ပြည်မင်းသားနှင့်သားတော်(၄)ပါးတို့ကွပ်မျက်ခံရပြီး
သားတော်အငယ်ဆုံးလေးထိပ်တင်တုတ်ကိုအထိန်းတော်
မငြိမ်းသာကချီပိုးပြီးထွက်ပြေးလွတ်မြောက်သွားတာ
မှတ်မိဦးမယ်ထင်ပါတယ်။
အခုဇာတ်လမ်းလေးကတော့ပြည်မင်းသား၏မြေးတော်သူ
ဒေါ်တင်တင်မေရဲ့ပြောပြချက်ကိုရွှေဘိုဒေါ်မိမိကြီးရေးဖွဲ့မှုဖြင့်
ထိပ်တင်တုတ်ကိုယ်တော်လေးဘဝဇာတ်ကြောင်းကို
အချစ်အလွမ်းနှင့်အကြမ်းစုံစွာဖတ်ရှုရမှာဖြစ်ပါတယ်။
မင်းတုန်းမင်းဟာခမည်းတော်သာယာဝတီမင်းလက်မှာ
လွှတ်တော်တက်မင်းသားကြီးဖြစ်တယ်။ပြည်မင်းသားနှင့်
ပုဂံမင်းသားတို့အရေးအခင်းမှာနောင်တော်များနှင့်ထီးနန်းကိစ္စ
ဖြစ်နေတော့ဘယ်လိုမှမတတ်နိုင်ပဲကြည့်နေရခဲ့ရတယ်။
ကိုယ်တော်တိုင်အထွဋ်အထိပ်ရောက်ကာမှမရီးတော်
ပြည်ထိပ်ထားကိုသီးခြားအိမ်တော်နှင့်ဂုဏ်မငယ်အောင်
ချီးမြှောက်တော်မူတယ်။ တူတော်ကျန်ရစ်မင်းသားလေးကိုသားတော်များနှင့်ရှင်ပြုပေးတယ်။
မင်းသားတို့တတ်အပ်သောအဌာရသပညာရပ်များ
သင်ကြားပေးတယ်။ထိပ်တင်တုတ်ကလည်းခေသူမဟုတ်ဘူး။
ထိုခေတ်အစဥ်အလာအရမင်းညီမင်းသားများ၊စစ်သူကြီးများ
အရည်အသွေးပြရာဖြစ်သောနှစ်စဥ်ကျင်းပသည့်မြင်းခင်းသဘင်
ဂူလီရိုက်ပွဲတို့မှာအစွမ်းပြနိုင်ခဲ့တယ်။
“ခါးပတ်တော်ရွှေချည်စုံ
မိုင်းလုံးရွှေဝတ်လုံ
မလုံသာချမ်းအေးမြ
မိုးသောက်ရောင်နီလာကို
ထိပ်ပန်ငယ်မြင်းခင်းကြွပါလို့လေး။
မယ်ထိပ်တဲ့မြင်းဖြူရှင်
သျှောင်တွင်လေတင့်ဆုံး
နားမှာပန်းကြက်ရုံးငယ်နှင့်လေး”
(ပင်းယခေတ် တစ်စီးရှင်မင်းလက်ထက်
မြင်းခင်းသဘင်)
မြင်းခင်းသဘင်မှာမင်းသားတစ်ပါး၏ဝတ်ဆင်မှုကိုသရုပ်ဖော်
ထားခြင်းဖြစ်တယ်။ကုန်းဘောင်ခေတ်မှာလည်းဤအသွင်အတိုင်း
ရှိလိမ့်မည်။ပြာသိုလချမ်းအေးတဲ့ကာလမှာကတ္တီပါရွှေဝတ်လုံကြီး
ဆင်မြန်းလျက်မြင်းဖြူကြီးကိုစီးလျက်အောင်နိမိတ်အဖြစ်နားမှာ
ကြက်ရုံးပန်းကိုပန်ဆင်ထားတယ်။
ဘုရင်မိဖုရားနှင့်တကွမင်းပရိတ်သတ်ရှေ့မှာမြင်းစီးအစွမ်းပြ
ပြိုင်ပွဲဝင်သူများကအဝတ်တန်ဆာများကိုတင်းကြပ်စွာချည်နှောင်
ထားရတယ်။ခေါင်းပေါင်းကျွတ်ခြင်း၊ပုဆိုးကျွတ်ခြင်း၊ဓါးကျွတ်ခြင်းများမရှိစေရ။
မြင်းကကြိုးများလည်းတစုံတရာပျက်ယွင်းခြင်းမရှိစေရ။
မြင်းနှင့်လူလည်းမကင်းကွာစေရ၊ပစ်မှတ်တိုင်ကိုလှံနှင့်ထိအောင်
မပစ်နိုင်လျှင်၊အဝတ်အစားကျွတ်ခြင်း၊အိန္ဒြေမဲ့ကို့ရိုးကားယား
ဖြစ်နေလျှင်အင်္ကျီနီဦးထုပ်နီဆင်မြန်းထားသည့်သွေးသောက်ကြီး
တို့ကမြင်းပေါ်မှချက်ချင်းဆွဲချပြီးကွင်းပြင်ကိုဆွဲထုတ်သွားကြတယ်။
မြင်းခင်းသဘင်မှာစိန်ဆိုင်းဝိုင်း၊မြဆိုင်းဝိုင်းတို့ကမြင်းရေး
(၃၇)ချင်းကိုတီးမှုတ်ကြတယ်။ထိုသီချင်းသံစည်းချက်ကျကျနှင့်ဘုရင့်ရှေ့တော်မှောက်မှာမြင်းသည်တော်များစီတန်း၍မြင်းရေးပြကြတယ်။
မြင်းရေးတစ်ခုအတွက်သီချင်းတစ်ပုဒ်ဆိုင်းတော်မှတီးသောအခါ
ဆိုင်ရာမြင်းများကရှေ့တော်ထွက်၍သီချင်းအလိုက်အလှည့်
အကွေ့အဝိုက်စုံလင်စွာစီးပြရတယ်။ပယ်ဆုပ်စီးနည်း၊ပယ်ခွဲစီးနည်းစသဖြင့်တစ်ခုပြီးတစ်ခုစီးပြရာနောက်ဆုံးသိကြားတန်ဆောင်တိုင်စီးနည်းဖြင့်(၃၇)ချင်းကိုပြည့်စုံစွာစီးကြတယ်။
မြင်းရေးပြချိန်မှာတီးသောဆိုင်းဝိုင်းကလည်းသက်ဆိုင်ရာ
အရေးတွင်ကျွမ်းကျင်စွာတီးမှုတ်ကြတယ်။ စက်ကွင်းလှံထိုးပွဲမှာမင်းညီမင်းသားများမင်းမှုထမ်းများစစ်သည်တော်များလာရောက်အစွမ်းပြရတယ်။ပုန်းအောင်းခိုကပ်နေပြီးမလာရောက်ခဲ့လျှင်အရည်အချင်းမရှိသူအဖြစ်အထင်သေးခံရတတ်တယ်။
မင်းသားများကထိုးကွင်းလည်းထိုးရတယ်။
မင်းညီမင်းသားများမှာတနေ့သော်ဘုရင်ဖြစ်မယ့်ပုဂ္ဂိုလ်များ
ဖြစ်သောကြောင့်စစ်ရေးစစ်ရာလည်းကျွမ်းကျင်ရတယ်၊
ရဲရင့်သွက်လက်ထက်မြက်ကြရတယ်။
မင်းတုန်းမင်း၏သားတော်များထဲမှာမက္ခရာမင်းသားနှင့်
သုံးဆယ်မင်းသားတို့ကဓါးခုတ်လှံထိုးစစ်ရေးစစ်ရာ
ကျွမ်းကျင်ကြတယ်။မြင်းရေး (၃၇)ချင်းလည်းထူးချွန်ကြတယ်။
မက္ခရာမင်းသားမြင်းပေါ်တက်တော့မယ်ဆိုလျှင်ပုဆိုးကို
ခါးတောင်းကျိုက်မနေတော့ပဲပုဆိုးအောက်နားစကို
ခြေဖျားနှင့်ခတ်ကာခုန်တက်တတ်တာကြောင့်အနားမှာ
ရှိတဲ့လူများကမျက်စိကျွတ်ကျမတတ်ငေးကြည့်နေရအောင်
လှပနေပါတယ်။
မြင်းခင်းသဘင်ပွဲတော်ကိုနန်းတော်ရဲ့မြောက်ဖက်ကွင်းပြင်
ကျယ်ကြီးမှာပြုလုပ်ပြီးအလျားတစ်မိုင်နဲ့နှစ်ဖာလုံခန့်ရှိတယ်။
ဘုရင်နှင့်မိဖုရားသားတော်သမီးတော်များရှုစားရန်မဏ္ဍပ်
ဆောက်လုပ်ထားတယ်။
မြင်းစီးရင်းလှံနဲ့ပစ်ရန်ပစ်မှတ်စက်ကွင်းတိုင်များကအမြင့်(၂၅)
တောင်မှာတစ်ခု၊အတောင်(၄၀)မှာတစ်ခုအတောင်(၆၀)မှာ
တစ်ခုထားရှိပြီးစက်ခွက်အလယ်ကအနီဝိုင်းကိုထိမှန်ပါမှ
အမှတ်ရတယ်။
ဓါးခုတ်ပြိုင်ပွဲများမှာဘုရင့်ရှေ့တော်၌စိုက်ထားသောငှက်ပျောပင်
ကြံပင်များကိုဓါးနှင့်ဘယ်ပြန်ညာပြန်ခုတ်ရတယ်။တိတိရိရိ
ပြတ်အောင်ခုတ်ရတယ်။ရေအိုးငယ်တင်ထားသောငှက်ပျောငုတ်တိုအပင်များကိုအပင်မလဲ၊အိုးမမှောက်ပဲတည်ရှိလျှင်ဆုရကာ
သြဘာပေးကြတယ်။
မင်းညီမင်းသားတို့ရဲ့အလွန်အရေးကြီးသောပွဲဖြစ်တယ်။
ထိုပွဲမှာမင်းတရားကြီးသဘောတော်ကျလျှင်ဆုလာဘ်တော်
များသာမကမြို့စားနယ်စားများချက်ချင်းခန့်အပ်တယ်။
မိဖုရားများသဘောတော်ကျလျှင်သမီးတော်များနှင့်လက်ထပ်
ထိမ်းမြားပေးရန်ရှင်ဘုရင်သို့လျှောက်ထားတတ်တယ်။
ကျန်ရစ်မင်းသားလေးထိပ်တင်တုတ်မြင်းခင်းသဘင်မှာအစွမ်း
ပြနိုင်သဖြင့်ရေပန်းစားပုံများကိုဆက်လက်ရေးသားပါမယ်။
Reference ကုန်းဘောင်ရှာပုံတော်
စာရေးဆရာကြီးညိုမြ
ဓါတ်ပုံများကိုကုန်းဘောင်ရှာပုံတော်စာအုပ်နှင့်
ရှေးခေတ်မြန်မာပုံရိပ်များ
မြင်းခင်းသဘင်ဆောင်းပါးမှ
ယူပါသည်။
crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi
ျပည္မင္းသားႏွင့္သားေတာ္(၄)ပါးတို႔ကြပ္မ်က္ခံရၿပီး
သားေတာ္အငယ္ဆုံးေလးထိပ္တင္တုတ္ကိုအထိန္းေတာ္
မၿငိမ္းသာကခ်ီပိုးၿပီးထြက္ေျပးလြတ္ေျမာက္သြားတာ
မွတ္မိဦးမယ္ထင္ပါတယ္။
အခုဇာတ္လမ္းေလးကေတာ့ျပည္မင္းသား၏ေျမးေတာ္သူ
ေဒၚတင္တင္ေမရဲ႕ေျပာျပခ်က္ကိုေ႐ႊဘိုေဒၚမိမိႀကီးေရးဖြဲ႕မႈျဖင့္
ထိပ္တင္တုတ္ကိုယ္ေတာ္ေလးဘဝဇာတ္ေၾကာင္းကို
အခ်စ္အလြမ္းႏွင့္အၾကမ္းစုံစြာဖတ္ရႈရမွာျဖစ္ပါတယ္။
မင္းတုန္းမင္းဟာခမည္းေတာ္သာယာဝတီမင္းလက္မွာ
လႊတ္ေတာ္တက္မင္းသားႀကီးျဖစ္တယ္။ျပည္မင္းသားႏွင့္
ပုဂံမင္းသားတို႔အေရးအခင္းမွာေနာင္ေတာ္မ်ားႏွင့္ထီးနန္းကိစၥ
ျဖစ္ေနေတာ့ဘယ္လိုမွမတတ္နိုင္ပဲၾကည့္ေနရခဲ့ရတယ္။
ကိုယ္ေတာ္တိုင္အထြဋ္အထိပ္ေရာက္ကာမွမရီးေတာ္
ျပည္ထိပ္ထားကိုသီးျခားအိမ္ေတာ္ႏွင့္ဂုဏ္မငယ္ေအာင္
ခ်ီးျမႇောက္ေတာ္မူတယ္။ တူေတာ္က်န္ရစ္မင္းသားေလးကိုသားေတာ္မ်ားႏွင့္ရွင္ျပဳေပးတယ္။
မင္းသားတို႔တတ္အပ္ေသာအဌာရသပညာရပ္မ်ား
သင္ၾကားေပးတယ္။ထိပ္တင္တုတ္ကလည္းေခသူမဟုတ္ဘူး။
ထိုေခတ္အစဥ္အလာအရမင္းညီမင္းသားမ်ား၊စစ္သူႀကီးမ်ား
အရည္အေသြးျပရာျဖစ္ေသာႏွစ္စဥ္က်င္းပသည့္ျမင္းခင္းသဘင္
ဂူလီရိုက္ပြဲတို႔မွာအစြမ္းျပနိုင္ခဲ့တယ္။
“ခါးပတ္ေတာ္ေ႐ႊခ်ည္စုံ
မိုင္းလုံးေ႐ႊဝတ္လုံ
မလုံသာခ်မ္းေအးျမ
မိုးေသာက္ေရာင္နီလာကို
ထိပ္ပန္ငယ္ျမင္းခင္းႂကြပါလို႔ေလး။
မယ္ထိပ္တဲ့ျမင္းျဖဴရွင္
ေသွ်ာင္တြင္ေလတင့္ဆုံး
နားမွာပန္းၾကက္႐ုံးငယ္ႏွင့္ေလး”
(ပင္းယေခတ္ တစ္စီးရွင္မင္းလက္ထက္
ျမင္းခင္းသဘင္)
ျမင္းခင္းသဘင္မွာမင္းသားတစ္ပါး၏ဝတ္ဆင္မႈကိုသ႐ုပ္ေဖာ္
ထားျခင္းျဖစ္တယ္။ကုန္းေဘာင္ေခတ္မွာလည္းဤအသြင္အတိုင္း
ရွိလိမ့္မည္။ျပာသိုလခ်မ္းေအးတဲ့ကာလမွာကတၱီပါေ႐ႊဝတ္လုံႀကီး
ဆင္ျမန္းလ်က္ျမင္းျဖဴႀကီးကိုစီးလ်က္ေအာင္နိမိတ္အျဖစ္နားမွာ
ၾကက္႐ုံးပန္းကိုပန္ဆင္ထားတယ္။
ဘုရင္မိဖုရားႏွင့္တကြမင္းပရိတ္သတ္ေရွ႕မွာျမင္းစီးအစြမ္းျပ
ၿပိဳင္ပြဲဝင္သူမ်ားကအဝတ္တန္ဆာမ်ားကိုတင္းၾကပ္စြာခ်ည္ႏွောင္
ထားရတယ္။ေခါင္းေပါင္းကြၽတ္ျခင္း၊ပုဆိုးကြၽတ္ျခင္း၊ဓါးကြၽတ္ျခင္းမ်ားမရွိေစရ။
ျမင္းကႀကိဳးမ်ားလည္းတစုံတရာပ်က္ယြင္းျခင္းမရွိေစရ။
ျမင္းႏွင့္လူလည္းမကင္းကြာေစရ၊ပစ္မွတ္တိုင္ကိုလွံႏွင့္ထိေအာင္
မပစ္နိုင္လွ်င္၊အဝတ္အစားကြၽတ္ျခင္း၊အိႏၵျေမဲ့ကို႔ရိုးကားယား
ျဖစ္ေနလွ်င္အကၤ်ီနီဦးထုပ္နီဆင္ျမန္းထားသည့္ေသြးေသာက္ႀကီး
တို႔ကျမင္းေပၚမွခ်က္ခ်င္းဆြဲခ်ၿပီးကြင္းျပင္ကိုဆြဲထုတ္သြားၾကတယ္။
ျမင္းခင္းသဘင္မွာစိန္ဆိုင္းဝိုင္း၊ျမဆိုင္းဝိုင္းတို႔ကျမင္းေရး
(၃၇)ခ်င္းကိုတီးမႈတ္ၾကတယ္။ထိုသီခ်င္းသံစည္းခ်က္က်က်ႏွင့္ဘုရင့္ေရွ႕ေတာ္ေမွာက္မွာျမင္းသည္ေတာ္မ်ားစီတန္း၍ျမင္းေရးျပၾကတယ္။
ျမင္းေရးတစ္ခုအတြက္သီခ်င္းတစ္ပုဒ္ဆိုင္းေတာ္မွတီးေသာအခါ
ဆိုင္ရာျမင္းမ်ားကေရွ႕ေတာ္ထြက္၍သီခ်င္းအလိုက္အလွည့္
အေကြ႕အဝိုက္စုံလင္စြာစီးျပရတယ္။ပယ္ဆုပ္စီးနည္း၊ပယ္ခြဲစီးနည္းစသျဖင့္တစ္ခုၿပီးတစ္ခုစီးျပရာေနာက္ဆုံးသိၾကားတန္ေဆာင္တိုင္စီးနည္းျဖင့္(၃၇)ခ်င္းကိုျပည့္စုံစြာစီးၾကတယ္။
ျမင္းေရးျပခ်ိန္မွာတီးေသာဆိုင္းဝိုင္းကလည္းသက္ဆိုင္ရာ
အေရးတြင္ကြၽမ္းက်င္စြာတီးမႈတ္ၾကတယ္။ စက္ကြင္းလွံထိုးပြဲမွာမင္းညီမင္းသားမ်ားမင္းမႈထမ္းမ်ားစစ္သည္ေတာ္မ်ားလာေရာက္အစြမ္းျပရတယ္။ပုန္းေအာင္းခိုကပ္ေနၿပီးမလာေရာက္ခဲ့လွ်င္အရည္အခ်င္းမရွိသူအျဖစ္အထင္ေသးခံရတတ္တယ္။
မင္းသားမ်ားကထိုးကြင္းလည္းထိုးရတယ္။
မင္းညီမင္းသားမ်ားမွာတေန႕ေသာ္ဘုရင္ျဖစ္မယ့္ပုဂၢိုလ္မ်ား
ျဖစ္ေသာေၾကာင့္စစ္ေရးစစ္ရာလည္းကြၽမ္းက်င္ရတယ္၊
ရဲရင့္သြက္လက္ထက္ျမက္ၾကရတယ္။
မင္းတုန္းမင္း၏သားေတာ္မ်ားထဲမွာမကၡရာမင္းသားႏွင့္
သုံးဆယ္မင္းသားတို႔ကဓါးခုတ္လွံထိုးစစ္ေရးစစ္ရာ
ကြၽမ္းက်င္ၾကတယ္။ျမင္းေရး (၃၇)ခ်င္းလည္းထူးခြၽန္ၾကတယ္။
မကၡရာမင္းသားျမင္းေပၚတက္ေတာ့မယ္ဆိုလွ်င္ပုဆိုးကို
ခါးေတာင္းက်ိဳက္မေနေတာ့ပဲပုဆိုးေအာက္နားစကို
ေျခဖ်ားႏွင့္ခတ္ကာခုန္တက္တတ္တာေၾကာင့္အနားမွာ
ရွိတဲ့လူမ်ားကမ်က္စိကြၽတ္က်မတတ္ေငးၾကည့္ေနရေအာင္
လွပေနပါတယ္။
ျမင္းခင္းသဘင္ပြဲေတာ္ကိုနန္းေတာ္ရဲ႕ေျမာက္ဖက္ကြင္းျပင္
က်ယ္ႀကီးမွာျပဳလုပ္ၿပီးအလ်ားတစ္မိုင္နဲ႕ႏွစ္ဖာလုံခန့္ရွိတယ္။
ဘုရင္ႏွင့္မိဖုရားသားေတာ္သမီးေတာ္မ်ားရႈစားရန္မ႑ပ္
ေဆာက္လုပ္ထားတယ္။
ျမင္းစီးရင္းလွံနဲ႕ပစ္ရန္ပစ္မွတ္စက္ကြင္းတိုင္မ်ားကအျမင့္(၂၅)
ေတာင္မွာတစ္ခု၊အေတာင္(၄၀)မွာတစ္ခုအေတာင္(၆၀)မွာ
တစ္ခုထားရွိၿပီးစက္ခြက္အလယ္ကအနီဝိုင္းကိုထိမွန္ပါမွ
အမွတ္ရတယ္။
ဓါးခုတ္ၿပိဳင္ပြဲမ်ားမွာဘုရင့္ေရွ႕ေတာ္၌စိုက္ထားေသာငွက္ေပ်ာပင္
ႀကံပင္မ်ားကိုဓါးႏွင့္ဘယ္ျပန္ညာျပန္ခုတ္ရတယ္။တိတိရိရိ
ျပတ္ေအာင္ခုတ္ရတယ္။ေရအိုးငယ္တင္ထားေသာငွက္ေပ်ာငုတ္တိုအပင္မ်ားကိုအပင္မလဲ၊အိုးမေမွာက္ပဲတည္ရွိလွ်င္ဆုရကာ
ၾသဘာေပးၾကတယ္။
မင္းညီမင္းသားတို႔ရဲ႕အလြန္အေရးႀကီးေသာပြဲျဖစ္တယ္။
ထိုပြဲမွာမင္းတရားႀကီးသေဘာေတာ္က်လွ်င္ဆုလာဘ္ေတာ္
မ်ားသာမကၿမိဳ႕စားနယ္စားမ်ားခ်က္ခ်င္းခန့္အပ္တယ္။
မိဖုရားမ်ားသေဘာေတာ္က်လွ်င္သမီးေတာ္မ်ားႏွင့္လက္ထပ္
ထိမ္းျမားေပးရန္ရွင္ဘုရင္သို႔ေလွ်ာက္ထားတတ္တယ္။
က်န္ရစ္မင္းသားေလးထိပ္တင္တုတ္ျမင္းခင္းသဘင္မွာအစြမ္း
ျပနိုင္သျဖင့္ေရပန္းစားပုံမ်ားကိုဆက္လက္ေရးသားပါမယ္။
Reference ကုန္းေဘာင္ရွာပုံေတာ္
စာေရးဆရာႀကီးညိုျမ
ဓါတ္ပုံမ်ားကိုကုန္းေဘာင္ရွာပုံေတာ္စာအုပ္ႏွင့္
ေရွးေခတ္ျမန္မာပုံရိပ္မ်ား
ျမင္းခင္းသဘင္ေဆာင္းပါးမွ
ယူပါသည္။
crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္