မြန်မာ့ရုပ်ရှင်လောကတွင် အကယ်မီဆုများရရှိထားတဲ့ အကယ်ဒမီ ခင်သီတာထွန်းဘဝအကြောင်း

ခင်သီတာထွန်းသည် မြန်မာ့ရုပ်ရှင်လောကတွင် အကယ်မီဆုများ ရရှိထားသော ရုပ်ရှင်သရုပ်ဆောင်မင်းသမီး ဖြစ်သည်။

အဖ ဒါရိုက်တာ ဦးထွန်းမြင့်ထွန်း၊ အမိ ဒေါ်တင်ရည်တို့က မော်လမြိုင်မြို့ သာယာကုန်း ရွှေတောင်ရပ်၌ ၁၉၅၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ဦးအနက် တတိယမြောက်သမီး ဖြစ်သည်။

အိမ်နာမည်မှာ မလတ်ဖြစ်ပြီး အမည်ရင်းမှာ မသန်းသန်းဝင်း ဖြစ်သည်။ ၁၀ တန်းအောင်မြင်ပြီး တက္ကသိုလ် အဝေးသင် ပထမနှစ် သင်ကြားနေစဉ် ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အီလက်ထရွန်နစ်အင်ဂျင်နီယာ ဦးပြုံးမောင်မောင်နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သမီးနှစ်ဦး ထွန်းကားခဲ့သည်။

ငယ်စဉ်အရွယ် အသက် ၅ နှစ်၊ ၈ နှစ်၊ ၁၁ နှစ် အရွယ်၌ပင် ကလေးသရုပ်ဆောင်အဖြစ် ရုပ်ရှင်ရိုက်ကူးခဲ့သည်။

ဖခင်မှာ တော်ဝင်ထွန်းရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သောကြောင့် ဖခင် ရိုက်ကူးသော ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကလေးသရုပ်ဆောင်အဖြစ် ချစ်ထုံးရယ်ဖြေ ဇာတ်ကားတွင် စတင်ပါဝင်ခဲ့သည်။ ထိုသို့ဖြင့် အသက်၁၅ နှစ် ၉ တန်းကျောင်းသူဘ၀တွင် ဆူးမွေ့ယာ ဇာတ်ကား၌ မင်းသား ညွန့်ဝင်းနှင့်အတူ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်သရုပ်ဆောင်ခဲ့သည်။

ယင်းနောက် ရုပ်ရှင်ဇာတ်ကားများစွာ ဆက်လက်ရိုက်ကူးခဲ့ပြီး အောင်မြင်ထင်ရှားခဲ့သည်။ ကျောက်လက်ဝါးနှင့် စိုင်းဗေဒါ ဇာတ်ကားကို သရုပ်ဆောင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ရာ ဝင်ငွေအရလည်းကောင်း၊ အနုပညာအရလည်းကောင်း အောင်မြင်မှုရရှိခဲ့သည်။ လက်ဦးဆရာမှာ ဖခင် ဒါရိုက်တာ ဦးထွန်းမြင့်ထွန်း ဖြစ်သည်။

ခင်သီတာထွန်းသည် ရုပ်ရှင်ဇာတ်ကား ၈၀ ကျော် ရိုက်ကူးခဲ့ရာ ထင်ရှားသော ဇာတ်ကားများမှာ နေကျောက်ခဲ၊ ဖက်ဖူးရောင်၊ တစ်ခါက တစ်ဘ၀၊ တတိယအရွယ်၏ဒုတိယဝေဒနာ၊ နှလုံးသားမြို့တော်၊ ပန်းသီတဲ့ကြိုး၊ ဣတ္ထိယခေါ် မိန်းမတို့သည်၊ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် စသည့် ဇာတ်ကားများ ဖြစ်သည်။

တစ်ခါက တစ်ဘ၀ (၁၉၇၈)ဇာတ်ကားဖြင့်လည်းကောင်း၊ ဣတ္ထိယခေါ် မိန်းမတို့သည် (၁၉၈၃)ဇာတ်ကားဖြင့်လည်းကောင်း၊ ပန်းသီတဲ့ကြိုး (၁၉၈၅) ဇာတ်ကားဖြင့်လည်းကောင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမျိုးသမီးဇာတ်ဆောင်ဆုကို ( ၃ ) ကြိမ် ဆွတ်ခူးရရှိခဲ့သည်။

ယခုအခါ ခင်သီတာထွန်းသည် မိသားစုနှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်ကာ ရုပ်ရှင် ဗွီဒီယိုရိုက်ကူးခြင်းကို အခါအားလျော်စွာ လုပ်ကိုင်လျက်ရှိသည်။ ။

ကိုးကား

ဝင်းငြိမ်း။ အကယ်ဒမီ အိမ်ရှင်မ ခင်သီတာထွန်း၊ ရုပ်ရှင်မဂ္ဂဇင်း၊ အမှတ် ၂ (မေ ၁၉၉၅)။

အေးအေးစိုး(ဖျာပုံ)။ ရုပ်ရှင်သမိုင်းနှင့် မြန်မာ့ရုပ်ရှင်မှတ်တမ်း။ ရန်ကုန်၊ ပထမအကြိမ်၊ စာပေဗိမာန်၊ ၂၀၀၆။

crd,ဝီကီပီးဒီးယား

Zawgyi
ခင္သီတာထြန္းသည္ ျမန္မာ့႐ုပ္ရွင္ေလာကတြင္ အကယ္မီဆုမ်ား ရရွိထားေသာ ႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းသမီး ျဖစ္သည္။

အဖ ဒါရိုက္တာ ဦးထြန္းျမင့္ထြန္း၊ အမိ ေဒၚတင္ရည္တို႔က ေမာ္လၿမိဳင္ၿမိဳ႕ သာယာကုန္း ေ႐ႊေတာင္ရပ္၌ ၁၉၅၆ ခုႏွစ္ ဩဂုတ္လ ၂၄ ရက္ေန႕တြင္ ေမြးဖြားခဲ့သည္။ ေမြးခ်င္း ၅ ဦးအနက္ တတိယေျမာက္သမီး ျဖစ္သည္။

အိမ္နာမည္မွာ မလတ္ျဖစ္ၿပီး အမည္ရင္းမွာ မသန္းသန္းဝင္း ျဖစ္သည္။ ၁၀ တန္းေအာင္ျမင္ၿပီး တကၠသိုလ္ အေဝးသင္ ပထမႏွစ္ သင္ၾကားေနစဥ္ ၁၉၇၈ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ေန႕တြင္ အီလက္ထ႐ြန္နစ္အင္ဂ်င္နီယာ ဦးၿပဳံးေမာင္ေမာင္ႏွင့္ လက္ထပ္ထိမ္းျမားခဲ့ၿပီး သမီးႏွစ္ဦး ထြန္းကားခဲ့သည္။

ငယ္စဥ္အ႐ြယ္ အသက္ ၅ ႏွစ္၊ ၈ ႏွစ္၊ ၁၁ ႏွစ္ အ႐ြယ္၌ပင္ ကေလးသ႐ုပ္ေဆာင္အျဖစ္ ႐ုပ္ရွင္ရိုက္ကူးခဲ့သည္။

ဖခင္မွာ ေတာ္ဝင္ထြန္း႐ုပ္ရွင္ထုတ္လုပ္ေရးပိုင္ရွင္ ႐ုပ္ရွင္ဒါရိုက္တာတစ္ဦးျဖစ္ေသာေၾကာင့္ ဖခင္ ရိုက္ကူးေသာ ဇာတ္ကားမ်ားတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

ကေလးသ႐ုပ္ေဆာင္အျဖစ္ ခ်စ္ထုံးရယ္ေျဖ ဇာတ္ကားတြင္ စတင္ပါဝင္ခဲ့သည္။ ထိုသို႔ျဖင့္ အသက္၁၅ ႏွစ္ ၉ တန္းေက်ာင္းသူဘ၀တြင္ ဆူးေမြ႕ယာ ဇာတ္ကား၌ မင္းသား ၫြန႔္ဝင္းႏွင့္အတူ ေခါင္းေဆာင္မင္းသမီးအျဖစ္ စတင္သ႐ုပ္ေဆာင္ခဲ့သည္။

ယင္းေနာက္ ႐ုပ္ရွင္ဇာတ္ကားမ်ားစြာ ဆက္လက္ရိုက္ကူးခဲ့ၿပီး ေအာင္ျမင္ထင္ရွားခဲ့သည္။ ေက်ာက္လက္ဝါးႏွင့္ စိုင္းေဗဒါ ဇာတ္ကားကို သ႐ုပ္ေဆာင္ ဒါရိုက္တာအျဖစ္ ရိုက္ကူးခဲ့ရာ ဝင္ေငြအရလည္းေကာင္း၊ အႏုပညာအရလည္းေကာင္း ေအာင္ျမင္မႈရရွိခဲ့သည္။ လက္ဦးဆရာမွာ ဖခင္ ဒါရိုက္တာ ဦးထြန္းျမင့္ထြန္း ျဖစ္သည္။

ခင္သီတာထြန္းသည္ ႐ုပ္ရွင္ဇာတ္ကား ၈၀ ေက်ာ္ ရိုက္ကူးခဲ့ရာ ထင္ရွားေသာ ဇာတ္ကားမ်ားမွာ ေနေက်ာက္ခဲ၊ ဖက္ဖူးေရာင္၊ တစ္ခါက တစ္ဘ၀၊ တတိယအ႐ြယ္၏ဒုတိယေဝဒနာ၊ ႏွလုံးသားၿမိဳ႕ေတာ္၊ ပန္းသီတဲ့ႀကိဳး၊ ဣတၳိယေခၚ မိန္းမတို႔သည္၊ မေအးပြင့္ ျမင့္ျမင့္စန္း လမ္းသုံးဆယ္ စသည့္ ဇာတ္ကားမ်ား ျဖစ္သည္။

တစ္ခါက တစ္ဘ၀ (၁၉၇၈)ဇာတ္ကားျဖင့္လည္းေကာင္း၊ ဣတၳိယေခၚ မိန္းမတို႔သည္ (၁၉၈၃)ဇာတ္ကားျဖင့္လည္းေကာင္း၊ ပန္းသီတဲ့ႀကိဳး (၁၉၈၅) ဇာတ္ကားျဖင့္လည္းေကာင္း ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ( ၃ ) ႀကိမ္ ဆြတ္ခူးရရွိခဲ့သည္။

ယခုအခါ ခင္သီတာထြန္းသည္ မိသားစုႏွင့္အတူ ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္ကာ ႐ုပ္ရွင္ ဗြီဒီယိုရိုက္ကူးျခင္းကို အခါအားေလ်ာ္စြာ လုပ္ကိုင္လ်က္ရွိသည္။ ။

ကိုးကား

ဝင္းၿငိမ္း။ အကယ္ဒမီ အိမ္ရွင္မ ခင္သီတာထြန္း၊ ႐ုပ္ရွင္မဂၢဇင္း၊ အမွတ္ ၂ (ေမ ၁၉၉၅)။

ေအးေအးစိုး(ဖ်ာပုံ)။ ႐ုပ္ရွင္သမိုင္းႏွင့္ ျမန္မာ့႐ုပ္ရွင္မွတ္တမ္း။ ရန္ကုန္၊ ပထမအႀကိမ္၊ စာေပဗိမာန္၊ ၂၀၀၆။

crd,ဝီကီပီးဒီးယား