အကယ်ဒမီ ရှုမဝ စမ်းစမ်းအေးကို အဖ ဦးအေးနှင့် အမိဒေါ်လှမြင့်တို့က ၁၉၄၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ရန်ကုန်မြို့၊ ရေကျော်မြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ ခြောက်ယောက်ရှိသည့်အနက် ဒုတိယမြောက် သမီးတစ်ဦးဖြစ်သည်။
ငယ်ဘဝ
ငယ်စဉ်က တာမွေ အ.ထ.က(၁)ကျောင်းတွင် ဒသမတန်းအထိ ပညာသင်ယူခဲ့သည်။
ရှုမဝ
ရှုမဝ စမ်းစမ်းအေးသည် ရုပ်ရှင်လောကသို့ မဝင်ရောက်မီ ရဲဆန်းသစ် တီးဝိုင်းတွင် အပျော်တမ်း သီချင်းဆိုသည်။ မြန်မာ့အသံမှ ထုတ်ဝေသော သောတရှင် မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင်အဖြစ် ပါဝင်ဖော်ပြခြင်း ခံရသည်။
ယင်းမျက်နှာဖုံး ဓာတ်ပုံကို ဒါရိုက်တာ ရှုမဝဦးကျော်က တွေ့ရှိပြီးနောက် စမ်းစမ်းအေးကို ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းသည်။ ၁၉၆၀-ပြည့်နှစ်တွင် ရုပ်ရှင်လောကသို့ စတင်ရောက်ရှိပြီး ဒါရိုက်တာ ရှုမဝဦးကျော် ရိုက်ကူးသော ရွှေရင်သိမ်းသစ်”ဇာတ်ကားတွင် ပထမဆုံး သရုပ်ဆောင်ခွင့် ရရှိသည်။ သူမ၏ လက်ဦးဆရာမှာ ဒါရိုက်တာ ရှုမဝဦးကျော်ဖြစ်သည်။
ရွှေရင်သိမ်းသစ် ဇာတ်ကားကို စတင်ရိုက်ကူးပြီးနောက် ချစ်တဲ့သူရဲ့ရင်ခွင်၊ ရင်ဝယ်တသိမ့်သိမ့်၊ လုလင်ငယ်သွေး၊ လေချိုတသွေးသွေး၊ ချွေးကလေးစိုစို ဇာတ်ကားများကို ရုပ်ရှင်မင်းသား မောင်ယဉ်ထွေးနှင့် ရိုက်ကူးရင်း ဖူးစာဆုံကာ အိမ်ထောင်ပြုသည်။ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားသည်။
စမ်းစမ်းအေး ပါဝင်သရုပ်ဆောင်ရသည့် အပယ်ရတနာ၊ဒေါင်းမလေး၊ ပန်းရုံ၊ ပန်းနွယ်ကစိမ်း၊ ခြေဖဝါးတော်နုနု၊ နေထွက်သောည၊ ပစ်မှတ်၊ စိန်ခေါ်နေသည့်အချစ်၊ ချစ်သူရွေးမယ် ချစ်ဝဲလည် ရုပ်ရှင်ဇာတ်ကားများမှာ ထင်ရှားသည်။ ၎င်းဇာတ်ကားများအနက် ၁၉၉၃-ခုနှစ်တွင် “စိန်ခေါ်နေတဲ့အချစ်’ရုပ်ရှင်ဇာတ်ကား၌ အကောင်းဆုံး မင်းသမီး ဇာတ်ပို့ဆု အကယ်ဒမီဆုကို ရရှိခဲ့သည်။
ရှုမဝစမ်းစမ်းအေး မကွယ်လွန်မီအချိန်အထိ ကားကြီးပေါင်း ၁၀၀ ကျော်နှင့် ဗီဒီယို ဇာတ်ကား ၄၀၀ ကျော်ခန့် ရိုက်ကူးခဲ့သည်။ အကယ်ဒမီ ရှုမဝ စမ်းစမ်းအေးသည် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးရင်း ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါဖြင့် ၂၀၀၇-ခုနှစ်၊ ဧပြီလ (၄)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၂)နှစ် ရှိပြီဖြစ်သည်။
ကိုးကား
↑ စွယ်စုံကျမ်းနှစ်ချုပ်(၂၀၀၈)
Crd,ဝီကီပီးဒီးယား
Zawgyi
အကယ္ဒမီရႈမဝစမ္းစမ္းေအးကို အဖ ဦးေအးႏွင့္ အမိေဒၚလွျမင့္တို႔က ၁၉၄၅-ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၀)ရက္ေန႕တြင္ရန္ကုန္ၿမိဳ႕၊ ေရေက်ာ္ၿမိဳ႕နယ္၌ ေမြးဖြားခဲ့သည္။ ေမြးခ်င္းေမာင္ႏွမ ေျခာက္ေယာက္ရွိသည့္အနက္ ဒုတိယေျမာက္ သမီးတစ္ဦးျဖစ္သည္။
ငယ္ဘဝ
ငယ္စဥ္က တာေမြ အ.ထ.က(၁)ေက်ာင္းတြင္ ဒသမတန္းအထိ ပညာသင္ယူခဲ့သည္။
ရႈမဝ
ရႈမဝ စမ္းစမ္းေအးသည္ ႐ုပ္ရွင္ေလာကသို႔ မဝင္ေရာက္မီ ရဲဆန္းသစ္ တီးဝိုင္းတြင္ အေပ်ာ္တမ္း သီခ်င္းဆိုသည္။ျမန္မာ့အသံမွ ထုတ္ေဝေသာ ေသာတရွင္ မဂၢဇင္းတြင္ မ်က္ႏွာဖုံးရွင္အျဖစ္ ပါဝင္ေဖာ္ျပျခင္း ခံရသည္။
ယင္းမ်က္ႏွာဖုံး ဓာတ္ပုံကို ဒါရိုက္တာ ရႈမဝဦးေက်ာ္က ေတြ႕ရွိၿပီးေနာက္ စမ္းစမ္းေအးကို ႐ုပ္ရွင္ရိုက္ကူးရန္ ကမ္းလွမ္းသည္။ ၁၉၆၀-ျပည့္ႏွစ္တြင္ ႐ုပ္ရွင္ေလာကသို႔ စတင္ေရာက္ရွိၿပီး ဒါရိုက္တာရႈမဝဦးေက်ာ္ရိုက္ကူးေသာေ႐ႊရင္သိမ္းသစ္”ဇာတ္ကားတြင္ ပထမဆုံး သ႐ုပ္ေဆာင္ခြင့္ ရရွိသည္။ သူမ၏ လက္ဦးဆရာမွာ ဒါရိုက္တာ ရႈမဝဦးေက်ာ္ျဖစ္သည္။
ေ႐ႊရင္သိမ္းသစ္ဇာတ္ကားကို စတင္ရိုက္ကူးၿပီးေနာက္ခ်စ္တဲ့သူရဲ႕ရင္ခြင္၊ရင္ဝယ္တသိမ့္သိမ့္၊လုလင္ငယ္ေသြး၊ေလခ်ိဳတေသြးေသြး၊ေခြၽးကေလးစိုစိုဇာတ္ကားမ်ားကို ႐ုပ္ရွင္မင္းသား ေမာင္ယဥ္ေထြးႏွင့္ ရိုက္ကူးရင္း ဖူးစာဆုံကာ အိမ္ေထာင္ျပဳသည္။ သားတစ္ေယာက္၊ သမီးတစ္ေယာက္ ထြန္းကားသည္။
စမ္းစမ္းေအး ပါဝင္သ႐ုပ္ေဆာင္ရသည့္အပယ္ရတနာ၊ေဒါင္းမေလး၊ ပန္း႐ုံ၊ပန္းႏြယ္ကစိမ္း၊ေျခဖဝါးေတာ္ႏုႏု၊ေနထြက္ေသာည၊ ပစ္မွတ္၊စိန္ေခၚေနသည့္အခ်စ္၊ခ်စ္သူေ႐ြးမယ္ ခ်စ္ဝဲလည္႐ုပ္ရွင္ဇာတ္ကားမ်ားမွာ ထင္ရွားသည္။ ၎ဇာတ္ကားမ်ားအနက္ ၁၉၉၃-ခုႏွစ္တြင္ “စိန္ေခၚေနတဲ့အခ်စ္’႐ုပ္ရွင္ဇာတ္ကား၌ အေကာင္းဆုံး မင္းသမီး ဇာတ္ပို႔ဆုအကယ္ဒမီဆုကို ရရွိခဲ့သည္။
ရႈမဝစမ္းစမ္းေအး မကြယ္လြန္မီအခ်ိန္အထိ ကားႀကီးေပါင္း ၁၀၀ ေက်ာ္ႏွင့္ ဗီဒီယို ဇာတ္ကား ၄၀၀ ေက်ာ္ခန႔္ ရိုက္ကူးခဲ့သည္။ အကယ္ဒမီ ရႈမဝ စမ္းစမ္းေအးသည္ ႐ုပ္ရွင္ဇာတ္ကားမ်ားကို ရိုက္ကူးရင္း ဦးႏွောက္ႏွင့္ အာ႐ုံေၾကာဆိုင္ရာ ေရာဂါျဖင့္ ၂၀၀၇-ခုႏွစ္၊ ဧၿပီလ (၄)ရက္ေန႕တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ (၆၂)ႏွစ္ ရွိၿပီျဖစ္သည္။
ကိုးကား
စြယ္စုံက်မ္းႏွစ္ခ်ဳပ္(၂၀၀၈)
Crd,ဝီကီပီးဒီးယား