တော်ဝင်နတ်ပန်း ခေါ် သဇင်ပန်း အကြောင်း

မြန်မာလူမျိုးတို့ အမြတ်တနိုး အဖိုးတတန်ထား၍ တော်ဝင်နတ်ပန်းဟု အမှတ်ပြုကြသော သဇင်ပန်းကို သန့်ပြန့်စင်ကြယ်သော နေရာ၌သာ ပေါက်တတ် ပွင့်တတ်သောကြောင့် သန့်စင်ပန်းဟူ၍၎င်း၊

ဒဏ္ဍာရီပုံပြင်များအရ မင်းသမီးကလေးသည် သူ၏နှလုံးသားကိုထုတ်၍ သစ်ပင်ပေါ် တင်လိုက်ရာမှ နှလုံးသားသည်သဇင်ဥဖြစ်၍ ပွင့်လာသောအပွင့်ကို နှလုံးသားမှ သွေးစင်သည်ဟု အယူရှိကာ သွေးစင်ပန်းဟူ၍၎င်း ခေါ်ကြကြောင်းဖြင့် အဆိုအမျိုမျိုးရှိသည်။

သဇင်ပန်း

မျိုးရိုးခွဲခြားခြင်း
လောက: Plantae
(unranked): Angiosperms
(unranked): Monocots
မျိုးစဉ်: Asparagales
မျိုးရင်း: Orchidaceae

မျိုးရင်းသေး: Epidendroideae
မျိုးစု: Bulbophyllum
ဒှိနာမ
Bulbophyllum auricomum
Lindl. (1830)

Synonyms
Dendrobium tripetaloides Roxb. (1832)
Bulbophyllum foenisecii E.C.Parish ex Rchb.f. (1865)
Phyllorkis auricoma (Lindl.) Kuntze (1891)
Bulbophyllum tripetaloides (Roxb.) Schltr. (1914)

သဇင်ပင်သည် သစ်ခွပင်များနှင့်အတူ ဩခစ်ဒေစီအီးမျိုးရင်း၌ ပါ ဝင်သည်။

ရုက္ခဗေဒအမည်အားဖြင့် ဗာလဗိုဖိုင်လမ်ဩရိကိုမမ်ဟုခေါ်သည်။ ယင်းသည် ဂမုန်း​မျိုးတွင်အပါအဝင်ဟူ၍လည်း စာဟောင်းပေဟောင်းများ၌ အဆိုရှိသည်။

ဂမုန်းမျိုးဖြစ်သော သဇင် (၁၅)မျိုးရှိကြောင်း၊ တော်ဝင်ပန်းဖြစ်ကြောင်း တို့ကို ရွှေတိုက်စိုးဦးတိုး​ရေးသားသည့် ရာမရကန်၊ သဇင်အချီးတွင်….

“စိမ့်ကြီး မြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊
နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြေ၊မိုးမခဘူး နွေလသံပေါက်၊ ရည်သန်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေဆင်ကြသည်။

ရွှေပင်ဆင့်၊ ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်၊ ဂမုန်းအင့် အဖက်၊ ဆောင်းစက်ရိပ်ခို၊ ရေတွက်လို့ ဆိုတော့မည်။လက်တံတိုတမည်၊ လက်တံရှည်နှင့် နေရောင်ခြည်-လရောင်ဝါ၊ မိုးလုံးပြာ၊ မိုးလုံးမှိုင်း၊ပုလဲဆိုင်း၊ ပုလဲနှစ်၊ ချစ်စရာ့ လိပ်ပြာတောင်၊

နီလာရောင်-တောင်လုံးပြိုင်၊ သုံးပွင့်ဆိုင်-ခိုင်လုံးဆန်း၊
ပင်လုံးလန်း-နွဲ့တန်း ယိမ်းကလေးတို့က-လေသိမ်းတိုင်းလှ၊
ကိန္နရီကသည့်နှယ်၊ တချို့က ဖြူပြာပြာ၊ တချို့က ဖြူဝါဝါ၊
တချို့မှာ ချိပ်ပွင့်၊ တချို့မှာ ပန်းရင့်လို့ ၊

ပင်မြင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံကြ၊ ဝေယန်နန်းမြင့်၊ ရှုတိုင်းတင့်မို့၊မြို့ဝန်မင်းစာ၊ လိပ်မပါဘဲနှင့်၊ ကွယ်ရာဈေးပြင်၊ ရောင်းလို့များ မြင်မလား၊သေချင်သေ၊ ရှင်ချင်ရှင်၊ အင်မတန့်၊ အင်တန်ရာဝတ်တော် ခံရမည်၊ မြတ်ပန်တော်ပန်း၊ ခိုင်လုံးလမ်းကို၊
ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်နှင့်ဝင့်မတုန်း။ ဘုန်းနှင့်ကံနှင့်၊ ရွှေသဇင်” ဟူ၍ စပ်ဆိုလေသည်။

သဇင်ပင်သည် တစ်နှစ်တစ်ခါသာပွင့်သော အပင်မျိုးဖြစ်သည်။ ဆောင်းရာသီဖြစ်သော နတ်တော် ပြာသိုလများတွင်လှိုင်လှိုင်ပွင့်လေ့ရှိသည်။ ထို့ကြောင့်ပင် မြဝတီမင်းကြီးဦးစ​က သူ၏သဇင်ပန်းဘွဲ့၌ –

သည်ဆောင်းဟေမန်၊ မြောက်ပြန်လေညှင်းဆော်တယ်ကို၊
နတ်တော် ပြာသို၊ စိုစိုတည့် နှင့်ဖုံဖုံ၊
ရိုးတံဆင့်ဖူးငုံ၊ ဝတ်မှုံတင့်ဆုံး၊
သဇင်ပန်း ဂမုန်းငယ်နှင့်လေး ဟုစပ်ဆိုခဲ့ခြင်းဖြစ်သည်။ ။

သဇင်ပင်သည် သစ်ကိုင်းသစ်ခက် အုန်းခွံတို့တွင် တွယ်ကပ်၍၎င်း၊ အိုးထဲ၌ အုန်းဆံပွပွနှင့်ထည့်၍၎င်း ခပ်သန့်သန့်စိုက်ရသော ဥမှထွက်သည့်အပင်ကလေးမျိုးဖြစ်သည်။ မူလက စိမ့်ကြီးတောကြီးထဲ၌ ပေါက်ရောက်သောအပင်မျိုးဖြစ်၏။

ထိုကြောင့် စာဆိုတော်ကြီးဦးတိုးက သူ၏ရာမရကန်၌ ‘စမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်၊ နေရောင်မခံ၊ ပန်းပျံ ပင်ဆင့်၊ မြေနှင့်ရန်ဖက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူးဟု စပ်ဆိုခဲ့ခြင်းဖြစ်သည်။

သဇင်ဥသည် စိမ်းညိုရောင်လုံးရှည်သွယ်ဖြစ်၍ ယေဘုယျအားဖြင့် တစ်လက်မသာသာခန့်ကြီးသည်။ သဇင်ဥအရင်းမှ အရွက်ကလေးနှစ်ရွက်သည် မိုးဦးကျစတွင်ထွက်သည်။ အရွက်သည် တစ်လက်မမှ သုံးလက်မအထိရှည်၍ အစိမ်းနုရောင်ဖြစ်သည်။

အလယ်ကြောမကြီး တစ်ခုသာပါ၍ အရွက်သားသည်ပြောင်ချောသည်။ အပွင့်ပွင့်ချိန်၌ အရွက်များကြွေလေသည်။ အပွင့်သည် ခိုင်တံသွယ်သွယ်၌ ဘေးတစ်ဖက်တစ်ချက်စီပွင့်သည်။ အပွင့်သည် သေးငယ်၍ အလယ်၌ဝတ်ဆံပါသည်။

သဇင်ပန်းပွင့်အရောင်သည် လေးမျိုးရှိ၍ ယင်းတို့မှာ-

သဇင်ဖြူ၊
သဇင်ဝါ၊
သဇင်နီ၊
သဇင်နက် တို့ဖြစ်ကြသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် မော်လမြိုင်မြို့အနီးတစ်ဝိုက်တွင် သဇင်ဖြူများထွက်၍ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များ၊ ကျေးလက် တောရွာများနှင့် မေမြို့တစ်ဝိုက်မှ သဇင်ဝါများထွက်သည်။

သဇင်နီမျိုးသည် တောင်ငူနယ် တောတောင်စိမ့်ကြီးများ၌ပေါက်၍ မေမြို့တစ်ဝိုက် ကျေးလက် တောအုံများတွင် သဇင်နက်များ တစ်ခါတစ်ရံရသည်။

သဇင်ဝါနှင့် သဇင်ဖြူသာလျှင် များများစားစားရသဖြင့် ရောင်းချနိုင်ကြသည်။ သဇင်ဖြူသည် သဇင်ဝါလောက် မမွှေးချေ။ သဇင်ဝါပွင့်ထက် အပွင့်ကြီးသော်လည်း ရိုးတံတွင် အပွင့်ကျဲသည်။ သဇင်ဝါသည် အပွင်သေး၍ ရိုးတံ၌ စိတ်စိတ် အခိုင်လိုက် ပွင့်သည်။ ရနံ့အလွန်မွှေးသည်။ သဇင်နက်နှင့် သဇင်နီသည် ရနံ့မမွှေးချေ။ အတွေ့ရလည်း အလွန်နည်းသည်။

သဇင်နီနှစ်မျိုးရှိသည်။ အပွင့် ရောအရိုးတံပါ နီသောသဇင်နီမျိုးနှင့် အပွင့်သာနီ၍ ရိုးတံမနီသောသဇင်နီမျိုးတို့ဖြစ်သည်။ သဇင်နီဟုဆိုသော်လည်း ပန်းရောင်ရင့်ရောင်ဖြစ်သည်။ သဇင်နက်ပွင့်သည် မီးသွေးခဲကဲ့သို့နက်မှောင်သည်။ ဥကမူစိမ်းသည်။ သဇင်နီထက် သဇင်နက် ကရှားပါးသည်။ အလွန်တွေ့ရခဲသည်။

တော်ဝင်ပန်း

မြန်မာမင်းများလက်ထက်တော်အခါက သဇင်ပန်းသည် ဘုရင်မိဖုရားတို့သာ ဦးဦးဖျားဖျားပန်ခွင့်ရသောပန်းဖြစ်သဖြင့် တော်ဝင်ပန်းအဖြစ် အသိအမှတ်ပြုကြသည်။

သဇင်ပန်းသည် သိုင်းတော် အဆောင်အယောင်နှင့် နေပြည်တော်သို့တက်၍ နန်းတော်တွင်း မြတ်ရာတို့တွင်ဝင့်ဝါနိုင်ခဲ့သော တောပန်းတောင်ပန်း စိမ့်မြိုင်ပန်းဖြစ်သည်။

ရာဇဝင်စဉ်ဆက်မှဆင်းသက်လာခဲ့ သော နန်းတွင်းထုံးစံတစ်ခုမှာ တောင်ငူနတ်တောင်မှ သဇင်နီကို၎င်း၊ ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းများမှသဇင်ဖြူနှင့် သဇင်ဝါကို၎င်း၊ ဆိုင်ရာနယ်ပယ်အုပ်ချုပ်သူ အရာရှိ၊ သို့မဟုတ် နယ်ရှင်စော်ဘွားတို့သည် နန်းတော်သို့ ရှိခိုးလက်ဆောင်တော်ဆက်ကြရသည်။

ဤသို့ အချိန်နှင့်ဆက်သရန် နှိုးဆော်မှု၊ ယူဆောင်မှု၊ နန်းတော်သို့ သွင်းဆက်မှုများကို မှူးတော်မတ်တော်ကြီး တစ်ဦးဖြစ်သော ကျီဝန်မင်းက တာဝန်ယူရသည်။ နန်းတော်တွင် ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတို့ သဇင်ပန်းကို အဦးပြု၍ သစ်ခွပန်းအမျိုးမျိုးကို ပန်ဆင်တော်မူသော သဘင်တစ်ခု သီးခြားရှိလေသည်။ ဤပန်ဆင်ပွဲသဘင်ပြီးမှ မြို့ဝန်က အမိန့်ဆင့်ထုတ်ပြီး လျှင်တိုင်းသူပြည်သား လူအများအား ပန်ဆင်ခွင့်ပေးလေသည်။

ထို့ကြောင့်ပင် စာဆိုတော်ကြီးဦးတိုးက တစ်ချို့ကနီပြာပြာ၊ တစ်ချို့ကဖြူဝါဝါ၊ တစ်ချို့မှာပန်းရင့်လို၊ ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်များခံကြသည်။ ဝေယံနန်းမြင့်၊ ပန် တိုင်းတင့်မို့၊ မြို့ဝန်မင်းစာ၊ လိပ်မပါဘဲ၊ ကွယ်ရာဈေးပြင်၊ ရောင်းလို့များ မြင်မလား၊ အင်မတန် အင်တန်၊ ရာဇဝတ်တော်ခံရသည်။ မြတ်ပန်တော်ပန်း၊ ခိုင်လုံးလန်းကို၊ ဟိုတောင်းပန်းပွင့်၊ ဘယ်ဂုဏ်ကြောင့် ဝင့်မတုန်း၊ ဘုန်းနှင့် ကံနှင့် ရွှေသဇင် ဟု စပ်ဆိုခဲ့ခြင်းဖြစ်လေသည်။

သဇင်ပန်းကို ယင်းသို့ မြို့ဝန်မင်း အမိန့်မထုတ်ဆင့်မီ ဘုရင်မင်းမြတ်၏သားတော် သမီးတော်များပင် ပန်ဆင်ခွင့်မရကြောင်းကို ၁၁၆၈ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်နေ့ က ထုတ်ပြန်သော ဘိုးတော်ဘုရား၏ အောက်ပါအမိန့်တော်က ထင်ရှားစေသည်။

သဇင်ပန်းတော် ရွှေနန်းတော်သို့ မဆက်မသွင်းသေးသည်ကို မင်းသားများ အိမ်သို့ပန်းများရောက်ကြောင်းနှင့် ကြားသိတော်မူရသည်။ ကျီဝန်ကို တန်းမှာထား၊ ပန်းဆက်လာသူတို့ကိုရအောင်တောင်း။ ၁၁၆၈ ခု ပြာ သိုလပြည့်ကျော် ၉ ရက်နေ့နာခံတော် ရာဇနော်ရထာပြန်စစ်အားဖြင့် သဇင်ပန်းကို လေးလေးစားစား မည်မျှထားသည်ကို ဤအမိန့်တော်အရထင်ရှားသည်။

ဤအမိန့်တော်သည် သဇင်ပန်းကိုသာ လေးစားလို၍ချည်း မဟုတ်၊ တိုင်းပြည်၌ မင်းအာဏာကိုမည်မျှ ပျပ်ဝပ်မှုရှိ သည်ကို အကဲစမ်းရန်ကိစ္စတစ်ခု ပြုလုပ်ထားခြင်းဖြစ်လေသည်။

သဇင်ပန်းသည် နတ်တော်လ၌ ပွင်သဖြင့် အမြတ်တနိုးထား၍ နတ်တင်ကြသောကြောင့် နတ်ပန်းဟုလည်းခေါ်ကြသည်။ ဆေးဖက်ဝင်သည်။ မြန်မာ့ဆေးကျမ်းအလိုအရ သဇင်ပွင့်သည် မူးဝေငိုက်မြည်းသောအနာကို လည်းကောင်း၊ ဦးခေါင်းကိုက်ခြင်း မျက်စိနာခြင်းတို့ကိုလည်းကောင်း၊ ဆာလောင်မွတ်သိပ်သောအနာကိုလည်းကောင်း၊ သလိပ်သည်းခြေအားကြီးသော အနာကိုလည်းကောင်း ချမ်းသာစေတတ်၏ဟုဆိုသည်။

မြန်မာဘယဆေးသမားတို့သည် ဆေးဖော်ရာ၌အလွန်စွမ်းသော သဇင်နီနှင့် သဇင်နက်တို့ကို ရှားရှားပါးပါး ရှာဖွေကြရသည်။

သထုံ၊ မော်လမြိုင်၊ ထားဝယ်၊ တောင်ငူ ပတ်ဝန်းကျင်မှလာသော သဇင်ဖြူမျိုးကို ပိဿာချိန်၊ သို့မဟုတ် အခက်ရေနှင့်ရောင်းကြသည်။ ပေါ်ဦးပေါ်ဖျားတွင် တစ်ခက်ကို ၁၀၀၀ ကျပ် မှ ၃၀၀၀ ကျပ် အထိပေးရတတ်သည်။ ယခုအခါ သဇင်ပန်းကို ရန်ကုန်မြို့၌လည်း ခြံများတွင် တယုတယစိုက်ပျိုးနေကြလေပြီဖြစ်သည်။ ။

ကိုးကား
↑ ဖိုးသာဝ၊ ဂမုန်းညွှန်းကျမ်း၊ (ပထမတွဲ) နှာ-၁၊ ၂
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)

crd,…ဝီကီပီးဒီးယား

Zawgyi
ျမန္မာလူမ်ိဳးတို႔ အျမတ္တနိုး အဖိုးတတန္ထား၍ ေတာ္ဝင္နတ္ပန္းဟု အမွတ္ျပဳၾကေသာ သဇင္ပန္းကို သန႔္ျပန႔္စင္ၾကယ္ေသာ ေနရာ၌သာ ေပါက္တတ္ ပြင့္တတ္ေသာေၾကာင့္ သန႔္စင္ပန္းဟူ၍၎၊

ဒ႑ာရီပုံျပင္မ်ားအရ မင္းသမီးကေလးသည္ သူ၏ႏွလုံးသားကိုထုတ္၍ သစ္ပင္ေပၚ တင္လိုက္ရာမွ ႏွလုံးသားသည္သဇင္ဥျဖစ္၍ ပြင့္လာေသာအပြင့္ကို ႏွလုံးသားမွ ေသြးစင္သည္ဟု အယူရွိကာ ေသြးစင္ပန္းဟူ၍၎ ေခၚၾကေၾကာင္းျဖင့္ အဆိုအမ်ိဳမ်ိဳးရွိသည္။

သဇင္ပန္း

မ်ိဳးရိုးခြဲျခားျခင္း
ေလာက: Plantae
(unranked): Angiosperms
(unranked): Monocots
မ်ိဳးစဥ္: Asparagales
မ်ိဳးရင္း: Orchidaceae

မ်ိဳးရင္းေသး: Epidendroideae
မ်ိဳးစု: Bulbophyllum
ဒွိနာမ
Bulbophyllum auricomum
Lindl. (1830)

Synonyms
Dendrobium tripetaloides Roxb. (1832)
Bulbophyllum foenisecii E.C.Parish ex Rchb.f. (1865)
Phyllorkis auricoma (Lindl.) Kuntze (1891)
Bulbophyllum tripetaloides (Roxb.) Schltr. (1914)

သဇင္ပင္သည္ သစ္ခြပင္မ်ားႏွင့္အတူ ဩခစ္ေဒစီအီးမ်ိဳးရင္း၌ ပါ ဝင္သည္။

႐ုကၡေဗဒအမည္အားျဖင့္ ဗာလဗိုဖိုင္လမ္ဩရိကိုမမ္ဟုေခၚသည္။ ယင္းသည္ ဂမုန္းမ်ိဳးတြင္အပါအဝင္ဟူ၍လည္း စာေဟာင္းေပေဟာင္းမ်ား၌ အဆိုရွိသည္။

ဂမုန္းမ်ိဳးျဖစ္ေသာ သဇင္ (၁၅)မ်ိဳးရွိေၾကာင္း၊ ေတာ္ဝင္ပန္းျဖစ္ေၾကာင္း တို႔ကို ေ႐ႊတိုက္စိုးဦးတိုးေရးသားသည့္ ရာမရကန္၊ သဇင္အခ်ီးတြင္….

“စိမ့္ႀကီး ၿမိဳင္ႀကီး၊ ရိပ္ႀကီးေတာေတာင္၊
ေနေရာင္မခံ၊ ပန္းပ်ံပင္ဆင့္၊ ေျမႏွင့္ရန္ဘက္၊ ခက္လက္စိမ္းေျမ၊မိုးမခဘူး ႏြေလသံေပါက္၊ ရည္သန္ခ်ိန္ေရာက္ခါမွ၊ ႏွင္းေသာက္ကယ္႐ႊင္႐ႊင္၊ ပြင့္ဖူးေတြဆင္ၾကသည္။

ေ႐ႊပင္ဆင့္၊ ေငြပင္ဆင့္၊ ပတၱျမားပင္ဆင့္၊ ဂမုန္းအင့္ အဖက္၊ ေဆာင္းစက္ရိပ္ခို၊ ေရတြက္လို႔ ဆိုေတာ့မည္။လက္တံတိုတမည္၊ လက္တံရွည္ႏွင့္ ေနေရာင္ျခည္-လေရာင္ဝါ၊ မိုးလုံးျပာ၊ မိုးလုံးမွိုင္း၊ပုလဲဆိုင္း၊ ပုလဲႏွစ္၊ ခ်စ္စရာ့ လိပ္ျပာေတာင္၊

နီလာေရာင္-ေတာင္လုံးၿပိဳင္၊ သုံးပြင့္ဆိုင္-ခိုင္လုံးဆန္း၊
ပင္လုံးလန္း-ႏြဲ႕တန္း ယိမ္းကေလးတို႔က-ေလသိမ္းတိုင္းလွ၊
ကိႏၷရီကသည့္ႏွယ္၊ တခ်ိဳ႕က ျဖဴျပာျပာ၊ တခ်ိဳ႕က ျဖဴဝါဝါ၊
တခ်ိဳ႕မွာ ခ်ိပ္ပြင့္၊ တခ်ိဳ႕မွာ ပန္းရင့္လို႔ ၊

ပင္ျမင့္ပန္းပ်ံ၊ ဘြဲ႕မည္ရည္ခံၾက၊ ေဝယန္နန္းျမင့္၊ ရႈတိုင္းတင့္မို႔၊ၿမိဳ႕ဝန္မင္းစာ၊ လိပ္မပါဘဲႏွင့္၊ ကြယ္ရာေဈးျပင္၊ ေရာင္းလို႔မ်ား ျမင္မလား၊ေသခ်င္ေသ၊ ရွင္ခ်င္ရွင္၊ အင္မတန႔္၊ အင္တန္ရာဝတ္ေတာ္ ခံရမည္၊ ျမတ္ပန္ေတာ္ပန္း၊ ခိုင္လုံးလမ္းကို၊
ဟိုေလာင္ပန္းပြင့္၊ ဘယ္ဂုဏ္ႏွင့္ဝင့္မတုန္း။ ဘုန္းႏွင့္ကံႏွင့္၊ ေ႐ႊသဇင္” ဟူ၍ စပ္ဆိုေလသည္။

သဇင္ပင္သည္ တစ္ႏွစ္တစ္ခါသာပြင့္ေသာ အပင္မ်ိဳးျဖစ္သည္။ ေဆာင္းရာသီျဖစ္ေသာ နတ္ေတာ္ ျပာသိုလမ်ားတြင္လွိုင္လွိုင္ပြင့္ေလ့ရွိသည္။ ထို႔ေၾကာင့္ပင္ ျမဝတီမင္းႀကီးဦးစက သူ၏သဇင္ပန္းဘြဲ႕၌ –

သည္ေဆာင္းေဟမန္၊ ေျမာက္ျပန္ေလညွင္းေဆာ္တယ္ကို၊
နတ္ေတာ္ ျပာသို၊ စိုစိုတည့္ ႏွင့္ဖုံဖုံ၊
ရိုးတံဆင့္ဖူးငုံ၊ ဝတ္မႈံတင့္ဆုံး၊
သဇင္ပန္း ဂမုန္းငယ္ႏွင့္ေလး ဟုစပ္ဆိုခဲ့ျခင္းျဖစ္သည္။ ။

သဇင္ပင္သည္ သစ္ကိုင္းသစ္ခက္ အုန္းခြံတို႔တြင္ တြယ္ကပ္၍၎၊ အိုးထဲ၌ အုန္းဆံပြပြႏွင့္ထည့္၍၎ ခပ္သန႔္သန႔္စိုက္ရေသာ ဥမွထြက္သည့္အပင္ကေလးမ်ိဳးျဖစ္သည္။ မူလက စိမ့္ႀကီးေတာႀကီးထဲ၌ ေပါက္ေရာက္ေသာအပင္မ်ိဳးျဖစ္၏။

ထိုေၾကာင့္ စာဆိုေတာ္ႀကီးဦးတိုးက သူ၏ရာမရကန္၌ ‘စမ့္ႀကီးၿမိဳင္ႀကီး၊ ရိပ္ႀကီးေတာေတာင္၊ ေနေရာင္မခံ၊ ပန္းပ်ံ ပင္ဆင့္၊ ေျမႏွင့္ရန္ဖက္၊ ခက္လက္စိမ္းျမ၊ မိုးမခဘူးဟု စပ္ဆိုခဲ့ျခင္းျဖစ္သည္။

သဇင္ဥသည္ စိမ္းညိုေရာင္လုံးရွည္သြယ္ျဖစ္၍ ေယဘုယ်အားျဖင့္ တစ္လက္မသာသာခန႔္ႀကီးသည္။ သဇင္ဥအရင္းမွ အ႐ြက္ကေလးႏွစ္႐ြက္သည္ မိုးဦးက်စတြင္ထြက္သည္။ အ႐ြက္သည္ တစ္လက္မမွ သုံးလက္မအထိရွည္၍ အစိမ္းႏုေရာင္ျဖစ္သည္။

အလယ္ေၾကာမႀကီး တစ္ခုသာပါ၍ အ႐ြက္သားသည္ေျပာင္ေခ်ာသည္။ အပြင့္ပြင့္ခ်ိန္၌ အ႐ြက္မ်ားေႂကြေလသည္။ အပြင့္သည္ ခိုင္တံသြယ္သြယ္၌ ေဘးတစ္ဖက္တစ္ခ်က္စီပြင့္သည္။ အပြင့္သည္ ေသးငယ္၍ အလယ္၌ဝတ္ဆံပါသည္။

သဇင္ပန္းပြင့္အေရာင္သည္ ေလးမ်ိဳးရွိ၍ ယင္းတို႔မွာ-

သဇင္ျဖဴ၊
သဇင္ဝါ၊
သဇင္နီ၊
သဇင္နက္ တို႔ျဖစ္ၾကသည္။

ရွမ္းျပည္ေတာင္ပိုင္းႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕အနီးတစ္ဝိုက္တြင္ သဇင္ျဖဴမ်ားထြက္၍ ရွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲ၊ သီေပါ၊ လားရွိုးၿမိဳ႕မ်ား၊ ေက်းလက္ ေတာ႐ြာမ်ားႏွင့္ ေမၿမိဳ႕တစ္ဝိုက္မွ သဇင္ဝါမ်ားထြက္သည္။

သဇင္နီမ်ိဳးသည္ ေတာင္ငူနယ္ ေတာေတာင္စိမ့္ႀကီးမ်ား၌ေပါက္၍ ေမၿမိဳ႕တစ္ဝိုက္ ေက်းလက္ ေတာအုံမ်ားတြင္ သဇင္နက္မ်ား တစ္ခါတစ္ရံရသည္။

သဇင္ဝါႏွင့္ သဇင္ျဖဴသာလွ်င္ မ်ားမ်ားစားစားရသျဖင့္ ေရာင္းခ်နိဳင္ၾကသည္။ သဇင္ျဖဴသည္ သဇင္ဝါေလာက္ မေမႊးေခ်။ သဇင္ဝါပြင့္ထက္ အပြင့္ႀကီးေသာ္လည္း ရိုးတံတြင္ အပြင့္က်ဲသည္။ သဇင္ဝါသည္ အပြင္ေသး၍ ရိုးတံ၌ စိတ္စိတ္ အခိုင္လိုက္ ပြင့္သည္။ ရနံ႕အလြန္ေမႊးသည္။ သဇင္နက္ႏွင့္ သဇင္နီသည္ ရနံ႕မေမႊးေခ်။ အေတြ႕ရလည္း အလြန္နည္းသည္။

သဇင္နီႏွစ္မ်ိဳးရွိသည္။ အပြင့္ ေရာအရိုးတံပါ နီေသာသဇင္နီမ်ိဳးႏွင့္ အပြင့္သာနီ၍ ရိုးတံမနီေသာသဇင္နီမ်ိဳးတို႔ျဖစ္သည္။ သဇင္နီဟုဆိုေသာ္လည္း ပန္းေရာင္ရင့္ေရာင္ျဖစ္သည္။ သဇင္နက္ပြင့္သည္ မီးေသြးခဲကဲ့သို႔နက္ေမွာင္သည္။ ဥကမူစိမ္းသည္။ သဇင္နီထက္ သဇင္နက္ ကရွားပါးသည္။ အလြန္ေတြ႕ရခဲသည္။

ေတာ္ဝင္ပန္း

ျမန္မာမင္းမ်ားလက္ထက္ေတာ္အခါက သဇင္ပန္းသည္ ဘုရင္မိဖုရားတို႔သာ ဦးဦးဖ်ားဖ်ားပန္ခြင့္ရေသာပန္းျဖစ္သျဖင့္ ေတာ္ဝင္ပန္းအျဖစ္ အသိအမွတ္ျပဳၾကသည္။

သဇင္ပန္းသည္ သိုင္းေတာ္ အေဆာင္အေယာင္ႏွင့္ ေနျပည္ေတာ္သို႔တက္၍ နန္းေတာ္တြင္း ျမတ္ရာတို႔တြင္ဝင့္ဝါနိုင္ခဲ့ေသာ ေတာပန္းေတာင္ပန္း စိမ့္ၿမိဳင္ပန္းျဖစ္သည္။

ရာဇဝင္စဥ္ဆက္မွဆင္းသက္လာခဲ့ ေသာ နန္းတြင္းထုံးစံတစ္ခုမွာ ေတာင္ငူနတ္ေတာင္မွ သဇင္နီကို၎၊ ရွမ္းျပည္ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းမ်ားမွသဇင္ျဖဴႏွင့္ သဇင္ဝါကို၎၊ ဆိုင္ရာနယ္ပယ္အုပ္ခ်ဳပ္သူ အရာရွိ၊ သို႔မဟုတ္ နယ္ရွင္ေစာ္ဘြားတို႔သည္ နန္းေတာ္သို႔ ရွိခိုးလက္ေဆာင္ေတာ္ဆက္ၾကရသည္။

ဤသို႔ အခ်ိန္ႏွင့္ဆက္သရန္ ႏွိုးေဆာ္မႈ၊ ယူေဆာင္မႈ၊ နန္းေတာ္သို႔ သြင္းဆက္မႈမ်ားကို မႉးေတာ္မတ္ေတာ္ႀကီး တစ္ဦးျဖစ္ေသာ က်ီဝန္မင္းက တာဝန္ယူရသည္။ နန္းေတာ္တြင္ ဘုရင္မင္းျမတ္ႏွင့္ မိဖုရားေခါင္ႀကီးတို႔ သဇင္ပန္းကို အဦးျပဳ၍ သစ္ခြပန္းအမ်ိဳးမ်ိဳးကို ပန္ဆင္ေတာ္မူေသာ သဘင္တစ္ခု သီးျခားရွိေလသည္။ ဤပန္ဆင္ပြဲသဘင္ၿပီးမွ ၿမိဳ႕ဝန္က အမိန႔္ဆင့္ထုတ္ၿပီး လွ်င္တိုင္းသူျပည္သား လူအမ်ားအား ပန္ဆင္ခြင့္ေပးေလသည္။

ထို႔ေၾကာင့္ပင္ စာဆိုေတာ္ႀကီးဦးတိုးက တစ္ခ်ိဳ႕ကနီျပာျပာ၊ တစ္ခ်ိဳ႕ကျဖဴဝါဝါ၊ တစ္ခ်ိဳ႕မွာပန္းရင့္လို၊ ပင္ဆင့္ပန္းပ်ံ၊ ဘြဲ႕မည္မ်ားခံၾကသည္။ ေဝယံနန္းျမင့္၊ ပန္ တိုင္းတင့္မို႔၊ ၿမိဳ႕ဝန္မင္းစာ၊ လိပ္မပါဘဲ၊ ကြယ္ရာေဈးျပင္၊ ေရာင္းလို႔မ်ား ျမင္မလား၊ အင္မတန္ အင္တန္၊ ရာဇဝတ္ေတာ္ခံရသည္။ ျမတ္ပန္ေတာ္ပန္း၊ ခိုင္လုံးလန္းကို၊ ဟိုေတာင္းပန္းပြင့္၊ ဘယ္ဂုဏ္ေၾကာင့္ ဝင့္မတုန္း၊ ဘုန္းႏွင့္ ကံႏွင့္ ေ႐ႊသဇင္ ဟု စပ္ဆိုခဲ့ျခင္းျဖစ္ေလသည္။

သဇင္ပန္းကို ယင္းသို႔ ၿမိဳ႕ဝန္မင္း အမိန႔္မထုတ္ဆင့္မီ ဘုရင္မင္းျမတ္၏သားေတာ္ သမီးေတာ္မ်ားပင္ ပန္ဆင္ခြင့္မရေၾကာင္းကို ၁၁၆၈ ခုႏွစ္ ျပာသိုလျပည့္ေက်ာ္ ၉ ရက္ေန႕ က ထုတ္ျပန္ေသာ ဘိုးေတာ္ဘုရား၏ ေအာက္ပါအမိန႔္ေတာ္က ထင္ရွားေစသည္။

သဇင္ပန္းေတာ္ ေ႐ႊနန္းေတာ္သို႔ မဆက္မသြင္းေသးသည္ကို မင္းသားမ်ား အိမ္သို႔ပန္းမ်ားေရာက္ေၾကာင္းႏွင့္ ၾကားသိေတာ္မူရသည္။ က်ီဝန္ကို တန္းမွာထား၊ ပန္းဆက္လာသူတို႔ကိုရေအာင္ေတာင္း။ ၁၁၆၈ ခု ျပာ သိုလျပည့္ေက်ာ္ ၉ ရက္ေန႕နာခံေတာ္ ရာဇေနာ္ရထာျပန္စစ္အားျဖင့္ သဇင္ပန္းကို ေလးေလးစားစား မည္မွ်ထားသည္ကို ဤအမိန႔္ေတာ္အရထင္ရွားသည္။

ဤအမိန႔္ေတာ္သည္ သဇင္ပန္းကိုသာ ေလးစားလို၍ခ်ည္း မဟုတ္၊ တိုင္းျပည္၌ မင္းအာဏာကိုမည္မွ် ပ်ပ္ဝပ္မႈရွိ သည္ကို အကဲစမ္းရန္ကိစၥတစ္ခု ျပဳလုပ္ထားျခင္းျဖစ္ေလသည္။

သဇင္ပန္းသည္ နတ္ေတာ္လ၌ ပြင္သျဖင့္ အျမတ္တနိုးထား၍ နတ္တင္ၾကေသာေၾကာင့္ နတ္ပန္းဟုလည္းေခၚၾကသည္။ ေဆးဖက္ဝင္သည္။ ျမန္မာ့ေဆးက်မ္းအလိုအရ သဇင္ပြင့္သည္ မူးေဝငိုက္ျမည္းေသာအနာကို လည္းေကာင္း၊ ဦးေခါင္းကိုက္ျခင္း မ်က္စိနာျခင္းတို႔ကိုလည္းေကာင္း၊ ဆာေလာင္မြတ္သိပ္ေသာအနာကိုလည္းေကာင္း၊ သလိပ္သည္းေျခအားႀကီးေသာ အနာကိုလည္းေကာင္း ခ်မ္းသာေစတတ္၏ဟုဆိုသည္။

ျမန္မာဘယေဆးသမားတို႔သည္ ေဆးေဖာ္ရာ၌အလြန္စြမ္းေသာ သဇင္နီႏွင့္ သဇင္နက္တို႔ကို ရွားရွားပါးပါး ရွာေဖြၾကရသည္။

သထုံ၊ ေမာ္လၿမိဳင္၊ ထားဝယ္၊ ေတာင္ငူ ပတ္ဝန္းက်င္မွလာေသာ သဇင္ျဖဴမ်ိဳးကို ပိႆာခ်ိန္၊ သို႔မဟုတ္ အခက္ေရႏွင့္ေရာင္းၾကသည္။ ေပၚဦးေပၚဖ်ားတြင္ တစ္ခက္ကို ၁၀၀၀ က်ပ္ မွ ၃၀၀၀ က်ပ္ အထိေပးရတတ္သည္။ ယခုအခါ သဇင္ပန္းကို ရန္ကုန္ၿမိဳ႕၌လည္း ၿခံမ်ားတြင္ တယုတယစိုက္ပ်ိဳးေနၾကေလၿပီျဖစ္သည္။ ။

ကိုးကား
ဖိုးသာဝ၊ ဂမုန္းၫႊန္းက်မ္း၊ (ပထမတြဲ) ႏွာ-၁၊ ၂
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၂)

crd,…ဝီကီပီးဒီးယား