လမ်းဘေးမှာ ချန်ထားခံရပေမဲ့ ထားခဲ့ခံရမှန်းတောင်မသိဘဲ ပိုင်ရှင်ရဲ့ကားနောက်ကို လိုက်ပြေးနေခဲ့တဲ့ ခွေးကလေး

တက္ကဆက်ပြည်နယ်က El Paso ရှိ Pawsitive Rescuersများရဲ့ မော်တော်ယာဉ်မောင်း Joy Dominguez ဟာမသင်္ကာဖွယ်အခြေအနေများအောက်မှာ ခွေးပိုင်ရှင်ဟောင်းများက ကြမ်းတမ်းစွာ ပြုလုပ်နေတဲ့ ဗီဒီယိုကို မှတ်တမ်းတင်ခဲ့ပါတယ် ။

အဆိုပါဗီဒီယိုကလူငယ်တစ်ဦးဟာ အဝေးပြေးလမ်းမနံဘေးမှ ခွေးတစ်ကောင် ချန်ထားခဲ့တာကို မြင်ရပါတယ် ။

အဲဒီနောက်ကောင်လေးက ကားထဲကိုဝင်ပြီး သူတို့ကားကိုအမြန်မောင်းသွားခဲ့လိုက်ပါတယ် ။ကျန်ရှိနေတဲ့ခွေးလေးက သူတို့ကားနောက်ကို လိုက်ပြေးရင် သူ့ကို သူများထားခဲ့မှန်းတောင် မသိပါဘူး ။

ဒီဗွီဒီယိုကို ဇူလိုင်လ ၂၁ ရက်နေ့က အင်စတာဂရမ်မှာ တင်ခဲ့ပြီး ကြည့်ရှုသူ ၁.၅ သန်းနီးပါးအထိပျံ့နှံ့သွားခဲ့ပါတယ် ။

ကံကောင်းထောက်မစွာ Pawsitive Rescuers တည်ထောင်သူ Karen Washington အမည်ရှိ အမျိုးသမီးက husky ကို သူမ ကားထဲသို့ ခေါ်သွားပြီးNanook လို့နာမည်ပေးကာ ခွေးကို သူမရဲ့ ချစ်မေတ္တာအပြည့်နဲ့ အိမ်သို့ ကြိုဆိုလိုက်ပါတယ် ။

Karen က Nanook ဟာ လမ်းမှာ ရှိနေစဉ် ထိုအချိန်မှာ သူထားခဲ့ခြင်းခံရတာကို မသိခဲ့ဘူးလို့ Karen က ဆိုပါတယ် ။
နောက်ပိုင်းမှာ ကားမောင်းသူနဲ့ လူငယ်နှစ်ဦးစလုံး ဖမ်းဆီးခံခဲ့ရပါတယ် ။

အကူအညီလိုအပ်နေတဲ့ တိရစ္ဆာန်များကို လမ်းမထက်မှာ တွေ့ရင် ကူညီပေးရန် တိုက်တွန်းချင်ပါတယ် ။

မင်းရဲ့တိရိစ္ဆာန်ကို မစောင့်ရှောက်နိုင်တော့ဘူးဆိုရင် လမ်းမထက်တွေမှာ ချန်မထားပါနဲ့ ၊တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့တွေကိုအပ်ပြီး သူတို့ကိုစောင့်ရှောက်ခိုင်းသင့်ပါတယ် ။ဒီလိုမျိုးလုပ်တာက တကယ့်ကို ကြေကွဲဝမ်းနည်းစရာဖြစ်မိပါတယ်ဗျာ ။

crd

Zawgyi

တကၠဆက္ျပည္နယ္က El Paso ရွိ Pawsitive Rescuersမ်ားရဲ႕ ေမာ္ေတာ္ယာဥ္ေမာင္း Joy Dominguez ဟာမသကၤာဖြယ္အေျခအေနမ်ားေအာက္မွာ ေခြးပိုင္ရွင္ေဟာင္းမ်ားက ၾကမ္းတမ္းစြာ ျပဳလုပ္ေနတဲ့ ဗီဒီယိုကို မွတ္တမ္းတင္ခဲ့ပါတယ္ ။

အဆိုပါဗီဒီယိုကလူငယ္တစ္ဦးဟာ အေဝးေျပးလမ္းမနံေဘးမွ ေခြးတစ္ေကာင္ ခ်န္ထားခဲ့တာကို ျမင္ရပါတယ္ ။

အဲဒီေနာက္ေကာင္ေလးက ကားထဲကိုဝင္ၿပီး သူတို႔ကားကိုအျမန္ေမာင္းသြားခဲ့လိုက္ပါတယ္ ။က်န္ရွိေနတဲ့ေခြးေလးက သူတို႔ကားေနာက္ကို လိုက္ေျပးရင္ သူ႕ကို သူမ်ားထားခဲ့မွန္းေတာင္ မသိပါဘူး ။

ဒီဗြီဒီယိုကို ဇူလိုင္လ ၂၁ ရက္ေန႕က အင္စတာဂရမ္မွာ တင္ခဲ့ၿပီး ၾကည့္ရႈသူ ၁.၅ သန္းနီးပါးအထိပ်ံ့ႏွံ႕သြားခဲ့ပါတယ္ ။

ကံေကာင္းေထာက္မစြာ Pawsitive Rescuers တည္ေထာင္သူ Karen Washington အမည္ရွိ အမ်ိဳးသမီးက husky ကို သူမ ကားထဲသို႔ ေခၚသြားၿပီးNanook လို႔နာမည္ေပးကာ ေခြးကို သူမရဲ႕ ခ်စ္ေမတၱာအျပည့္နဲ႕ အိမ္သို႔ ႀကိဳဆိုလိုက္ပါတယ္ ။

Karen က Nanook ဟာ လမ္းမွာ ရွိေနစဥ္ ထိုအခ်ိန္မွာ သူထားခဲ့ျခင္းခံရတာကို မသိခဲ့ဘူးလို႔ Karen က ဆိုပါတယ္ ။
ေနာက္ပိုင္းမွာ ကားေမာင္းသူနဲ႕ လူငယ္ႏွစ္ဦးစလုံး ဖမ္းဆီးခံခဲ့ရပါတယ္ ။

အကူအညီလိုအပ္ေနတဲ့ တိရစ္ဆာန္မ်ားကို လမ္းမထက္မွာ ေတြ႕ရင္ ကူညီေပးရန္ တိုက္တြန္းခ်င္ပါတယ္ ။

မင္းရဲ႕တိရိစ္ဆာန္ကို မေစာင့္ေရွာက္နိုင္ေတာ့ဘူးဆိုရင္ လမ္းမထက္ေတြမွာ ခ်န္မထားပါနဲ႕ ၊တိရိစ္ဆာန္ကယ္ဆယ္ေရးအဖြဲ႕ေတြကိုအပ္ၿပီး သူတို႔ကိုေစာင့္ေရွာက္ခိုင္းသင့္ပါတယ္ ။ဒီလိုမ်ိဳးလုပ္တာက တကယ့္ကို ေၾကကြဲဝမ္းနည္းစရာျဖစ္မိပါတယ္ဗ်ာ ။

crd