ဒါဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ငတ်မွတ်နေတဲ့ ခွေးမလေးတစ်ကောင်ကို ကြင်နာတတ်တဲ့ သူစိမ်း တစ်ယောက်က အစာကျွေးခဲ့တဲ့ အခိုက်အတန့်လေးပါဘဲ။
ခွေးတစ်ကောင်က သူ့ပတ်ဝန်းကျင်မှာ ရစ်သီရစ်သီလုပ်နေတာကို မြင်လိုက်ရချိန်မှာ တိရိစ္ဆာန်လေးတွေကို ဂရုစိုက်ပြီး ချစ်မြတ်နိုးတတ်တဲ့ အဆိုပါသူစိမ်းအမျိုးသားတစ်ဦးဟာ လမ်းဘေးတစ်နေရာမှာ သူ့ရဲ့ နေ့လယ်စာကို ထိုင်စားနေခဲ့တာပါ။
၎င်းခွေးမလေးက ဗိုက်ဆာနေပြီဆိုတာကို သိလိုက်ရတော့ အဆိုပါအမျိုးသားက ကြက်ပေါင်တစ် ချောင်းပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သို့ပေမဲ့ ခွေးမလေးက ချက်ချင်းမစားဘဲ ပါးစပ်ထဲကိုက်ကာ သူ့ရှေ့ကနေ ထွက်သွားလိုက်ပါတယ်။ခွေးမလေးရဲ့လုပ်ရပ်က သူ့ကို အံ့အားသင့်စေတာကြောင့် အဆိုပါအမျိုးသားက သူမနောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထို့နောက် သူဟာ ဈေးတစ်ခုမှတဆင့် ခွေးမလေးနောက်ကို လိုက်သွားပြီးနောက်မှာ တော့ ၎င်းခွေးမလေးက ဗိုက်ဆာနေတဲ့ ခွေးလေးလေးကောင်အတွက် အစာယူပြန်သွားပေးခဲ့မှန်း ကြည်နူးအံ့ဩဖွယ် သိလိုက်ရပါတယ်။
ထို့နောက် ခွေးလေးတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ မိခင်ဆီ အအုံလိုက်ရောက်လာပြီး မိခင်ဖြစ်သူက အိမ်ကိုယူပြန်လာတဲ့ ညစာကို အလုအယက်လုစားခဲ့ကြပါတယ်။
ကျေးဇူးတင်စွာနဲ့ဘဲ အဆိုပါ အမျိုးသားက ချစ်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုလုံးကို ကင်မရာနဲ့ရိုက်ကူးခဲ့ပြီး ၊ လူမှုကွန်ရက်မှာ မျှဝေပေးခဲ့တာကြောင့် ပြောစရာမလိုအောင်ဘဲ ဗီဒီယိုဟာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်းရဲ့ နှလုံးသားကို ဖမ်းစားသွားခဲ့ပါတယ်။
ချစ်စရာကောင်းတဲ့ဗီဒီယိုဖိုင်ထဲမှာတော့ ခွေးမလေးဟာ ကြက်ပေါင်ကို ပျော်ရွှင်စွာ ယူသွားပြီး ဈေးတစ် ခုကို ဖြတ်ပြေးသွားခဲ့ပါတယ်။
အဆိုပါအမျိုးသားက ၎င်းနေရာဆီရောက်လာတော့ ခွေးမလေးက အစာ ပိုရဖို့ မျှော်လင့်ချက်နဲ့ သူ့ကို မော့ကြည့်နေချိန်မှာ ခွေးလေးတွေကတော့ အမြီးတယမ်းယမ်းနဲ့ သူ့ဆီ အစာတောင်းစားနေခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ ခမ်းနားတဲ့မိခင်မေတ္တာနဲ့တူတာ ဘာမှမရှိနိုင်ဘူးလို့ထင် ပါတယ်။ စာဖတ်သူတို့ကော သဘောတူတယ်မလားဗျာ ။
crd,
Zawgyi
ဒါဟာ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕က ငတ္မြတ္ေနတဲ့ ေခြးမေလးတစ္ေကာင္ကို ၾကင္နာတတ္တဲ့ သူစိမ္း တစ္ေယာက္က အစာေကြၽးခဲ့တဲ့ အခိုက္အတန႔္ေလးပါဘဲ။
ေခြးတစ္ေကာင္က သူ႕ပတ္ဝန္းက်င္မွာ ရစ္သီရစ္သီလုပ္ေနတာကို ျမင္လိုက္ရခ်ိန္မွာ တိရိစ္ဆာန္ေလးေတြကို ဂ႐ုစိုက္ၿပီး ခ်စ္ျမတ္နိုးတတ္တဲ့ အဆိုပါသူစိမ္းအမ်ိဳးသားတစ္ဦးဟာ လမ္းေဘးတစ္ေနရာမွာ သူ႕ရဲ႕ ေန႕လယ္စာကို ထိုင္စားေနခဲ့တာပါ။
၎ေခြးမေလးက ဗိုက္ဆာေနၿပီဆိုတာကို သိလိုက္ရေတာ့ အဆိုပါအမ်ိဳးသားက ၾကက္ေပါင္တစ္ ေခ်ာင္းေပးလိုက္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
သို႔ေပမဲ့ ေခြးမေလးက ခ်က္ခ်င္းမစားဘဲ ပါးစပ္ထဲကိုက္ကာ သူ႕ေရွ႕ကေန ထြက္သြားလိုက္ပါတယ္။ေခြးမေလးရဲ႕လုပ္ရပ္က သူ႕ကို အံ့အားသင့္ေစတာေၾကာင့္ အဆိုပါအမ်ိဳးသားက သူမေနာက္ကို လိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
ထို႔ေနာက္ သူဟာ ေဈးတစ္ခုမွတဆင့္ ေခြးမေလးေနာက္ကို လိုက္သြားၿပီးေနာက္မွာ ေတာ့ ၎ေခြးမေလးက ဗိုက္ဆာေနတဲ့ ေခြးေလးေလးေကာင္အတြက္ အစာယူျပန္သြားေပးခဲ့မွန္း ၾကည္ႏူးအံ့ဩဖြယ္ သိလိုက္ရပါတယ္။
ထို႔ေနာက္ ေခြးေလးေတြကလည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ မိခင္ဆီ အအုံလိုက္ေရာက္လာၿပီး မိခင္ျဖစ္သူက အိမ္ကိုယူျပန္လာတဲ့ ညစာကို အလုအယက္လုစားခဲ့ၾကပါတယ္။
ေက်းဇူးတင္စြာနဲ႕ဘဲ အဆိုပါ အမ်ိဳးသားက ခ်စ္စရာေကာင္းတဲ့ ျမင္ကြင္းတစ္ခုလုံးကို ကင္မရာနဲ႕ရိုက္ကူးခဲ့ၿပီး ၊ လူမႈကြန္ရက္မွာ မွ်ေဝေပးခဲ့တာေၾကာင့္ ေျပာစရာမလိုေအာင္ဘဲ ဗီဒီယိုဟာ လ်င္ျမန္စြာ ပ်ံ့ႏွံ႕သြားၿပီး လူတိုင္းရဲ႕ ႏွလုံးသားကို ဖမ္းစားသြားခဲ့ပါတယ္။
ခ်စ္စရာေကာင္းတဲ့ဗီဒီယိုဖိုင္ထဲမွာေတာ့ ေခြးမေလးဟာ ၾကက္ေပါင္ကို ေပ်ာ္႐ႊင္စြာ ယူသြားၿပီး ေဈးတစ္ ခုကို ျဖတ္ေျပးသြားခဲ့ပါတယ္။
အဆိုပါအမ်ိဳးသားက ၎ေနရာဆီေရာက္လာေတာ့ ေခြးမေလးက အစာ ပိုရဖို႔ ေမွ်ာ္လင့္ခ်က္နဲ႕ သူ႕ကို ေမာ့ၾကည့္ေနခ်ိန္မွာ ေခြးေလးေတြကေတာ့ အၿမီးတယမ္းယမ္းနဲ႕ သူ႕ဆီ အစာေတာင္းစားေနခဲ့ၾကပါတယ္။
ကမၻာေပၚမွာ ခမ္းနားတဲ့မိခင္ေမတၱာနဲ႕တူတာ ဘာမွမရွိနိုင္ဘူးလို႔ထင္ ပါတယ္။ စာဖတ္သူတို႔ေကာ သေဘာတူတယ္မလားဗ်ာ ။
crd,