တုတ်တိုင်တွေကို စိုက်ထူပြီး တန်းလေးပြုလုပ်ကာ အပေါ်မှာတက်ထိုင်ပြီး ငါးမျှားလေ့ရှိသည့် တံငါသည်များ

စားဝတ်နေရေးအတွက် ငါးဖမ်းဖို့ လှေ၀ယ်ရန် မတတ်နိုင်တာကြောင့် သူတို့ကိုယ်ပိုင်နည်းလမ်းနဲ့ တုတ်တိုင်တွေကို စိုက်ထူပြီး တန်းလေးလုပ်ကာ အပေါ်မှာထိုင်ပြီးတော့ ငါးမျှားလေ့ရှိသော တံငါသည်များ

တုတ်တိုင်တွေကို စိုက်ထူပြီး တန်းလေးလုပ်ကာ အပေါ်မှာ တက်ထိုင်ပြီးတော့ ငါးမျှားလေ့ရှိသော တံငါသည်များ

သီရိလင်္ကာ နိုင်ငံရှိ ပင်လယ်ကမ်းစပ် ဒေသတွင် နေထိုင်သော ရွာသားများသည် ငါးဖမ်းခြင်းလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုရပေမယ့် သူတို့ရဲ့ ရိုးရာ ငါးဖမ်းနည်းက ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့သည်။

တံငါသည်များသည် စားဝတ်နေရေးအတွက် ငါးဖမ်းရာတွင် ပင်လယ်ထဲရွက်လွှင့်ရန် လှေများဝယ်ဖို့ မတတ်နိုင်တာကြောင့် သူတို့ကိုယ်ပိုင် နည်းလမ်းဖြစ်သော ခိုင်ခံ့လှသော တုတ်ချောင်းတစ်ချောင်းကို အလယ်လောက်မှာ ထိုင်စရာလေး ပြုလုပ်ကာ ငါးမျှားကြသည်။

ငါးမျှားတံကိုလည်း မီးနဲ့ အပူပေးကာ ကွေးကောက်စေပြီး တုတ်တိုင်ကို ရေထဲမှာ စိုက်ထူကာ အပေါ်တန်းသို့ တက်ထိုင်ပြီး လက်တစ်ဖက်ကလည်း တုတ်တိုင်ကို လဲကျမသွားအောင် ဟန်ချက် ညီညီထိန်းထားလျက်

ငါးမျှားနေသောပုံရိပ်လေးတွေကြောင့် ခရီးသွား ဧည့်သည်တွေကို စိတ်ဝင်စားစေကာ လာရောက် လည်ပတ်ခြင်းဖြင့် အပိုဝင်ငွေလေးတွေလည်း ရရှိလာ၍ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းလာနိုင်ခဲ့သည်။

crd,မူရင်း

Zawgyi






crd,မူရင်း