မြန်မာနိုင်ငံရဲ့ ခေတ္တဘုရင်ခံဖြစ်ခဲ့သူ ဆာဂျေအေ မောင်ကြီး

ကိုလိုနီခေတ် အင်္ဂလိပ်လက်ထက် (၁၉၃၀-၁၉၃၁ ခုနှစ်အတွင်း) မြန်မာ တိုင်းရင်းသားတွေထဲက ဆာဘွဲ့ ရရှိခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံးဘုရင်ခံ ဆာဂျေအေ မောင်ကြီး (Sir Joseph Augustus Maung Gyi) ဟာ မော်လမြိုင်သားတစ်ယောက်ဖြစ်ပါတယ်။

ဆာဂျေအေမောင်ကြီးကို မွန်တိုင်းရင်းသား အနွယ်တွေဖြစ်ကြတဲ့ ဦးခင်နှင့် ဒေါ်ရင်တို့မှ ၁၈၇၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မော်လမြိုင်မြို့မှာ မွေးဖွားခဲ့ပါတယ်။

ငယ်နာမည်မှာ မောင်ကြီး ဖြစ်သော်လည်း ကျောင်းနေ စဉ်ကာလ အင်္ဂလိပ်ကျောင်း (စိန်ပေါကျောင်း) ဖြစ်သောကြောင့် ဂျေအေမောင်ကြီးဖြစ်ခဲ့ရတာပါ။ ဂျေအေမောင်ကြီး ဆိုတဲ့စကားမှာ ဂျိုးဇက် အော်ဂပ်စတပ် မောင်ကြီးဖြစ်သည်။

သူ့ရဲ့ဖခင် ဦးခင်ဟာ ရန်ကုန်မြို့ ဗူးလော့ဘုရားသား ကုမ္ပဏီမှာ အလုပ်လုပ်ရာ အင်္ဂလိပ်ကုန်သည်လောကမှာ ထင်ရှားပြီး သြဇာရှိတဲ့ သူတစ်ဦးလဲ ဖြစ်ပါတယ်။

၁၈၈၄ ခုနှစ် – ဂျေအေမောင်ကြီး အသက် ၁၃ နှစ် အရွယ်မှာ စိန့်ပေါလ်ကျောင်းကနေ ဆယ်တန်းစာမေးပွဲအောင်မြင်ခဲ့ပြီး ရန်ကုန်ကော လိပ်မှာ ဆက်လက် တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီကမှ တဆင့် ဂျေအေမောင်ကြီးဟာ ၁၈၈၆ ခုနှစ်မှာ အင်္ဂလန်ကို ပညာသင်ထွက်ခွာ ခွင့်ရရှိခဲ့ပြီးတော့ လန်ဒန်မက်ထရစ် စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။

အဲဒီနောက် စိန့်မေရီကောလိပ်၊ အောက်စ်ဖို့ဒ်တက္ကသိုလ်၊ ဘရပ်ဆဲကောလိပ် တို့မှာ ဆက်လက်ပညာသင်ယူခဲ့ပါတယ်။ ထိုမှတဆင့် လန်ဒန်ဂရေးအင်း ဥပေဒသင်တန်း ကျောင်းသို့ တက်ရောက်ခဲ့ပြီး ဘာရစ်စတာဥပဒေ ဘွဲ့ကို ရရှိခဲ့ပါတယ်။

၁၉၀၀-၀၁ မှာ အင်္ဂလန်ကနေ မြန်မာပြည်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ဂျေအေမောင်ကြီး ဟာ ရန်ကုန်မြို့မှာ ၁၁နှစ်ကြာ ဝတ်လုံအလုပ်နဲ့ အသက်မွေးဝမ်း ကျောင်းပြုခဲ့ပါတယ်။

၁၉၁၁ ခုနှစ်မှာတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဗြိတိသျှသစ်ကုမ္ပဏီရဲ့ ဥပဒေအကြံပေးလုပ်ရင်း ထိုင်းနိုင်ငံ ချင်းမိုင် လန်ပန်းမြို့က ဒေါ်ဖွားမေနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဂျေအေမောင်ကြီးနဲ့ ဇနီးဒေါ်ဖွားမေတို့မှ တစ်ဦးတည်းသောသမီး ဒေါ်ခင်မြင့်ကို ဖွားမြင်ခဲ့ပါတယ်။

၁၉၁၄ခုနှစ်မှာ ဂျေအေမောင်ကြီးတို့မိသားစု မြန်မာပြည်ကိုပြန်လာခဲ့ကြပါ တယ်။ အဲဒီကာလမှာလည်း ဂျေအေမောင်ကြီးဟာ ဝတ်လုံအဖြစ်ပဲ ဆက် လက်အသက်မွေးခဲ့ပါတယ်။ ၁၉၁၇ ခုနှစ်မှာတော့ ဗြိတိသျှအစိုးရက ဂျေအေမောင်ကြီးကို ဘုရင်ခံရဲ့ အတိုင်ပင်ခံရာထူးခန့်အပ်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ဂျေအေမောင်ကြီးဟာ ဝတ်လုံလောကကနေ နိုင်ငံရေးလောကကို ရောက်ရှိခဲ့ပါတယ်။

၁၉၂၁ ခုနှစ်မှာ ဝိုက်ကော်မတီ ရောက်ရှိလာစဉ် စစ်ဆေးခံခဲ့ပြီး ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံခဲ့ရစဉ်မှာ သစ်တောရေးရာဝန်ကြီး ရာထူး လက်ခံရရှိခဲ့ပါတယ်။ ၁၉၂၃ ခုနှစ်မှာ အရှေ့ပိုင်းအမတ်နှစ်နေရာအတွက် ရွေးချယ်တဲ့အခါမှာလည်း ငါးထောင်စား အမတ်ဖြစ်ခဲ့ပါတယ်။

သစ်တောရေးရာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ် ကာလမှာ သစ်တော ဌာနတိုး တက်အောင် စွမ်းဆောင်ခဲ့ပါတယ်။ ၁၉၂၄-၂၆ခုနှစ်များမှာတော့ ဂျေအေမောင်ကြီးဟာ ဟိုက်ကုတ်တရားသူကြီး၊ ၁၉၂၆ ခုနှစ်မှာတော့ ပြည်ထဲရေးဝန်ကြီးချုပ် ရာထူးတွေရရှိခဲ့ပါတယ်။ ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ ဗြိတိသျှအစိုးရက ဂျေအေမောင်ကြီးကို ကေဒီအိုင် ခေါ် ဆာဘွဲ့ (Knight Bachelor) ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒါကြောင့် ဆာဂျေအေမောင်ကြီးလို့ အမည်တွင်ခဲ့တာဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ် သြဂုတ်လမှာ မြန်မာပြည်ဘုရင်ခံ ဆာ ချားလ်စ်အင်းနစ် ကျန်းမာရေးအခြေအနေကြောင့် အင်္ဂလန်ကို ပြန်သွားတာကြောင့် ဆာဂျေအေမောင်ကြီးကို ခေတ္တဘုရင်ခံ ရာထူး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ခေတ္တဘုရင်ခံလို့ဆိုပေမယ့် ဘုရင်ခံအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး လုပ်ဆောင်ခဲ့ရတာပါ။ ထိုနှစ်မှာပဲ သာယာဝတီမြို့ ဒါဘာပွဲမှာ တောင်သူလယ် သမားတွေရဲ့ မြေတော်ခွန်လျှော့ချရေးအသနားခံလွှာကို ပယ်ချခဲ့တာကြောင့် ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားပုန်ကုန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နာမည်ကျော်ခဲ့တဲ့ ၉၁ဌာန အုပ်ချုပ်ရေး ကာလမှာလည်း (၁၉၃၂-၂၄) သစ်တောရေးဝန်ကြီး (ပူးတွဲ) ပညာရေးဝန်ကြီးဖြစ်ခဲ့ပါတယ်။ ၁၉၃၄ ခုနှစ် လွှတ်တော်မှာ သံဃာ့ဝိနိစ္ဆယဥပဒေကျမ်းကို တင်သွင်းခဲ့ပေမယ့် မဲခွဲ ဆုံးဖြတ် ရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။

၁၉၃၆ခုနှစ်မှာလည်း ဥပဒေပြု ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ၁၉၃၇ ခုနှစ်ကနေ ၁၉၄၀အထိ ဘုရင်ခံက ရွေးချယ်ခန့်အပ်ခြင်းခံရတဲ့ အမတ်အဖြစ်ဆောင်ရွက်ခဲ့ရပြီး ၁၉၄၀-၁၉၄၂ မှာ အထက်လွှတ်တော်ဥက္ကဌဖြစ်ခဲ့ပါတယ်။ ဂျပန်ခေတ်မှာတော့ နိုင်ငံရေးလော ကမှ အနားယူခဲ့ပါတယ်။

နိုင်ငံရေးလောကမှ အနားယူပြီးချိန်ကနေ ကွယ်လွန်ချိန်ထိ ဘာသာရေးနှင့် စာပေများကိုသာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆာဂျေအေမောင်ကြီး ဟာ အင်္ဂလန်မှာ နေစဉ်ကတည်းက ပန့်(ချ)လို့ခေါ်တဲ့ အင်္ဂလိပ် မဂ္ဂဇင်း မှာ ဆောင်းပါးတွေ ကဗျာတွေ ရေးသားခဲ့ပါတယ်။

မြန်မာမှုကို မြတ်နိုးပြီး ဒေါက်တာစတူးဝပ်နဲ့အတူ မြန်မာ့ဇာတ်သဘင်အကြောင်းသုတေသန စာတမ်းတစ်စောင် ရေးသားခဲ့ပါသေးတယ်။

ဆာဂျေအေမောင်ကြီးဟာ ဘာသာစကား ၅ မျိုးကိုလဲ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ပါတယ်။ ဗုဒ္ဓသာသနာတော်ကို စွဲမြဲစွာ ယုံကြည်ခဲ့ပြီး နေအိမ်မှာ ဘုရားခန်းကို ကြီးကျယ်စွာထားလေ့ရှိပြီးတော့ ဘုရင်ခံဘဝကတည်းက တစ်နေ့ကို ဂုဏ်တော်တစ်ထောင် ပုတီးစိပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

သထုံမြို့၊ ဇင်းကျိုက်တောင်မှာလည်း ရှစ်တောင်မြင့်တဲ့ တင်ပျဉ်ခွေ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဝိနည်း ပိဋကတ်တော်တွေကို သေချာစွာလေ့လာပြီး လယ်တီဆရာတော်ကြီးရဲ့ ပိဋကတ်မြန်မာပြန် လုပ်ငန်းများကို များစွာအကူအညီပေးခဲ့ပါတယ်။ အင်္ဂလန်မှာပညာ သင်ကြားစဉ်ကာလတုန်းကလည်း အင်္ဂလိပ်အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျဖူးပါသေးတယ်။

သံဃဝိနိစ္ဆယ ဥပဒေကြမ်းကို ဥပဒေပြုလွှတ်တော်မှာ တင်စဉ်က မလိုသူတွေ က ဆာဂျေအေမောင်ကြီးကို ခရစ်ယာန်လို့ စွပ်စွဲကြပေမယ့် တကယ်တမ်း မှာတော့ ဆာဂျေအေမောင်ကြိးဟာ ငယ်စဉ်ကတည်းက ကွယ်လွန်တဲ့ထိ ဗုဒ္ဓအယူဝါဒကို အလွန်ရိုသေကိုင်းရှိုင်းခဲ့သူဖြစ်ပါတယ်။

နိုင်ငံရေးက အနားယူတဲ့ အခါ ဗုဒ္ဓအယူဝါဒကို အထူးလေးစားပြီး သူ့အိမ်ရဲ့ အိမ်ဦးခန်းကို ဘုရားရှိခိုး ခန်းပြုလုပ်ပြီး နေ့စဉ်ဝတ်ပြုခဲ့ပါတယ်။

မကွယ်လွန်ခင်တစ်လလောက်ကစပြီး မူးမေ့လဲရာကနေ ဆရာဝန်ကြီးတွေနဲ့ ကုသပေမယ့် အသက်အရွယ် ကြီးရင့်လာပြီဖြစ်လို့ သက်သာရာမရဘဲ ၁၉၅၅ခုနှစ် မတ်လ ၉ ရက် (၁၃၁၆ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်) အသက် ၈၃နှစ်မှာ ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်းက နေအိမ်မှာပဲ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi
ကိုလိုနီေခတ္ အဂၤလိပ္လက္ထက္ (၁၉၃၀-၁၉၃၁ ခုႏွစ္အတြင္း) ျမန္မာ တိုင္းရင္းသားေတြထဲက ဆာဘြဲ႕ ရရွိခဲ့တဲ့ ျမန္မာျပည္ရဲ႕ ပထမဆုံးဘုရင္ခံ ဆာေဂ်ေအ ေမာင္ႀကီး (Sir Joseph Augustus Maung Gyi) ဟာ ေမာ္လၿမိဳင္သားတစ္ေယာက္ျဖစ္ပါတယ္။

ဆာေဂ်ေအေမာင္ႀကီးကို မြန္တိုင္းရင္းသား အႏြယ္ေတြျဖစ္ၾကတဲ့ ဦးခင္ႏွင့္ ေဒၚရင္တို႔မွ ၁၈၇၁ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္ေန႕တြင္ ေမာ္လၿမိဳင္ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။

ငယ္နာမည္မွာ ေမာင္ႀကီး ျဖစ္ေသာ္လည္း ေက်ာင္းေန စဥ္ကာလ အဂၤလိပ္ေက်ာင္း (စိန္ေပါေက်ာင္း) ျဖစ္ေသာေၾကာင့္ ေဂ်ေအေမာင္ႀကီးျဖစ္ခဲ့ရတာပါ။ ေဂ်ေအေမာင္ႀကီး ဆိုတဲ့စကားမွာ ဂ်ိဳးဇက္ ေအာ္ဂပ္စတပ္ ေမာင္ႀကီးျဖစ္သည္။

သူ႕ရဲ႕ဖခင္ ဦးခင္ဟာ ရန္ကုန္ၿမိဳ႕ ဗူးေလာ့ဘုရားသား ကုမၸဏီမွာ အလုပ္လုပ္ရာ အဂၤလိပ္ကုန္သည္ေလာကမွာ ထင္ရွားၿပီး ၾသဇာရွိတဲ့ သူတစ္ဦးလဲ ျဖစ္ပါတယ္။

၁၈၈၄ ခုႏွစ္ ေဂ်ေအေမာင္ႀကီး အသက္ ၁၃ ႏွစ္ အ႐ြယ္မွာ စိန႔္ေပါလ္ေက်ာင္းကေန ဆယ္တန္းစာေမးပြဲေအာင္ျမင္ခဲ့ၿပီး ရန္ကုန္ေကာ လိပ္မွာ ဆက္လက္ တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။ အဲဒီကမွ တဆင့္ ေဂ်ေအေမာင္ႀကီးဟာ ၁၈၈၆ ခုႏွစ္မွာ အဂၤလန္ကို ပညာသင္ထြက္ခြာ ခြင့္ရရွိခဲ့ၿပီးေတာ့ လန္ဒန္မက္ထရစ္ စာေမးပြဲကို ေအာင္ျမင္ခဲ့ပါတယ္။

အဲဒီေနာက္ စိန႔္ေမရီေကာလိပ္၊ ေအာက္စ္ဖို႔ဒ္တကၠသိုလ္၊ ဘရပ္ဆဲေကာလိပ္ တို႔မွာ ဆက္လက္ပညာသင္ယူခဲ့ပါတယ္။ ထိုမွတဆင့္ လန္ဒန္ဂေရးအင္း ဥေပဒသင္တန္း ေက်ာင္းသို႔ တက္ေရာက္ခဲ့ၿပီး ဘာရစ္စတာဥပေဒ ဘြဲ႕ကို ရရွိခဲ့ပါတယ္။

၁၉၀၀-၀၁ မွာ အဂၤလန္ကေန ျမန္မာျပည္ကို ျပန္လည္ေရာက္ရွိခဲ့ပါတယ္။ အဲဒီေနာက္ ေဂ်ေအေမာင္ႀကီး ဟာ ရန္ကုန္ၿမိဳ႕မွာ ၁၁ႏွစ္ၾကာ ဝတ္လုံအလုပ္နဲ႕ အသက္ေမြးဝမ္း ေက်ာင္းျပဳခဲ့ပါတယ္။

၁၉၁၁ ခုႏွစ္မွာေတာ့ ထိုင္းနိုင္ငံမွာ ရွိတဲ့ ၿဗိတိသွ်သစ္ကုမၸဏီရဲ႕ ဥပေဒအႀကံေပးလုပ္ရင္း ထိုင္းနိုင္ငံ ခ်င္းမိုင္ လန္ပန္းၿမိဳ႕က ေဒၚဖြားေမနဲ႕ အိမ္ေထာင္က်ခဲ့ပါတယ္။ ေဂ်ေအေမာင္ႀကီးနဲ႕ ဇနီးေဒၚဖြားေမတို႔မွ တစ္ဦးတည္းေသာသမီး ေဒၚခင္ျမင့္ကို ဖြားျမင္ခဲ့ပါတယ္။

၁၉၁၄ခုႏွစ္မွာ ေဂ်ေအေမာင္ႀကီးတို႔မိသားစု ျမန္မာျပည္ကိုျပန္လာခဲ့ၾကပါ တယ္။ အဲဒီကာလမွာလည္း ေဂ်ေအေမာင္ႀကီးဟာ ဝတ္လုံအျဖစ္ပဲ ဆက္ လက္အသက္ေမြးခဲ့ပါတယ္။ ၁၉၁၇ ခုႏွစ္မွာေတာ့ ၿဗိတိသွ်အစိုးရက ေဂ်ေအေမာင္ႀကီးကို ဘုရင္ခံရဲ႕ အတိုင္ပင္ခံရာထူးခန႔္အပ္လိုက္ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ေဂ်ေအေမာင္ႀကီးဟာ ဝတ္လုံေလာကကေန နိုင္ငံေရးေလာကကို ေရာက္ရွိခဲ့ပါတယ္။

၁၉၂၁ ခုႏွစ္မွာ ဝိုက္ေကာ္မတီ ေရာက္ရွိလာစဥ္ စစ္ေဆးခံခဲ့ၿပီး ဒိုင္အာခီအုပ္ခ်ဳပ္ေရးကို လက္ခံခဲ့ရစဥ္မွာ သစ္ေတာေရးရာဝန္ႀကီး ရာထူး လက္ခံရရွိခဲ့ပါတယ္။ ၁၉၂၃ ခုႏွစ္မွာ အေရွ႕ပိုင္းအမတ္ႏွစ္ေနရာအတြက္ ေ႐ြးခ်ယ္တဲ့အခါမွာလည္း ငါးေထာင္စား အမတ္ျဖစ္ခဲ့ပါတယ္။

သစ္ေတာေရးရာဝန္ႀကီးအျဖစ္တာဝန္ထမ္းေဆာင္စဥ္ ကာလမွာ သစ္ေတာ ဌာနတိုး တက္ေအာင္ စြမ္းေဆာင္ခဲ့ပါတယ္။ ၁၉၂၄-၂၆ခုႏွစ္မ်ားမွာေတာ့ ေဂ်ေအေမာင္ႀကီးဟာ ဟိုက္ကုတ္တရားသူႀကီး၊ ၁၉၂၆ ခုႏွစ္မွာေတာ့ ျပည္ထဲေရးဝန္ႀကီးခ်ဳပ္ ရာထူးေတြရရွိခဲ့ပါတယ္။ ၁၉၂၇ ခုႏွစ္ ဇန္နဝါရီလ ၁ရက္ေန႕မွာ ၿဗိတိသွ်အစိုးရက ေဂ်ေအေမာင္ႀကီးကို ေကဒီအိုင္ ေခၚ ဆာဘြဲ႕ (Knight Bachelor) ေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။ ဒါေၾကာင့္ ဆာေဂ်ေအေမာင္ႀကီးလို႔ အမည္တြင္ခဲ့တာျဖစ္ပါတယ္။

၁၉၃၀ ျပည့္ႏွစ္ ၾသဂုတ္လမွာ ျမန္မာျပည္ဘုရင္ခံ ဆာ ခ်ားလ္စ္အင္းနစ္ က်န္းမာေရးအေျခအေနေၾကာင့္ အဂၤလန္ကို ျပန္သြားတာေၾကာင့္ ဆာေဂ်ေအေမာင္ႀကီးကို ေခတၱဘုရင္ခံ ရာထူး လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။

ေခတၱဘုရင္ခံလို႔ဆိုေပမယ့္ ဘုရင္ခံအျဖစ္ က်မ္းသစၥာက်ိန္ဆိုၿပီး လုပ္ေဆာင္ခဲ့ရတာပါ။ ထိုႏွစ္မွာပဲ သာယာဝတီၿမိဳ႕ ဒါဘာပြဲမွာ ေတာင္သူလယ္ သမားေတြရဲ႕ ေျမေတာ္ခြန္ေလွ်ာ့ခ်ေရးအသနားခံလႊာကို ပယ္ခ်ခဲ့တာေၾကာင့္ ဆရာစံဦးေဆာင္တဲ့ ေတာင္သူလယ္သမားပုန္ကုန္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

နာမည္ေက်ာ္ခဲ့တဲ့ ၉၁ဌာန အုပ္ခ်ဳပ္ေရး ကာလမွာလည္း (၁၉၃၂-၂၄) သစ္ေတာေရးဝန္ႀကီး (ပူးတြဲ) ပညာေရးဝန္ႀကီးျဖစ္ခဲ့ပါတယ္။ ၁၉၃၄ ခုႏွစ္ လႊတ္ေတာ္မွာ သံဃာ့ဝိနိစ္ဆယဥပေဒက်မ္းကို တင္သြင္းခဲ့ေပမယ့္ မဲခြဲ ဆုံးျဖတ္ ရာမွာေတာ့ ရႈံးနိမ့္ခဲ့ပါတယ္။

၁၉၃၆ခုႏွစ္မွာလည္း ဥပေဒျပဳ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့ျပန္ပါတယ္။ ဒါေပမယ့္ ၁၉၃၇ ခုႏွစ္ကေန ၁၉၄၀အထိ ဘုရင္ခံက ေ႐ြးခ်ယ္ခန႔္အပ္ျခင္းခံရတဲ့ အမတ္အျဖစ္ေဆာင္႐ြက္ခဲ့ရၿပီး ၁၉၄၀-၁၉၄၂ မွာ အထက္လႊတ္ေတာ္ဥကၠဌျဖစ္ခဲ့ပါတယ္။ ဂ်ပန္ေခတ္မွာေတာ့ နိုင္ငံေရးေလာ ကမွ အနားယူခဲ့ပါတယ္။

နိုင္ငံေရးေလာကမွ အနားယူၿပီးခ်ိန္ကေန ကြယ္လြန္ခ်ိန္ထိ ဘာသာေရးႏွင့္ စာေပမ်ားကိုသာ ေဆာင္႐ြက္ခဲ့တယ္လို႔ ဆိုပါတယ္။ ဆာေဂ်ေအေမာင္ႀကီး ဟာ အဂၤလန္မွာ ေနစဥ္ကတည္းက ပန႔္(ခ်)လို႔ေခၚတဲ့ အဂၤလိပ္ မဂၢဇင္း မွာ ေဆာင္းပါးေတြ ကဗ်ာေတြ ေရးသားခဲ့ပါတယ္။

ျမန္မာမႈကို ျမတ္နိုးၿပီး ေဒါက္တာစတူးဝပ္နဲ႕အတူ ျမန္မာ့ဇာတ္သဘင္အေၾကာင္းသုေတသန စာတမ္းတစ္ေစာင္ ေရးသားခဲ့ပါေသးတယ္။

ဆာေဂ်ေအေမာင္ႀကီးဟာ ဘာသာစကား ၅ မ်ိဳးကိုလဲ ကြၽမ္းက်င္ပိုင္နိုင္စြာ ေျပာဆိုနိုင္ပါတယ္။ ဗုဒၶသာသနာေတာ္ကို စြဲၿမဲစြာ ယုံၾကည္ခဲ့ၿပီး ေနအိမ္မွာ ဘုရားခန္းကို ႀကီးက်ယ္စြာထားေလ့ရွိၿပီးေတာ့ ဘုရင္ခံဘဝကတည္းက တစ္ေန႕ကို ဂုဏ္ေတာ္တစ္ေထာင္ ပုတီးစိပ္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

သထုံၿမိဳ႕၊ ဇင္းက်ိဳက္ေတာင္မွာလည္း ရွစ္ေတာင္ျမင့္တဲ့ တင္ပ်ဥ္ေခြ ဗုဒၶ႐ုပ္ပြားေတာ္တစ္ဆူ လႉဒါန္းခဲ့ပါတယ္။ ဒါ့အျပင္ ဝိနည္း ပိဋကတ္ေတာ္ေတြကို ေသခ်ာစြာေလ့လာၿပီး လယ္တီဆရာေတာ္ႀကီးရဲ႕ ပိဋကတ္ျမန္မာျပန္ လုပ္ငန္းမ်ားကို မ်ားစြာအကူအညီေပးခဲ့ပါတယ္။ အဂၤလန္မွာပညာ သင္ၾကားစဥ္ကာလတုန္းကလည္း အဂၤလိပ္အမ်ိဳးသမီးတစ္ဦးနဲ႕ အိမ္ေထာင္က်ဖဴးပါေသးတယ္။

သံဃဝိနိစ္ဆယ ဥပေဒၾကမ္းကို ဥပေဒျပဳလႊတ္ေတာ္မွာ တင္စဥ္က မလိုသူေတြ က ဆာေဂ်ေအေမာင္ႀကီးကို ခရစ္ယာန္လို႔ စြပ္စြဲၾကေပမယ့္ တကယ္တမ္း မွာေတာ့ ဆာေဂ်ေအေမာင္ႀကိးဟာ ငယ္စဥ္ကတည္းက ကြယ္လြန္တဲ့ထိ ဗုဒၶအယူဝါဒကို အလြန္ရိုေသကိုင္းရွိုင္းခဲ့သူျဖစ္ပါတယ္။

နိုင္ငံေရးက အနားယူတဲ့ အခါ ဗုဒၶအယူဝါဒကို အထူးေလးစားၿပီး သူ႕အိမ္ရဲ႕ အိမ္ဦးခန္းကို ဘုရားရွိခိုး ခန္းျပဳလုပ္ၿပီး ေန႕စဥ္ဝတ္ျပဳခဲ့ပါတယ္။

မကြယ္လြန္ခင္တစ္လေလာက္ကစၿပီး မူးေမ့လဲရာကေန ဆရာဝန္ႀကီးေတြနဲ႕ ကုသေပမယ့္ အသက္အ႐ြယ္ ႀကီးရင့္လာၿပီျဖစ္လို႔ သက္သာရာမရဘဲ ၁၉၅၅ခုႏွစ္ မတ္လ ၉ ရက္ (၁၃၁၆ ခုႏွစ္ တေပါင္းလျပည့္ေက်ာ္ ၁ ရက္) အသက္ ၈၃ႏွစ္မွာ ရန္ကုန္ၿမိဳ႕၊ ေ႐ႊေတာင္ၾကားလမ္းက ေနအိမ္မွာပဲ ကြယ္လြန္အနိစၥေရာက္ခဲ့ပါတယ္။

Crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္