“တိုင်း (သို့မဟုတ် ) လွှတ်လပ်သော လူမျိုးများ”

နန်ချိုလက်နက်နိုင်ငံတော်များ “မွန်ဂို” တို့၏ စစ်ဘုုရင် “ကူဗလိုင်ခန်” နှင့် စစ်သူကြီး “ဉရီယံခွတိုင်” တို့ ဝင်ရောက်တိုက်ခိုက်သဖြင့် နိုင်ငံတော်ကြီး ထိုတစ်ပါးသူ၏ လက်၌ ထားရစ်ခဲ့သည့် အကြောင်းကို မဖော်ပြမှီ ရှမ်းလူမျိုးများ (တစ်နယ်နှင့်တစ်နယ်) ဒေသအလိုက် ခေါ်ဝေါ်ကြပုံများ အကြောင်းကို ရေးသားရန်လိုအပ်မည်ဟု ထင်ပါသည်…

“တိုင်း” ဆိုသည့် အဓိပ္ပါယ် ကို ဉီးစွာ ရှင်းလင်းပါသည်..
“တိုင်း” ၏အဓိပ္ပါယ်မှာ (လွတ်လပ်သော ) သို့မဟုတ် (လွတ်လပ်ခြင်း) ဖြစ်ပါသည်..ထို့ကြောင့် လွတ်လပ်ခြင်းကုငိ မြတ်နိုးသော လွတ်လွတ်လပ်လပ် နေတတ်ကြသော “နန်ချိုရှမ်း” တို့သည် မိမိတို့၏ လူမျိုးအမည်များကို “တိုင်း” ဟုတင်စားခေါ်ဆိုခဲ့ခြင်း ဖြစ်ပါသည်…

ကျွန်ပ်မှတ်တမ်းတင် ရေးခဲ့သည့်အတိုင်း နန်ချိုရှမ်းတို့သည်. နိုင်ငံကြီးပေါင်း မြောက်များစွာကို တိုက်ခိုက် သိမ်းသွင်းနိုင်ခဲ့သည့်အတွက် ယင်းဒေသနိုင်ငံတို့၌ အုပ်ချုပ်ကွပ်ကဲရန် တာဝန်ဖြင့် နေထိုင်ခဲ့ကြရာမှ အခြေစိုက် နေထိုင်ပြန့်ပွားလာခဲ့သည့်အတွက် ယင်းနေရာဒေသကို အစွဲပြု၍ အောက်ပါအတိုင်း (တစ်နယ်နျင့် တစ်နယ် ) မိမိတို့ အချင်းချင်း ခေါ်ဝေါ်ကြ၏..

(က) တရုတ်ပြည် ယန်စီမြစ်တစ်လျှောက်တွင် နေထိုင်လျက်ရှိကြသော “ တိုင်း” ရှမ်းများကို “တိုင်းချယ်” မြန်မာဘာသာအားဖြင့် ရှမ်းတရုတ်ဟု အဓိပ္ပါယ်ရသော်လည်း ဆိုလိုရင်း အဓိပ္ပါယ်မှာ တရုတ်ပြည်၌ နေထိုင်သောရှမ်းဖြစ်ပါသည်..

(ခ) အရှေ့ပိုင်း ရှမ်းပြည် “ မိုင်းမ” မိုင်းမချိုင့် ဝှမ်းဒေသ ၌ တည်ရှိသော “ဆစ်ဆောင်း ပနား”တွင် နေ
ထိုင်ကြ ထိုင်ကြသော လူမျိုး များကို တို ”တိုင်းလိ” ဟုခေါ်ကြ၏

မှတ်ချက်… (ဆစ်ဆောင်းပနား (၁၂) ခရိုင်ပြည်နယ်.. “လယ်တွင်းပေါင်း တစ်ရာ”ဟုအဓိပ္ပါယ်ရသော “ဆစ်ဆောင်ပနား” သည် အရှေ့ပိုင်းရှမ်းပြည် “ကျိုင်းတုံမြို့တော်” ၏ အရှေ့မြောက်စူးစူးရှိ “မိုင်းမ” ချိုင့်ဝှမ်းဒေသ၌ ရှေးအထက်ကျော်ကာရီကပင် စော်ဘွားမြို့စားများတို့ဖြင့် စည်ပင်ကျော်ကြားခဲ့သော မြို့ကြီးဖြစ်ပြီး အရှေ့ပိုင်းရှမ်းပြည်နယ်နေ ရှမ်းလူမျိုးများ အားအထားရဆုံးသော “စပါးကျီမြို့” ဖြစ်ပါသည်…

ယူနန်ခြောက်ပြည်ထောင်နိုင်ငံတော် ဖြစ်သော “နန်ချို” နိုင်ငံအား မွန်ဂိုတို့၏ စစ်ဘုရင် ‘ကူဗလိုင်ခန်”၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရသည့်အချိန်မှစ၍ နန်ချို့တို့သည် အာရှတောင်ပိုင်းဒေသ အာသံ, မြန်မာနိုင်ငံနှင့် အင်ဒိုချိုင်းနားဒေသများအတွင်းသို့ အလုံးအရင်းကြီးစွာဖြင့် ထိုးဖောက်ဝင်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ဒေသများတို့တွင် (အဟုံ၊ ဇင်းမယ်၊လင်းဇင်း၊သောက္တတဲ၊ယိုးဒယား) စသည့်နိုင်ငံများကို တည်ထောင်ခဲ့၏

အင်ဒိုချိုင်းနားဒေသရှိ တန်ခိုးအင်အားကြီးမားလှသော “ကမ္ဗောဒီးယား” မင်းနေပြည်တော်ကြီးကိုလည်း နန်ချိုတို့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး သက္ကရာဇ် (၁၃၅၀)ခုနှစ်တွင် “အယုဒ္ဓယ”မြို့တော် ကြီးကို ထူထောင်လိုက်ကာ ယင်းမြို့တော်ကြီးကို ဗဟိုပြုလျက်

“မဲနန်မြစ်ဝှမ်း”ဒေသတစ်ဝိုက်တွင် မြို့ပြပြည်နယ် အများအပြားကို တည်ဆောက်ကာ ယိုးဒယားနိုင်ငံကြီးကို ထူထောင်ခဲ့စဉ်က “ဆစ်ဆောင်ပနား” လူးတစ်ဆယ့်နှစ်ပန်နား”ကိုပါ တစ်ချိန်တည်းတည်ဆောက်ခဲ့ခြင်း ဖြစ်၏..ယင်းဆစ်ဆောင်းပနား၌ နေထိုင်သော ရှမ်းလူမျိုးများကို တိုင်းလိဟုခေါ်ကြပါသည်..

မြန်မာတို့က ယင်း “တိုင်းလိ”တို့ကို “လူးရှမ်း” ဟုခေါ်၏..

ယခု “ဆစ်ဆောင်းပနား”သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အတွင်း ၌ “ယူနန်ခြောက်ပြည်တစ်စု” နိုင်ငံ ,နန်ချိုကဲ့သို့ပင် ကျန်ရစ်ခဲ့ရပြီး တရုတ်နိုင်ငံ၏ လက်အောက်ခံပြည်နယ် ငယ် တစ်ပြည်နယ်အဖြစ် တည်ရှိလျက်ရှိ၏..ဆစ်ဆောင်းပနား ပြည်နယ်၏မြို့တော် ‘ချီလီ”သည်လည်း မဲခေါင်မြစ်ပေါ်၌ ယခင်တစ်ချိန်က အတိုင်းပင် တည်ရှိ၍ နေပါသော်လည်း တရုတ်နိုင်ငံအစိုးရက ယင်းမြို့တော်ချီလီကို “ယုံကျင်းဟုန်” “အရုဏ်ဉီးမြို့တော်” ဟု လှပစွာ အမည်ပြောင်းလဲ ပေးခဲ့ပြီး ဖြစ်ပါသည်..

မည်သို့ပင် တရုတ်နိုင်ငံတော်က မြို့တော်ချီလီကို လှပဆန်းသစ်သော အမည်သို့ ပြောင်းလဲပစ်လိုက်သော်
လည်း တိုင်းလိခေါ် လူးတစ််ဆယ့်နှစ်ပနားနေ လူးရှမ်းတို့သည် လူမျိုးနှင့်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ, ကိုးကွယ်သည့်ဘာသာများကို ပြောင်းလဲပစ်ခြင်း မရှိခဲ့ကြပါ…

ဗုဒ္ဓဘာသာကိုးကွယ်သော ရှမ်းလူမျိုး အဖြစ် ရပ်တည်လျက်ရှိကြပြီး ဘုရားသွား ကျောင်းတက် ဉပုသ်သီလဆောက်တည်ခြင်း သီတင်းကျွတ်ပွဲတော်ရက်များ၌ လည်း မီးများ ထွန်းညှိပူဇော်ခြင်း ရှမ်းရိုးရာ ကိုးနယား နှင့် ကိန္နရီ ကိန္နရာအကများဖြင့် အိမ်ပေါက်စေ့လိုက်လံ ကန်တော့ပြုခြင်း ၊

သကြိန်အခါတော်၌လည်း ရိုးရာဓလေ့မျက် သက်ကြီးရွယ်အိုများကို အမွေးနံသာရည်ဖြင့် ပက်ဖျန်း၍ ကန်တော့ခြင်း ၊ရေချိုးခေါင်းလျှော်ခြင်း ၊ ခြေသည်းလက်သည်းများ ညှပ်ပေးခြင်း၊ အဝတ်အထည်စားကောင်းသောက်ဖွယ်များ၊ မုန့်ဖက်ထုပ်များဖြင့် ကန်တော့ကြခြင်း ၊မဲခေါင်မြစ်ရေပြင်၌ လှေပြိုင်ပွဲများကို အစုလိုက်အသင်းလိုက် ရိုးရာမပျက် ခြိမ့်ခြိမ့်သဲသဲကျင်းပမြဲ ကျင်းပကြကာ မိမိတို့ပြည်နယ် ဆစ်ဆောင်ပနား ကိုလည်း အဘိုးအဘွားတို့ခေတ်က ခေါ်ဆိုခဲ့ကြသလို မြတ်နိုးစွာပင် “ဆစ်ဆောင်ပနား”ဟုခေါ်ဆိုကြတုန်းဖြစ်၏

ကမ္ဘာက အသုံးပြုလျက် ရှိနေသော မြေပုံ၌လည်း “လီရှမ်း” များနေထိုင်ရာမြို့ ဟု အဓိပ္ပါယ် ကိုဆောင် သော “ချီလီရှမ်း” ဟု အသုံးပြုရေးသားဖော်ပြနေကြတုန်း ဖြစ်၏ ။

နန်ချိုရှမ်းများက တည်ထောင်ခဲ့ကြသော ယနေ့တိုင် ရှမ်းလူမျိုး များ နေထိုင်လျက်ရှိကြဆဲ”ဆစ်ဆောင်ပနား” သည် မည်သည့်အခါ မည်သည့်အချိန်၌ မည်ကဲ့သို့ တရုတ်နိုင်ငံအတွင်းသို့ ပါသွားခဲ့ရသည်ကို လေ့လာ ကြည့်ရာ အောက်ပါအတိုင်း ရင်နာဖွယ် သိရပါသည်…

“ဆစ်ဆောင်ပနား” ၏ ကံကြမ္မာသည် ၁၈၈၆ ခုနှစ်တွင် စတင်ပြောင်းလဲခဲ့သည်..မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို နယ်ချဲ့ဗြိတိသျှအစိုးရတို့ အပြီးအပိုင်သိမ်းပိုက်သောနှစ် က ဖြစ်ပါသည်..

နောက်ပိုင်း တွင် တရုတ်ပြည် ပီကင်း မြို့တော်၌ မြန်မာပြည်၏ ကိစ္စအရပ်ရပ်နှင့် စပ်လျဉ်းသည့် ဗြိတိသျှနှင့် တရုတ် တို့ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးပွဲ ပြုလုပ်ကြရာ၌ မြန်မာနိုင်ငံကို ပိုင်ဆိုင်သူမှာဗြိတိသျှအစိုးရဖြစ်ကြောင်းကို တရုတ်နိုင်ငံက လုံးဝလက်ခံ အသိအမှတ်ပြုရသော စာချုပ် ချုပ်ဆိုပွဲတစ်ရပ်ကို ၁၈၈၆ ခုနှစ်ဇူလိုင် လတွင် သဘောတူချုပ်ဆိုခဲ့လေသည်..

တရုတ်နှင့် ဗြိတိသျှအစိုးရတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်းလမ်းကုန်ရောင်းဝယ်ရေး ပြုလုပ်နိုင်ကြရန်အတွက် ပူးတွဲကော်မရှင် ခန့်ထားရေး ကိစ္စရပ်များကို ပါ ယင်းစာချုပ်၌ ထည့်သွင်းချုပ်ဆိုခဲ့သည်..

ထိုအချိန်က မြန်မာနိုင်ငံကို အိန္ဒိယလက်အောက်၌ သွတ်သွင်းထားရှိသဖြင့် အိန္ဒိယအစိုးရက မြန်မာပြည်အား တိုက်ရိုက်အုပ်ချုပ်ရသော ကာလလည်း ဖြစ်လေသည်..

ယင်းစာချုပ်ချုပ်ဆိုအပြီး အိန္ဒိယအစိုးရ တရုတ်မြန်မာနယ်နိမိတ်သတ်မှတ်ရေးကိစ္စများကို ၁၈၈၆ခု နစ်မှအစပြု၍ အမျိုးမျိုးကစားခဲ့လေသည်..၁၉၈၄ ခုနှစ် မတ်လ (၁)ရက်နေ့တွင် နှစ်နိုင်ငံ သဘောတူသည့်ပထမဆုံး နယ်နိမိတ်သတ်မှတ်ရေး စာချုပ် ကို ချုပ်ဆိုလိုက်ပါသည်…

ယင်း စာချုပ်အရ တရုတ်တို့က တောင်းဆိုနေသော “ဆစ်ဆောင်ပနား “ ကျိုင်းဟုန်းနယ်နှင့် မိုင်းသင်းနယ် ကြီးနှစ်နယ်ကို ဗြိတိသျှတို့က ရက်ရက်ရောရောပင် တရုတ်တို့အား ပေးအပ် လိုက်ခြင်း ပင် ဖြစ်ပါသည်..

ကန့်သတ်ချက်အနေဖြင့် လည်း တရုတ်တို့သည် ဗြိတိသျှအစိုးရကို ကြိုတင်သတိပေးခြင်းမပြုဘဲ ယင်းနယ် ကြီးနှစ်နယ်ကို မည်သည့်နိုင်ငံကို မျှ လွဲပြောင်းပေးအပ်ခြင်း မပြုရန် အချက်ကို ထည့်သွင်းသော ယင်းစာချုပ်အရ တရုတ်တို့က တောင်းဆိုနေသော “ဆစ်ဆောင်ပနား” ကျိုင်းဟုန်းနယ်နှင့် မိုင်းသင်းနယ် ကြီးနှစ်နယ်ကို ဗြိတိသျှတို့က ရက်ရက်ရောရောပင် တရုတ်တို့အားပေးအပ်လိုက်ခြင်းပင်ဖြစ်ပါသည်..

ကန့်သတ်ချက်အနေဖြင့်လည်း တရုတ်တို့သည် ဗြိတိသျှ အစိုးရကို ကြိုတင် သတိပေးခြင်း မပြုဘဲ ယင်းနယ် ကြီးနှစ်နယ်ကို မည်သည့်နိုင်ငံကို မျှ လွဲပြောင်းပေးအပ်ခြင်း မပြုရန် အချက်ကို တည့်သွင်းထားသော်လည်း ၁၈၉၅ ခုနှစ်, ဇွန်လတွင် ပြင်သစ်နှင့် အင်ဒိုချိုင်းနား အပေးအယူ လုပ်ကြသည့် ကိစ္စ၌ တရုတ်တို့ ကျိုင်းတုံနယ်တစ်စိတ်တစ်ဒေသကို ဖဲ့၍ ပြင်သစ်တို့အား လောကွတ်ချော်၍ ပေးလိုက်သဖြင့် ဆစ်ဆောင်ပနားသည် အဆစ်ပါသွားခဲ့ခြင်းဖြစ်၏

စတင်စည်းဖောက်ဝံ့သော တရုတ်တို့ကို ဗြိတိသှတို့က “နယ်စပ်ကိစ္စ” ၌ နစ်နာခဲ့ရသည့်အချက်များပြန်လည်ထေမိရန် မြန်မာပြည်၏ အခြားနယ်စပ်ကိစ္စ၌ အကြပ်ကိုင်၌ စာချုပ်အသစ် ချုပ်ဆိုခဲ့သော်လည်း “နန်ချို” တို့တည်ထောင်ခဲ့သော “ဆစ်ဆောင်ပနား” ကားပြည်ထောင်စု မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ ပြန်ရောက်ရှိလာခြင်း မရှိတော့ပေ။

သို့သော် (ဆယ့်နှစ်ခရိုင်ရှိသော ပြည်နယ် )ဆစ်ဆောင်ပနားနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် တရုတ်မြန်မာနယ်စပ်နယ်နိမိတ်ကို သတ်မှတ်ပေးထားပါသော (နယ်ခြားကျောက်တိုင် ) တွေနှင့် မည်မျှပင် ပိုင်းခြားထားပါသော်လည်း အမည်အားဖြင့် “ချီလီ” ဆစ်ဆောင်ပနားမှသည် “အရုဏ်ဉီး” မြို့တော် ယုံကျင်းဟုန်ဟု လှပနုရွစွာ အမည်ပြောင်းပေးသော်ငြားလည်း

ဆစ်ဆောင်းပနားနေ “တိုင်းလိ”လူးရှမ်းတို့သည် နန်ချိုနွယ်ဖွား “တိုင်းနောင်ဆေး” ခေါ် နန်ချိုရှမ်းတို့၏ သားသမီးမြေးမြစ် “မောရှမ်း” စစ်စစ်များ ဖြစ်ကြပါကြောင်းကို မူ မည်သို့မျှ ငြင်းဆို၍ မရနိုင်သလို နယ်ခြား ကျောက်တိုင်၏ ဤမှာဖတ်ခြမ်းပြည် ထောင်စုတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ဆွေမျိုးတော်စပ်နေကြပါသည်ဆိုသည့် အချက်ကိုလည်း မည်သူကမျှ ငြင်းဆို၍ ရနိုင်မည်မဟုတ်ပေ ။(ဘာသာပြန်သူ)

(ဂ) အာသံပြည်တွင် နေထိုင်လျက်ရှိသော “တိုင်း “ရှမ်းလူမျိုးများကို “တိုင်းအဟုမ် “အဟုမ် ရှမ်းဟုခေါ်၏
(ဃ) ဗြဟ္မပုတြ၌ နေထိုင်သော “တိုင်း”ရှမ်းလူမျိုးမားကို “တိုင်းမွတ်” အမွတ်ရှမ်းဟုခေါ်သည်…

(င) မဏိပူရ၌ နေထိုင်သော ရှမ်းများကို “တိုင်းတက်စေ” တက်စ်စေးရှမ်း ဟုခေါ်၏

(စ)လောနိုင်ငံနေ “တိုင်း”ရှမ်းလူမျိုးများကို “တိုင်းလော” လောရှမ်းဟုခေါ်သည်..

(ဆ)ဟိုင်နန်ကျွန်းနေ “တိုင်း”တို့ကို “တိုင်းအောင်(န်) ဘားအီ “အောင်ဘေး” ရှမ်းဟုခေါ်၏

(ဇ)မလေး ပြည်မြောက်ပိုင်းနေ “တိုင်း”တို့ကို “တိုင်းပက်စ် “ “ပက်စ်ရှမ်းဟုခေါ်ပါသည်..

(ဈ)ယိုးဒယားနေ “တိုင်း”တို့ကို “တိုင်းနွဲ့” နွဲ့ရှမ်း သို့မဟုတ် “တိုင်းယွမ်း “ ယွန်းရှမ်းဟုခေါ်ပါသည်…

(ည) ယူနန်နယ်၌ ကျန်နေရစ်ခဲ့သော “တိုင်း”နန်ချိုရှမ်းများကို တရုတ်တို့က “ပါးယီ”ဟုခေါ်ကြပါသည်..
ရှမ်းလူမျိုးများက ယင်းရှမ်းလူမျိုးတို့ကု “တိုင်းခတ်” ရှမ်းတရုတ် (တရုတ်ပြည်နေ ရှမ်းလူမျိုးများ) ဟုခေါ်ကြပါ၏

(ဋ) အရှေ့ပိုင်းရှမ်းပြည် ‘နမ့်ခင်မြစ်” တစ်ဝုက်၌ နေထိုင်သော ရှမ်းများကို “တိုင်းခင်” “ဂုံရှမ်း” ဟုခေါ်ပါသည်…

(ဌ)မြောက်ပိုင်း ရှမ်းပြည် ရှိ “နမ့်မော် ရွှေလီမြစ်ခေါ် မောမြစ်ဝှမ်းနေ “တိုင်း”များကို “တိုင်းမောဝ်” မောရှမ်းဟုခေါ်သည်..

(ၑ)ပူးတောင်းခေါ ပူတာအိုနယ် “ခန္တီးမြေပြန့်”နေ ရှမ်းများကို “တိုင်းခန္တီး ခန္တီးရှမ်းစုခေါ်၏

(ဏ)မြောက်ကုန်းမြေမြင့်ပိုင်း၌ နေထိုင်သော တိုင်းတို့ကို မူ “တိုင်းနေ” “အထက်ရှမ်း” ဟုခေါ်၏,,,

(တ)ကချင်ပြည်နယ်ရှိ ရှမ်းများကို (မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ် စစ်ကိုင်း တိုင်း ) “တိုင်းလိုင်” “ရှမ်းနီ” ဟု ခေါ်ပါသည်..

(ထ)တောင်ပိုင်းရှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း ၌ နေထိုင်ကြသော ရှမ်းများကို “တိုင်းယောင်ဟွေ” ယောင်ယွေရှမ်း “ညောင်ရွှေရှမ်း” ဟုခေါ်ပါသည်..

(ဒ)အောက်ပိုင်း မြန်မာပြည်၌ ယနေ့တိုင် နေထိုင်လျက်ရှိကြသော ကျွန်ပ်တို့၏ အနွယ် ရှမ်းများအားလုံးကို “တိုင်းတိုင့် “ အောက်ရှမ်းဟုခေါ်ကြပါသည်..

ယုဝတီဂျင်းဖောမယ် ရဲ့ ရှမ်းစာပေသမိုင်းနှင့် နန်ချိုရှမ်းများ

Credit.မူရင်းရေးသားသူအားလေးစားစွာဖြင့်