ဗညားနွဲ့(သို့)ရာဇာဓိရာဇ်ရဲ့အစ(မြန်မာသက္ကရာဇ်၇၄၅-၇၂၈)မှာမဂဒူးမင်းဆက်၏(၉)ဆက်မြောက်မင်းဖြစ်သည်။
အစဉ်အဆက်မုတ္တမတွင်ထီးနန်းစိုးစံခဲ့ရာမှ(၈)ဆက်မြောက်ဖြစ်သည့်ဖခင်ဖြစ်သူ(ဆင်ဖြူရှင်ဗညားဦး)လက်ထက်တွင်လက်အောက်ခံမြို့စားများဖြစ်သည့်လောက်ဖြား၊အဲဗြပုန်၊ဗြထဗ၊ဥလိုတို့ညီအစ်ကိုလေးယောက်ကတော်လှန်သဖြင့်ဒုန်၀န်းမြို့သို့ယာယီပြောင်းရွှေ့ခဲ့ရသည်။
နောက်မကြာမီတွင်ဒုန်၀န်းသို့လာရောက်တိုက်ခိုက်ကြသည်ကိုမခံနိုင်သဖြင့်ဟံသာ၀တီ(ပဲခူး)သို့ပြောင်းရွှေ့ကာနန်းသစ်တည်ပြီးမင်းပြုပြန်သည်။အစ်မတော်(မဟာဒေဝီ)အားအားကိုးချစ်ခင်ပြီးဒဂုံ(ရန်ကုန်)ကိုစားစေသည်။နောင်တော်မင်းလင်္ကာပုန်ကန်ပြန်သဖြင့်နှိမ်နှင်းကာကွပ်မျက်ပြီး၄င်း၏မယားမွေ့သင်အားသိမ်းပိုက်သည်။
သားတော်တစ်ပါး(ဗညားနွဲ့)အားမွေ့သင်မှဖွားမြင်ရာချစ်မြတ်နိုးတော်မူလှသည်မရှိဟုသိရသည်။လျှာတွင်အစက်ပျောက်များပါလာသည့်အတွက်(ဗန်သုံဗန်စက်)ဟုနာမည်ပေးထားသည်။နောင်အခါဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။အခြားမိဖုရားဖြစ်သောဗျက်လှိုင်းရွာသူ(မွေးမဂူတောက်)မှဖွားသည့်ဘောငံမုန်(ဗောခုံမှိုင်း)ကိုပိုသာစွာကြည်ဖြူပြီးဖခင်ဖြစ်သူဗညားဦးမှနန်းလျာအဖြစ်အလိုရှိခဲ့သည်။
ဗညားနွဲ့အသက်၁၅နှစ်တွင်အဖတူအမိကွဲနှမတော်တလမေဒေါနှင့်ရည်ငံကာထွက်ပြေးကြသဖြင့်ဖခင်ဖြစ်သူဗညားဦးလွန်စွာအမျက်ရှကာထောင်သွင်းအကျဉ်းချစေသည်။နောင်မဟာဒေဝီတောင်းပန်သဖြင့်ပြန်လွတ်စေသည်။
ဟံသာ၀တီတွင်ဘုရင်ဗညားဦး(ဆင်ဖြူရှင်ဗညားဦး)နာမကျန်းဖြစ်ချိန်တွင်သားတော်(ဗညားနွဲ့)အားအရီးတော်မဟာဒေဝီနှင့်ယောက်ဖတော်သမိန်မရူးတို့မှသမိန်မရူးထီးနန်းရရန်လုပ်ကြံလေသောကြောင့်ဗညားနွဲ့လည်းကျွန်ယုံ၃၀ကျော်ဖြင့်ဒဂုံ(ရန်ကုန်)သို့ထွက်ပြေးကာထိုမှနေပြီးပုန်ကန်ပါတော့သည်။
ယောက်ဖတော်သမိန်မရူးနှင့်အရီးတော်မဟာဒေဝီတို့မှာဖေါက်ပြန်နေ၍မရိုးသားကြပေ။)ထိုသို့ဗညားနွဲ့ဒဂုံတွင်ရှိစဉ်လင်ရှိမယားဆီသည်မ(မြန်မာမူတွင်ပန်းသည်မ)(မွေမနိတ်)ကိုမိဖုရားအဖြစ်သိမ်းပိုက်သည်။နောင်တွင်မဟာဒေဝီနှင့်သမိန်မရူးတို့ကလောက်ဖြား၊ဗြထဗတို့ကိုစည်းရုံးပြီးစစ်တပ်ကြီးစီရင်ကာဒဂုံကိုဝိုင်းရံလာစဉ်ဥပါယ်ဖြင့်မြောင်းမြနှင့်မုတ္တမတို့မှစစ်တပ်များကိုပြန်လှည့်စေရန်ပြုသည်။
အမိတူအဖကွဲနောင်တော်ဒလစား(မညီကံကောင်း)လာရောက်ပူးပေါင်းသဖြင့်အင်အားပိုတောင့်တင်းလာပြီးသမိန်မရူးတပ်ကိုညအချိန်တွင်အပြင်းတိုက်သဖြင့်သမိန်မရူးပြေးရာလူသူသုံ့ပန်းအများအပြားရပြီးအောင်ပွဲခံနိုင်လေသည်။
နောက်တွင်ပဲခူးထိချီတက်တိုက်ခိုက်ရာပဲခူးမရောက်မီခမည်းတော်ဗညားဦးနတ်ရွာလားလေသောကြောင့်တစ်ကြောင်း၊သမိန်မရူးပြေးသောကြောင့်တစ်ကြောင်း၊မြို့တွင်းမှမှူးမတ်များကထောက်ခံသောကြောင့်တစ်ကြောင်းနန်းပလ္လင်ပေါ်သို့လွယ်ကူစွာတက်နိုင်ကာ(ရာဇာဓိရာဇ်)ဟူသောဘွဲ့ဖြင့်အသက်၁၆နှစ်တွင်ဟံသာ၀တီပြည်ကိုအုပ်စိုးလေသည်။
နန်းရလျှင်မွေမနိတ်အားပီယရာဇာဒေဝီဘွဲ့ဖြင့်မိဖုရားကြီးအရာပေးသည်။သမိန်မရူးနှင့်၄င်း၏မယားတလမေသီရိတို့အားသတ်စေပြီးအရီးတော်မဟာဒေဝီကိုမူကျေးဇူးရှိဖူးသည်ကိုထောက်ကာမသတ်ဘဲထားလေသည်။
မိမိအားနန်းတော်တံခါးတစ်ဖက်သာဖွင့်ပြီးကြိုဆိုသည့်အတွက်အမတ်ဒိန်ကိုသတ်ရန်အမိန့်ချသော်လည်းအမတ်ဒိန်အလျှောက်ကောင်းသဖြင့်လွတ်သည်။နန်းတက်ပြီးနောက်မကြာမီအင်း၀မှမင်းကြီးစွာသည်မြောင်းမြစားလောက်ဖြား၏မနာလိုကုန်းတိုက်စကားတွင်ယုံမှတ်ကာဟံသာ၀တီကိုအရယူရန်အကြံဖြင့်ချီလာသည်ကိုတွန်းလှန်ခဲ့ရသေးသည်။
အမှန်တွင်ဟံသာ၀တီမင်းနေပြည်၏အာဏာစက်မှာရာမညမွန်သုံးရပ်တွင်အရှေ့မုတ္တမ၃၂မြို့နှင့်အနောက်ပုသိမ်၃၂မြို့များသို့ပင်သက်ရောက်နိုင်ခြင်းမရှိဘဲဖြစ်နေသည်မှာဆင်ဖြူရှင်ဗညားဦးလက်ထက်ကပင်ဖြစ်ပါသည်။ထို့ကြောင့်ဗညားနွဲ့အနေဖြင့်အဆိုပါသူပုန်သူကန်၊မြို့စား၊ရွာစားများကိုနှိမ်နှင်းရန်အကြောင်းဖန်လာလေတော့သည်။
ထို့ကြောင့်ပင်လူသူလက်နက်များစုစည်းပြီးခမည်းတော်ဗညားဦးလက်ထက်ကလက်လွှတ်ခဲ့ရသည့်အရှေ့ဖက်မုတ္တမ၃၂မြို့ကိုဆက်တိုက်သိမ်းယူပြီးအရှေ့တစ်လွားရှိမြို့ရွာများတွင်ယုံကြည်ရသည့်မှူးမတ်များကိုမြို့စားအရာပေးကာဟံသာ၀တီသို့ပြန်လေသည်။
ထိုသို့အရှေ့ဖက်သို့တိုက်ခိုက်ခဲ့ရာတွင်နာမည်ရသည့်သူရဲကောင်းများမှာအမတ်ဒိန်၊သမိန်သံဗြတ်(သမိန်ဗြာဇ္ဇ)၊လဂွန်းအိန်၊သမိန်ရဲသင်ရံတို့ဖြစ်သည်။မြန်မာသက္ကရာဇ်၇၅၀တွင်နောင်တော်(မညီကံကောင်း)သည်မြောင်းမြစားလောက်ဖြားနှင့်ပူးပေါင်းပြီးဒလမှပုန်ကန်သည်ကိုသွားရောက်နှိမ်နှင်းရပြီး(မညီကံကောင်း)အားကွပ်မျက်ကာ၄င်း၏သား၊တူတော်ဘောဝ်ကျော်အားသစ္စာပေးကာအဖအရာကိုဆက်ခံစေသည်။
နောက်လောက်ဖြားအားနှိမ်နှင်းရန်တစ်ပါတည်းအနောက်ဖက်သို့ချီလေသည်။ရှေးဦးစွာပုသိမ်ကိုစားသောလောက်ဖြား၏သားနှစ်ပါးဖြစ်သည့်လောက်ရုန်နှင့်လောက်သိန်တို့အားတိုက်ရာအနိုင်မရနိုင်ဘဲသူရဲကောင်းအမတ်ရာဇမနု(မင်းကန်စီ)ပါဆင်ထက်တွင်ကျဆုံးလေသည်။ထိုသို့ပုသိမ်တွင်ရှိနေစဉ်ပဲခူးတွင်အကျဉ်းချထားသည့်ညီတော်ဘောငံမုန်အားအဲကောင်ဗိန်ကိုလွှတ်ပြီးကွပ်စေပြန်သည်။
နောက်စစ်ဦးကိုမြောင်းမြသို့လှည့်ဟန်ပြုကာလဂွန်းအိန်အားပရိယာယ်ဖြင့်နောက်မှလိုက်သည့်လောက်ရုန်နှင့်လောက်သိန်တို့အားအနိုင်ယူစေကာပုသိမ်ကိုအရသိမ်းလေသည်။အမတ်ဒိန်ကလည်းဒေးပသွယ်ကိုရပြီးရာဇာဓိရာဇ်အားဆ၁က်ပြန်သည်။
နောက်မြောင်းမြသို့ချီရာမြောင်းမြစားလည်းမခံဝံ့သဖြင့်လှေဖြင့်ပြေးမည်ကြံသော်သားတော်မပစ်နွဲ့(ဗျည်းနွဲ့)ကတားကာရာဇာဓိရာဇ်အားတစ်ဦးချင်းဆင်စီးချင်းထိုးပြီးအနိုင်အရှုံးဆုံးဖြတ်ရန်တောင်းဆိုလေသည်။ရာဇာဓိရာဇ်လည်းလက်ခံကာဆင်တော်ငရက်နွဲ့ကိုစီးပြီးဆင်စီးချင်းထိုး၏။
အမှတ်မဲ့ဖြင့်ချိန်းဆိုရာမြို့ရိုးတွင်းသို့၀င်ရာမပစ်နွဲ့ကတံခါးအကွယ်မှရုတ်တရက်ထွက်တိုက်ကာဆင်ချင်းပူးလျှင်ခုတ်ရန်ဓါးချွတ်မရသောကြောင့်ချွန်းသီးနှင့်ရိုက်သော်ရာဇာဓိရာဇ်နဖူးကွဲကာမူးဝေလေသည်။ထို့ကြောင့်မြို့ပြင်သို့ဆုတ်ပြေးပြီးအမူးပြေမှတဖန်ပြန်လှည့်တိုက်သည်။ဒီတစ်ကြိမ်တွင်အနိုင်ယူကာမြောင်းမြကိုသိမ်းလေသည်။
နောက်လောက်ဖြားအားဂတိအတိုင်းဒဂုံဆံတော်ရှင်(ရွှေတိဂုံ) အနီးတွင်သီတင်းဆောက်တည်ခွင့်ပြုသည်။မပစ်နွဲ့မှာမူမနေလိုကြောင်းလျှောက်သဖြင့်ကွပ်မျက်စေသည်။
အင်း၀နှင့်စစ်ပြုခြင်းထိုသို့ရာဇာဓိရာဇ်သည်ရာမညတိုင်းမွန်သုံးရပ်လုံးကိုအောင်မြင်ပြီးနောက်တွင်နန်းတက်စကအင်း၀မှလာရောက်စစ်ပြုဖူးသည်ကိုအမှတ်ထားရှိခဲ့ဖူးသည့်အလျောက်အင်း၀နှင့်စစ်ပြုရန်လုံလထုတ်လေတော့သည်။
ဤသို့ဖြင့်သမိုင်းတွင်သည့်အင်း၀-ဟံသာ၀တီအနှစ်လေးဆယ်စစ်ကြီးအစပြုလေတော့သည်။-မြန်မာသက္ကရာဇ်၇၅၂၊ရာဇာဓိရာဇ်သက်တော်၂၃နှစ်တွင်အင်း၀ပိုင်ကူထွတ်(ယခုမြန်အောင်မြို့)ကိုအင်အားအပြည့်အစုံဖြင့်ချီတက်တိုက်ခိုက်ကာသိမ်းပိုက်လေသည်။နောက်သမိန်ချစ်ဗေတနှင့်သမိန်သံကြယ်တို့နှစ်ယောက်အ စောင့်စေပြီးဟံသာ၀တီသို့ပြန်လေသည်။
ဟံသာဝတီအရောက်တွင်သားတော်(ဘောလောကျန်းဒေါ)ဆင်မြင်းလေ့ကျင့်သည်၊စစ်ရေးအတတ်ကိုလေ့လာသည်ဟုကြား၍အဲကောင်ဗိန်အားသွားဖမ်းစေကာသတ်စေသည်။
ဘောလောကျန်းဒေါမှာ(ဗညားနွဲ့ငယ်မယား၊အဖတူအမိကွဲနှမလည်းတော်စပ်သောလမေဒေါနှင့်မွေးသူ၊မိခင်မှာဗညားနွဲ့နန်းတက်စဉ်ကမွေမနိတ်အားပီယရာဇာဒေဝီဘွဲ့ဖြင့်မိဖုရားကြီးအရာပေးသောကြောင့်အဆိပ်သောက်ပြီးသေဆုံး)လည်းစိတ်နာလှသောကြောင့်မိမိ၏ရွှေအဆင်တန်ဆာတို့ကိုချွတ်ပြီးရွှေမော်ဓောစေတီအားလှူ၍အင်း၀မင်း၊မိဖုရားတို့၀မ်းတွင်၀င်စား၍ရာဇာဓိရာဇ်နှင့်စစ်မပြတ်ပြုပြီးမွန်သုံးရပ်ကိုနှိပ်စက်လိုကြောင်းဆုတောင်းကာအဆိပ်သောက်သေလေတော့သည်။
(နောင်တွင်ဘုရင်မင်းခေါင်၏သားမင်းရဲကျော်စွာအဖြစ်မွေးဖွားလာသည်ဟုဆိုရိုးရှိပါသည်။)ဤသတင်းကိုကြားသော်ရာဇာဓိရာဇ်လည်းမိမိကိုယ်အလေးချိန်နှင့်ညီသည့်ရွှေသားတို့ဖြင့်ရွှေမော်ဓောစေတီအားရွှေအပြည့်ချကာသံသရာတစ်လျှောက်တွင်တိုက်သည့်ရန်စစ်ဟူသမျှကိုအောင်မြင်စေကြောင်းဆုတောင်းပြုပြန်သည်။
မြန်မာသက္ကရာဇ်၇၅၄တွင်အင်း၀မင်းကြီးစွာသည်ကူထွတ်ကိုပြန်လည်သိမ်းယူရန်တိုက်ဆင်၈၀၀၊မြင်းသည်နှစ်သောင်း၊အင်အားတစ်သိန်းနှစ်သောင်းနှင့်ချီလာလေသည်။ရာဇာဓိရာဇ်လည်းကြည်းရေတပ်များဖွဲ့ပြီးကူထွက်ကိုချီလေသည်။
ရေတပ်တွင်ဟံသာ၀တီမှအနည်းငယ်အသာရပြီး၊ကြည်းတွင်မူတစ်ဖက်နှင့်တစ်ဖက်အနိုင်မရနိုင်ဘဲရှိလေရာရေတပ်မှအမတ်ကြီးများဖြစ်ကြသောအမတ်မဟာသမွန်၊အမတ်ပွန်စီ၊အဲကောင်ဗိန်နှင့်ဗြထဗိုက်တို့ကကူထွပ်နှင့်အလွဲတို့အားအင်း၀ကိုပြန်ပေးပြီးသုရှင်အားစစ်ပြေငြိမ်းကြောင်းရာဇသံဆက်ရန်နှင့်သံတမန်များစေလွှတ်ရန်အကြံပြုလျှောက်ထားသဖြင့်သုရှင်ကသဘောတူလေသည်။
ထို့နောက်ရာဇာဓိရာဇ်နှင့်မင်းကြီးစွာစော်ကဲတို့လည်းအသီးသီးစစ်ပြေငြိမ်းလျက်ပြန်လေသည်။ထိုနှစ်တွင်မိဖုရားကြီးမွေမနိတ်(ပီယရာဇာဒေဝီ)လွန်သည်။
Crd,