မန္တလေးရတနာပုံ ပထမမြို့တည် နန်းတည်မင်းဟူ၍ လည်းကောင်း၊ ပဉ္စမသင်္ဂါယနာတင်မင်းဟူ၍ လည်းကောင်း ထင်ရှားခဲ့သော မင်းတုန်းမင်းကြီး သည် ကုန်းဘောင်မင်းဆက် ( ၁၁ ) ဆက်မှ ( ၁၀ ) ဆက်မြောက်မင်း ဖြစ်ပါတယ်။
၁၁၇၆-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄-ရက်နေ့တွင် ဖွားမြင်ခဲ့၍ ၁၂၄ဝ-ပြည့်နှစ်၊သီတင်းကျွတ်လဆန်း ၆-ရက်၊ အင်္ဂါနေ့တွင် နတ်ပြည်စံခဲ့သော မင်းတုန်းမင်းကြီးတွင် သားတော် ( ၅၄ ) ယောက်နှင့် သမီးတော် ( ၆၀ ) ရှိခဲ့တယ်လို့ “ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး” စာအုပ်မှာ ဖော်ပြထားပါတယ်။
မင်းတုန်းမင်းကြီး၏ သမီးတော်များအနက် မင်းသားများနှင့် စုံဖက်၍ အိမ်ထောင်ရှင် ဖြစ်ကြသော်လည်း ဖိုဆိုလျှင် ယင်ဖိုမှ မသမ်းရဘဲ အပျိုစင်အဖြစ်နှင့်ပင် ဘဝကို အဆုံးသတ်သွားကြရသည့် မင်းသမီး ( ၃ ) ပါး ရှိခဲ့ပါတယ်။ ၎င်းတို့မှာ — ပင်းထိပ်ခေါင်တင်၊ မိုင်းနောင်စုဖုရားကြီး၊ တိုင်းတားထိပ်ခေါင်တင် တို့ဖြစ်ကြပါတယ်။
(၁)ပင်းထိပ်ခေါင်တင်
မင်းတုန်းမင်း နှင့် စားပွဲတောင်တိုက်စားမိဖုရား တို့မှ သမီးတော်သုံးပါ၊ သားတော်တစ်ပါး ထွန်းကားခဲ့ရာ ပင်းထိပ်ခေါင်တင်ဟာ ဒုတိယမြောက် သမီးတော် ဖြစ်ပါတယ်။ အကြီးဆုံးသမီးတော်နှင့် တတိယသားတော်တို့မှာ ငယ်စဉ်ကပင် လွန်သွားသဖြင့် ပင်းထိပ်ခေါင်တင် နှင့် မိုးမိတ်ထိပ်ခေါင်တင် တို့သာ ကျန်ရစ်ခဲ့ပါတယ်။
မယ်တော် စားပွဲတောင်တိုက်စား မိဖုရားမှာ ၁၂၁၉-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁-ရက်နေ့တွင် ကံကုန်တော်မူခဲ့ပါတယ်။ မယ်တော် ကံကုန်သည့်လတွင်ပင် သမီးတော်အကြီးကို မိုးလှိုင်းမြို့နှင့် လဲ၍ ပင်းမြို့ကို စားကျေးပေးတော်မူပါတယ်။
ပင်းထိပ်ခေါင်တင်သည် ၁၂၁၆-ခုနှစ်၊ နယုန်လပြည့်ကျော် ၆-ရက်နေ့ ဥကင်တော်ဖွင့်အခမ်းအနား ကျင်းပစဉ်ကပင် “သီရိသုကေသာဝတီ” ဘွဲ့ရခဲ့ပြီး နောင်အခါ၌ “သီရိသုကေသာဒေဝီ” ဘွဲ့ဖြင့် “ဒေဝီ” အဆင့် မင်းသမီးကြီး ဖြစ်ခဲ့ပါတယ်။
ပင်းထိပ်ခေါင်တင် နှင့် မိုးမိတ်ထိပ်ခေါင်တင် ညီအစ်မတို့မှာ ငယ်ရွယ်စဉ်ကပင် မယ်တော်ကံကုန်တော်မူသွား၍ စကြာဒေဝီ အရှင်နန်းမတော်ဘုရားက နန်းထက်တွင် ကြည့်ရှုစောင့်ရှောက်ထားပါတယ်။
သက္ကရာဇ် ၁၂၂၅-ခုနှစ်၊ နတ်တော်လဆန်း ၆-ရက်နေ့တွင် ပင်းထိပ်ခေါင်တင်ကို ဆံထုံးထုံး၊ တဘက်ဝတ်၊ ဒက်ဆင်မင်္ဂလာ ဆောင်တော်မူပြီးလျှင် သားတော် မက္ခရာမင်းသား သုသီရိမဟာဓမ္မရာဇာနှင့် ရေသွန်းလက်ထပ် စုံဖက်တော်မူစေပါတယ်။
မက္ခရာမင်းသားမှာ ပြင်အိမ်တော်တွင် ဆောင်ရကိုယ်လုပ်တော်ကြီးများနှင့် သားတော်၊ သမီးတော် ခြောက်ယောက်ခန့် ထွန်းကားထားပြီး ဖြစ်၍ ပင်းထိပ်ခေါင်တင်မှာ ခမည်းတော် အမိန့်တော်ကို မလွန်ဆန်ရဲ၍သာ မင်းသားကို လက်ဆက်ခဲ့ရခြင်း ဖြစ်ပါတယ်။ မက္ခရာမင်းသားကလည်း ဆောင်ရကိုယ်လုပ်တော်များနှင့်သာ ပျော်မွေ့နေ၍ ပင်းမင်းသမီး၏ အဆောင်တော်သို့ လုံးဝကူးတော်မမူချေ။
မက္ခရာမင်းသားမှာ အသက်လည်းငယ် အလွန်းလည်းလှသည့် ပင်းမင်းသမီးလေး၏ အဆောင်တော်ကို ကူးတော်မမူခြင်းမှာ စဉ်းစား၍ မရနိုင်အောင်ပင် ဖြစ်ရပါတယ်။ ခမည်းတော်ဘုရား ရွှေနားတော်ကြား၍ သားတော်ကို သတိပေးသည့်အခါ မက္ခရာမင်းသားက “ မှန်လှပါဘုရား၊ နှမတော်အဆောင်ကို သွားပါ့မယ် ဘုရား ” ဟု ရှေ့တော်မှာ ဝန်ခံပြီး မင်းသမီးအဆောင်ကိုမူ တစ်ခေါက်မှ ပေါ်မလာ၍ ပင်းမင်းသမီးမှာ တစ်ကိုယ်တည်း ငိုရလွန်းသဖြင့် စိတ်ထောင်းကိုယ်ကျေ အရိုးနဲ့အရေ ဆိုသကဲ့သို့ ဖြစ်နေရရှာ၏။
မင်းတရားကြီးက “ ငါပေးစားတာကို မကြည်ဖြူရရိုးလား ” ဟု မက္ခရာမင်းသားအား ရွှေနန်းတော် အတွင်းအိမ်တော်တွင် တစ်ပါးတည်း လာရောက်စံနေရမည်ဟု အမိန့်တော် ထုတ်လေ၏။ မက္ခရာမင်းသာမှာ မလွန်ဆန်နိုင်၍ အတွင်းအိမ်တော်သို့ ပြောင်းရွှေ့ စံတော်မူတော်လည်း ဆောင်တော်မကူးချေ။
မက္ခရာမင်းသား၏ မယ်တော်ကို ပင်းမင်းသမီး၏ အဆောင်သို့ ကူး မကူး အခါမပြတ်မေးတော်မူသော်လည်း မကူးကြောင်းသာ သိရလေ၏။ ပင်းထိပ်ခေါင်တင်မှာ ရှက်အားကြီးစွာနှင့် စိတ်ကစဉ့်ကလျား ဖြစ်လာ၍ ခမည်းတော်ကို မင်းသားနှင့် မြန်မြန်ကွာရှင်းပေးဖို့ အကြိမ်ကြိမ်ငိုယိုပူဆာသည်နှင့် ဇွဲကြီးသည့် သားတော်ကို လက်လျော့ပြီး ကွာရှင်းပေးလိုက်ပါတယ်။ ပင်းထိပ်ခေါင်တင်မှာ အိမ်ထောင်ရှင် အပျိုစင် တစ်ခုလပ် ဖြစ်ရရှာ၏။ သက္ကရာဇ် ၁၂၄၄-ခုနှစ်တွင် ကံကုန်တော်မူသွားပါတယ်။
(၂)မိုင်းနောင်စုဖုရားကြီး
မင်းတုန်းမင်းနှင့် အလယ်နန်းတော် ဆင်ဖြူမရှင်မိဖုရား တို့တွင် သမီးတော်လေးပါး သားတော်နှစ်ပါး ဖွားမြင်ခဲ့ရာ မိုင်းနောင်စုဖုရားကြီးသည် သမီးတော်အကြီးဆုံး ဖြစ်ပါတယ်။ ၁၂၁၅-ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃-ရက်၊ တနင်္လာနေ့တွင် ဖွားမြင်ခဲ့ပါတယ်။ မင်းသမီးဘဝက “သီရိသုရတနာမင်္ဂလာဒေဝီ” ဘွဲ့ ရ၍ ပုဂံမြို့ကိုလည်း စားရ၏။
မိုင်းနောင်စုဖုရားကြီးသည် ရိုးရိုးအေးအေးနေတတ်၏။ စကားများများမပြောတတ်။ စာပေကျမ်းဂန်များနှင့်သာ မွှေ့လျော်နေတတ်၏။ အခါအားလျော်စွာ တံဆိပ်ရဆရာတော်ကြီးများထံ သွား၍ တရားစာပေကို နာယူမှတ်သားတတ်၏။ ကျမ်းတတ် သီလရှင်ဆရာကြီးများထံ စာပေသင်ကြားပြီး ပဋိပတ္တိကိုပါ နည်းယူ၏။ ဤကဲ့သို့သော တရားနှင့် မွှေ့လျော်၍ အေးဆေးစွာနေတတ်သော မင်းသမီးမျိုးကိုမှ ကံဇာတ်ဆရာက နန်းတွင်းရေးပြဿနာ အရှုပ်အထွေးအတွင်းသို့ ဇာတ်ဆောင်တစ်ဦးအနေဖြင့် ဆွဲသွင်းခဲ့လေ၏။
သီပေါမင်းသား ထီးနန်းဆက်ခံသောအခါ #ဆင်ဖြူမရှင် သည် သမီးတော် မြတောင်စုဖုရားလတ် နှင့် သီပေါမင်းသားတို့ ရည်ငံနေကြသည်ကို သိလျက်နှင့် သူစီမံသလို နာခံလိမ့်မည်ဟု အထင်နှင့် သမီးတော် မိုင်းနောင်စုဖုရားကြီးကို တောင်နန်းတော်အရာ၊ သမီးတော် မြတောင်စုဖုရားလတ်ကို မြောက်နန်းတော်အရာ ထား၍ မိဖုရားကြီးများအဖြစ် တင်မြှောက်ရန် စီမံခဲ့ပါတယ်။ စုဖုရားလတ်က လက်မခံပေ။
သက္ကရာဇ် ၁၂၄၀-ပြည့်၊ တန်ဆောင်မုန်းလဆန်း ၁၃-ရက်နေ့တွင် မှန်နန်းတော် “အဘရာသနပလ္လင်တော်” ထက်တွင် မိဖုရားနှစ်ပါးအရှေ့ကို မျက်နှာမူ၍ လက်ယာဘက်က မိုင်နောင်စုဖုရားကြီး၊ လက်ဝဲဘက်က မြတောင်စုဖုရားလတ်တို့ စံနေပြီး မိဖုရားနှစ်ပါး တစ်ပြိုင်နက် မဟေသီဘိသက် ခံစေပါတယ်။
ရာဇဝင်တွင် ဤအဖြစ်မျိုး မရှိဘူးခဲ့ပေ။ မဟေသီဘိသက် ခံပြီးသည့်အခါ မိုင်းနောင်စုဖုရားကြီးသည် မူလကစီမံထားသည့်အတိုင်း အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး၏ နန်းမတော်ဆောင်ကြီးသို့ ကြွလှမ်းသွားပါတယ်။ မြတောင်စုဖုရားလတ်အတွက် နန်းမတော်ဆောင် မရှိသေးသည့်အတွက် အနောက်ဝန်မင်းများ အခက်ကြုံရရှာတော့၏။
ထက်မြက်ပါးနပ်လှသော စုဖုရားလတ်သည် မူရင်း အဆောင်တော်ကို ပြန်၍စံနေရန် သင့်တော်မည်မဟုတ်ကြောင်း သိတော်မူရာ သီပေါမင်း၏ လက်ကိုဆွဲ၍ ဘုရင်မင်းမြတ်တို့ အမြဲစံတော်မူရာ မှန်နန်းဆောင်တော်ကြီးတွင်ပင် အတူတွဲ၍ စံတော်မူလိုက်လေ၏။
နောက်ပိုင်းတွင် မိုင်းနောင်စုဖုရားကြီးကို တောင်နန်းမတော် မခေါ်ဝံ့ကြရုံမက တောင်နန်းမတော် အခြေအနေပါ ကွယ်ပျောက်ကာ မယ်တော် ဆင်ဖြူမရှင်ဆောင်သို့ သွားရောက်စံနေတော်မူရပါတယ်။ စုဖုရားလတ်သည် အစ်မတော်ကို သူ့အချစ် လုယူသူအနေဖြင့်သာ မြင်၍ အစ်မတော်ကို မိဖုရားခေါင်ကြီးအရာမှ တဖြည်းဖြည်း ပထုတ်ခဲ့ပါတယ်။
မိုင်းနောင်စုဖုရားကြီး အနေဖြင့် သီပေါမင်းသားနှင့် ညီမတော်တို့ ရည်ငံနေသည်ကို သိသော်လည်း မယ်တော်၏ အစီအမံကိုသာ နာခံရခြင်းဖြစ်ပါတယ်။ ရှေးဆက်ဆက်ကလည်း ဤအစဉ်လာမျိုး ရှိခဲ့ပါတယ်။ မင်းတုန်းမင်းသည် ငယ်ချစ် ကိုယ်လုပ်တော် ခင်သဲ ရှိသော်လည်း ရွှေနန်းရိုးထုံးစံအရ စကြာဒေဝီကို တောင်နန်းတင်၍ ခင်သဲ ကို မြောက်နန်းထားရပေ၏။ ( ခင်သဲ အကြောင်း
စကြာဒေဝီ အနေဖြင့်လည်း အခြေအနေ အရပ်ရပ်ကို သိသော်လည်း ပေးလာသည့် အခြေအနေပေါ် မူတည်၍ လက်ခံရခြင်းဖြစ်ပါတယ်။ မိုင်းနောင်စုဖုရားကြီးအနေဖြင့် မဟေသီအရာကို လက်ခံခဲ့ခြင်းမှာ ညီမတော်၏ အချစ်ကို ဝင်လုခြင်းမဟုတ်။ အစဉ်အလာအရ အားလုံးချောမွေ့ ပြေပြစ်သွားမည်ဟု ထင်၍သာဖြစ်ပါတယ်။
မိုင်းနောင်စုဖုရားကြီးအနေဖြင့် မဟေသီဘိသက်ခံထား၍ သီပေါမင်း၏ တရားဝင်မိဖုရားခေါင်ကြီးသာ ဖြစ်ပါတယ်။ ကွာရှင်းခွင့်လည်းမရ။ အိမ်ထောင်ရှင် အပျိုစင် တစ်ခုလပ် ဖြစ်ရရှာ၏။ မူလက တရားအခံ ရှိသူပီပီ တရားနှင့်သာ ပျော်မွေ့ရင်း နောက်ဆုံး သီလရှင်ဘဝသို့ ကူးပြောင်းသွားကာ ၁၂၆၀-ခုနှစ်၊ နတ်တော်လဆန်း ၁၃-ရက်နေ့တွင် မင်းကွန်း၌ နတ်ရွာစံခဲ့ပါတယ်။
(၃)တိုင်တားထိပ်ခေါင်တင်
မင်းတုန်းမင်းကြီးနှင့် သရစိမ်းရွာစားမိဖုရား တို့တွင် သမီးတော်သုံးပါ သားတော်တစ်ပါး ထွန်းကာရာ တိုင်တားထိပ်ခေါင်တင်မှာ သမီးတော်လတ် ဖြစ်ပါတယ်။ ဘွဲ့တော်မှာ “သုသီရိဟေမာဝတီ” ဖြစ်၏။ တိုင်တားမြို့၊ နတ်မောက်မြို့ များကို စားရပြီး တိုင်တားထိပ်ခေါင်တင် ဟုသာ အမည်တွင်ပါတယ်။ မယ်တော် သရစိမ်းမိဖုရားသည် အလွန်လှ၏။ မင်းတုန်းမင်း နတ်ပြည်စံစဉ်က အသက် ( ၃၆ ) နှစ်သာ ရှိသေး၏။
သီပေါမင်းနှင့် မိဖုရားခေါင်ကြီးတို့ ရာဇဘိသေက မုဒ္ဓါခံစဉ်က တိုင်တားမင်းသမီးသည် ဟင်္ဂမော်မင်းသမီးနှင့်အတူ ငွေမောင်းစွဲကိုင်၍ မင်္ဂလာစကားတင်ဆက်ခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် အရှင်နှစ်ပါးနှင့် အလျင်သင့်ပုံရပါတယ်။
နန်းတက်စဉ်က အရှင်နှစ်ပါးရှေ့တွင် စုပုံထားသော လက်ဝတ်ရတနာများကို နန်းမတော်စုဖုရားလတ်က တိုင်တားမင်းသမီးကို ချစ်ခင်လွန်းသဖြင့် ကြိုက်သလောက်ယူရန် ပေးသနားတော်မူရာ မယူရဲသဖြင့် ကိုယ်တော်တိုင် ရွှေဖလားနှင့် သုံးဖလား သနားတော်မူခဲ့သည်ဟု အဆိုရှိပါတယ်။
ပါတော်မူပြီးနောက်ပိုင်းတွင် သရစိမ်းမိဖုရားနှင့် သမီးတော်များ၊ အခြွေအရံများကို ဗြိတိသျှအစိုးရက မဂိုလမ်း ( ယခု ရွှေဘုံသာလမ်း ) တွင် နေရာချထားပေး၏။ သို့သော် စည်ကားလွန်း၍ ဆူညံသဖြင့် မနေနိုင်ဟု တင်ပြရာ လန်ကစ္စတာလမ်း ( ယခု နဝဒေးလမ်း )၊ အမှတ် ( ၁၇ ) အိမ်တော်သို့ ပြောင်ရွှေ့ပေးခဲ့၏။
ကောလင်းမင်းသား နှင့် သရစိမ်းမိဖုရား၏ အငယ်ဆုံးသမီးတော် #မိုင်းလုံမင်းသမီး ကို ၁၂၅၆-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် နှစ်ဖက်ဆွေတော်မျိုးတော်များရှေ့တွင် လက်ထပ်ပေးပါတယ်။ အင်္ဂလိပ်ဘုရင်ခံကိုယ်တိုင် ကြွရောက်ချီးမြှင်ခဲ့၏။ မိုင်လုံမင်းသမီးသည် သမီးတော်နှစ်ပါး သားတော်တစ်ပါး ထွန်းကား၍ အငယ်ဆုံးသမီးတော်ဖွားမြင်သောနေ့တွင် မီးတွင်း၌ ကံကုန်တော်မူပါတယ်။
ကောလင်းမင်းသားသည် ငယ်ငယ်ရွယ်ရွယ် သက်တော် ( ၃၁ ) နှစ်၌ မုဆိုးဖို ဖြစ်သွား၏။ နှစ်ဖက်ဆွေတော်မျိုးတော်များက အရီးတော် တိုင်တားထိပ်ခေါင်တင်နှင့် ပြန်လက်ဆက်စေချင်ပါတယ်။ ထိုအချိန်က တိုင်တားထိပ်ခေါင်တင်မှာ အသက် ( ၃၁ ) နှစ် ရှိနေပေရာ ညီမတော် မီးတွင်း၌ ကံကုန်သွားသည်ကို တွေ့မြင်ခဲ့ရသဖြင့် အပျိုကြီးပီပီ ကြောက်ရွံ့ကာ လင်စိတ်သားစိတ် ကုန်သွား၏။ သို့ဖြစ်၍ လက်ဆက်ရန် ငြင်းပယ်ခဲ့ပါတယ်။
ကောလင်မင်းသားမှာ အပျော်အပါးသာ လိုက်စားကာ စိတ်လေနေတော့၏။ ကျန်ခဲ့သည့်ကလေးများကို ဘွားတော် သရစိမ်းမိဖုရားကြီးနှင့် မိကြီးတော် နောင်မွန်ထိပ်ခေါင်တင်၊ တိုင်တားထိပ်ခေါင်တင် တို့က တာဝန်ယူထားရပါတယ်။ ကောလင်းမင်းသားသည် ကိုယ်လုပ်တော် မောင်းမများ ထားလာ၏။ ထိုကိုယ်လုပ်တော်များကို ကျန်ခဲ့သည့် ကလေးများ၏ မယ်တော်အရာ မည်သို့မျှ မပေးနိုင်ပေ။
သို့ဖြစ်၍ ကလေးများလည်း မျက်နှာမငယ်ရအောင် မယ်တော်အရာဖြင့် အရီးတော် တိုင်တားထိပ်ခေါင်တင်သည် ကောင်လင်းမင်းသားနှင့် တရားဝင်လက်ဆက်ရန် သဘောတူလိုက်ပါတယ်။ သက္ကရာဇ် ၁၂၆၃-ခုနှစ်တွင် ကောလင်းမင်းသားနှင့် တိုင်တားထိပ်ခေါင်တင်တို့သည် နဝဒေးလမ်း အိမ်တော်တွင်ပင် လက်ဆက်တော်မူပါတယ်။ ထိုစဉ်က တိုင်တားထိပ်ခေါင်တင်မှာ သက်တော် ( ၃၆ ) နှစ် ရှိနေလေပြီ။
ညီမတော် မီးတွင်းထဲတွင် ကံတော်ကုန်သည်ကို ကြုံတွေ့ထားသဖြင့် သားသမီးမွေးဖွားရမည်ကို အလွန်ကြောက်ရွံ့ပေရာ ကောလင်းမင်းသားအား ကလေးများ၏ မိကြီးတော်အရာမှ မယ်တော်နေရာ ခံယူခြင်းဖြစ်တယ်။ မောင်တော်အနေဖြင့် နှမတော်ထံ ဆောင်တော်မကူးပါနှင့်။
ကိုယ်လုပ်တော်များနှင့်သာ ပျော်သလို စံနေပါတော့ဟု တောင်းပန်ထားလေ၏။ ကောလင်းမင်းသားမှာလည်း မရီးတော် အပျိုကြီး၏ ဆန္ဒအတိုင်း ဒုကူလနှင့် ပါရိကာ တို့ထုံး နှလုံးမူ၍ နေလိုက်ရပါတော့တယ်။ ကောလင်းမင်းသားကြီးမှာ ၁၂၈၅-ခုနှစ်တွင် ကံတော်ကုန်သွားပါတယ်။
တိုင်တားထိပ်ခေါင်တင် မင်းသမီးကြီးမှာ ဤသို့ဖြင့် အိမ်ထောင်ရှင် အပျိုစင်ဘဝနှင့် ညီမတော် မွေးခဲ့သည့် ကလေးများကို မယ်တော်နေရာမှ စောင့်ရှောက်ခဲ့ရလေ၏။ တိုင်တားထိပ်ခေါင်တင် မင်းသမီးကြီးမှာ သက်တော်ရှည်၏။ သက္ကရာဇ် ၁၃၁၈-ခု၊ ဝါဆိုလဆန်း ၄-ရက် သက်တော် ( ၉၁ ) တွင်မှ ကံကုန်တော်မူပါတယ်။
Ref;
▪️မောင်သန်းဆွေ ( ထားဝယ် )၊ ( ကုန်းဘောင်ရှင်းတမ်း )
▪️ဒဂုန်ခင်ခင်လေး ( ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး )
crd,
Zawgyi
မႏၱေလးရတနာပုံ ပထမၿမိဳ႕တည္ နန္းတည္မင္းဟူ၍ လည္းေကာင္း၊ ပၪၥမသဂၤါယနာတင္မင္းဟူ၍ လည္းေကာင္း ထင္ရွားခဲ့ေသာ မင္းတုန္းမင္းႀကီး သည္ ကုန္းေဘာင္မင္းဆက္ ( ၁၁ ) ဆက္မွ ( ၁၀ ) ဆက္ေျမာက္မင္း ျဖစ္ပါတယ္။
၁၁၇၆-ခုႏွစ္၊ ဝါဆိုလျပည့္ေက်ာ္ ၄-ရက္ေန႕တြင္ ဖြားျမင္ခဲ့၍ ၁၂၄ဝ-ျပည့္ႏွစ္၊သီတင္းကြၽတ္လဆန္း ၆-ရက္၊ အဂၤါေန႕တြင္ နတ္ျပည္စံခဲ့ေသာ မင္းတုန္းမင္းႀကီးတြင္ သားေတာ္ ( ၅၄ ) ေယာက္ႏွင့္ သမီးေတာ္ ( ၆၀ ) ရွိခဲ့တယ္လို႔ ရတနာပုံ၏ နိဒါန္းႏွင့္နိဂုံး စာအုပ္မွာ ေဖာ္ျပထားပါတယ္။
မင္းတုန္းမင္းႀကီး၏ သမီးေတာ္မ်ားအနက္ မင္းသားမ်ားႏွင့္ စုံဖက္၍ အိမ္ေထာင္ရွင္ ျဖစ္ၾကေသာ္လည္း ဖိုဆိုလွ်င္ ယင္ဖိုမွ မသမ္းရဘဲ အပ်ိဳစင္အျဖစ္ႏွင့္ပင္ ဘဝကို အဆုံးသတ္သြားၾကရသည့္ မင္းသမီး ( ၃ ) ပါး ရွိခဲ့ပါတယ္။ ၎တို႔မွာ ပင္းထိပ္ေခါင္တင္၊ မိုင္းေနာင္စုဖုရားႀကီး၊ တိုင္းတားထိပ္ေခါင္တင္ တို႔ျဖစ္ၾကပါတယ္။
(၁)ပင္းထိပ္ေခါင္တင္
မင္းတုန္းမင္း ႏွင့္ စားပြဲေတာင္တိုက္စားမိဖုရား တို႔မွ သမီးေတာ္သုံးပါ၊ သားေတာ္တစ္ပါး ထြန္းကားခဲ့ရာ ပင္းထိပ္ေခါင္တင္ဟာ ဒုတိယေျမာက္ သမီးေတာ္ ျဖစ္ပါတယ္။ အႀကီးဆုံးသမီးေတာ္ႏွင့္ တတိယသားေတာ္တို႔မွာ ငယ္စဥ္ကပင္ လြန္သြားသျဖင့္ ပင္းထိပ္ေခါင္တင္ ႏွင့္ မိုးမိတ္ထိပ္ေခါင္တင္ တို႔သာ က်န္ရစ္ခဲ့ပါတယ္။
မယ္ေတာ္ စားပြဲေတာင္တိုက္စား မိဖုရားမွာ ၁၂၁၉-ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း ၁-ရက္ေန႕တြင္ ကံကုန္ေတာ္မူခဲ့ပါတယ္။ မယ္ေတာ္ ကံကုန္သည့္လတြင္ပင္ သမီးေတာ္အႀကီးကို မိုးလွိုင္းၿမိဳ႕ႏွင့္ လဲ၍ ပင္းၿမိဳ႕ကို စားေက်းေပးေတာ္မူပါတယ္။
ပင္းထိပ္ေခါင္တင္သည္ ၁၂၁၆-ခုႏွစ္၊ နယုန္လျပည့္ေက်ာ္ ၆-ရက္ေန႕ ဥကင္ေတာ္ဖြင့္အခမ္းအနား က်င္းပစဥ္ကပင္ သီရိသုေကသာဝတီ” ဘြဲ႕ရခဲ့ၿပီး ေနာင္အခါ၌ သီရိသုေကသာေဒဝီ ဘြဲ႕ျဖင့္ ေဒဝီ အဆင့္ မင္းသမီးႀကီး ျဖစ္ခဲ့ပါတယ္။
ပင္းထိပ္ေခါင္တင္ ႏွင့္ မိုးမိတ္ထိပ္ေခါင္တင္ ညီအစ္မတို႔မွာ ငယ္႐ြယ္စဥ္ကပင္ မယ္ေတာ္ကံကုန္ေတာ္မူသြား၍ စၾကာေဒဝီ အရွင္နန္းမေတာ္ဘုရားက နန္းထက္တြင္ ၾကည့္ရႈေစာင့္ေရွာက္ထားပါတယ္။
သကၠရာဇ္ ၁၂၂၅-ခုႏွစ္၊ နတ္ေတာ္လဆန္း ၆-ရက္ေန႕တြင္ ပင္းထိပ္ေခါင္တင္ကို ဆံထုံးထုံး၊ တဘက္ဝတ္၊ ဒက္ဆင္မဂၤလာ ေဆာင္ေတာ္မူၿပီးလွ်င္ သားေတာ္ မကၡရာမင္းသား သုသီရိမဟာဓမၼရာဇာႏွင့္ ေရသြန္းလက္ထပ္ စုံဖက္ေတာ္မူေစပါတယ္။
မကၡရာမင္းသားမွာ ျပင္အိမ္ေတာ္တြင္ ေဆာင္ရကိုယ္လုပ္ေတာ္ႀကီးမ်ားႏွင့္ သားေတာ္၊ သမီးေတာ္ ေျခာက္ေယာက္ခန႔္ ထြန္းကားထားၿပီး ျဖစ္၍ ပင္းထိပ္ေခါင္တင္မွာ ခမည္းေတာ္ အမိန႔္ေတာ္ကို မလြန္ဆန္ရဲ၍သာ မင္းသားကို လက္ဆက္ခဲ့ရျခင္း ျဖစ္ပါတယ္။ မကၡရာမင္းသားကလည္း ေဆာင္ရကိုယ္လုပ္ေတာ္မ်ားႏွင့္သာ ေပ်ာ္ေမြ႕ေန၍ ပင္းမင္းသမီး၏ အေဆာင္ေတာ္သို႔ လုံးဝကူးေတာ္မမူေခ်။
မကၡရာမင္းသားမွာ အသက္လည္းငယ္ အလြန္းလည္းလွသည့္ ပင္းမင္းသမီးေလး၏ အေဆာင္ေတာ္ကို ကူးေတာ္မမူျခင္းမွာ စဥ္းစား၍ မရနိုင္ေအာင္ပင္ ျဖစ္ရပါတယ္။ ခမည္းေတာ္ဘုရား ေ႐ႊနားေတာ္ၾကား၍ သားေတာ္ကို သတိေပးသည့္အခါ မကၡရာမင္းသားက မွန္လွပါဘုရား၊ ႏွမေတာ္အေဆာင္ကို သြားပါ့မယ္ ဘုရား ဟု ေရွ႕ေတာ္မွာ ဝန္ခံၿပီး မင္းသမီးအေဆာင္ကိုမူ တစ္ေခါက္မွ ေပၚမလာ၍ ပင္းမင္းသမီးမွာ တစ္ကိုယ္တည္း ငိုရလြန္းသျဖင့္ စိတ္ေထာင္းကိုယ္ေက် အရိုးနဲ႕အေရ ဆိုသကဲ့သို႔ ျဖစ္ေနရရွာ၏။
မင္းတရားႀကီးက ငါေပးစားတာကို မၾကည္ျဖဴရရိုးလား ဟု မကၡရာမင္းသားအား ေ႐ႊနန္းေတာ္ အတြင္းအိမ္ေတာ္တြင္ တစ္ပါးတည္း လာေရာက္စံေနရမည္ဟု အမိန႔္ေတာ္ ထုတ္ေလ၏။ မကၡရာမင္းသာမွာ မလြန္ဆန္နိုင္၍ အတြင္းအိမ္ေတာ္သို႔ ေျပာင္းေ႐ႊ႕ စံေတာ္မူေတာ္လည္း ေဆာင္ေတာ္မကူးေခ်။
မကၡရာမင္းသား၏ မယ္ေတာ္ကို ပင္းမင္းသမီး၏ အေဆာင္သို႔ ကူး မကူး အခါမျပတ္ေမးေတာ္မူေသာ္လည္း မကူးေၾကာင္းသာ သိရေလ၏။ ပင္းထိပ္ေခါင္တင္မွာ ရွက္အားႀကီးစြာႏွင့္ စိတ္ကစဉ့္ကလ်ား ျဖစ္လာ၍ ခမည္းေတာ္ကို မင္းသားႏွင့္ ျမန္ျမန္ကြာရွင္းေပးဖို႔ အႀကိမ္ႀကိမ္ငိုယိုပူဆာသည္ႏွင့္ ဇြဲႀကီးသည့္ သားေတာ္ကို လက္ေလ်ာ့ၿပီး ကြာရွင္းေပးလိုက္ပါတယ္။ ပင္းထိပ္ေခါင္တင္မွာ အိမ္ေထာင္ရွင္ အပ်ိဳစင္ တစ္ခုလပ္ ျဖစ္ရရွာ၏။ သကၠရာဇ္ ၁၂၄၄-ခုႏွစ္တြင္ ကံကုန္ေတာ္မူသြားပါတယ္။
(၂)မိုင္းေနာင္စုဖုရားႀကီး
မင္းတုန္းမင္းႏွင့္ အလယ္နန္းေတာ္ ဆင္ျဖဴမရွင္မိဖုရား တို႔တြင္ သမီးေတာ္ေလးပါး သားေတာ္ႏွစ္ပါး ဖြားျမင္ခဲ့ရာ မိုင္းေနာင္စုဖုရားႀကီးသည္ သမီးေတာ္အႀကီးဆုံး ျဖစ္ပါတယ္။ ၁၂၁၅-ခုႏွစ္၊ တေပါင္းလျပည့္ေက်ာ္ ၁၃-ရက္၊ တနလၤာေန႕တြင္ ဖြားျမင္ခဲ့ပါတယ္။ မင္းသမီးဘဝက သီရိသုရတနာမဂၤလာေဒဝီ ဘြဲ႕ ရ၍ ပုဂံၿမိဳ႕ကိုလည္း စားရ၏။
မိုင္းေနာင္စုဖုရားႀကီးသည္ ရိုးရိုးေအးေအးေနတတ္၏။ စကားမ်ားမ်ားမေျပာတတ္။ စာေပက်မ္းဂန္မ်ားႏွင့္သာ ေမႊ႕ေလ်ာ္ေနတတ္၏။ အခါအားေလ်ာ္စြာ တံဆိပ္ရဆရာေတာ္ႀကီးမ်ားထံ သြား၍ တရားစာေပကို နာယူမွတ္သားတတ္၏။ က်မ္းတတ္ သီလရွင္ဆရာႀကီးမ်ားထံ စာေပသင္ၾကားၿပီး ပဋိပတၱိကိုပါ နည္းယူ၏။ ဤကဲ့သို႔ေသာ တရားႏွင့္ ေမႊ႕ေလ်ာ္၍ ေအးေဆးစြာေနတတ္ေသာ မင္းသမီးမ်ိဳးကိုမွ ကံဇာတ္ဆရာက နန္းတြင္းေရးျပႆနာ အရႈပ္အေထြးအတြင္းသို႔ ဇာတ္ေဆာင္တစ္ဦးအေနျဖင့္ ဆြဲသြင္းခဲ့ေလ၏။
သီေပါမင္းသား ထီးနန္းဆက္ခံေသာအခါ #ဆင္ျဖဴမရွင္ သည္ သမီးေတာ္ ျမေတာင္စုဖုရားလတ္ ႏွင့္ သီေပါမင္းသားတို႔ ရည္ငံေနၾကသည္ကို သိလ်က္ႏွင့္ သူစီမံသလို နာခံလိမ့္မည္ဟု အထင္ႏွင့္ သမီးေတာ္ မိုင္းေနာင္စုဖုရားႀကီးကို ေတာင္နန္းေတာ္အရာ၊ သမီးေတာ္ ျမေတာင္စုဖုရားလတ္ကို ေျမာက္နန္းေတာ္အရာ ထား၍ မိဖုရားႀကီးမ်ားအျဖစ္ တင္ျမႇောက္ရန္ စီမံခဲ့ပါတယ္။ စုဖုရားလတ္က လက္မခံေပ။
သကၠရာဇ္ ၁၂၄၀-ျပည့္၊ တန္ေဆာင္မုန္းလဆန္း ၁၃-ရက္ေန႕တြင္ မွန္နန္းေတာ္ အဘရာသနပလႅင္ေတာ္ ထက္တြင္ မိဖုရားႏွစ္ပါးအေရွ႕ကို မ်က္ႏွာမူ၍ လက္ယာဘက္က မိုင္ေနာင္စုဖုရားႀကီး၊ လက္ဝဲဘက္က ျမေတာင္စုဖုရားလတ္တို႔ စံေနၿပီး မိဖုရားႏွစ္ပါး တစ္ၿပိဳင္နက္ မေဟသီဘိသက္ ခံေစပါတယ္။
ရာဇဝင္တြင္ ဤအျဖစ္မ်ိဳး မရွိဘူးခဲ့ေပ။ မေဟသီဘိသက္ ခံၿပီးသည့္အခါ မိုင္းေနာင္စုဖုရားႀကီးသည္ မူလကစီမံထားသည့္အတိုင္း အဂၢမေဟသီ မိဖုရားေခါင္ႀကီး၏ နန္းမေတာ္ေဆာင္ႀကီးသို႔ ႂကြလွမ္းသြားပါတယ္။ ျမေတာင္စုဖုရားလတ္အတြက္ နန္းမေတာ္ေဆာင္ မရွိေသးသည့္အတြက္ အေနာက္ဝန္မင္းမ်ား အခက္ႀကဳံရရွာေတာ့၏။
ထက္ျမက္ပါးနပ္လွေသာ စုဖုရားလတ္သည္ မူရင္း အေဆာင္ေတာ္ကို ျပန္၍စံေနရန္ သင့္ေတာ္မည္မဟုတ္ေၾကာင္း သိေတာ္မူရာ သီေပါမင္း၏ လက္ကိုဆြဲ၍ ဘုရင္မင္းျမတ္တို႔ အၿမဲစံေတာ္မူရာ မွန္နန္းေဆာင္ေတာ္ႀကီးတြင္ပင္ အတူတြဲ၍ စံေတာ္မူလိုက္ေလ၏။
ေနာက္ပိုင္းတြင္ မိုင္းေနာင္စုဖုရားႀကီးကို ေတာင္နန္းမေတာ္ မေခၚဝံ့ၾက႐ုံမက ေတာင္နန္းမေတာ္ အေျခအေနပါ ကြယ္ေပ်ာက္ကာ မယ္ေတာ္ ဆင္ျဖဴမရွင္ေဆာင္သို႔ သြားေရာက္စံေနေတာ္မူရပါတယ္။ စုဖုရားလတ္သည္ အစ္မေတာ္ကို သူ႕အခ်စ္ လုယူသူအေနျဖင့္သာ ျမင္၍ အစ္မေတာ္ကို မိဖုရားေခါင္ႀကီးအရာမွ တျဖည္းျဖည္း ပထုတ္ခဲ့ပါတယ္။
မိုင္းေနာင္စုဖုရားႀကီး အေနျဖင့္ သီေပါမင္းသားႏွင့္ ညီမေတာ္တို႔ ရည္ငံေနသည္ကို သိေသာ္လည္း မယ္ေတာ္၏ အစီအမံကိုသာ နာခံရျခင္းျဖစ္ပါတယ္။ ေရွးဆက္ဆက္ကလည္း ဤအစဥ္လာမ်ိဳး ရွိခဲ့ပါတယ္။ မင္းတုန္းမင္းသည္ ငယ္ခ်စ္ ကိုယ္လုပ္ေတာ္ ခင္သဲ ရွိေသာ္လည္း ေ႐ႊနန္းရိုးထုံးစံအရ စၾကာေဒဝီကို ေတာင္နန္းတင္၍ ခင္သဲ ကို ေျမာက္နန္းထားရေပ၏။ ( ခင္သဲ အေၾကာင္း
စၾကာေဒဝီ အေနျဖင့္လည္း အေျခအေန အရပ္ရပ္ကို သိေသာ္လည္း ေပးလာသည့္ အေျခအေနေပၚ မူတည္၍ လက္ခံရျခင္းျဖစ္ပါတယ္။ မိုင္းေနာင္စုဖုရားႀကီးအေနျဖင့္ မေဟသီအရာကို လက္ခံခဲ့ျခင္းမွာ ညီမေတာ္၏ အခ်စ္ကို ဝင္လုျခင္းမဟုတ္။ အစဥ္အလာအရ အားလုံးေခ်ာေမြ႕ ေျပျပစ္သြားမည္ဟု ထင္၍သာျဖစ္ပါတယ္။
မိုင္းေနာင္စုဖုရားႀကီးအေနျဖင့္ မေဟသီဘိသက္ခံထား၍ သီေပါမင္း၏ တရားဝင္မိဖုရားေခါင္ႀကီးသာ ျဖစ္ပါတယ္။ ကြာရွင္းခြင့္လည္းမရ။ အိမ္ေထာင္ရွင္ အပ်ိဳစင္ တစ္ခုလပ္ ျဖစ္ရရွာ၏။ မူလက တရားအခံ ရွိသူပီပီ တရားႏွင့္သာ ေပ်ာ္ေမြ႕ရင္း ေနာက္ဆုံး သီလရွင္ဘဝသို႔ ကူးေျပာင္းသြားကာ ၁၂၆၀-ခုႏွစ္၊ နတ္ေတာ္လဆန္း ၁၃-ရက္ေန႕တြင္ မင္းကြန္း၌ နတ္႐ြာစံခဲ့ပါတယ္။
(၃)တိုင္တားထိပ္ေခါင္တင္
မင္းတုန္းမင္းႀကီးႏွင့္ သရစိမ္း႐ြာစားမိဖုရား တို႔တြင္ သမီးေတာ္သုံးပါ သားေတာ္တစ္ပါး ထြန္းကာရာ တိုင္တားထိပ္ေခါင္တင္မွာ သမီးေတာ္လတ္ ျဖစ္ပါတယ္။ ဘြဲ႕ေတာ္မွာ သုသီရိေဟမာဝတီ ျဖစ္၏။ တိုင္တားၿမိဳ႕၊ နတ္ေမာက္ၿမိဳ႕ မ်ားကို စားရၿပီး တိုင္တားထိပ္ေခါင္တင္ ဟုသာ အမည္တြင္ပါတယ္။ မယ္ေတာ္ သရစိမ္းမိဖုရားသည္ အလြန္လွ၏။ မင္းတုန္းမင္း နတ္ျပည္စံစဥ္က အသက္ ( ၃၆ ) ႏွစ္သာ ရွိေသး၏။
သီေပါမင္းႏွင့္ မိဖုရားေခါင္ႀကီးတို႔ ရာဇဘိေသက မုဒ္ဓါခံစဉ်က တိုင္တားမင္းသမီးသည္ ဟဂၤေမာ္မင္းသမီးႏွင့္အတူ ေငြေမာင္းစြဲကိုင္၍ မဂၤလာစကားတင္ဆက္ခဲ့ရသည္ကို ၾကည့္ျခင္းအားျဖင့္ အရွင္ႏွစ္ပါးႏွင့္ အလ်င္သင့္ပုံရပါတယ္။
နန္းတက္စဥ္က အရွင္ႏွစ္ပါးေရွ႕တြင္ စုပုံထားေသာ လက္ဝတ္ရတနာမ်ားကို နန္းမေတာ္စုဖုရားလတ္က တိုင္တားမင္းသမီးကို ခ်စ္ခင္လြန္းသျဖင့္ ႀကိဳက္သေလာက္ယူရန္ ေပးသနားေတာ္မူရာ မယူရဲသျဖင့္ ကိုယ္ေတာ္တိုင္ ေ႐ႊဖလားႏွင့္ သုံးဖလား သနားေတာ္မူခဲ့သည္ဟု အဆိုရွိပါတယ္။
ပါေတာ္မူၿပီးေနာက္ပိုင္းတြင္ သရစိမ္းမိဖုရားႏွင့္ သမီးေတာ္မ်ား၊ အေႁခြအရံမ်ားကို ၿဗိတိသွ်အစိုးရက မဂိုလမ္း ( ယခု ေ႐ႊဘုံသာလမ္း ) တြင္ ေနရာခ်ထားေပး၏။ သို႔ေသာ္ စည္ကားလြန္း၍ ဆူညံသျဖင့္ မေနနိုင္ဟု တင္ျပရာ လန္ကစၥတာလမ္း ( ယခု နဝေဒးလမ္း )၊ အမွတ္ ( ၁၇ ) အိမ္ေတာ္သို႔ ေျပာင္ေ႐ႊ႕ေပးခဲ့၏။
ေကာလင္းမင္းသား ႏွင့္ သရစိမ္းမိဖုရား၏ အငယ္ဆုံးသမီးေတာ္ #မိုင္းလုံမင္းသမီး ကို ၁၂၅၆-ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း ၁၁-ရက္ေန႕တြင္ ႏွစ္ဖက္ေဆြေတာ္မ်ိဳးေတာ္မ်ားေရွ႕တြင္ လက္ထပ္ေပးပါတယ္။ အဂၤလိပ္ဘုရင္ခံကိုယ္တိုင္ ႂကြေရာက္ခ်ီးျမႇင္ခဲ့၏။ မိုင္လုံမင္းသမီးသည္ သမီးေတာ္ႏွစ္ပါး သားေတာ္တစ္ပါး ထြန္းကား၍ အငယ္ဆုံးသမီးေတာ္ဖြားျမင္ေသာေန႕တြင္ မီးတြင္း၌ ကံကုန္ေတာ္မူပါတယ္။
ေကာလင္းမင္းသားသည္ ငယ္ငယ္႐ြယ္႐ြယ္ သက္ေတာ္ ( ၃၁ ) ႏွစ္၌ မုဆိုးဖို ျဖစ္သြား၏။ ႏွစ္ဖက္ေဆြေတာ္မ်ိဳးေတာ္မ်ားက အရီးေတာ္ တိုင္တားထိပ္ေခါင္တင္ႏွင့္ ျပန္လက္ဆက္ေစခ်င္ပါတယ္။ ထိုအခ်ိန္က တိုင္တားထိပ္ေခါင္တင္မွာ အသက္ ( ၃၁ ) ႏွစ္ ရွိေနေပရာ ညီမေတာ္ မီးတြင္း၌ ကံကုန္သြားသည္ကို ေတြ႕ျမင္ခဲ့ရသျဖင့္ အပ်ိဳႀကီးပီပီ ေၾကာက္႐ြံ႕ကာ လင္စိတ္သားစိတ္ ကုန္သြား၏။ သို႔ျဖစ္၍ လက္ဆက္ရန္ ျငင္းပယ္ခဲ့ပါတယ္။
ေကာလင္မင္းသားမွာ အေပ်ာ္အပါးသာ လိုက္စားကာ စိတ္ေလေနေတာ့၏။ က်န္ခဲ့သည့္ကေလးမ်ားကို ဘြားေတာ္ သရစိမ္းမိဖုရားႀကီးႏွင့္ မိႀကီးေတာ္ ေနာင္မြန္ထိပ္ေခါင္တင္၊ တိုင္တားထိပ္ေခါင္တင္ တို႔က တာဝန္ယူထားရပါတယ္။ ေကာလင္းမင္းသားသည္ ကိုယ္လုပ္ေတာ္ ေမာင္းမမ်ား ထားလာ၏။ ထိုကိုယ္လုပ္ေတာ္မ်ားကို က်န္ခဲ့သည့္ ကေလးမ်ား၏ မယ္ေတာ္အရာ မည္သို႔မွ် မေပးနိုင္ေပ။
သို႔ျဖစ္၍ ကေလးမ်ားလည္း မ်က္ႏွာမငယ္ရေအာင္ မယ္ေတာ္အရာျဖင့္ အရီးေတာ္ တိုင္တားထိပ္ေခါင္တင္သည္ ေကာင္လင္းမင္းသားႏွင့္ တရားဝင္လက္ဆက္ရန္ သေဘာတူလိုက္ပါတယ္။ သကၠရာဇ္ ၁၂၆၃-ခုႏွစ္တြင္ ေကာလင္းမင္းသားႏွင့္ တိုင္တားထိပ္ေခါင္တင္တို႔သည္ နဝေဒးလမ္း အိမ္ေတာ္တြင္ပင္ လက္ဆက္ေတာ္မူပါတယ္။ ထိုစဥ္က တိုင္တားထိပ္ေခါင္တင္မွာ သက္ေတာ္ ( ၃၆ ) ႏွစ္ ရွိေနေလၿပီ။
ညီမေတာ္ မီးတြင္းထဲတြင္ ကံေတာ္ကုန္သည္ကို ႀကဳံေတြ႕ထားသျဖင့္ သားသမီးေမြးဖြားရမည္ကို အလြန္ေၾကာက္႐ြံ႕ေပရာ ေကာလင္းမင္းသားအား ကေလးမ်ား၏ မိႀကီးေတာ္အရာမွ မယ္ေတာ္ေနရာ ခံယူျခင္းျဖစ္တယ္။ ေမာင္ေတာ္အေနျဖင့္ ႏွမေတာ္ထံ ေဆာင္ေတာ္မကူးပါႏွင့္။
ကိုယ္လုပ္ေတာ္မ်ားႏွင့္သာ ေပ်ာ္သလို စံေနပါေတာ့ဟု ေတာင္းပန္ထားေလ၏။ ေကာလင္းမင္းသားမွာလည္း မရီးေတာ္ အပ်ိဳႀကီး၏ ဆႏၵအတိုင္း ဒုကူလႏွင့္ ပါရိကာ တို႔ထုံး ႏွလုံးမူ၍ ေနလိုက္ရပါေတာ့တယ္။ ေကာလင္းမင္းသားႀကီးမွာ ၁၂၈၅-ခုႏွစ္တြင္ ကံေတာ္ကုန္သြားပါတယ္။
တိုင္တားထိပ္ေခါင္တင္ မင္းသမီးႀကီးမွာ ဤသို႔ျဖင့္ အိမ္ေထာင္ရွင္ အပ်ိဳစင္ဘဝႏွင့္ ညီမေတာ္ ေမြးခဲ့သည့္ ကေလးမ်ားကို မယ္ေတာ္ေနရာမွ ေစာင့္ေရွာက္ခဲ့ရေလ၏။ တိုင္တားထိပ္ေခါင္တင္ မင္းသမီးႀကီးမွာ သက္ေတာ္ရွည္၏။ သကၠရာဇ္ ၁၃၁၈-ခု၊ ဝါဆိုလဆန္း ၄-ရက္ သက္ေတာ္ ( ၉၁ ) တြင္မွ ကံကုန္ေတာ္မူပါတယ္။
Ref;
ေမာင္သန္းေဆြ ( ထားဝယ္ )၊ ( ကုန္းေဘာင္ရွင္းတမ္း )
ဒဂုန္ခင္ခင္ေလး ( ရတနာပုံ၏ နိဒါန္းႏွင့္ နိဂုံး )
crd,