန် ဖြစ်နေသဖြင့် မူလအစီစဉ် ပျက်ပြယ်ကုန်ပါတယ်။ နောက်တော့ ဗြိတိသျှကို ဆန့်ကျင်တော်လှန်ဖို့ လင်းပင်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းကြပါတယ်။ လင်းပင်မင်းသားနှင့် ရှမ်းစော်ဘွားများ ပေါင်းစည်းထားသော လင်းပင်မဟာမိတ်မဖွဲ့ဟာ ၁၈၈၆ခုမှာ ပိုမိုအားကောင်းလာခဲ့တယ်။
၁၈၈၇ခု၊ ဇန်နဝါရီလ (၃)ရက်မှာ ဗြိတိသျှစစ်တပ်ဟာ ရှမ်းပြည်နယ်ကို သိမ်းရန်အတွက် လှိုင်တက်မှ စတင်ခဲ့တယ်။ ရှမ်းပြည်နယ် စစ်ဆင်ရေးကို ကာနယ်စတက်မန်း (Colonel Stedman)မှ ဦးဆောင်လာပါတယ်။ ဇန်နဝါရီလ (၁၅)ရက်မှာ ဆင်ကူ၊ လယ်ခေါင်းတောင်ကြားလမ်း အလွန်မှာ လင်းပင်အုပ်စုမှ ဆီးကြိုတိုက်ခိုက်ပါတယ်။
ဒါပေမယ့် လက်နက်အင်အားခြင်း များစွာကွာဟသဖြင့် လင်းပင်အုပ်စုဘက်မှ အကျအဆုံး များလာပါတယ်။ ဗြိတိသျှစစ်တပ်ဟာ စော်ဘွားများနှင့် လင်းပင်မင်းသားထံ စည်းရုံးသိမ်းသွင်းသည့်စာများ ရေးပို့ခဲ့ပါတယ်။ စော်ဘွားများထံ လွတ်လပ်စွာ အုပ်ချုပ်ခွင့် ပေးမည်ဖြစ်ကြောင်း၊ မိတ်ဆွေဖြစ်ရေးကိုသာ ရှေးရှုပါကြောင်း ရေးသားခဲ့ပါတယ်။
လင်းပင်မင်းသားကိုလည်း ဗြိတိသျှလက်အောက် ခိုဝင်မယ်ဆိုရင် မည်သည့်အရေးယူခြင်းမျိုးမှ လုပ်မည် မဟုတ်ကြောင်း၊ လစဉ်ထောက်ပံ့ငွေ ရူပီ ၁၅၀ ပေးမည်ဖြစ်ကြောင်း၊ မော်လမြိုင်မှာဖြစ်ဖြစ် ရန်ကုန်မှာဖြစ်ဖြစ် နှစ်သက်ရာမြို့မှာ အိမ်တစ်ဆောင် ပေးမည်ဖြစ်ကြောင်း စည်းရုံးပါတယ်။
လင်းပင်မင်းသားနှင့် စော်ဘွားများမှ လက်မခံသဖြင့် ဗြိတိသျှဘက်မှ ၁၈၈၇ခု၊ မတ်လ (၃၀)ရက်မှာ နောက်ဆုံးစစ်ရာဇသံ ထုတ်ပြန်ခဲ့ပါတယ်။ ထိုတိုက်ပွဲမှာ လင်းပင်မဟာမိတ်အဖွဲ့မှ အထိနာလာသဖြင့် ၁၈၈၇ခု၊ မေလ (၂)ရက်မှာ မိုးနဲမြို့တွင် ဗြိတိသျှအရာရှိများနှင့် တွေ့ဆုံ ညှိနှိုင်းကြပါတယ်။
လင်းပင်မဟာမိတ်အဖွဲ့၏ တောင်းဆိုချက်မှာ အမှူထမ်းများကို လွတ်ငြိမ်းချမ်းသားခွင့် ပေးရန်၊ အိန္ဒိယနိုင်ငံမှ ဂိုလက်ဆင်းကဲ့သို့ ရာဇာအဆင့်တွင် ထားရန်နှင့် ကိုယ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့ထားရှိခွင့်ပြုရန် စတဲ့ အချက်တွေ ပါဝင်ပါတယ်။
လင်းပင်မင်းသား၏ ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်ကတော့ သူ့အား ရာဇဝတ်ကြောင်း၊ တရားမကြောင်းစ၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်၊ သူပိုင်ဆိုင်သော ဆင်၊ မြင်းနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ယူဆောင်ခွင့်ပြုရန်၊ တစ်လကို ရူပီ ၂၅၀ ထောက်ပံ့ရန်နှင့် မန္တလေးမြို့အနီးရှိ အိမ်ရှေ့မင်းပိုင်သည့် လယ်ယာမြေ ထန်းတောအပါအဝင် အားလုံးကို ပိုင်ဆိုင်ခွင့်ပေးရန်တို ဖြစ်ပါတယ်။
ဗြိတိသျှအစိုးရက လင်းပင်းမင်းသား၏ ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များထဲမှ နောက်ဆုံးအချက်မှလွဲပြီး ကျန်အချက်များကို သဘောတူခဲ့ပါတယ်။ နောက်ဆုံးအချက်ကို သဘောမတူရတာက အိမ်ရှေ့စံ ကနောင်မင်းသားမှာ အခြားသော အမွေခံ သားတော်၊ သမီးတော်များ ရှိနေသေးလို့ပါတဲ့။ သည်လိုနဲ့ နောက်ဆုံးညှိနှိုင်းပြီးနောက် ၁၈၈၇ခု၊ မေလ (၁၃)ရက်မှာ လင်းပင်းမဟာမိတ်အဖွဲ့ဟာ လက်နက်ချလိုက်ပါတော့တယ်။
လက်နက်ချပြီးနောက်မှာ ဗြိတိသျှစစ်တပ်က လင်းပင်မင်းသားကို ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့တယ်။ ထိုနှစ် ၁၈၈၇ခုမှာပဲ အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ ပြည်နှင်ဒဏ် ပေးပါတော့တယ်။ နောက်တော့ အာလာဗတ်မြို့သို့ ပြောင်းရွှေ့နေထိုင်စေပါတယ်။
အိန္ဒိယမှာ နေထိုင်စဉ် ဗြိတိသျှအစိုးရက လင်းပင်မင်းသားကို လစဉ်ထောက်ပံ့ငွေ ရူပီ ၅၀ ပေးတယ်လို့ ဗြိတိသျှအစိုးရရဲ့ နိုင်ငံရေး ပင်စင်စာရင်းမှာ ဖော်ပြထားပါတယ်။ ပြီးတော့ အထက်တန်းလွှာများမှာ ဝင်ဆံ့နိုင်အောင် ပြည့်ပြည့်စုံစုံလည်း ထားပါတယ်။
လင်းပင်မင်းသားဟာ အိန္ဒိယနိုင်ငံမှာ ၂၅နှစ်ကြာ ပြည်နှင်ဒဏ်ခံပြီးနောက် ၁၉၁၂ခုမှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်နေခွင့် ရလာပါတယ်။ လင်းပင်မင်းသား နေထိုင်ရန်အတွက် ဗြိတိသျှအစိုးရက ဗဟန်းမြို့နယ်၊ ကင်းဘဲလမ်း၊ ခြံနံပါတ် (၁၁)ရှိ မစ္စတာကော့ဗ်ရှက် (Mr. Covshed)၏ အိမ်မှာ နေရာချပေးပါတယ်။
နောက်ပိုင်းမှာ လင်းပင်မင်းသားဟာ ဖိုထိုးရင်း ရသေ့ကြီး ဦးခန္တီနဲ့ ရင်းနှီးလာပါတယ်။ ရသေ့ကြီးက မန္တလေး၊ စန္ဒာမုနိဘုရားဝန်းရှိ အိမ်ရှေ့မင်းရဲ့ အုတ်ဂူပြသာဒ်အပေါ် စန္ဒာမုနိရုပ်ပွားတော် ဂန္ဓကုဋီတိုက်ခေါင်မိုး ရေတံလျှောက်မှ ရေများကျနေသဖြင့် အိမ်ရှေ့မင်း၏ အဆက်အနွယ်များ မကြီးပွားနိုင်ဘူးဟု လင်းပင်မင်းသားအား ပြောပါတယ်။
လင်းပင်မင်းသားဟာ သားတော် လင်းပင်ထိပ်တင်လတ်၏ ယောက်ဖဖြစ်သူ ရှေ့နေဦးခင်မောင်ဒွေးအား အဖော်ပြုပြီး အိမ်ရှေ့စံရဲ့ အလောင်းတော်ကို ပြန်ဖော်ဖို့ ကြံစည်ပါတယ်။ ဦးခင်မောင်ဒွေးဟာ လင်းပင်မင်းသားရဲ့ သမီးတော် လင်းပင်ထိပ်တင်မဒွေးနဲ့ လက်ဆက်ရန် သဘောတူထားပြီးသော သမက်လောင်းလည်း ဖြစ်ပါတယ်။
ဦးခင်မောင်ဒွေးရဲ့ ပြောပြချက်မှာ – “သည်တုန်းက မင်းသားကြီးနဲ့ ဘဘတို့က ပန်းရန်နှစ်ယောက် ခေါ်ပြီး ညဘက်မှာ တိတ်တဆိတ် သွားရတာ။ ပန်းရံနှစ်ယောက်ကို အဲ့သည့်ခေတ်က ငွေ ၁၅ရူပီစီ ပေးရတယ်။ သည်တုန်းက ပုလိပ်တစ်ယောက်မှ တစ်လလခ ၁၃ရူပီသာ ရတဲ့ခေတ်လေ။ မှန်းကြည့်ပေါ့။ အိမ်ရှေ့မင်း အလောင်းတော် မြှုပ်ထားရာ အုတ်ပြသာဒ်ကို တူးရတာ။ အရိုးတော်တွေကိုတော့ မင်းသားကြီးက ကတ္တီပါအိတ်နဲ့ ထည့်ပြီး ယူသွားတယ်။ ပန်းရံနှစ်ယောက်က ဂူကို လက်ရာအပျက် ပြန်ပိတ်ပေးရတယ်။”
“သည်ကိစ္စက ဘယ်လိုပဲ ဖုံထားပေမယ့် ပန်းရံနှစ်ယောက်က နှုတ်မလုံလို့ အစိုးရက သိသွားတယ်။ မန္တလေးအရေးပိုင်က ဘဘကိုခေါ်ပြီး ခင်ဗျားတိုပ ဘာတွေလုပ်တာလဲ? အင်္ဂလိပ်အစိုးရ ပြုတ်အောင် ဆေးဝါးစီရင်ဖို့ လုပ်တာလား? သည်လုပ်ဆောင်ချက်ဟာ ဥပဒေနဲ့ မညီညွတ်ဘူးဆိုတာ ခင်ဗျားတိုပ မသိဘူးလား လို့ ခေါ်ပြီး ကြိမ်းပါရော။
သည်တော့ ဘဘက သူ့အဖေရဲ့ အရိုးကို သူ့သားကဖော်တာ ဘာတတ်နိုင်မှာလဲလို့ ခပ်မာမာ ပြန်ပြောလိုက်တယ်။ သည်ကိစ္စက ဘာမှမဖြစ်ဘဲ အေးသွားတယ် ထင်ရပေမယ့် သည်ကိစ္စကြောင့် မင်းသားကြီးကို နောက်ပိုင်းမှာ အိန္ဒိယ ပြန်ပို့လိုက်တယ်”
အိမ်ရှေ့စံ အလောင်းပြန်ဖော်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး လင်းပင်မင်းသားဟာ အခြားသော အိမ်ရှေ့စံရဲ့ သားတော်၊ သမီးတော်တို့နဲ့ တိုင်ပင်ခြင်း မရှိခဲ့ပါဘူး။ သူတို့တွေ ပြန်သိသွားတော့ အတော်လေး မကျေမနပ် ဖြစ်ကြရတယ်။ လင်းပင်မင်းသားဟာ အိမ်ရှေ့စံရဲ့ အရိုးတွေကို လှိုင်မြစ်ထဲမှာ သဂြိုဟ်လိုက်တယ်လို့ ဖတ်ရပါတယ်။
၁၉၁၅ခုမှာ ဗြိတိသျှအစိုးရက လင်းပင်မင်းသားကို အိန္ဒိယနိုင်ငံ၊ ကာလကတ္တားသို့ ပြည်နှင်ဒဏ် ပြန်ပေးလိုက်ပါတယ်။ နောက် ၆နှစ်အကြာ ၁၉၂၁ခုတွင် ရန်ကုန်မှာ ကောင်းကောင်းမွန်မွန် နေထိုင်ပါ့မယ်ဆိုတဲ့ ခံဝန်ချက်နဲ့ ပြန်လာခွင့် ရခဲ့ပါတယ်။ ဗြိတိသျှအစိုးရက လင်းပင်မင်းသားကို ကုက္ကိုင်းလမ်း၊ ခြံအမှတ် ၁၁၂ကို အပိုင်ပေးပါတယ်။ မြေက ၃ဧက ကျယ်ပါတယ်။ လင်းပင်မင်းသားဟာ မိမိနေထိုင်ရန် အိမ်ကို စိတ်ကြိုက်ဆောက်လုပ်ပြီး ရတနာသိင်္ဃစံအိမ် ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ အခုတော့ ဗဟန်း အ.ထ.က (၂) ဖြစ်လို့နေပါပြီ။
လင်းပင်မင်းသားရဲ့ ဇနီးသည်ကတော့ ရေနံ့သာမြို့စား ကသည်းမြို့ဝန် မင်းလှသမိန်ထောရာဇာဦးရွှေမောင်ရဲ့ သမီး ရေနံ့သာခင်ခင်ကြီး ဖြစ်ပါတယ်။ မြောက်သားတော် ရေနံ့သာခင်ခင်ကြီးဟာ အသက် ၆၈နှစ်မှာ ကံကုန်ပါတယ်။ လင်းပင်မင်းသားမှာ ကိုယ်လုပ်တော်တစ်ယောက်လည်း ရှိပါသေးတယ်။ သူကတော့ ဒေါ်ရွှေကြင်လို့ မှတ်သားရတယ်။ လင်းပင်မင်းသားကတော့ ၁၉၃၃ခုတွင် ရတနာသိင်္ဃစံအိမ်မှာပဲ အနိစ္စရောက်ပါတယ်။
Ref: ရတနာနတ်မယ် (သို့မဟုတ်) တခါတုန်းက သမ္မတကတော် – သန်းဝင်းလှိုင်
Zawgyi
ရန္ကုန္ဆိုတာ ဒုတိယ အဂၤလိပ္-ျမန္မာ စစ္ပြဲအၿပီး ခရစ္ႏွစ္ ၁၈၅၃ခု မွစကာ ေအာက္ျမန္မာနိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ျဖစ္လာခဲ့ပါတယ္။ ေနာက္ေတာ့ ျမန္မာတစ္နိုင္ငံလုံးရဲ႕ ၿမိဳ႕ေတာ္အျဖစ္ တတိယ အဂၤလိပ္-ျမန္မာ စစ္ပြဲအၿပီး ၁၈၈၅ခုမွာ သတ္မွတ္ခံခဲ့ရတာ ၂၀ဝ၆ခု မတ္လ တိုင္ေအာင္ပါပဲ။
ႏွစ္ေပါင္း ၁၅၃ႏွစ္တိုင္ေအာင္ အစိုးရ႐ုံးဆိုက္ရာ ၿမိဳ႕ေတာ္ျဖစ္ခဲ့တဲ့ ရန္ကုန္မွာ သမိုင္းဆိုင္ရာ အမွတ္တရ ေနရာမ်ားစြာ ရွိလို႔ေနပါတယ္။ သြားေရာက္ေလ့လာသင့္ေသာ ေနရာမ်ားစြာထဲမွ ဗဟန္းၿမိဳ႕နယ္မွာရွိတဲ့ ေဆြေတာ္မ်ိဳးေတာ္ သခၤ်ိဳင္းသည္လည္း တစ္ခုအပါအဝင္ပါပဲ။
ေဆြေတာ္မ်ိဳးေတာ္ သခၤ်ိဳင္းမွာ ျမႇုပ္ႏွံထားသည့္ မင္းမ်ိဳး မင္းႏြယ္မ်ား အေၾကာင္းကို စာအုပ္မ်ားမွတဆင့္ ေလ့လာၾကည့္တဲ့အခါမွာ လင္းပင္မင္းသား အေၾကာင္းက အစုံလင္ဆုံးလို႔ ဆိုရပါမယ္။
အပ်ိဳေတာ္ ခပ္ေဖာ့ဟာ အိမ္ေရွ႕စံကေနာင္မင္းအား ခစားရသည့္ အၿငိမ့္အပ်ိဳေတာ္တစ္ဦး ျဖစ္ၿပီး ကေနာင္မင္းမွ ျမတ္နိုးျခင္းကို ခံရကာ ေဆာင္ရသခင္ႀကီး ခင္ေဖာ့ ျဖစ္လာခဲ့ပါတယ္။ အိမ္ေရွ႕စံ ကေနာင္မင္း၏ ေတာ္ေကာက္ျခင္း ခံရၿပီးေနာက္ ၁၈၅၆ခုမွာ သားေတာ္ လင္းပင္မင္းသားကို ဖြားျမင္ပါတယ္။
လင္းပင္မင္းသားရဲ႕ ငယ္နာမည္က ေမာင္ေဆြျမစ္ပါ။ မင္းသားဘြဲ႕နာမည္ကေတာ့ သတိုးမင္းရဲဒိဗၺလို႔ မွတ္သားရပါတယ္။ ၁၈၆၆ခု၊ ၾသဂုတ္လ (၂)ရက္မွာ ခမည္းေတာ္ အိမ္ေရွ႕စံမင္း လုပ္ႀကံခံခဲ့ရတယ္။ ခမည္းေတာ္ နတ္႐ြာစံၿပီးေနာက္မွာ မိခင္ဘက္မွ အဖြားျဖစ္သူ ေလးျပင္ေထာင္မႉးကေတာ္ေဟာင္းဆီ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့တယ္။ ၁၈၇၉ခုမွာ မင္းညီမင္းသားမ်ား ဖမ္းဆီးကြပ္မ်က္ခံေနရသျဖင့္ ရန္ကုန္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ရတယ္။
လင္းပင္မင္းသား ရန္ကုန္မွာ ေနထိုင္နိုင္ရန္အတြက္ ၿဗိတိသွ်အေရးပိုင္ မစၥတာေရွာမွ လစဥ္ေထာက္ပံ့ေၾကး ႐ူပီ ၅၀ ေပးပါတယ္။ ၿပီးေတာ့ စိန္ဂြၽန္းေက်ာင္း (အ.ထ.က ၁ လမ္းမေတာ္)မွာ ပညာသင္ၾကားေစခဲ့တယ္။ ၁၈၈၁ခုမွာ ထားဝယ္ၿမိဳ႕အုပ္အျဖစ္ ၿဗိတိသွ်အစိုးရမွ ခန့္အပ္ျခင္း ခံရတယ္။ လင္းပင္မင္းသားဟာ ထားဝယ္မွာ တာဝန္က်ခ်ိန္အတြင္း ထားဝယ္ရွမၼလည္ဆြဲရပ္ ဟိႏၵဴဘုရားေက်ာင္း အနီးမွာ ေနထိုင္ခဲ့တယ္။
၁၈၈၂ခုေရာက္ေတာ့ ဟသၤတၿမိဳ႕အုပ္အျဖစ္ ေျပာင္းေ႐ႊ႕တာဝန္ခ်ျခင္း ခံရပါတယ္။ ၁၈၈၃ခု၊ ဇန္နဝါရီလမွာ ၿဗိတိသွ်အစိုးရအား အေၾကာင္းမၾကားဘဲ ကယားျပည္နယ္သို႔ တိတ္တဆိတ္ ထြက္သြားပါတယ္။ သည့္အတြက္ေၾကာင့္ ရန္ကုန္ၿမိဳ႕မွ ၿဗိတိသွ်အေရးပိုင္းက မႏၱေလးၿမိဳ႕ရွိ မဟာဝန္ရွင္ေတာ္မင္းထံ စာပို႔ကာ လင္းပင္မင္းသား မႏၱေလးသို႔ လာေရာက္ပါက ဖမ္းဆီးအေရးယူေပးရန္ ေတာင္းဆိုခဲ့တယ္။
ေနာက္ေတာ့ လင္းပင္မင္းသားက ေမာ္လၿမိဳင္ၿမိဳ႕မွာ ေနထိုင္ခြင့္ျပဳဖို႔ ၿဗိတိသွ်အစိုးရထံ ေတာင္းဆိုပါတယ္။ ၿဗိတိသွ်အစိုးရက လင္းပင္မင္းသားကို ေမာ္လၿမိဳင္မွာ ကတိခံဝန္ခ်က္တစ္ေစာင္ျဖင့္ ေနခြင့္ျပဳခဲ့ပါတယ္။ ခံဝန္ခ်က္ကေတာ့ လင္းပင္မင္းသား အေနနဲ႕ ေမာ္လၿမိဳင္ၿမိဳ႕ အေရးပိုင္မင္းရဲ႕ ခြင့္ျပဳခ်က္ မရဘဲ အျခားၿမိဳ႕သို႔ မထြက္ခြာရ ဆိုတာပါပဲ။
လင္းပင္မင္းသား ေမာ္လၿမိဳင္မွာ ေနစဥ္အတြင္း ရွမ္းေစာ္ဘြားမ်ားႏွင့္ တိတ္တဆိတ္ အဆက္အသြယ္ ရလာပါတယ္။ ေနာက္ေတာ့ သီေပါမင္းအား နန္းခ်ရန္ ႀကံစည္ၾကပါတယ္။ အစီအစဥ္အတိုင္း လင္းပင္မင္းသားဟာ ၁၈၈၅ခုမွာ ေမာ္လၿမိဳင္ၿမိဳ႕မွ မိုးနဲၿမိဳ႕သို႔ ထြက္ခြာသြားပါတယ္။
လင္းပင္မင္းသား မိုးနဲၿမိဳ႕သို႔ ေရာက္ခ်ိန္ဟာ သီေပါမင္း ပါေတာ္မူၿပီးစအခ်ိန္ ျဖစ္ေနသျဖင့္ မူလအစီစဥ္ ပ်က္ျပယ္ကုန္ပါတယ္။ ေနာက္ေတာ့ ၿဗိတိသွ်ကို ဆန့္က်င္ေတာ္လွန္ဖို႔ လင္းပင္မဟာမိတ္အဖြဲ႕ကို ဖြဲ႕စည္းၾကပါတယ္။ လင္းပင္မင္းသားႏွင့္ ရွမ္းေစာ္ဘြားမ်ား ေပါင္းစည္းထားေသာ လင္းပင္မဟာမိတ္မဖြဲ႕ဟာ ၁၈၈၆ခုမွာ ပိုမိုအားေကာင္းလာခဲ့တယ္။
၁၈၈၇ခု၊ ဇန္နဝါရီလ (၃)ရက္မွာ ၿဗိတိသွ်စစ္တပ္ဟာ ရွမ္းျပည္နယ္ကို သိမ္းရန္အတြက္ လွိုင္တက္မွ စတင္ခဲ့တယ္။ ရွမ္းျပည္နယ္ စစ္ဆင္ေရးကို ကာနယ္စတက္မန္း (Colonel Stedman)မွ ဦးေဆာင္လာပါတယ္။ ဇန္နဝါရီလ (၁၅)ရက္မွာ ဆင္ကူ၊ လယ္ေခါင္းေတာင္ၾကားလမ္း အလြန္မွာ လင္းပင္အုပ္စုမွ ဆီးႀကိဳတိုက္ခိုက္ပါတယ္။
ဒါေပမယ့္ လက္နက္အင္အားျခင္း မ်ားစြာကြာဟသျဖင့္ လင္းပင္အုပ္စုဘက္မွ အက်အဆုံး မ်ားလာပါတယ္။ ၿဗိတိသွ်စစ္တပ္ဟာ ေစာ္ဘြားမ်ားႏွင့္ လင္းပင္မင္းသားထံ စည္း႐ုံးသိမ္းသြင္းသည့္စာမ်ား ေရးပို႔ခဲ့ပါတယ္။ ေစာ္ဘြားမ်ားထံ လြတ္လပ္စြာ အုပ္ခ်ဳပ္ခြင့္ ေပးမည္ျဖစ္ေၾကာင္း၊ မိတ္ေဆြျဖစ္ေရးကိုသာ ေရွးရႈပါေၾကာင္း ေရးသားခဲ့ပါတယ္။
လင္းပင္မင္းသားကိုလည္း ၿဗိတိသွ်လက္ေအာက္ ခိုဝင္မယ္ဆိုရင္ မည္သည့္အေရးယူျခင္းမ်ိဳးမွ လုပ္မည္ မဟုတ္ေၾကာင္း၊ လစဥ္ေထာက္ပံ့ေငြ ႐ူပီ ၁၅၀ ေပးမည္ျဖစ္ေၾကာင္း၊ ေမာ္လၿမိဳင္မွာျဖစ္ျဖစ္ ရန္ကုန္မွာျဖစ္ျဖစ္ ႏွစ္သက္ရာၿမိဳ႕မွာ အိမ္တစ္ေဆာင္ ေပးမည္ျဖစ္ေၾကာင္း စည္း႐ုံးပါတယ္။
လင္းပင္မင္းသားႏွင့္ ေစာ္ဘြားမ်ားမွ လက္မခံသျဖင့္ ၿဗိတိသွ်ဘက္မွ ၁၈၈၇ခု၊ မတ္လ (၃၀)ရက္မွာ ေနာက္ဆုံးစစ္ရာဇသံ ထုတ္ျပန္ခဲ့ပါတယ္။ ထိုတိုက္ပြဲမွာ လင္းပင္မဟာမိတ္အဖြဲ႕မွ အထိနာလာသျဖင့္ ၁၈၈၇ခု၊ ေမလ (၂)ရက္မွာ မိုးနဲၿမိဳ႕တြင္ ၿဗိတိသွ်အရာရွိမ်ားႏွင့္ ေတြ႕ဆုံ ညွိႏွိုင္းၾကပါတယ္။
လင္းပင္မဟာမိတ္အဖြဲ႕၏ ေတာင္းဆိုခ်က္မွာ အမႉထမ္းမ်ားကို လြတ္ၿငိမ္းခ်မ္းသားခြင့္ ေပးရန္၊ အိႏၵိယနိုင္ငံမွ ဂိုလက္ဆင္းကဲ့သို႔ ရာဇာအဆင့္တြင္ ထားရန္ႏွင့္ ကိုယ္ပိုင္လက္နက္ကိုင္ တပ္ဖြဲ႕ထားရွိခြင့္ျပဳရန္ စတဲ့ အခ်က္ေတြ ပါဝင္ပါတယ္။
လင္းပင္မင္းသား၏ ကိုယ္ေရးကိုယ္တာ ေတာင္းဆိုခ်က္ကေတာ့ သူ႕အား ရာဇဝတ္ေၾကာင္း၊ တရားမေၾကာင္းစ၍ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရန္၊ သူပိုင္ဆိုင္ေသာ ဆင္၊ ျမင္းႏွင့္ ေ႐ႊ႕ေျပာင္းနိုင္ေသာ ပစၥည္းမ်ားကို ယူေဆာင္ခြင့္ျပဳရန္၊ တစ္လကို ႐ူပီ ၂၅၀ ေထာက္ပံ့ရန္ႏွင့္ မႏၱေလးၿမိဳ႕အနီးရွိ အိမ္ေရွ႕မင္းပိုင္သည့္ လယ္ယာေျမ ထန္းေတာအပါအဝင္ အားလုံးကို ပိုင္ဆိုင္ခြင့္ေပးရန္တို ျဖစ္ပါတယ္။
ၿဗိတိသွ်အစိုးရက လင္းပင္းမင္းသား၏ ကိုယ္ေရးကိုယ္တာ ေတာင္းဆိုခ်က္မ်ားထဲမွ ေနာက္ဆုံးအခ်က္မွလြဲၿပီး က်န္အခ်က္မ်ားကို သေဘာတူခဲ့ပါတယ္။ ေနာက္ဆုံးအခ်က္ကို သေဘာမတူရတာက အိမ္ေရွ႕စံ ကေနာင္မင္းသားမွာ အျခားေသာ အေမြခံ သားေတာ္၊ သမီးေတာ္မ်ား ရွိေနေသးလို႔ပါတဲ့။ သည္လိုနဲ႕ ေနာက္ဆုံးညွိႏွိုင္းၿပီးေနာက္ ၁၈၈၇ခု၊ ေမလ (၁၃)ရက္မွာ လင္းပင္းမဟာမိတ္အဖြဲ႕ဟာ လက္နက္ခ်လိဳက္ပါေတာ့တယ္။
လက္နက္ခ်ၿပီးေနာက္မွာ ၿဗိတိသွ်စစ္တပ္က လင္းပင္မင္းသားကို ရန္ကုန္သို႔ ေခၚေဆာင္လာခဲ့တယ္။ ထိုႏွစ္ ၁၈၈၇ခုမွာပဲ အိႏၵိယနိုင္ငံ ကာလကတၱားသို႔ ျပည္ႏွင္ဒဏ္ ေပးပါေတာ့တယ္။ ေနာက္ေတာ့ အာလာဗတ္ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ေစပါတယ္။
အိႏၵိယမွာ ေနထိုင္စဥ္ ၿဗိတိသွ်အစိုးရက လင္းပင္မင္းသားကို လစဥ္ေထာက္ပံ့ေငြ ႐ူပီ ၅၀ ေပးတယ္လို႔ ၿဗိတိသွ်အစိုးရရဲ႕ နိုင္ငံေရး ပင္စင္စာရင္းမွာ ေဖာ္ျပထားပါတယ္။ ၿပီးေတာ့ အထက္တန္းလႊာမ်ားမွာ ဝင္ဆံ့နိုင္ေအာင္ ျပည့္ျပည့္စုံစုံလည္း ထားပါတယ္။
လင္းပင္မင္းသားဟာ အိႏၵိယနိုင္ငံမွာ ၂၅ႏွစ္ၾကာ ျပည္ႏွင္ဒဏ္ခံၿပီးေနာက္ ၁၉၁၂ခုမွာ ျမန္မာနိုင္ငံ၊ ရန္ကုန္ၿမိဳ႕သို႔ ျပန္ေနခြင့္ ရလာပါတယ္။ လင္းပင္မင္းသား ေနထိုင္ရန္အတြက္ ၿဗိတိသွ်အစိုးရက ဗဟန္းၿမိဳ႕နယ္၊ ကင္းဘဲလမ္း၊ ၿခံနံပါတ္ (၁၁)ရွိ မစၥတာေကာ့ဗ္ရွက္ (Mr. Covshed)၏ အိမ္မွာ ေနရာခ်ေပးပါတယ္။
ေနာက္ပိုင္းမွာ လင္းပင္မင္းသားဟာ ဖိုထိုးရင္း ရေသ့ႀကီး ဦးခႏၱီနဲ႕ ရင္းႏွီးလာပါတယ္။ ရေသ့ႀကီးက မႏၱေလး၊ စႏၵာမုနိဘုရားဝန္းရွိ အိမ္ေရွ႕မင္းရဲ႕ အုတ္ဂူျပသာဒ္အေပၚ စႏၵာမုနိ႐ုပ္ပြားေတာ္ ဂႏၶကုဋီတိုက္ေခါင္မိုး ေရတံေလွ်ာက္မွ ေရမ်ားက်ေနသျဖင့္ အိမ္ေရွ႕မင္း၏ အဆက္အႏြယ္မ်ား မႀကီးပြားနိုင္ဘူးဟု လင္းပင္မင္းသားအား ေျပာပါတယ္။
လင္းပင္မင္းသားဟာ သားေတာ္ လင္းပင္ထိပ္တင္လတ္၏ ေယာက္ဖျဖစ္သူ ေရွ႕ေနဦးခင္ေမာင္ေဒြးအား အေဖာ္ျပဳၿပီး အိမ္ေရွ႕စံရဲ႕ အေလာင္းေတာ္ကို ျပန္ေဖာ္ဖို႔ ႀကံစည္ပါတယ္။ ဦးခင္ေမာင္ေဒြးဟာ လင္းပင္မင္းသားရဲ႕ သမီးေတာ္ လင္းပင္ထိပ္တင္မေဒြးနဲ႕ လက္ဆက္ရန္ သေဘာတူထားၿပီးေသာ သမက္ေလာင္းလည္း ျဖစ္ပါတယ္။
ဦးခင္ေမာင္ေဒြးရဲ႕ ေျပာျပခ်က္မွာ – “သည္တုန္းက မင္းသားႀကီးနဲ႕ ဘဘတို႔က ပန္းရန္ႏွစ္ေယာက္ ေခၚၿပီး ညဘက္မွာ တိတ္တဆိတ္ သြားရတာ။ ပန္းရံႏွစ္ေယာက္ကို အဲ့သည့္ေခတ္က ေငြ ၁၅႐ူပီစီ ေပးရတယ္။ သည္တုန္းက ပုလိပ္တစ္ေယာက္မွ တစ္လလခ ၁၃႐ူပီသာ ရတဲ့ေခတ္ေလ။ မွန္းၾကည့္ေပါ့။ အိမ္ေရွ႕မင္း အေလာင္းေတာ္ ျမႇုပ္ထားရာ အုတ္ျပသာဒ္ကို တူးရတာ။ အရိုးေတာ္ေတြကိုေတာ့ မင္းသားႀကီးက ကတၱီပါအိတ္နဲ႕ ထည့္ၿပီး ယူသြားတယ္။ ပန္းရံႏွစ္ေယာက္က ဂူကို လက္ရာအပ်က္ ျပန္ပိတ္ေပးရတယ္။”
“သည္ကိစၥက ဘယ္လိုပဲ ဖုံထားေပမယ့္ ပန္းရံႏွစ္ေယာက္က ႏႈတ္မလုံလို႔ အစိုးရက သိသြားတယ္။ မႏၱေလးအေရးပိုင္က ဘဘကိုေခၚၿပီး ခင္ဗ်ားတိုပ ဘာေတြလုပ္တာလဲ? အဂၤလိပ္အစိုးရ ျပဳတ္ေအာင္ ေဆးဝါးစီရင္ဖို႔ လုပ္တာလား? သည္လုပ္ေဆာင္ခ်က္ဟာ ဥပေဒနဲ႕ မညီၫြတ္ဘူးဆိုတာ ခင္ဗ်ားတိုပ မသိဘူးလား လို႔ ေခၚၿပီး ႀကိမ္းပါေရာ။
သည္ေတာ့ ဘဘက သူ႕အေဖရဲ႕ အရိုးကို သူ႕သားကေဖာ္တာ ဘာတတ္နိုင္မွာလဲလို႔ ခပ္မာမာ ျပန္ေျပာလိုက္တယ္။ သည္ကိစၥက ဘာမွမျဖစ္ဘဲ ေအးသြားတယ္ ထင္ရေပမယ့္ သည္ကိစၥေၾကာင့္ မင္းသားႀကီးကို ေနာက္ပိုင္းမွာ အိႏၵိယ ျပန္ပို႔လိုက္တယ္”
အိမ္ေရွ႕စံ အေလာင္းျပန္ေဖာ္တဲ့ ကိစၥနဲ႕ ပတ္သတ္ၿပီး လင္းပင္မင္းသားဟာ အျခားေသာ အိမ္ေရွ႕စံရဲ႕ သားေတာ္၊ သမီးေတာ္တို႔နဲ႕ တိုင္ပင္ျခင္း မရွိခဲ့ပါဘူး။ သူတို႔ေတြ ျပန္သိသြားေတာ့ အေတာ္ေလး မေက်မနပ္ ျဖစ္ၾကရတယ္။ လင္းပင္မင္းသားဟာ အိမ္ေရွ႕စံရဲ႕ အရိုးေတြကို လွိုင္ျမစ္ထဲမွာ သၿဂိဳဟ္လိုက္တယ္လို႔ ဖတ္ရပါတယ္။
၁၉၁၅ခုမွာ ၿဗိတိသွ်အစိုးရက လင္းပင္မင္းသားကို အိႏၵိယနိုင္ငံ၊ ကာလကတၱားသို႔ ျပည္ႏွင္ဒဏ္ ျပန္ေပးလိုက္ပါတယ္။ ေနာက္ ၆ႏွစ္အၾကာ ၁၉၂၁ခုတြင္ ရန္ကုန္မွာ ေကာင္းေကာင္းမြန္မြန္ ေနထိုင္ပါ့မယ္ဆိုတဲ့ ခံဝန္ခ်က္နဲ႕ ျပန္လာခြင့္ ရခဲ့ပါတယ္။ ၿဗိတိသွ်အစိုးရက လင္းပင္မင္းသားကို ကုကၠိုင္းလမ္း၊ ၿခံအမွတ္ ၁၁၂ကို အပိုင္ေပးပါတယ္။ ေျမက ၃ဧက က်ယ္ပါတယ္။ လင္းပင္မင္းသားဟာ မိမိေနထိုင္ရန္ အိမ္ကို စိတ္ႀကိဳက္ေဆာက္လုပ္ၿပီး ရတနာသိဃၤစံအိမ္ ဆိုၿပီး နာမည္ေပးခဲ့ပါတယ္။ အခုေတာ့ ဗဟန္း အ.ထ.က (၂) ျဖစ္လို႔ေနပါၿပီ။
လင္းပင္မင္းသားရဲ႕ ဇနီးသည္ကေတာ့ ေရနံ႕သာၿမိဳ႕စား ကသည္းၿမိဳ႕ဝန္ မင္းလွသမိန္ေထာရာဇာဦးေ႐ႊေမာင္ရဲ႕ သမီး ေရနံ႕သာခင္ခင္ႀကီး ျဖစ္ပါတယ္။ ေျမာက္သားေတာ္ ေရနံ႕သာခင္ခင္ႀကီးဟာ အသက္ ၆၈ႏွစ္မွာ ကံကုန္ပါတယ္။ လင္းပင္မင္းသားမွာ ကိုယ္လုပ္ေတာ္တစ္ေယာက္လည္း ရွိပါေသးတယ္။ သူကေတာ့ ေဒၚေ႐ႊၾကင္လို႔ မွတ္သားရတယ္။ လင္းပင္မင္းသားကေတာ့ ၁၉၃၃ခုတြင္ ရတနာသိဃၤစံအိမ္မွာပဲ အနိစၥေရာက္ပါတယ္။
Ref: ရတနာနတ္မယ္ (သို႔မဟုတ္) တခါတုန္းက သမၼတကေတာ္ – သန္းဝင္းလွိုင္