ဘာလို့ရှေ့မီးဖွင့်မောင်းရတာလဲလို့ ခနခနလာမေးကြလို့ တင်ပေးလိုက်ပါတယ်

မိဘပြည်သူများရှင့်

ဘာလို့ရှေ့မီးဖွင့်မောင်းရတာလဲလို့ ခနခနလာမေးကြလို့ တင်ပေးလိုက်ပါတယ်ရှင့်

ကျွန်တော်ကျွန်မတို့က မီးဖွင့်မောင်းဆိုလို့သာ မောင်းလိုက်ရယ်…..ဘာလို့ဖွင့်မောင်းရတာလဲလို့ ကျွန်မကိုမေးမြန်းနေသော ပြည်သူများရှင့်…..

ရှေ့မီးအနိမ့်ကို ဘာကြောင့်နေ့/ညဖွင့်မောင်းရလဲဆိုရင် အဓိကရည်ရွယ်ချက်က. ယာဉ်အန္တရာယ် လျော့ကျစေရန် ရည်ရွယ်ပါတယ်ရှင့်…..

ကုန်တင်ကားအများစုဟာ ကားကိုယ်ထည်နှင့်အမြင့်ထက်ကျော်လွန်ပြီးကုန် ပစ္စည်းတင်​ဆောင်လာကြတဲ့အခါ နောက်မြင်ကွင်းကျဉ်းတတ်ပါတယ် ….

အဲဒီလို နောက်မြင်ကွင်းကျဉ်းတဲ့ ကုန်တင်ကားမျိုးကို မိမိမောင်းနှင်းလာတဲ့ ဆိုက်ကယ်က ကျော်တက်တဲ့အခါမျိုးမှာ မိမိအချက်ပေးတဲ့ ဟွန်းသံကို မကြားရဘဲ …..

မိမိကျော်တက်ဖို့ ယူထားတဲ့ ဘယ်ဘက်ယာဉ်ကြောကို ကုန်တင်ကားက ယာဉ်ကြောပြောင်းတဲ့အခါမျိုးမှာ ယာဉ်တိုက်မူ ဖြစ်စေနိုင်ပါတယ်ရှင့်…

အဲသလို ကားမျိုးနဲ့ကြုံဆုံရတဲ့အခါ မိမိက ရှေ့မီးအနိမ့်လေးဖွင့်မောင်းလာရင် မိမိရဲ့မီးရောင်းကို ကားသမားမြင်ပြီး ယာဉ်ကြောမပြောင်းခဲ့ရင် ယာဉ်တိုက်မူမဖြစ်နိုင်ပါ….

နောက်တစ်ချက်က ဇိမ်ခံကားမောင်းနှင်လာကြတဲ့သူ လူအများစုဟာ ကားကိုမှန်အလုံပိတ် အဲကွန်းဖွင့်/သီချင်း နားထောင်ရင်း

ကားမောင်းလာမိတဲ့အခါ ပြင်ပက ဆိုင်ကယ်ဟွန်းတီးသံကို မကြားနိုင်ပါ….။

အဲသလိုအခါမျိုးမှာ အထက်မှပြောခဲ့သလိုဘဲ ရှေ့မီးအနိမ့်ဖွင့်မောင်းလာခဲ့ရင် မိမိရဲ့ဟွန်းသံမကြားရရင်တောင်

မိမိဆိုင်ကယ်ရဲ့ မီးရောင်ကိုမြင်ပြီး ယာဉ်ကြောမပြောင်းခဲ့ရင် ယာဉ်တိုက်မူမဖြစ်နိုင်ပါ….။

နောက်တစ်ချက်က. မိမိရဲ့မော်တော်ယာဉ်/သူများ ရဲ့ မော်တော်ကားက လမ်းသွယ်လမ်းကြားမှ ထွက်လာတဲ့အခါမှာ မိမိအချက်ပေးတဲ့ ဟွန်းသံကိုမကြားရရင် ….

မိမိဖွင့်လာတဲ့ မီးရောင်ကိုမြင်ပြီ အရ်ှိန်လျှော့/ရပ်တန့်ပေးမည်ဆိုရင် ယာဉ်တိုက်မူမဖြစ်နိုင်ပါ….။

အဲဒါကြောင့် ၂၀၂ဝပြည့်မော်တော်ယာဉ်စီမံခန့်ခွဲမူဥပဒေမှာရှေ့ မီးအနိမ့်ကိုနေ့/ညဖွင့်မောင်းဖို့ ပြဌာန်းထားပါတယ်ရှင့်….

သိရှိသွားပြီဆိုရင် မိဘပြည်သူများ ရှေ့မီးအနိမ့်ကို နေ့/ည ဖွင့်မောင်းပေးကြပါစို့လားရှင့်….။

ကျေးဇူးတင်ပါတယ် ရှင့်…..။

Crd Ba Sheain / MMS

Zawgyi
မိဘျပည္သူမ်ားရွင့္

ဘာလို႔ေရွ႕မီးဖြင့္ေမာင္းရတာလဲလို႔ ခနခနလာေမးၾကလို႔ တင္ေပးလိုက္ပါတယ္ရွင့္

ကြၽန္ေတာ္ကြၽန္မတို႔က မီးဖြင့္ေမာင္းဆိုလို႔သာ ေမာင္းလိုက္ရယ္..ဘာလို႔ဖြင့္ေမာင္းရတာလဲလို႔ ကြၽန္မကိုေမးျမန္းေနေသာ ျပည္သူမ်ားရွင့္..

ေရွ႕မီးအနိမ့္ကို ဘာေၾကာင့္ေန႕/ညဖြင့္ေမာင္းရလဲဆိုရင္ အဓိကရည္႐ြယ္ခ်က္က. ယာဥ္အႏၱရာယ္ ေလ်ာ့က်ေစရန္ ရည္႐ြယ္ပါတယ္ရွင့္..

ကုန္တင္ကားအမ်ားစုဟာ ကားကိုယ္ထည္ႏွင့္အျမင့္ထက္ေက်ာ္လြန္ၿပီးကုန္ ပစၥည္းတင္ေဆာင္လာၾကတဲ့အခါ ေနာက္ျမင္ကြင္းက်ဥ္းတတ္ပါတယ္ .

အဲဒီလို ေနာက္ျမင္ကြင္းက်ဥ္းတဲ့ ကုန္တင္ကားမ်ိဳးကို မိမိေမာင္းႏွင္းလာတဲ့ ဆိုက္ကယ္က ေက်ာ္တက္တဲ့အခါမ်ိဳးမွာ မိမိအခ်က္ေပးတဲ့ ဟြန္းသံကို မၾကားရဘဲ ..

မိမိေက်ာ္တက္ဖို႔ ယူထားတဲ့ ဘယ္ဘက္ယာဥ္ေၾကာကို ကုန္တင္ကားက ယာဥ္ေၾကာေျပာင္းတဲ့အခါမ်ိဳးမွာ ယာဥ္တိုက္မူ ျဖစ္ေစနိုင္ပါတယ္ရွင့္

အဲသလို ကားမ်ိဳးနဲ႕ႀကဳံဆုံရတဲ့အခါ မိမိက ေရွ႕မီးအနိမ့္ေလးဖြင့္ေမာင္းလာရင္ မိမိရဲ႕မီးေရာင္းကို ကားသမားျမင္ၿပီး ယာဥ္ေၾကာမေျပာင္းခဲ့ရင္ ယာဥ္တိုက္မူမျဖစ္နိုင္ပါ.

ေနာက္တစ္ခ်က္က ဇိမ္ခံကားေမာင္းႏွင္လာၾကတဲ့သူ လူအမ်ားစုဟာ ကားကိုမွန္အလုံပိတ္ အဲကြန္းဖြင့္/သီခ်င္း နားေထာင္ရင္း

ကားေမာင္းလာမိတဲ့အခါ ျပင္ပက ဆိုင္ကယ္ဟြန္းတီးသံကို မၾကားနိုင္ပါ.။

အဲသလိုအခါမ်ိဳးမွာ အထက္မွေျပာခဲ့သလိုဘဲ ေရွ႕မီးအနိမ့္ဖြင့္ေမာင္းလာခဲ့ရင္ မိမိရဲ႕ဟြန္းသံမၾကားရရင္ေတာင္

မိမိဆိုင္ကယ္ရဲ႕ မီးေရာင္ကိုျမင္ၿပီး ယာဥ္ေၾကာမေျပာင္းခဲ့ရင္ ယာဥ္တိုက္မူမျဖစ္နိုင္ပါ.။

ေနာက္တစ္ခ်က္က. မိမိရဲ႕ေမာ္ေတာ္ယာဥ္/သူမ်ား ရဲ႕ ေမာ္ေတာ္ကားက လမ္းသြယ္လမ္းၾကားမွ ထြက္လာတဲ့အခါမွာ မိမိအခ်က္ေပးတဲ့ ဟြန္းသံကိုမၾကားရရင္ .

မိမိဖြင့္လာတဲ့ မီးေရာင္ကိုျမင္ၿပီ အရ်ှိန်လျှော့/ရပ္တန႔္ေပးမည္ဆိုရင္ ယာဥ္တိုက္မူမျဖစ္နိုင္ပါ.။

အဲဒါေၾကာင့္ ၂၀၂ဝျပည့္ေမာ္ေတာ္ယာဥ္စီမံခန႔္ခြဲမူဥပေဒမွာေရွ႕ မီးအနိမ့္ကိုေန႕/ညဖြင့္ေမာင္းဖို႔ ျပဌာန္းထားပါတယ္ရွင့္.

သိရွိသြားၿပီဆိုရင္ မိဘျပည္သူမ်ား ေရွ႕မီးအနိမ့္ကို ေန႕/ည ဖြင့္ေမာင္းေပးၾကပါစို႔လားရွင့္.။

ေက်းဇူးတင္ပါတယ္ ရွင့္..။

Crd Ba Sheain / MMS