DAIHATSU HIJET KEI TRUCK 2006-2014
DAIHATSU HIJET ဆိုတာကို မြန်မာပြည်မှာ အနယ်နယ် အရပ်ရပ်မှာ မသိသူမရှိသလောက်ပါပဲ ။
အစပိုင်းကတော့ SUZUKI CARRY TRUCK ကားလေးတွေက မြန်မာပြည်ထဲ ကိုအရင် ၀င်ရောက်လာတာပါ။ နောက်မှ DAIHATSU တံဆိပ်နဲ့ HIJET ဆိုတဲ့ KEI TRUCK ကားလေး က၀င် ရောက်လာတာပါ။ KEI TRUCK လို့ ခေါ်ရတာကတော့ ဂျပန်နိုင်ငံမှာ ကားသေး လေးအနေနဲ့ ၆၆၀စီစီကားလေး တွေကို KEI ကားဆိုပြီးခေါ်ပါတယ်။
ဒီတော့ ဒီ ၃လုံးထိုးလေးတွေကလဲ KEI ကားလေးတွေဖြစ်သွားတာပါ။ MINI TRUCK ကားလေးတွေပေါ့ ဆိ်ီစားသက်သာပြီး လို အပ်သလို အသုံးပြုနိုင်တဲ့ကားအမျိုးအစားလေးတွေပါ။
DAIHATSU HIJET လေးတွေက အခုမှထုတ်တာမဟုတ်ပါဘူး။ ၁၉၆၀ပြည့်နှစ်ကထဲက ထုတ်လုပ်ခဲ့တာပါ။ အဲ့တုန်းကတော့ လူသိမများသေးပါဘူး။ MAZDA ရဲ့ လေးဘီးကားတွေနဲ့ တတန်းထဲပေါ့။
အခုဆိုရင် ထုတ်လုပ်လာတာ မျိုးဆက် ၁၁ဆက်မြောက်နေပါပြီ။ ဒီလို ကားလေးတွေကို အစ က 2STROKE လေးတွေနဲ့သာလာပါတယ်။ HIJET မျိုးဆက် ၉ဆက်လောက်မှ မြန်မာနိုင်ငံမှာခတ်စားလာပါတယ်။ ၂၀၀၄ မော်ဒယ်ထိပြောလို့ ရပါတယ်။
၂၀၀၅ မော်ဒယ်ကနေမှ ၂၀၁၃ ထိကို ပုံစံမပြောင်းလဲပဲ ထုတ်လုပ်ခဲ့ပြီး ၂၀၁၄ မှာတော့ ရှေ့ ရှယ်လ်ပုံစံနဲ့ အတွင်းခန်းတွေပါ အနည်းငယ်ပြောင်းလဲလာတာကိုတွေ့ရမှာပါ။
ချက်စီအနေနဲ့ကလဲ ပြောင်းလဲ သွားပါပြီ။ ၂၀၁၃ မော်ဒယ်ထိကို S200 အနေနဲ့ထုတ်လုပ်ခဲ့ပြီးတော့ ၂၀၁၄ မှာတော့ S500P ချက်စီနဲ့ ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။
HIJET ဂရ်ိတ်တွေကိုတော့ ၂၀၁၃ ထိကိုSPECIAL , AC-PS SPECIAL , EXTRA, AC-PS EXTRA, JUMBO ဆိုပြဲီး ခွဲခြားနိုင်ပါတယ်။ ဂရိတ်အားလုံးကို အော်တို ဂီယာ၊ မန်နှူရယ် ဂီယာရွေးချယ်နိုင်သလို 2WD, 4WDစနစ်အနေနဲ့လဲ ရွေးချယ်နိုင်ပါတယ်။
SPECIAL ဆိုတာကတော့ များသောအားဖြင့်တွေ့နေရတဲ့ ကတုံးလို့ပြောလို့ ရပါတယ်။ ဘာမှမပါ၀င်ပဲ မန်နူရယ်ဂီယာ ၊ အော်တိုဂီယာနဲ့ ပဲ ရွေးချယ်နိုင်မှာပါ။
AC-PS SPECIAL မှာတော့ AIRCON, POWER STEERING တွေပါ၀င်လာပါတယ်။ တခါတလေမှာ တခြမ်းဆိုပြီး AIRCON ပဲ ပါလာတာတို့ POWER STEERING ပဲ ပါလာတာတို့ ရှိတတ်ပါတယ်။
ဒါကတော့ ပထမဆုံးအုံနာက စ၀ယ်တဲ့ အချိန်မှာ AIRCON ပဲ လိုချင်လို့ POWER STEERING လေးပဲ လိုချင်လို့ဆိုပြီးတော့ OPTIONAL အနေနဲ့ တပ်ဆင်ခိုင်းတာမျိုးရှိလို့ တခြမ်းသာပါလာတတ်တာပါ။
ငွေကြေးကို အများအပြား မသုံးပဲ ခြုံလိုက်တဲ့ သဘောပါ။ EXTRA မှာတော့ ရှေ့ရှယ်လ်အနည်းငယ် ပြောင်းလဲလာပြီးတော့ POWER WINDOW တွေပါလာတတ်ပါတယ်။ ခေါင်နိမ့်ခေါင်မြင့်ကိုလဲ ရွေးချယ်နိုင်ပါသေးတယ်။
နောက်ဆုံးဂရိတ်အမြင့်ဆုံးကတော့ JUMBO ဂရိတ်ပါ။ ကျွန်တော်တို့ နိုင်ငံမှာ လူကြိုက်များသလို စျေးလဲ ခေါင်ခိုက်နေတတ်ပါတယ်။ EXTRA CAB လို နောက်ခန်း အကျဉ်းလေးပါလာပြီးတော့ AC, PS, PW စတဲ့ အမျိုးမျိုး ပါလာတတ်ပါတယ်။
အင်ဂျင်ကိုလဲ ၂၀၀၄ ခုနှစ်ထိကို EF-VE အင်ဂျင်နဲ့ ထုတ်လုပ်ပေးခဲ့ပြီး ၂၀၀၇ ဒီဇင်ဘာ လောက်မှာတော့ KF-VE 12VALUE ၃လုံးထိုးအင်ဂျင်နဲ့လာပါတယ်။ MANUAL GEAR ၅ချက်နဲ့ AUTO GEAR ၃ ချက်နဲ့ပါ။ ဆီတိုင်ကီ ကတော့၃၈လီတာ ၀င်ဆံပါတယ်။
2WD ကို ချက်စီ S201P နဲ့ ထွက်ပြီးတော့ 4WD ကို ချက်စီ S211P ချက်စ်ီနဲ့ ထွက်ပါတယ်။၂၀၀၅ ထိထုတ်လုပ်တဲ့ မော်ဒယ်မှာတော့ ချက်စီ S200P နဲ့ S210Pဆိုပြီးထွက်မှာပါ။ ကားရဲ့ အရှည် 3395mm အကျယ် 1475mm အမြင့် 1780mm ရှိပါတယ်။
2014 မှာထုတ်လုပ်တဲ့ HIJET ကိုတော့ ချက်စီ S500P နဲ့ စလာပြီးတော့ ဂရိတ်အနေနဲ့ STANDARD, AC-PS STANDARD, HI ROOF, EXTRA, JUMBO ဆိုပြီးတော့သာ ပြောင်းလဲခဲ့တာပါ။အတွင်းခန်းတွေအနည်းငယ်ပြောင်းလဲ လာပြီးတော့ ကျန်တာကတော့ ၂၀၁၃ ထိထုတ်လုပ်ခဲ့တဲ့ မော်ဒယ်နဲ့ တူတူပါပဲ။
ထူးခြားသွားတာကတော့ AUTO GEAR ၄ချက်နဲ့ ထုတ်လုပ်ပေးထားတာပါ။ တာယာတွေကို 145R 12 LIGHT TRUCK TIRE တွေနဲ့တပ်ဆင်ပေးထားပါတယ်။
2WD ကို ချက်စီ S500P နဲ့ 4WD ကို တော့ S510P နဲ့ ထွက်မှာပါ။ လက်တွေ့မှာတော့ 4WD က ဆီစားတယ်ပြောလို့ရပေမယ့် TRANSFER ခလုတ်ပါ၀င်လို့ လိုအပ်မှသာ သုံးရလို့ဆီစားအများကြီးမကွာခြားသွားပါဘူး။
ထုတ်လုပ်တဲ့ စရိတ်ကလဲ 4WD က ပိုမိုစျေးများနေတာကိုတွေ့နိုင်မှာပါ။ ဆီစားနှုန်းကိုတော့ S200 စီးရီးမှာ ဓာတ်ဆီတစ်လီတာကို ပျမ်းမျှ 16.8KM/L ထိသာမောင်းနှင်နိုင်ပေမယ့် 2014 မော်ဒယ်ဖြစ်တဲ့ S500 စီးရီးမှာတော့ ၁လီတာကို 19KM/L ထိမောင်းနှင်နိုင်လာတာကိုတွေ့ရမှာပါ။ ဆီစားသက်သာတဲ့ KEI ထရပ်ကားတစ်စီးလို့ပြောလို့ရနိုင်ပါတယ်။
DAIHATSU HIJET ထရပ်ကားတွေကို FLAT BODY (သဲဘော်ဒီ) ၊ BOX TRUCK (ပုံးခြောက်)၊ FREEZER BOX (အအေးခန်းပုံးစို)၊ PLATFORM TRUCK ဓာတ်တိုင်အမြင့်တက်ပြင် သည့်) ကားတွေကို တပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။
အဲ့ဒါတွေကိုတော့ DAIHATSU က တပ်ဆင်ပေးခြင်းမျိုးမဟုတ်ပဲ အပြင် BOX ကားကုမ္ပဏီတွေကနေ တပ်ဆင်ပေးထားတာပါ။
ကိုယ်လုပ်ကိုင်မယ့် လုပ်ငန်းပေါ်မူတည်ပြီးတော့ တည်ဆောက်ပေးထားလို့ တချို့ လဲ အသုံးတည့်သလို တစ်ချို့လဲ ဖြုတ်ချပြောင်းလဲ ပစ်နေရတာကို တွေ့နေရမှာပါ။
Credit: အခုလို Daihatsu Hijet အကြောင်း Review လေးကိုအချိန်ပေးရေးသားပေးတဲ့ ကိုသန့်ဇင်ကိုအထူးပင်လေးစားကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
Zawgyi
DAIHATSU HIJET KEI TRUCK 2006-2014
DAIHATSU HIJET ဆိုတာကို ျမန္မာျပည္မွာ အနယ္နယ္ အရပ္ရပ္မွာ မသိသူမရွိသေလာက္ပါပဲ ။
အစပိုင္းကေတာ့ SUZUKI CARRY TRUCK ကားေလးေတြက ျမန္မာျပည္ထဲ ကိုအရင္ ၀င်ရောက်လာတာပါ။ ေနာက္မွ DAIHATSU တံဆိပ္နဲ႕ HIJET ဆိုတဲ့ KEI TRUCK ကားေလး က၀င္ ေရာက္လာတာပါ။ KEI TRUCK လို႔ ေခၚရတာကေတာ့ ဂ်ပန္နိုင္ငံမွာ ကားေသး ေလးအေနနဲ႕ ၆၆၀စီစီကားေလး ေတြကို KEI ကားဆိုၿပီးေခၚပါတယ္။
ဒီေတာ့ ဒီ ၃လုံးထိုးေလးေတြကလဲ KEI ကားေလးေတြျဖစ္သြားတာပါ။ MINI TRUCK ကားေလးေတြေပါ့ ဆိ်ီစားသက်သာပြီး လို အပ္သလို အသုံးျပဳနိုင္တဲ့ကားအမ်ိဳးအစားေလးေတြပါ။
DAIHATSU HIJET ေလးေတြက အခုမွထုတ္တာမဟုတ္ပါဘူး။ ၁၉၆၀ျပည့္ႏွစ္ကထဲက ထုတ္လုပ္ခဲ့တာပါ။ အဲ့တုန္းကေတာ့ လူသိမမ်ားေသးပါဘူး။ MAZDA ရဲ႕ ေလးဘီးကားေတြနဲ႕ တတန္းထဲေပါ့။
အခုဆိုရင္ ထုတ္လုပ္လာတာ မ်ိဳးဆက္ ၁၁ဆက္ေျမာက္ေနပါၿပီ။ ဒီလို ကားေလးေတြကို အစ က 2STROKE ေလးေတြနဲ႕သာလာပါတယ္။ HIJET မ်ိဳးဆက္ ၉ဆက္ေလာက္မွ ျမန္မာနိုင္ငံမွာခတ္စားလာပါတယ္။ ၂၀၀၄ ေမာ္ဒယ္ထိေျပာလို႔ ရပါတယ္။
၂၀၀၅ ေမာ္ဒယ္ကေနမွ ၂၀၁၃ ထိကို ပုံစံမေျပာင္းလဲပဲ ထုတ္လုပ္ခဲ့ၿပီး ၂၀၁၄ မွာေတာ့ ေရွ႕ ရွယ္လ္ပုံစံနဲ႕ အတြင္းခန္းေတြပါ အနည္းငယ္ေျပာင္းလဲလာတာကိုေတြ႕ရမွာပါ။
ခ်က္စီအေနနဲ႕ကလဲ ေျပာင္းလဲ သြားပါၿပီ။ ၂၀၁၃ ေမာ္ဒယ္ထိကို S200 အေနနဲ႕ထုတ္လုပ္ခဲ့ၿပီးေတာ့ ၂၀၁၄ မွာေတာ့ S500P ခ်က္စီနဲ႕ ေျပာင္းလဲထုတ္လုပ္ခဲ့ပါတယ္။
HIJET ဂရ်ိတ်တွေကိုတော့ ၂၀၁၃ ထိကိုSPECIAL , AC-PS SPECIAL , EXTRA, AC-PS EXTRA, JUMBO ဆိုပြဲီး ခြဲျခားနိုင္ပါတယ္။ ဂရိတ္အားလုံးကို ေအာ္တို ဂီယာ၊ မန္ႏႉရယ္ ဂီယာေ႐ြးခ်ယ္နိုင္သလို 2WD, 4WDစနစ္အေနနဲ႕လဲ ေ႐ြးခ်ယ္နိုင္ပါတယ္။
SPECIAL ဆိုတာကေတာ့ မ်ားေသာအားျဖင့္ေတြ႕ေနရတဲ့ ကတုံးလို႔ေျပာလို႔ ရပါတယ္။ ဘာမွမပါ၀င္ပဲ မန္ႏူရယ္ဂီယာ ၊ ေအာ္တိုဂီယာနဲ႕ ပဲ ေ႐ြးခ်ယ္နိုင္မွာပါ။
AC-PS SPECIAL မွာေတာ့ AIRCON, POWER STEERING ေတြပါ၀င္လာပါတယ္။ တခါတေလမွာ တျခမ္းဆိုၿပီး AIRCON ပဲ ပါလာတာတို႔ POWER STEERING ပဲ ပါလာတာတို႔ ရွိတတ္ပါတယ္။
ဒါကေတာ့ ပထမဆုံးအုံနာက စ၀ယ္တဲ့ အခ်ိန္မွာ AIRCON ပဲ လိုခ်င္လို႔ POWER STEERING ေလးပဲ လိုခ်င္လို႔ဆိုၿပီးေတာ့ OPTIONAL အေနနဲ႕ တပ္ဆင္ခိုင္းတာမ်ိဳးရွိလို႔ တျခမ္းသာပါလာတတ္တာပါ။
ေငြေၾကးကို အမ်ားအျပား မသုံးပဲ ၿခဳံလိုက္တဲ့ သေဘာပါ။ EXTRA မွာေတာ့ ေရွ႕ရွယ္လ္အနည္းငယ္ ေျပာင္းလဲလာၿပီးေတာ့ POWER WINDOW ေတြပါလာတတ္ပါတယ္။ ေခါင္နိမ့္ေခါင္ျမင့္ကိုလဲ ေ႐ြးခ်ယ္နိုင္ပါေသးတယ္။
ေနာက္ဆုံးဂရိတ္အျမင့္ဆုံးကေတာ့ JUMBO ဂရိတ္ပါ။ ကြၽန္ေတာ္တို႔ နိုင္ငံမွာ လူႀကိဳက္မ်ားသလို ေစ်းလဲ ေခါင္ခိုက္ေနတတ္ပါတယ္။ EXTRA CAB လို ေနာက္ခန္း အက်ဥ္းေလးပါလာၿပီးေတာ့ AC, PS, PW စတဲ့ အမ်ိဳးမ်ိဳး ပါလာတတ္ပါတယ္။
အင္ဂ်င္ကိုလဲ ၂၀၀၄ ခုႏွစ္ထိကို EF-VE အင္ဂ်င္နဲ႕ ထုတ္လုပ္ေပးခဲ့ၿပီး ၂၀၀၇ ဒီဇင္ဘာ ေလာက္မွာေတာ့ KF-VE 12VALUE ၃လုံးထိုးအင္ဂ်င္နဲ႕လာပါတယ္။ MANUAL GEAR ၅ခ်က္နဲ႕ AUTO GEAR ၃ ခ်က္နဲ႕ပါ။ ဆီတိုင္ကီ ကေတာ့၃၈လီတာ ၀င်ဆံပါတယ်။
2WD ကို ခ်က္စီ S201P နဲ႕ ထြက္ၿပီးေတာ့ 4WD ကို ခ်က္စီ S211P ချက်စ်ီနဲ့ ထြက္ပါတယ္။၂၀၀၅ ထိထုတ္လုပ္တဲ့ ေမာ္ဒယ္မွာေတာ့ ခ်က္စီ S200P နဲ႕ S210Pဆိုၿပီးထြက္မွာပါ။ ကားရဲ႕ အရွည္ 3395mm အက်ယ္ 1475mm အျမင့္ 1780mm ရွိပါတယ္။
2014 မွာထုတ္လုပ္တဲ့ HIJET ကိုေတာ့ ခ်က္စီ S500P နဲ႕ စလာၿပီးေတာ့ ဂရိတ္အေနနဲ႕ STANDARD, AC-PS STANDARD, HI ROOF, EXTRA, JUMBO ဆိုၿပီးေတာ့သာ ေျပာင္းလဲခဲ့တာပါ။အတြင္းခန္းေတြအနည္းငယ္ေျပာင္းလဲ လာၿပီးေတာ့ က်န္တာကေတာ့ ၂၀၁၃ ထိထုတ္လုပ္ခဲ့တဲ့ ေမာ္ဒယ္နဲ႕ တူတူပါပဲ။
ထူးျခားသြားတာကေတာ့ AUTO GEAR ၄ခ်က္နဲ႕ ထုတ္လုပ္ေပးထားတာပါ။ တာယာေတြကို 145R 12 LIGHT TRUCK TIRE ေတြနဲ႕တပ္ဆင္ေပးထားပါတယ္။
2WD ကို ခ်က္စီ S500P နဲ႕ 4WD ကို ေတာ့ S510P နဲ႕ ထြက္မွာပါ။ လက္ေတြ႕မွာေတာ့ 4WD က ဆီစားတယ္ေျပာလို႔ရေပမယ့္ TRANSFER ခလုတ္ပါ၀င္လို႔ လိုအပ္မွသာ သုံးရလို႔ဆီစားအမ်ားႀကီးမကြာျခားသြားပါဘူး။
ထုတ္လုပ္တဲ့ စရိတ္ကလဲ 4WD က ပိုမိုေစ်းမ်ားေနတာကိုေတြ႕နိုင္မွာပါ။ ဆီစားႏႈန္းကိုေတာ့ S200 စီးရီးမွာ ဓာတ္ဆီတစ္လီတာကို ပ်မ္းမွ် 16.8KM/L ထိသာေမာင္းႏွင္နိုင္ေပမယ့္ 2014 ေမာ္ဒယ္ျဖစ္တဲ့ S500 စီးရီးမွာေတာ့ ၁လီတာကို 19KM/L ထိေမာင္းႏွင္နိုင္လာတာကိုေတြ႕ရမွာပါ။ ဆီစားသက္သာတဲ့ KEI ထရပ္ကားတစ္စီးလို႔ေျပာလို႔ရနိုင္ပါတယ္။
DAIHATSU HIJET ထရပ္ကားေတြကို FLAT BODY (သဲေဘာ္ဒီ) ၊ BOX TRUCK (ပုံးေျခာက္)၊ FREEZER BOX (အေအးခန္းပုံးစို)၊ PLATFORM TRUCK ဓာတ္တိုင္အျမင့္တက္ျပင္ သည့္) ကားေတြကို တပ္ဆင္ေပးထားတာကိုေတြ႕ရမွာပါ။
အဲ့ဒါေတြကိုေတာ့ DAIHATSU က တပ္ဆင္ေပးျခင္းမ်ိဳးမဟုတ္ပဲ အျပင္ BOX ကားကုမၸဏီေတြကေန တပ္ဆင္ေပးထားတာပါ။
ကိုယ္လုပ္ကိုင္မယ့္ လုပ္ငန္းေပၚမူတည္ၿပီးေတာ့ တည္ေဆာက္ေပးထားလို႔ တခ်ိဳ႕ လဲ အသုံးတည့္သလို တစ္ခ်ိဳ႕လဲ ျဖဳတ္ခ်ေျပာင္းလဲ ပစ္ေနရတာကို ေတြ႕ေနရမွာပါ။
Credit: အခုလို Daihatsu Hijet အေၾကာင္း Review ေလးကိုအခ်ိန္ေပးေရးသားေပးတဲ့ ကိုသန့္ဇင္ကိုအထူးပင္ေလးစားေက်းဇူးတင္ရွိပါသည္ခင္ဗ်ာ။