တချိန်က ဆိပ်ကမ်းမြို့လေးတစ်မြို့ ဖြစ်ခဲ့ဖူးသော မကွေးတိုင်းဒေသကြီးမှာရှိသည့် စလေမြို့လေးမှာ လေ့လာစရာ၊ နားဆင်စရာ သမိုင်းကြောင်းများစွာ ရှိပါတယ်။
စလေမြို့ဟာဆိုရင် ဦးပုည ကဲ့သို့သော စာဆိုအကျော်အမော်၊ ဦးဘိုးကြည် ကဲ့သို့သော ဘုရင်အသိအမှတ်ပြု ကျိကျိတက်သူဌေးကြီး၊ ဦးဂုဏ ကဲ့သို့သော ဂုဏ်သိက္ခာကြီးမားသည့် တောရဆောက်တည်သော ရဟန်းတော် တို့ကြောင့် အတော်လေး ဂုဏ်သတင်း သင်းပျံ့လှတယ်။
ထိုပုဂ္ဂိုလ်များထဲမှ သူဌေးကြီး ဦးဘိုးကြည်၏ ပင်မနေအိမ်အကြောင်းလေးပါ
ဦးဘိုးကြည်ဟာ သူဌေးကြီးဆိုသည့် ဂုဏ်ပုဒ်ထက် စလေရုပ်စုံကျောင်း အလှူ့ဒါယိကာဆိုသည့် ဂုဏ်ပုဒ်ကြောင့် လက်ရှိအချိန်ထိ လူသိများ ထင်ရှားနေရခြင်း ဖြစ်ပါတယ်။
သူနေထိုင်ခဲ့ရာ ပင်မအိမ်တော်ကို ဦးဘိုးကြည်အိမ်ဟု ခေါ်ကြတယ်။ ဦးဘိုးကြည်အိမ်ကို ခရစ်နှစ် ၁၈၅၂ခုမှာ တည်ဆောက်ခဲ့ခြင်း ဖြစ်သဖြင့် စလေရုပ်စုံကျောင်းထက် အနှစ်သုံးဆယ်ခန့် စောပါတယ်။
ဦးဘိုးကြည်အိမ်ကြီးမှာ ဦးဘိုးကြည်ဟာ ပထမဇနီးသည် နှင့်အတူ နေထိုင်ပါတယ်။ ကျန်ဇနီးမယား ၃ဦးအတွက်လည်း အိမ်တစ်ဆောင်စီ ဆောက်လုပ်ပြီး ထားကြောင်း သိရပါတယ်။
ဦးဘိုးကြည်ခြံ အကျယ်အဝန်း အနေဖြင့် ပေ(၁၀ဝ) x ပေ(၁၂၀) ပတ်လည် ရှိပါတယ်။ အိမ်ရဲ့ အကျယ်အဝန်းကတော့ အလျား (၅၀)ပေ၊ အနံ (၅၀)ပေ၊ အမြင့် (၃၀)ပေ ဖြစ်ပါတယ်။ အိမ်မှာ (၄)ပင် (၃)ခန်း ပတ်လည်အကျယ် နှစ်ထပ်အိမ် အမျိုးအစားဖြစ်ပြီး ဆင်ဝင်ဆောင် ပါရှိပါတယ်။
ဦးဘိုးကြည်ဟာ ရှေးခေတ်သူဌေးသူကြွယ် ဖြစ်သည်နှင့်အညီ ဆင်၏ကိုယ်ပေါ်သို့ အိမ်ပေါ်မှ အလွယ်တကူ တက်နိုင်ရန်အတွက် ဆင်ဝင်ဆောင် ဆောက်လုပ်ခဲ့ဟန် တူပါတယ်။
အဆောက်အအုံမှာ အုတ်တိုက်အမျိုးအစား ဖြစ်ပြီး နံရံများမှာ (၄)ပေခန့် ထူထဲပါတယ်။အိမ်ကြမ်းအတွက် အုတ်ချပ်များကို စီရာမှာ ရှေးခေတ်အုတ်များကို အလျားလိုက် မစီဘဲ ကျစ်လစ်ခိုင်ခံ့စေရန်အတွက် ဒေါင်လိုက် ဝေတင်လိုက် စီတန်းပြီး ခင်းထားပါတယ်။
ထိုစဉ်က သူခိုးဓာပြရန် ကြောက်ရသဖြင့် ကျည်မတိုး မီးမကူးစေရန်အတွက် သံပြားထူထူမှာ သံမှိုများ စွဲကပ်ထားသည့် တံခါးအမျိုးအစားကို တပ်ဆင်ထားပါတယ်။ တံခါးပေါက်မှ တဆင့် အပြင်သို့ ကြည့်နိုင်ရန်အတွက် ချောင်းကြည့်ပေါက်များကိုလည်း ဖောက်ထားပါတယ်။
ဗိသုကာလက်ရာအနေဖြင့် အိမ်အတွင်းအပြင်ရှိ အင်္ဂတေမှာ ကြာငုံ၊ ကြာဖူး၊ ကြာပွင့်၊ ကြာပွင့်ချပ်များကို ထွင်းထားပါတယ်။အပေါ်ထပ်မှာ အိပ်ခန်း (၂)ခန်း ပါရှိပြီး အတွင်းသို့ အလွယ်တကူ မဝင်နိုင်ရန် တံခါးပေါက်ကို ခပ်ကျဉ်းကျဉ်းနှင့် ခပ်နိမ့်နိမ့် တပ်ဆင်ထားပါတယ်။
အိမ်အောက်ခန်းမှာ အလင်းရရှိစေရန်အတွက် အပေါ်ထပ် ပြတင်းပေါက် အနီးတွင် အလင်းပေါက်များ တပ်ဆင်ထားပါတယ်။ အရေးအကြောင်းရှိလျင် အောက်ထပ်သို့ အလွယ်တကူ ဆင်းပြေးနိုင်စေရန် အရေးပေါ် ထွက်ပေါက်ကိုလည်း ဖောက်ထားပါတယ်။
ထိုမျှလောက် စေ့စေ့စပ်စပ် တည်ဆောက်ထားသော ဦးဘိုးကြည်အိမ်ဟာ ခရစ်နှစ် ၁၈၈၄ခုမှာ ဓားပြတိုက်ခံရပါတယ်။ ဦးဘိုးကြည်တို့ မိသားစုဟာ တံခါးကို အလုံပိတ်ကာ တင်းခံနေသဖြင့် ဓာပြများက အိမ်တံခါးကို သေနတ်ဖြင့် ပစ်ပါတယ်။
ကျည်က သံတံခါးကို မဖောက်နိုင်သဖြင့် တံခါးကို တွန်းတိုက်ပြီး မင်းတုတ်ကို ချိုးပါတယ်။ မင်းတုတ်လည်း မကျိုးပြန်သဖြင့် ဓားပြများဟာ ဒုတိယထပ်သို့ တွယ်တက်ပါတယ်။
ထို့နောက် မီးတင်ရှို့မည်ဟု ခြိမ်းခြောက်ပါတော့တယ်။ ဦးဘိုးကြည်ဟာ ထိုအခါမှ စိတ်လျှော့လိုက်ပြီး အသက်ချမ်းသာပေးလျင် အသာတကြည် ဖွင့်ပေးပါမည်ဟု ကတိတောင်းပါတယ်။ ဓာပြများမှ သဘောတူသဖြင့် နောက်ဆုံးမှာ တံခါးဖွင့်ပေးလိုက်ရပါတယ်။
ဓားပြတိုက်ပြီးနောက် ဓားပြများဟာ မြို့ဝန်စာရေး စာရေးကြီး ဦးသာရံကို ဓားစာခံလုပ် ခေါ်ဆောင်သွားပါတယ်။
စလေမြို့ရဲ့ အရှေ့ဘက် (၇)မိုင်ခန့်အကွာ ဆင်မကြပ်တောင်ကြားလမ်း အရောက်မှာ ပထမဆုံး တွေ့ရသည့် ထနောင်းပင်အောက်တွင် စာရေးကြီးအား နှုတ်ပိတ်သတ်ဖြတ်လိုက်ပါတယ်။
ထိုထနောင်းပင်အား နောင်အခါ စာရေးကြီးထနောင်းပင်ရယ်ဟု ခေါ်လာပါတယ်။ လက်ရှိမှာ ထိုထနောင်းပင်ဟာ သေဆုံးသွားပြီးဖြစ်ကြောင်း ကြားသိရပါတယ်။
crd_မူရင်းရေးသားသူအားလေးစားစွာဖြင့်
Zawgyi
တခ်ိန္က ဆိပ္ကမ္းၿမိဳ႕ေလးတစ္ၿမိဳ႕ ျဖစ္ခဲ့ဖူးေသာ မေကြးတိုင္းေဒသႀကီးမွာရွိသည့္ စေလၿမိဳ႕ေလးမွာ ေလ့လာစရာ၊ နားဆင္စရာ သမိုင္းေၾကာင္းမ်ားစြာ ရွိပါတယ္။
စေလၿမိဳ႕ဟာဆိုရင္ ဦးပုည ကဲ့သို႔ေသာ စာဆိုအေက်ာ္အေမာ္၊ ဦးဘိုးၾကည္ ကဲ့သို႔ေသာ ဘုရင္အသိအမွတ္ျပဳ က်ိက်ိတက္သူေဌးႀကီး၊ ဦးဂုဏ ကဲ့သို႔ေသာ ဂုဏ္သိကၡာႀကီးမားသည့္ ေတာရေဆာက္တည္ေသာ ရဟန္းေတာ္ တို႔ေၾကာင့္ အေတာ္ေလး ဂုဏ္သတင္း သင္းပ်ံ့လွတယ္။
ထိုပုဂၢိုလ္မ်ားထဲမွ သူေဌးႀကီး ဦးဘိုးၾကည္၏ ပင္မေနအိမ္အေၾကာင္းေလးပါ
ဦးဘိုးၾကည္ဟာ သူေဌးႀကီးဆိုသည့္ ဂုဏ္ပုဒ္ထက္ စေလ႐ုပ္စုံေက်ာင္း အလႉ႕ဒါယိကာဆိုသည့္ ဂုဏ္ပုဒ္ေၾကာင့္ လက္ရွိအခ်ိန္ထိ လူသိမ်ား ထင္ရွားေနရျခင္း ျဖစ္ပါတယ္။
သူေနထိုင္ခဲ့ရာ ပင္မအိမ္ေတာ္ကို ဦးဘိုးၾကည္အိမ္ဟု ေခၚၾကတယ္။ ဦးဘိုးၾကည္အိမ္ကို ခရစ္ႏွစ္ ၁၈၅၂ခုမွာ တည္ေဆာက္ခဲ့ျခင္း ျဖစ္သျဖင့္ စေလ႐ုပ္စုံေက်ာင္းထက္ အႏွစ္သုံးဆယ္ခန့္ ေစာပါတယ္။
ဦးဘိုးၾကည္အိမ္ႀကီးမွာ ဦးဘိုးၾကည္ဟာ ပထမဇနီးသည္ ႏွင့္အတူ ေနထိုင္ပါတယ္။ က်န္ဇနီးမယား ၃ဦးအတြက္လည္း အိမ္တစ္ေဆာင္စီ ေဆာက္လုပ္ၿပီး ထားေၾကာင္း သိရပါတယ္။
ဦးဘိုးၾကည္ၿခံ အက်ယ္အဝန္း အေနျဖင့္ ေပ(၁၀ဝ) x ေပ(၁၂၀) ပတ္လည္ ရွိပါတယ္။ အိမ္ရဲ႕ အက်ယ္အဝန္းကေတာ့ အလ်ား (၅၀)ေပ၊ အနံ (၅၀)ေပ၊ အျမင့္ (၃၀)ေပ ျဖစ္ပါတယ္။ အိမ္မွာ (၄)ပင္ (၃)ခန္း ပတ္လည္အက်ယ္ ႏွစ္ထပ္အိမ္ အမ်ိဳးအစားျဖစ္ၿပီး ဆင္ဝင္ေဆာင္ ပါရွိပါတယ္။
ဦးဘိုးၾကည္ဟာ ေရွးေခတ္သူေဌးသူႂကြယ္ ျဖစ္သည္ႏွင့္အညီ ဆင္၏ကိုယ္ေပၚသို႔ အိမ္ေပၚမွ အလြယ္တကူ တက္နိုင္ရန္အတြက္ ဆင္ဝင္ေဆာင္ ေဆာက္လုပ္ခဲ့ဟန္ တူပါတယ္။
အေဆာက္အအုံမွာ အုတ္တိုက္အမ်ိဳးအစား ျဖစ္ၿပီး နံရံမ်ားမွာ (၄)ေပခန့္ ထူထဲပါတယ္။အိမ္ၾကမ္းအတြက္ အုတ္ခ်ပ္မ်ားကို စီရာမွာ ေရွးေခတ္အုတ္မ်ားကို အလ်ားလိုက္ မစီဘဲ က်စ္လစ္ခိုင္ခံ့ေစရန္အတြက္ ေဒါင္လိုက္ ေဝတင္လိုက္ စီတန္းၿပီး ခင္းထားပါတယ္။
ထိုစဥ္က သူခိုးဓာျပရန္ ေၾကာက္ရသျဖင့္ က်ည္မတိုး မီးမကူးေစရန္အတြက္ သံျပားထူထူမွာ သံမွိုမ်ား စြဲကပ္ထားသည့္ တံခါးအမ်ိဳးအစားကို တပ္ဆင္ထားပါတယ္။ တံခါးေပါက္မွ တဆင့္ အျပင္သို႔ ၾကည့္နိုင္ရန္အတြက္ ေခ်ာင္းၾကည့္ေပါက္မ်ားကိုလည္း ေဖာက္ထားပါတယ္။
ဗိသုကာလက္ရာအေနျဖင့္ အိမ္အတြင္းအျပင္ရွိ အဂၤေတမွာ ၾကာငုံ၊ ၾကာဖူး၊ ၾကာပြင့္၊ ၾကာပြင့္ခ်ပ္မ်ားကို ထြင္းထားပါတယ္။အေပၚထပ္မွာ အိပ္ခန္း (၂)ခန္း ပါရွိၿပီး အတြင္းသို႔ အလြယ္တကူ မဝင္နိုင္ရန္ တံခါးေပါက္ကို ခပ္က်ဥ္းက်ဥ္းႏွင့္ ခပ္နိမ့္နိမ့္ တပ္ဆင္ထားပါတယ္။
အိမ္ေအာက္ခန္းမွာ အလင္းရရွိေစရန္အတြက္ အေပၚထပ္ ျပတင္းေပါက္ အနီးတြင္ အလင္းေပါက္မ်ား တပ္ဆင္ထားပါတယ္။ အေရးအေၾကာင္းရွိလ်င္ ေအာက္ထပ္သို႔ အလြယ္တကူ ဆင္းေျပးနိုင္ေစရန္ အေရးေပၚ ထြက္ေပါက္ကိုလည္း ေဖာက္ထားပါတယ္။
ထိုမွ်ေလာက္ ေစ့ေစ့စပ္စပ္ တည္ေဆာက္ထားေသာ ဦးဘိုးၾကည္အိမ္ဟာ ခရစ္ႏွစ္ ၁၈၈၄ခုမွာ ဓားျပတိုက္ခံရပါတယ္။ ဦးဘိုးၾကည္တို႔ မိသားစုဟာ တံခါးကို အလုံပိတ္ကာ တင္းခံေနသျဖင့္ ဓာျပမ်ားက အိမ္တံခါးကို ေသနတ္ျဖင့္ ပစ္ပါတယ္။
က်ည္က သံတံခါးကို မေဖာက္နိုင္သျဖင့္ တံခါးကို တြန္းတိုက္ၿပီး မင္းတုတ္ကို ခ်ိဳးပါတယ္။ မင္းတုတ္လည္း မက်ိဳးျပန္သျဖင့္ ဓားျပမ်ားဟာ ဒုတိယထပ္သို႔ တြယ္တက္ပါတယ္။
ထို႔ေနာက္ မီးတင္ရွို႔မည္ဟု ၿခိမ္းေျခာက္ပါေတာ့တယ္။ ဦးဘိုးၾကည္ဟာ ထိုအခါမွ စိတ္ေလွ်ာ့လိုက္ၿပီး အသက္ခ်မ္းသာေပးလ်င္ အသာတၾကည္ ဖြင့္ေပးပါမည္ဟု ကတိေတာင္းပါတယ္။ ဓာျပမ်ားမွ သေဘာတူသျဖင့္ ေနာက္ဆုံးမွာ တံခါးဖြင့္ေပးလိုက္ရပါတယ္။
ဓားျပတိုက္ၿပီးေနာက္ ဓားျပမ်ားဟာ ၿမိဳ႕ဝန္စာေရး စာေရးႀကီး ဦးသာရံကို ဓားစာခံလုပ္ ေခၚေဆာင္သြားပါတယ္။
စေလၿမိဳ႕ရဲ႕ အေရွ႕ဘက္ (၇)မိုင္ခန့္အကြာ ဆင္မၾကပ္ေတာင္ၾကားလမ္း အေရာက္မွာ ပထမဆုံး ေတြ႕ရသည့္ ထေနာင္းပင္ေအာက္တြင္ စာေရးႀကီးအား ႏႈတ္ပိတ္သတ္ျဖတ္လိုက္ပါတယ္။
ထိုထေနာင္းပင္အား ေနာင္အခါ စာေရးႀကီးထေနာင္းပင္ရယ္ဟု ေခၚလာပါတယ္။ လက္ရွိမွာ ထိုထေနာင္းပင္ဟာ ေသဆုံးသြားၿပီးျဖစ္ေၾကာင္း ၾကားသိရပါတယ္။
crd_မူရင္းေရးသားသူအားေလးစားစြာျဖင့္